လူဆိုးမလေး ကိုယ့်ချစ်သူ Part-17
"Kim....."
Bioဆရာရဲ့ အသံကြောင့် Taeyeonလည်း ဆရာဆီ လာခဲ့လိုက်သည်...Fanyလည်း အနောက်ကနေ ပါလာ၏
"Nae Sir!"
"ခဏနေ ဟောပြောပွဲမှာ လုပ်တဲ့ ညီလာခံပွဲအတွက် မင်းကို ဦးဆောင်စေချင်တယ် Trip အပြင် ဒီမြို့က ကျောင်းသားတွေနဲ့ စကားရည်လုမှာဆိုတော့ ကျောင်းသား အားလုံးကလည်း မင်းကိုဘဲ ရွေးတယ်...မင်းကလည်း အတော်ဆုံးဆိုတော့ ကျောင်းကိုယ်စားပြု ၀င်ပြိုင်ပေးပါလား....."
Taeyeon မှာ ခေါင်းညိတ်ပြီး ရိုရိုသေသေပြောလိုက်သည်
" အခုလို ကျောင်းကိုယ်စားပြု မြို့ကိုယ်စားပြု ပြိုင်ခွင့်ရတာကို ၀မ်းသာမိပါတယ်ဗျာ့...."
"Ok...ဒါဆို ခဏနေ ဟောပြောခန်းမထဲလာခဲ့နော်....."
Bioဆရာလည်း ထွက်သွားရော
"Good luck Byuntae.. .."
"အယ် မင်းက လိုက်မကြည့်ဘူးလား....."
Taeyeon မျက်မှောင်ကြုတ်ပြီး မေးတော့ Fany ခေါင်းညိတ်ပြသည်
"Omm ငါ အဲ့လိုပွဲမျိုးတွေ စိတ်မ၀င်စားဘူးလေ......"
Taeyeonလည်း သူ့ချစ်သူ Fany အကြောင်းသိတာနဲ့
"Ok ဒါဆို Good luck kiss လေး ပေးသင့်တယ်...."
Fany မသိချင်ယောင်ဆောင်တော့ Taeyeon ချစ်စရာကောင်းတဲ့ အမူအရာလေးနဲ့
"Please "
Fanyလည်း ပြုံးပြီး သူ့ချစ်သူရဲ့ ပါးကို နမ်းလိုက်သည်
"ဟင့်အင်း ပါးကို နမ်းတာ မလိုချင်ဘူး မင်းသိပါတယ် ကိုယ်လိုချင်တာကို "
Taeyeon ပြောပြီး Fanyရဲ့ မျက်နှာကို လက်နှစ်ဖက်ဖြင့် ကိုင်လိုက်သည်
"ကိုယ်လိုချင်တာ ဒီလိုအနမ်းလေး...."
Fanyရဲ့ နှုတ်ခမ်းကို ဖိပြီး နမ်းလိုက်သည်.......Taenyတို့ အနမ်းနွံထဲ နစ်နေစဉ် အသံချဲ့စက်အသံကြောင့် လန့်သွားကြသည်
"Ash.....မင်းကို တစ်နေကုန် နမ်းချင်လာအောင်လုပ်နေတာလား......"
Fanyရဲ့ ဆံပင်လေးကို ဖွပြီး Taeyeon ပြောလိုက်သည်
"အကယ်၍ ဒီပွဲမှာ ကိုယ်နိုင်ခဲ့ရင် မင်းကိုယ့်ကို အကြင်နာပေးရမယ် baby.... "
Taeyeon တောင်းဆိုလိုက်သည်
"ဒါမှမဟုတ် ဒီထက်ပိုပြီး အဆင့်တက်ကြမလား "
Taeyeon တိုးတိုးလေး ပြောလိုက်သည်
Fany ရှက်ပြီး Taeyeonကို တွန်းလိုက်သည်
"နှာဘူး "
Taeyeon ပြိုင်ပွဲဝင်နေစဉ် Fany သောင်ပြင်မှာ ထိုင်ကာ လျှောက်ငေးနေ၏
ထို့နောက် လက်က သူ့ချစ်သူပေးထားတဲ့ လက်စွပ်ကို ကြည့်ပြီး ပြုံးနေမိသည် .....
လက်စွပ်ကို ချွတ်ပြီး အတွင်းသားက T❤Tကို ကြည့်ရင်း ရုတ်တရက် လက်စွပ်က လက်ပေါ်မှ ချော်ကြသွားသည်.....
Fany ပြေးကောက်ရင်း လူတစ်ယောက်နဲ့ ၀င်တိုက်မိသွားတယ်
"Sorry...."
"No it's ok...."
ကောင်လေးကပြောပြီး Fanyကို ကြည့်လိုက်တော့ အံ့သြသွားတယ်
"Ah ငါတို့ အရင်က တွေ့ဖူးလား...."
"No...."
"ဒါပေမယ့် တွေ့ဖူးသလိုဘဲ..."
"Look Pretty boy....ငါ ရုပ်ရှင်ရိုက်ရတာ ၀ါသနာမပါဘူး ....နင့်ကို တိုက်မိလို့ တောင်းပန်တယ် တိုက်မိရုံဘဲလေ ရုပ်ရှင်ထဲကလို ၀ိညာဉ်ပြောင်းကုန်တာလည်းမဟုတ်...."
Fany စကားကြောင့် ကောင်လေးမှာ ရယ်လိုက်သည်
"ထူးဆန်းလိုက်တာ ထားပါတော့ ကိုယ့်နာမည်က Nickhun....."
"Baby.........ကိုယ်မင်းကို လိုက်ရှာနေတာ....."
Fanyရဲ့ စူပုပ်နေတဲ့ မျက်နှာဟာ သူ့ချစ်သူအသံကြားတော့ ချက်ချင်းပင်ပြုံးသွားသည်
"Tae..ဘာလို့ ဒီမှာရှိနေတာလည်း...ပြိုင်ပွဲက ပြီးသွားပြီလား...."
"Omm ကိုယ်နိုင်တယ် ပထမဆုရတယ် သိလား....."
Taeyeon wink လုပ်ပြပြီး ပြောတဲ့အတွက်ကြောင့် Fany မျက်နှာပန်းရောင်ဖြစ်သွားသည်
" မင်းက ဒီကို ဘာလာလုပ်တာလည်း"
Nickhun ကို Taeyeon သတိထားမိသွားပြီး တစ်ယောက်နဲ့တစ်ယောက် ရင်းနှီးသလိုပုံစံနဲ့ ပြောလိုက်သောကြောင့် Fany အံ့သြနေ၏
"School tripကြောင့် ငါဒီမှာရှိနေတာ ငါတို့ကျောင်းလည်းပါတယ်လေ မသိဘူးလား....."
"Aww မှတ်မိဖို့ အရေးမှမကြီးတာမင်းကို....Baby သွားကြစို့  "
Taeyeon ပြောပြီး Fanyလက်ကို တွဲလိုက်သည်
"Congratulations ပါကွာ အထူးသဖြင့် ဆုအတွက်ပေါ့ "
Taeyeonမှာ Nickhunပြောတာကို မကြားချင်ယောင်ဆောင်ပြီး ထွက်လာခဲ့သောကြောင့် Nickhun မှာ ဒေါသထွက်ပြီးကျန်ခဲ့လေ၏
Bạn đang đọc truyện trên: Truyen3h.Co