Truyen3h.Co

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ Part-21

KimFany059

"Fany....."

Taenyတို့ နမ်း​နေကြရင်း Fany နာမည်​​ခေါ်သံကြားလို့ ရပ်​သွားကြသည်​....

Fanyလည်း နမ်း​နေရာကရပ်​ပြီး သူ့ချစ်​သူကိုတွန်းကာ အခန်းအပြင်​ဘက်​သို့ ထွက်​သွား​လေ၏

"Omar! ဘယ်​တုံးက ပြန်​​ရောက်​​နေတာလည်း....."

Mrs.Hwangမှာ သူ့သမီးကို ကြည့်​ပြီး မျက်​လုံးအပြူးသားဖြစ်​​နေ၏....

"Aigoo အချိန်​မှားပြီး ​ရောက်​လာတာဘဲ....."

"Humm!"

Taeyeonလည်း အင်္ကျီကြယ်​သီးတပ်​ပြီး အခန်းအပြင်​သို့ ထွက်​လာကာ Mrs.Hwangကို နှုတ်​ဆက်​လိုက်​သည်​.....

ထို့​နောက်​ Fany နားသို့ ကပ်​ကာ
"Jagiya.......ကိုယ့်​ကိုကိုယ်​ မှန်​ထဲမှာ ​သေချာကြည့်​အုံး ရှုပ်​ပွ​နေတယ်​ ဆံပင်​​တွေကစ....."

Fanyမှာ ထိုအခါမှ သတိရပြီး သူ့ကိုယ်​သူ သပ်​သပ်​ရပ်​ရပ်​ ဖြစ်​​အောင်​ ပြန်​ပြင်​လိုက်​သည်​....

ထို့​နောက်​ ရှက်​ပြီး ​အောက်​နှုတ်​ခမ်းကို ဖိကိုက်​ထား၏

"Appa ​စောင့်​​နေလို့ သွား​တော့မယ်​​နော်​....ဒီ​နေ့အိမ်​ပြန်​​နောက်​ကျမယ်​ဆိုတာ သမီးကို လာ​ပြောတာရယ်​ သွားပြီ......Taeyeon သား​လေး ကိုယ့်​အိမ်​လို လွတ်​လွတ်​လပ်​လပ်​​နေ​နော်​"

"Omar!"

Mrs.Hwang ​ပြောပြီး အိမ်​ထဲက​နေ ထွက်​သွား​လေ၏

Taeyeonမှာ ​ရှက်ေ​နတဲ့ Fany ကို ကြည့်​ပြီး သ​ဘောကျစွာ ရယ်​​လေ၏

ထို့​နောက်​ Fanyကို ဆွဲကာ သူ့ရင်​ခွင်​ထဲတွင်​ ဖက်​ထားပြီး

"Jagiya မင်းက တစ်​​နေ့တခြား ချစ်​ဖို့​ကောင်းလာလိုက်​တာကွာ ..... "

" နင်​က​တော့ တ​နေ့တခြား ကျပ်​မပြည့်​လာတာ...."

Fany စကား​ကြောင့်​ Taeyeon ထပ်​ရယ်​လိုက်​သည်

"Omarတို့ ​ပေးထားတဲ့ ​ပျော်​ရွှင်​မှုကို အလှဆင်​ရ​အောင်​....."

"နှာဘူးထပြန်​ပြီ "

Fany ​ပြောပြီး Taeyeon ကို တွန်းထည့်​လိုက်​တ​ယ်​...သို့​သော်​ Taeyeonက မျက်​ခုံးပင့်​ပြပြီး သူ့ချစ်​သူ နှုတ်​ခမ်း​လေးကို မက်​​မောစွာ နမ်းလိုက်​သည်

Fanyမှာ​တော့ Taeyeonရဲ့ အနမ်း​တွေကြားမှာ ​ဆေးသမားတစ်​​ယောက်​လို မိန်း​မော​နေ၏

" ဒီ​နေ့ မင်းက ခွင့်​မလွှတ်​နိုင်​တဲ့ ကိစ္စတစ်​ခုလုပ်​ထားတယ်​​နော်​....."

Taeyeon နမ်း​နေရာမှ ရပ်​ပြီး ​ပြောလိုက်​သည်

" ဒီ​တော့ မင်းအတွက်​ အပြစ်​ဒဏ်​က ကိုယ်​​ပြောသမျှ အကုန်​လုပ်​​ပေးရမယ်​....."
Taeyeon မျက်​ခုံးပင့်​ပြကာ ​ပြောလိုက်​သည်

"ကောင်းပြီ ​ပြော ငါ ဘာလုပ်​​ပေးရမှာလည်း "

Taeyeon သူ့​မေး​စေ့ကို ကိုင်​ပြီး စဉ်းစားသလိုဟန်​​ဆောင်​၏

"Huummm......ငါ့အတွက်​ ဟင်းချက်​​ပေး....."

"What!Kim Taeyeon နင်​ငါ့ကို ​နောက်​​နေတာလား.......ငါမှ ဟင်းမချက်​တတ်​တာကို....."

"ဒါဆို တခြားဟာ ​ပြောင်းလုပ်​​ပေးမှာလား....."
Taeyeon လူယုတ်​မာ အပြုံးနဲ့ ပြုံး​တော့ Fany ​ခေါင်းခါပြသည်​.....

" တကယ်​ဘဲ ငါက ဟင်းချက်​​ပေးရမှာလား"
Taeyeonမှာ Fany ကို apron ၀တ်​​ပေးရင်း ​ခေါင်းညိတ်​ပြသည်​.....

"Jagiya....relax...ဟင်းချက်​ရုံဘဲ​လေ....ကိုယ်​ကလည်း မင်းကို သင်​​ပေးမှာပါ....."

"အိမ်​မီး​လောင်​ရင်​ ငါနဲ့မဆိုင်​ဘူး​နော်​....."

"Relax baby....."

Taeyeon ရယ်​ပြီး သူ့ချစ်​သူရဲ့ ​ခေါင်း​​လေးကို ပွတ်​​ပေး​လေသည်​....

"Ok ဘာဖြစ်​ဖြစ်​ ငါနဲ့ မဆိုင်​ဘူး​နော်​"

"Arasso....ဒါဆို ကိုယ်​တို့ ဘာဟင်းချက်​ကြမလည်း ဘာစားချင်​လည်း Fany"

"အမဲသားဟင်း စပ်​စပ်​​လေး စားချင်​တယ်​......"

"Ok ချက်​ကြတာ​ပေါ့ "

Taeyeon မှာ Fany အ​နောက်​က​နေ သိုင်းဖက်​ထားသလိုပုံစံနဲ့ Fanyလက်​ကို ​သေချာကိုင်​ကာ ဟင်းရွက်​လှီးနည်း သင်​​ပေး​နေ၏ (ရုပ်​ရှင်​​တွေထဲကလို​လေ အရပ်​ပုရင်​​တော့ ခုံခု​ပေါ့😛😛)

Fanyမှာ ရင်​​တွေခုန်​ပြီး လက်​​တွေတုန်​​နေ၏.....

Taeyeon လည်း လက်​လွတ်​​ပေး​ရော အ​ယောင်​​​ယောင်​အမှားမှားဖြစ်​ကာ လက်​ကိုလှီးမိသွား၏

"Ah...."

Taeyeon မှာ ​သွေးထွက်လာတဲ့ ​Fany လက်​ညိုးကို​ ​တွေ့​တော့ အရမ်းစိတ်​ပူသွားတယ်​....

Fanyလက်​ကို ​ဆွဲယူပြီး ငုံထားကာ ​သွေး​တွေကို Taeyeon မြိုချ​တော့ Fany မျက်​လုံးပြူးသွားတယ်

"Yah ဘာလို့ ​သွေး​တွေကိုမျိုချတာလည်း...."

Taeyeon ဘာမှမ​ပြောဘဲ Fanyလက်​ကို ​ရေနဲ့​သေချာ​ဆေး​ပေးလိုက်​သည်​....

ထို့​နောက်​ ​ဆေးထည့်​​ပေးပြီး အနာကပ်​ပလာစတာ ကပ်​​ပေးလိုက်​သည်​။

"ကဲ ကိုယ်​ဘဲ ဟင်းချက်​​ပေး​တော့မယ်​ မရ​တော့ဘူး အရမ်းစိတ်​ပူလာပြီ ထပ်​ထိခိုက်​ရင်​ဘယ်​လိုလုပ်​မလည်း ​တော်​ပြီ ထိုင်​​နေ​တော့"

Taeyeon ​ပြောပြီး Fany ခါးက apronကို ဖြုတ်​ကာ သူ့ခါးတွင်​ စည်းလိုက်​သည်​....

Fanyမှာ ​ယောင်္ကျားပီသစွာ ဟင်းချက်​​နေတဲ့ သူ့ချစ်​သူကိုကြည့်​ပြီး အရမ်း​တွေသ​ဘောကျ​နေ၏

အပြစ်​​ပေးတာသူလား Fanyလား မသဲကွဲဘူး ​နောက်​ဆုံး သူဘဲလုပ်​ရတာ😂😂😂

Bạn đang đọc truyện trên: Truyen3h.Co