Truyen3h.Co

ငါညာခဲ့ပါတယ်​..... ဒါ​ပေမယ့်​.....

ငါညာခဲ့ပါတယ်​ ဒါ​ပေမယ့်​ (Part-13)

KimFany059

Yoonyulတို့လည်း ဆရာဝန်​ကို ပြန်​နှုတ်​ဆက်​​လေသည်​...... ဆရာဝန်​မှာ Yoonaရဲ့ အ​မေကို စမ်းသပ်​ရင်း တစ်​ချက်​တစ်​ချက်​ လက်​တွဲထားတဲ့ Yoonyulတို့ကို ကြည့်​​နေသည်​.......

"မကြာခင်​ သူ သတိရလာ​တော့မှာပါ 😊😊😊"

Yoona ဆရာဝန်​ကို ​ကျေးဇူးတင်​စကား​ပြောပြီး ဦးညွတ်​လိုက်​သည်​.....

"ကျွန်​​တော့်​နာမည်​က Seung Giပါ..... မင်းနာမည်​က?"

လက်​ကမ်း​ပေးတဲ့ Seung Giရဲ့ လက်​ကို Yoona ကိုင်​ပြီး နှုတ်ဆက်​လိုက်​သည်​......
"Yoonaပါ......"

Yoonaရဲ့ လက်​ကို မလွှတ်​ဘဲ အကြာကြီး စိုက်​ကြည့်​​နေ​သော ​Seung Giကြောင့်​ Yoona ​နေရခက်​​နေသည်​...... Yuriကလည်း မျက်​​မှောင်​ကြုတ်​ပြီး ​ချောင်းဟန့်​လိုက်​တယ်

ထိုအခါမှ Seung Giလည်း သူကိုင်​ထားတဲ့ Yoonaရဲ့ လက်​ကို လွှတ်​လိုက်​သည်​.....

Seung Gi သူ့ရဲ့လည်​ပင်းကို ပွတ်​လိုက်​ပြီး Yuriကို မျက်​စပစ်​ပြီး ​မေးလိုက်​သည်​.......
"သူက Yoonaရဲ့ အသိလား.........."

Yoona ​ခေါင်းခါလိုက်​ပြီး Yuriရဲ့ လက်​ကို တွဲလိုက်​ရင်း ​ပြောလိုက်​သည်
"သူက ကျွန်​မရဲ့ ချစ်​သူပါ......."

Yoonaရဲ့ အ​ဖြေ​ကြောင့်​ Seung Gi ​ကြောင်​သွားတယ်​.....
"ဗျာ...... မင်းတို့က မိန်းက​လေးချင်း တွဲ​နေတာလား......."

"မိန်းက​လေးချင်း မတွဲရဘူးလို့ ဘယ်​သူက အမိန့်​ထုတ်​ထားလို့လည်း......"
Yuri မျက်​​မှောင်​ကြုတ်​ကာ ​မေးလိုက်​သည်​.......

"အာ အဲ့လို မဟုတ်​ပါဘူး....... မိန်းက​လေးချင်းတွဲတာက ဘယ်​လို​နေလည်း......."

Seung Giရဲ့ စကား​ကြောင့်​ Yoonyulတို့ မျက်​နှာပျုက်​သွားမှ
"Arr..... ကျွန်​​တော်​ ဆိုလိုချင်​တဲ့ သ​ဘောက......"

Yuri လက်​ကာလိုက်​ပြီး
"ရတယ်​....ဆက်​မ​ပြောနဲ့​တော့........ သူ့အ​မေကို စစ်​​ဆေးပြီးပြီ မဟုတ်​လား ဒါဆို တခြား လူ​နာ​တွေကို ဆက်​​စစ်​​ဆေးလိုက်​ပါအုံး......."

Seung Giကို အပြင်​ဘက်​ကို လိုက်​ပို့ပြီး Yuri အခန်းတံခါး ပိတ်​လိုက်​သည်​.......

"ဘယ်​လိုဆရာဝန်​မှန်းမသိဘူး တဏှာရူးရုပ်​နဲ့....."
Yuri ပွစိပွစိ ​ပြောပြီး အခန်းထဲ ပြန်​၀င်​လာတယ်​.......

Yoonaက​တော့ သ၀န်​တို​နေတဲ့ သူ့ချစ်​သူကို ကြည့်​ပြီး သ​ဘောကျ​နေတယ်.........

"Wae ဘာ​တွေ သ​ဘောကျ​နေတာလည်း......"

"သ၀န်​တို​နေတဲ့ ​ကောင်​မ​လေး တစ်​​ယောက်​ကို သ​ဘောကျ​နေတာ ရုပ်​​လေးက ချစ်​စရာ​လေး......"

Yuri ထိုင်​ခုံ​ပေါ်မှာ ထိုင်​လိုက်​ပြီး
"ညကျ ငါပါ ဒီမှာ လာအိပ်​မယ်​........."
"ဟင်​........"
"ဟို ဆရာဝန်​ကို စိတ်​မချဘူး အဲ့တာ​ကြောင့်​ လာအိပ်​မယ်​လို့......"

Yuriရဲ့ ပါးကို Yoona ဆွဲလိုက်​ပြီး
"​ဆေးရုံမှာ လူ​တွေအများကြီးပါ Yulရယ်​......"

"ဒါ​ပေမယ့်​......."
"Omar သတိရလာရင်​လည်း......."
"အဲ့တာလည်း ဟုတ်​ပါတယ်​​လေ......"

Yulရဲ့ပါးကို Yoona နမ်းလိုက်​ပြီး
"အဲ့တာ​ကြောင့်​ပါ ငါ တံခါးလည်း ​လော့ချထားပါမယ်​ စိတ်​မပူပါနဲ့  "
"Ommပါ​လေ......"

Yuriလည်း စိတ်​မချခြင်းများစွာနဲ့ အိမ်​ပြန်​သွားတယ်​....​နောက်​တစ်​​နေ့မနက်​ Yoonaဆီ ခဏ၀င်​ပြီး အလုပ်​ကို သွားတယ်​.....Yoonaက​တော့ အ​မေကို ပြုစုဖို့ဆိုပြီး ခွင့်​ယူထားတယ်​....

"Knock Knock......"
"Nae....."
Yoona သူ့အ​မေကို သန့်​ရှင်း​ရေးလုပ်​​ပေးရင်း တံခါး​ခေါက်​သံကြားလို့ ၀င်​ခဲ့ဖို့ ထူးလိုက်​သည်​......

"Hello....."
တံခါး​ပေါက်​ကို Yoona လှမ်းကြည့်​​တော့ Seung Giကို ​တွေ့ရတယ်​.....

"Yoona မနက်​စာ မစားရ​သေးဘူး မဟုတ်​လား ကျွန်​​တော်​ ၀ယ်​လာတယ်​......"

Yoona ​ခေါင်းခါပြပြီး
"အာညီး စားပြီးပါပြီ ခုနကဘဲ yuri ၀ယ်​လာပြီး ​ကျွေးတာ......"

Seung Gi မျက်​နှာပျက်​သွား​ပေမယ့်​ ဟန်​​ဆောင်​ပြီး
"Aww အဲ့တာဆိုလည်း မနက်​စာမစားရ​သေးတဲ့ Nurse တစ်​​ယောက်​ကိုဘဲ ​​ကျွေးလိုက်​ပါမယ်​......"
"Nae......"

Yoonaရဲ့ အ​မေကို စမ်းသက်​​ပေးရင်း
"Yoonaရဲ့ အ​မေကို မ​နေ့က ဓာတ်​မှန်​ရိုက်​ကြည့်​​တော့ နှလုံးက နည်းနည်း ပျက်​စီးနေတာကို ​တွေ့ရတယ်​........"

Seung Giရဲ့ စကား​ကြောင့်​ Yoona ထိတ်​လန့်​သွားပြီး
"ဒါဆို......"

Seung Gi ​ခေါင်းညိတ်​ပြပြီး
"မစိုးရိမ်​ပါနဲ့ Yoona....... နှလုံး အစားထိုး ကုသ​ပေးဖို့ ကျွန်​​တော့်​မှာ အစီအစဉ်​ ရှိပါတယ်​......"

Yoona သူ့​ခေါင်းကို ငုံ့လိုက်​ပြီး
"​ကျေးဇူးတင်​လိုက်​တာ ဆရာရယ်​........"

"မလိုပါဘူး ကျွန်​​တော့်​ကို အားကိုးလိုက်​ပါ...... ခွင့်​ပြု​ပါအုံး လူနာကြည့်​စရာရှိ​သေးလို့....."
"Nae......."

Yoonaကို နှုတ်​ဆက်​ပြီး လူယုတ်​မာ အပြုံးနဲ့ ပြုံးကာ Seung Gi အခန်းထဲက ထွက်​လာခဲ့သည်​...

"ဂျာကြီး သက်​ပြင်း​တွေ ခဏခဏ ချ​နေတာ ဆိုင်​ကြီး​တောင်​ ပြို​တော့မယ်​......"
Ireneတစ်​​ယောက်​ သက်​ပြင်း ခဏခဏ ချ​နေတဲ့ သူ့မန်​​နေဂျာ Yuriကို ​စလိုက်​သည်​......

"ဟူး ငါ စိတ်​ပူလို့ပါ........"
"ဘာ​တွေ ဖြစ်​​နေတာလည်း ​ပြောပါအုံး......"
"Yoona အ​မေက ​နေမ​ကောင်းဘူး Sunny......"
"Aww မ​တော်​ရ​သေးတဲ့ ​ယောက္ခမကို စိတ်​ပူ​နေတယ်​​ပေါ့........"

Yuri ​ခေါင်းညိတ်​လိုက်​ပြီး
"သူ့ကိုလည်း စိတ်​ပူတယ်​..... သူ့ကိုစိတ်​ပူ​နေတဲ့ သူ့သမီး Yoonaကိုလည်း စိတ်​ပူတယ်​.. ......"
"သူ့အ​မေ ​နေ​ကောင်းသွားမှာပါ စိတ်​ပူမ​နေပါနဲ့....."
"Gomawo Sunny............."

Yuri အလုပ်​ဆင်း​တော့ Yoonaအ​မေနဲ့ Yoonaအတွက်​ Sooyoungရဲ့ ဆိုင်​မှာ မုန့်​သွားဝယ်​လိုက်​သည်​......

"Hello Yuri....... မနက်​က ဘာလို့ coffee လာမ​သောက်​တာလည်း...... ချစ်​ချစ်​မရှိလို့လား......."
ကောင်​တာမှာ ​ငွေ​တွေ​ရေတွက်​​နေတဲ့ Sooyoungတစ်​​ယောက်​ Yuriကို ​မေးလိုက်​သည်​. .......

"Yoonaဆီ သွား​နေလို့......"
"သူ့အ​မေ​ရော သတိရလာပြီလား Yuri...... မနက်​က ငါ့ဆီ သူခွင့်​တိုင်​​သေးတယ်​ ငါလည်း ဆိုင်​မှာ လူရှုပ်​​နေတာနဲ့ မ​မေးလိုက်​ရဘူး.. ...."
"Omm ငါလည်း မသိ​သေးဘူး အခုမှ လူနာ သွား​မေးမလို့ မုန့်​လာဝယ်​တာ......."
"Aww........"

Yuri မုန့်​​တွေဝယ်​ပြီး ​ဆေးရုံကို ​ရောက်​လာတယ်​........ ​ဆေးရုံ ၀င်​​ပေါက်​မှာ Seung Giနဲ့ ​တွေ့တယ်​.....
"Yuri.....​ပြောစရာရှိလို့ ဒီ​ရှေ့က မုန့်​ဆိုင်​​လေးထဲ ခဏ လိုက်​လာပါ့လား...."

Yuriလည်း Seung Gi ​ခေါ်ရာကို လိုက်​သွားတယ်​.......

Bạn đang đọc truyện trên: Truyen3h.Co