ငါညာခဲ့ပါတယ်..... ဒါပေမယ့်.....
ငါညာခဲ့ပါတယ်..... ဒါပေမယ့် (Part-15)
"သမီးရယ်...... ဆရာဝန်လေးက သမီးကို တကယ် ချစ်တာပါ.....လက်ခံလိုက်ပါ သမီးရယ်..... ပြီးတော့ သူက Omarရဲ့ အသက်သခင် ကျေးဇူးရှင်လေ......"
Yoona သက်ပြင်းချပြီး
"Omarရယ် chawက သူ့ကို မချစ်ဘူးလေ....."
"အခုချိန်မှာ မချစ်ပေမယ့် တဖြည်းဖြည်း ကြာလာရင် သူ့ရဲ့ ဂရုစိုက်မှုတွေကြောင့် သမီး ချစ်သွားမှာပါ မိန်းကလေးတွေက အသည်းနုတယ်လေ......"
Yoona ဘာမှမပြောဘဲ သတင်းစာထဲက အလုပ်ခေါ်စာတွေကို ရှာဖတ်နေတယ်......
Sooyoungရဲ့ ဆိုင်က သူ ထွက်လာပြီလေ...... ထွက်လာရတဲ့ အကြောင်းအရာက ဘာလို့မှန်း Yoona မသိ...... ဒါပေမယ့် Yuriနဲ့ မျက်နှာချင်း မဆိုင်ရဲတာတော့ အမှန်.......
အခုဆိုရင် Yoonaရဲ့ အမေ အားကိုးနဲ့ Seung Giတစ်ယောက် Yoonaရဲ့ အိမ်ကို ချောင်းပေါက်အောင် လာနေ၏
"Auntyအတွက် ကြက်ဥလေးတွေ ၀ယ်လာတယ်......."
"အားနာစရာကြီးကွယ်....."
"အားနာစရာမလိုပါဘူး နောက်ဆို 😁😁😁"
Yoonaကတော့ Seung Giလာလျှင် ထွက်မတွေ့ အခန်းထဲ အောင်းနေတာများသည်.....
သူ့အမေ လှမ်းအော်မှသာ အခန်းထဲက ထွက်လာ၏
ဘယ်လောက်ဘဲ Seung Giကို Yoona ရှောင်နေပါစေ နောက်ဆုံးတော့ Yoonaရဲ့ အမေကို Seung Gi အပိုင်ပေါင်းထားသောကြောင့် လက်ထပ်ပွဲကို မငြင်းနိုင်တော့ဘဲ သဘောတူလိုက်ရသည်.....
Seung Giကတော့ လက်ထပ်ပွဲအတွက် တက်ကြွနေပေမယ့် Yoonaကတော့ စိတ်မပါ.......
အခန်းထဲတွင် Yuriနဲ့ အတူ ရိုက်ထားတဲ့ ပုံလေးတွေ ကြည့်ပြီး Yoona မျက်ရည်ကျမိနေသည်......
"Yuri...... နင်က ငါ့ကို တကယ် မချစ်ပေမယ့် ငါက နင့်ကို တကယ်ချစ်တာဟ နင့်ကို အခုထိ မေ့မရသေးဘူး ဘယ်လိုလုပ်ရမလဲ.. .... ပြီးတော့ ငါ..... လက်ထပ်ရတော့မယ်.. .... ဒီသတင်းကြားပြီး နင် ဘယ်လို ဖြစ်မလည်း ခံစားရမလည်း ဆိုတာ ငါ သိချင်လိုက်တာဟာ....."
"Yoona shiii..... မနက်ဖြန် သတို့သမီး ၀တ်စုံသွားဝယ်ရအောင်နော်....."
Seung Gi ပြောတာကို ဘာမှ ပြန်မပြောဘဲ Yoona ခေါင်းသာ ညိတ်လိုက်သည်.......
Yoona ကားပေါ်က ဆင်းတော့ Yuriလုပ်တဲ့ Fashionဆိုင် ဖြစ်နေတာကို သိလိုက်ရသည်......
Seung Giကို ကြည့်တော့ အောင်နိုင်သူ မျက်နှာဖြင့် ဆိုင်ထဲကို ၀င်သွားသည်..... သူတို့ လက်ထပ်မည့်အကြောင်းကို Yuri သိအောင် Seung Gi တမင်သက်သက် ညစ်လိုက်တယ်ဆိုတာ Yoona သိလိုက်ပြီ
ကံကောင်းတယ်လို့ပြောရမလား ဆိုင်ထဲတွင် Yuri ရှိမနေပါ....... Sunnyကတော့ Yoonaတို့ကို ကြည့်ပြီး အံ့သြနေတယ်.....
Seulgiကတော့ အံ့သြမှုကို ဘေးထားပြီး မေးလိုက်သည်
"ဟုတ်ကဲ့ အကိုတို့ ဘာလိုချင်လို့လည်း မသိဘူးနော်......."
"သတို့သမီး ၀တ်စုံလေး ဒီဇိုင်းလှတာလေး ပြပေးပါ့လား......."
Seung Giရဲ့ စကားကြောင့် Sunnyတို့ သုံးယောက်သား အံ့သြနေုကြသည်.....
Seulgiကဘဲ သူတို့ဆွဲထားတဲ့ ဒီဇိုင်းတွေကို ထုတ်ပြနေတယ်....... Yoonaကတော့ Sunnyတို့ကို မကြည့်ရဲ ခေါင်းကိုသာ ငုံ့ထားလေသည်.....
"Yoonaနဲ့ဆိုရင် ဒါလေးက တော်တော်လှတယ်.. ....."
Seung Gi ဂါဝန်လေးကိုင်ပြပြီး Yoonaကို ၀တ်ခိုင်းလိုက်သည်.....
Yoona ဂါဝန်ဝတ်ပြီး ထွက်လာခဲ့တော့ Seung Gi မျက်တောင်မခတ်နိုင်ဘဲ ငေးကြည့်နေ၏
"Woo...... အရမ်းလှတယ်ဗျာ ဒါလေးယူမယ်နော်....."
"Nae......"
Seung Giလည်း ကျသင့်ငွေကို ပေးလိုက်ပြီး
"Aww ဒါနဲ့ Yuriက ဒီဆိုင်က မန်နေဂျာ မဟုတ်လား သူ အခု ဘယ်မှာလည်းဟင် အလုပ်မလာဘူးလား......"
Sunny မျက်နှာထားတင်းတင်းဖြင့်
"ဘာကိစ္စရှိလို့လည်း ......"
Seung Gi သူ့အိတ်ထဲက ဖိတ်စာကဒ်လေး ထုတ်ပြီး Sunnyကို ပေးလိုက်သည်.......
"သူ့ကို မင်္ဂလာဖိတ်စာလေး ပေးချင်လို့ပါ......"
Seung Giပေးတဲ့ ဖိတ်စာကို Sunny ဇတ်ခနဲ့ ဆွဲယူလိုက်ပြီး
"သူ လာရင် ပေးလိုက်ပါမယ်......"
"ဟုတ်ကဲ့ ကျေးဇူးပါဗျာ 😊😊😊"
Seung Giနဲ့ Yoonaတို့ ဆိုင်ထဲကနေ ထွက်လာတော့ အပြင်ကနေ မုန့်တွေဝယ်ပြီး ပြန်လာတဲ့ Yuriနဲ့ တည့်တိုးတွေတယ်.......
Yuriကိုလည်း တွေ့လိုက်ရော Yoonaရဲ့လက်ကို Seung Gi တွဲလိုက်ပြီး
"Yuriပါလား တွေ့ရတာနဲ့ အတော်ဘဲ...."
နှုတ်ဆက်လိုက်သည်......
Yuriကတော့ Yoonaကို တွေ့ပြီး ရုတ်တရက် မျက်နှာပျက်သွားပေမယ့် ဟန်ဆောင်ပြီး
"Nae 😃"
"ကျွန်တော်နဲ့ Yoona လက်ထပ်တော့မလို့......."
Seung Giရဲ့ စကားကြောင့် Yuri နာကျင်ရပေမယ့် ဟန်ဆောင်ပြုံးကာ
"Aww congratulations ပါနော် 😊😊"
Seung Gi ရယ်လိုက်ပြီး
"Haha ကျေးဇူးပါဗျာ ဖိတ်စာ ဖိတ်ထားတယ်နော် 😊😊 လာခဲ့ပါအုံး....."
Yuri ခေါင်းညိတ်ပြပြီး
"ကျွန်မမှာ လုပ်စရာလေးတွေ ရှိသေးလို့ ခွင့်ပြုပါအုံး.. ....."
ဆိုင်ထဲ ၀င်သွားတဲ့ Yuriကို Yoona လှည့်ကြည့်ပေမယ့် Yuriကတော့ Yoonaကို တစ်ချက်တောင် လှည့်မကြည့်ဘဲ ဆိုင်ထဲ ၀င်သွားသည်.......
Bạn đang đọc truyện trên: Truyen3h.Co