Revenge Part-21
"မင်းတို့ကိုယ် မင်းတို့ မိတ်ဆက်လိုက်အုံး....."
အနက်ရောင် ၀တ်စုံထဲက တစ်ယောက်က ထရပ်ပြီး နှုတ်ဆက်လိုက်သည်။
"မင်္ဂလာပါ.. ..ကျွန်တော့်နာမည်က Min Yoonပါ...."
Sicaမှာ ဘာမှမပြောဘဲ မျက်စောင်းထိုးကြည့်တော့ Min Yoonမှာ ဆက်မပြောဘဲ ငြိမ်သွားသည်။
နောက်ဆုံး Yuriကို မဲ့ပြုံးပြုံးပြတဲ့ တစ်ယောက်က Sicaကို လက်ကမ်းပြီး
"Dong Wookပါ တွေ့ရတာ ၀မ်းသာပါတယ်.....မင်းက အရမ်းလှတယ်နော်...."
"ငါနဲ့ လက်ဆွဲနှုတ်ဆက်ရအောင် နင့်ကိုနင် ဘာထင်နေလည်း....နင်က ငါ့ရဲ့ bodyguard နော် ကိုယ့်အဆင့်ကိုယ်သိ "
"Sica....အဲ့လိုမပြောရဘူးလေ သမီး...."
"Appa သူတို့ကို သဘောမကျဘူးဆို...."
"No...."
"Appa plz....သမီး မဆိုးတော့ဘူးလေနော် သူတို့ထက် Yuri ကိုဘဲ လိုချင်တယ်....."
"No...."
"Ah...နင်ကလည်း ဘာမှသုံးစားမရဘူး...."
Yuriခြေထောက်ကို ကန်ပြီး Sica အပြင်ဘက်ကို ထွက်သွားလိုက်သည်။
"သူ့နောက်လိုက်ကြ "
Mr.Jung အမိန့်ကြောင့် သက်တော်စောင့်တွေမှာ ပြေးလိုက်ကြလေ၏
Yuri မှာ Dong Wookကို မဲ့ပြုံးပြုံးပြလိုက်ပြီး လက်စားပြန်ချေလိုက်သည်။
"Yuri....ဒီနေ့ ပွဲကြီးကို သေချာလုပ်စေချင်တယ်....ပြီးတော့ ငါတို့ကို လိုက်ဖျက်နေတဲ့သူကို အရှင်လတ်လတ်ဖမ်းခဲ့......ငါ့လက်နဲ့ သတ်ပစ်မယ်....."
"Yes sir...."
ကိစ္စတွေပြီးနောက် Yuriမှာ သူ့အမနောက်ကို ခြေရာခံလိုက်လာသည်။
Taeyeonမှာ ပန်းစည်းတွေကိုင်ပြီး သူ့မိဘတွေ အုတ်ဂူဘက်ကို လျှောက်လာလေသည်။
အုတ်ဂူပေါ်တွင် ပန်းစည်းတွေ တင်လိုက်ပြီး
"Appa...Omar......Yuri ......အဆင်ပြေကြရဲ့လား......Lee Soo Manသာ မကယ်ခဲ့ရင်....အခုချိန်ဆို Omarတို့နဲ့အတူ chaw ရှိနေနိုင်မှာ....အခုလို အထီးမကျန်တော့ဘူး.. .အခုလို နာကျင်နေရမှာ မဟုတ်ဘူး.. ..."
Taeyeon ငိုနေတာတော့ မလှမ်းမကမ်းကနေ Yuri မြင်နေရပေမယ့် ဘာတွေပြောနေမှန်းမသိပေ.........
ဒါပေမယ့် သူအရင်ကတည်းက သိချင်နေခဲ့တဲ့ သူ့မိဘတွေ အုတ်ဂူကို အခုသိခွင့်ရတဲ့အတွက် မျက်ရည်တွေကျလာသည်။
နာရီဝက်လောက် ကြာတော့ Taeyeon ပြန်သွားတာကို Yuri တွေ့လိုက်သည်။
ဒီတစ်ခါတော့ သူ့အမနောက်ကို မလိုက်ဘဲ သူ့မိဘတွေရဲ့ အုတ်ဂူရှိရာကို သွားလိုက်သည်။
သူ့မိဘတွေ အုတ်ဂူရှေ့မှာ ဒူးထောက်ချပြီး မျက်လုံးမှိတ်ထားကာ
"Appa....Omar....chawကို မှတ်မိရဲ့လား....Yuriပါ....Omarတို့ကို အရမ်းသတိရတယ်.....ဒါပေမယ့် Omarတို့က Chaw ကို စိတ်ပျက်နေကြမယ်ဆိုတာ သိပါတယ် ....ဒီနည်းလမ်းနဲ့ဘဲ chaw အသက်ရှင်ခွင့်ရတာပါ ....အခုလိုဖြစ်ရတာ Taeyeon unnieကြောင့်....သူသာ chawကို ထားမသွားရင် အခုလိုဖြစ်မှာမဟုတ်ဘူး...."
Yuri သူ့မျက်ရည်တွေကို သုတ်ပြီး မျက်လုံးဖွင့်ကြည့်တော့ သူ့အုတ်ဂူကို တွေ့လိုက်ရသည်။
"What the hell.......ငါ သေသွားတာလား ....ဟား Omar....Appa...chaw အသက်ရှင်နေတာ တွေ့တယ်မဟုတ်လား ...ဒါပေမယ့် အုတ်ဂူက ဘာကြီးလား .....အော် သိပြီ လွန်ခဲ့တဲ့နှစ်တွေတုံးက Unnieက Chaw ကို သေပြီလို့ သတ်မှတ်ခဲ့တာလား .....Kwon Yuriက အားလုံးအတွက် သေသွားပြီပေါ့ ရယ်စရာမကောင်းဘူးလား...."
Yuri ရယ်ရင်း ပြောလိုက်သည်။
"Chawကို သေပြီလို့ သတ်မှတ်လည်း ဂရုမစိုက်ဘူး...ဒါပေမယ့် အခုလိုဖြစ်ရတာ Unnieကြောင့် .....Omar Appa....Chaw တောင်းပန်ပါတယ်...သူ့ကို လုံးဝခွင့်မလွှတ်နိုင်ဘူး သူဘာလို့ chawဆီ ပြန်မလာတာလည်းဆိုတာ သေချာမရှင်းပြသ၍....."
ထိုစဉ် Yuriထံ ဖုန်းဝင်လာသည်။ သူ့တပည့်ထဲက တစ်ယောက်က သူ့ဆီ ဖုန်းဆက်ခြင်းဖြစ်သည်။
"Fuck....အခုချိန် ဘာလို့ဖုန်းဆက်တာလည်း......."
"Boss.....မမလေး .Sica အရမ်း သောင်းကျန်းနေလို့ လာထိန်းပေးပါအုံး....သူ့ bodyguard တွေကိုလည်း ရိုက်လို့ရိုက် ဘယ်သူ့ကိုမှလည်း မကြောက်ဘူး clubထဲ သောင်းကျန်းနေတယ်......"
Yuri phကို ချလိုက်ပြီး Sicaရှိရာ ကလပ်ကို အမြန်သွားလိုက်သည်။
ကလပ်အပြင်ဘက်တွင် ပါးပေါ်မှာ လက်ဝါးရာနဲ့အတူ သူ့ကိုစောင့်နေတဲ့ Dong Wookကို ကြည့်ပြီး Yuriမှာ ရယ်ချင်စိတ်ကို အောင့်ထားရ၏
"Yuri...."
"Sica ဘယ်မှာလဲ.. ..."
"အထဲမှာ...သူ အရမ်းသောင်းကျန်းနေလို့ တချို့က သူ့ကို ရိုက်ကြမလို့တဲ့....."
"ဘာ မင်းက သူ့သက်တော်စောင့်လေ...သူ့ကို ဂရုစိုက်ရမှာလေ "
Yuri အထဲကို ၀င်သွားတော့ Sicaက ထိုင်ခုံမှာ တပျင်ချိတ်ထိုင်ပြီး သူ့ကို ဘော်ဒီဂတ်လေးယောက်က ၀န်းရံထားတယ်....တစ်ချို့လူတွေက Sicaကို ရန်ရှာဖို့ ကြိုးစားနေကြပေမယ့် Yuriက သူ့ဘောင်းဘီကြားက သေနတ်ကို ထုတ်ပြီး အပေါ်ကို ထောင်ကာ ပစ်လိုက်သည်။
လူအုပ်ကြားထဲ တိုးသွားပြီး Sicaလက်ကို ဆောင့်ဆွဲလိုက်သည်။
"လွှတ်စမ်း ငါ့ကို...."
"Jessica....မင်း ကလေး မဟုတ်တော့ဘူး ရပ်လိုက်စမ်း...."
Yuri သူ့အိတ်ထဲက ကဒ်ကို ထုတ်ပြီး
"ရော့ ဒီကဒ်နဲ့ အပျက်အစီးတွေကို ရော်ပေးလိုက်....."
စားပွဲထိုးကို ကဒ်ပေးပြီး ထွက်ပေါက်ကို သွားမယ်လုပ်တော့ ကောင်လေး တစ်ယောက်က Sicaလက်ကို လှမ်းဆွဲတယ်...
"ဒီအတိုင်း ထွက်သွားလို့မရဘူး....သူ့ကြောင့် ငါဒဏ်ရာရထားတာ....."
"Ha မင်းသာ သူ့ကို နာကျင်အောင်မလုပ်ရင်....အခုလိုဖြစ်စရာမလိုဘူး....."
Yuri သူ့ကိုသတင်းပေးတဲ့ သူ့တပည့်ကို မျက်စပစ်ပြတော့ သူ့တပည့်က အဲ့ကောင်လေးကို ဆွဲခေါ်သွားသည်။
Yuriကတော့ အိမ်ပြန်ရောက်တော့ ကားပေါ် အိပ်ပျော်နေတဲ့ ကောင်မလေးကို ပွေ့ချီပီး သူ့အခန်းထဲ ၀င်သွား၏
~~~~~~~~~~~~ ~~~~~~~~~~~
Sica နိုးလာတော့ သူ့ဘေးနားမှာ လူတစ်ယောက် အိပ်နေတာကို မြင်ပြီး လန့်ကာ ခြေထောက်နဲ့ ကန်ချလိုက်သည်။
ထို့်နောက် ခေါင်းအုံးအောက်တွင် ဖွက်ထားသော သေနတ်ကို ဆွဲထုတ်ပြီး သေနတ်နဲ့ ပစ်လိုက်သည်။
သို့သော် သေနတ်ပစ်ပြီးမှ သူ ပစ်မိတဲ့သူက Yuri ဖြစ်ကြောင်း သိလိုက်သောအခါ......
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
-
Yuriလည်း ကုန်းရုန်းထရင်း သေနတ်ကို မြင်သောအခါ အမြန်ရှောင်လိုက်၏
"Oh Yul...."
Sica သေနတ်ကို လွှင့်ပစ်ပြီး Yuri ကို ပြေးဖက်လိုက်သည်။
"Yul....နင့်ကို ပစ်မိသွားသလားဟင် "
Sica ငိုရင်း မေးလိုက်သည်။
"ငါ ဘာမှမဖြစ်ပါဘူး....."
"နင့်ကြောင့် ငါ နှလုံးခုန်ရပ်တော့မယ်.. .."
"မမလေး....သေနတ်သံကြားလို့ ဘာဖြစ်သွားလည်း...."
Bodyguard တွေမှာ သေနတ်သံကြောင့် Sica အခန်းထဲသို့ ပြေးဝင်လာကြသည်။
"ဘာမှမဖြစ်ဘူး ထွက်သွား....."
Bodyguard တွေလည်း လန့်ပြီး ဦးညွှတ်ကာ ထွက်သွားလေသည်။
"ဘာလို့ သေနတ်ကိုင်တာလည်း....."
"ဘာလို့ ဘေးနားလာအိပ်နေတာလည်း....."
"ကောင်မလေး တစ်ယောက်လေ ...ကလပ်ထဲ တအားသောင်းကျန်းနေလို့ သက်တော်စောင့်တွေကိုလည်း ရိုက်လို့ရိုက်နဲ့...."
Yuri စကားကြောင့် Sica ရှက်ပြီး ခေါင်းငုံ့ထားလေ၏
"ဒါပေမယ့် ဘာလို့ ငါ့ဘေးနား အိပ်နေတာလည်း....."
"Koalaပေါက်စလို လည်ပင်းကို အတင်းတွယ်ကပ်ပြီး ဖက်ထားတာ ဘယ်ကောင်မလေးပါလိမ့် ..."
"ငါ လုပ်ခဲ့တာလား....."
"အကန်ခံရပြီး သေနတ်နဲ့အပစ်ခံရတာ တော်တော်လေး ကျက်သရေရှိတဲ့ မနက်ခင်းပါလား...."
"Yul....နင် ငါ့ကို အဖြေမပေးသေးဘူးနော်...."
"ဘာအဖြေလည်း "
Yuri မျက်လုံးကို Sicaတည့်တည့်ကြည့်ပြီး
"နင့်ကို ချစ်တယ်လို့ ပြောခဲ့တာ မှတ်မိလား.....နင်ရော...ငါ့လိုခံစားရလား...."
Yuri အကြည့်လွှဲလိုက်ပြီး
"Sica......အဓိပ္ပါယ်မရှိတာတွေ မလုပ်စမ်းနဲ့....."
"Yes or no.. ငါ အရမ်းမူးတဲ့ညက နင့်ကို နမ်းခဲ့တယ်လေ ...နင်လည်း ငါ့ကို ကားထဲမှာ ပြန်နမ်းခဲ့တယ်....နင်ငါ့ကို လိုချင်နေတာ ငါ သိပါတယ်...အဲ့နေ့ညက ဖြစ်သမျှ အားလုံးမှတ်မိလို့ ငြင်းဖို့ မကြိုးစားပါနဲ့.."
"Haha ငါ့အတွက်တော့ ဘာမှမဟုတ်ဘူး.. .."
Yuri ရယ်ပြီး ပြောလိုက်သည်။
"Ok....ငါ နင့်ကို နမ်းမယ် .....နင် ငါ့ကို ပြန်မနမ်းဘူးဆိုရင် ငါ အေးဆေးနောက်ဆုတ်ပြီး နင့်ကို မနှောင့်ယှက်တော့ဘူး.. ....ပြီးတော့ ဖြစ်ခဲ့သမျှ အားလုံး ငါမေ့ပေးမယ် "
Sica ပြောရင်း Yuri ရဲ့ လည်ပင်း ကို ဖက်ကာ နှုတ်ခမ်းကို နမ်းလိုက်၏
Yuriကတော့ သူ့စိတ်သူ ထိန်းကာ နှုတ်ခမ်းကို တင်းတင်းစေ့ထား၏
"Kiss me back please.. ."
Sicaရဲ့ မျက်ရည်က သူ့ပါးပေါ်ကျလာတော့ Yuri ချက်ချင်း မှိတ်ထားတဲ့ မျက်လုံးကို ဖွင့်လိုက်သည်။
သူမကို တောင်းပန်နေတဲ့ Sica ကို ကြည့်ပြီး စိတ်မကောင်းဖြစ်မိတယ်
Sicaကတော့ ငိုရှိုက်ရင်း
"နင် ငါ့လို မခံစားရဘူးဆိုတာ ငါ အခု သိသွားပါပြီ နင်ထွက်သွားလို့ရပြီ....."
Sica ကျောပေးကာ လှည့်ထွက်သွားစဉ် Sicaရဲ့ လက်ကောက်ဝတ်ကို Yuri လှမ်းဆွဲပြီး သူ့ရင်ခွင်ထဲ ဆွဲခေါ်ကာ နမ်းလိုက်၏
Bạn đang đọc truyện trên: Truyen3h.Co