Truyen3h.Co

လူဆိုးမ​လေး ကိုယ့်​ချစ်​သူ

လူဆိုမ​လေး ကိုယ့်​ချစ်​သူ Part-9

KimFany059

နှစ်​ခြိုက်​စွာ Fany အိပ်​​ပျော်​​နေစဉ်​ ​နေမင်းရဲ့ အလင်း​ရောင်​​ကြောင့်​ Fany နိုးလာခဲ့သည်

Fany အ​ကြောဆန့်​ရင်း ​ဘေးနားကို စမ်းကြည့်​​တော့ မ​နေ့ညက သူ့​​ဘေးနား အိပ်​ခဲ့တဲ့ Taeyeon​နေရာက အလွတ်​ကြီးဖြစ်​​နေ၏

Fanyလည်း Taeyeon မရှိ​တော့ဘူး ထင်​ပြီး ဘာ​ကြောင့်​မှန်းမသိ သက်​ပြင်းချကာ အိပ်​ရာမှ ထပြီး ​ရေချိုးလိုက်​သည်

ရေချိုးပြီး အခန်းထဲက ထွက်​လာ​တော့ ​မီးဖို​ချောင်​ထဲက ဆူညံသံ​တွေကို ကြားရသည်

"Omar....Appa.... "

Fany အိမ်​​ပေါ်က ဆင်းလာပြီး မီးဖိုခန်းဘက်​ကို ​လျှောက်​လာသည်

"Omar.....Appa...."

သူ့အ​ဖေနဲ့အ​မေက ပြန်​ထူးမယ့်​အစား Fany အတွက်​ ကြက်​သီးထစရာ အ​ကောင်းဆုံး အသံကြီးထွက်​​ပေါ်လာသည်

"Jagiya...."

"Ah...."

Fany မီးဖို​ချောင်​ထဲ ၀င်​လာ​​တော့ Taeyeonနဲ့ မျက်​နှာချင်းဆိုင်​ တည့်​တိုး​တွေ့​လေ၏

"Fany yah နိုးလာပြီလား...."
Taeyeon​ပြောပြီး Fanyရဲ့ နှုတ်​ခမ်းကို နမ်းလိုက်​သည်

"Yah နင်​ ဘာလုပ်​တာလည်း...."

"မင်းအတွက်​ မနက်​စာ ပြင်​​ပေး​နေတာ​လေ....."

Taeyeon ​ပြောပြီး သူ့ချစ်​သူထိုင်​ဖို့ ထိုင်​ခုံဆွဲ​​ထုတ်​​ပေး​လေသည်​။

Taeyeon ကို Fany လှမ်းကြည့်​​တော့ Taeyeon က Uniform ​တောင်​ ၀တ်​ထားပြီးပြီ.....

"Ash...."

"Ash​တွေ ဘာ​တွေ လုပ်​​မ​နေနဲ့ တကယ်​ဆို သမီးက မနက်​စာထပြင်​​ပေးရမှာ ခု​တော့ ဧည့်​သည်​က မနက်​စာပြင်​​ပေး​နေရတယ်​......"

Mrs.Hwang ရဲ့ စကား​ကြောင့်​ Taeyeonကို Fany မျက်​​စောင်းထိုးလိုက်​သည်

"ရပါတယ်​....ကျွန်​​တော်​ကလည်း သူ့အတွက်​ မနက်​စာပြင်​​ပေးချင်​လို့ပါ ...."

Fany ဘာမှမ​ပြောဘဲ မနက်​စာ ​ဆက်​စားလိုက်​သည်​​။

~~~~~~±~~~~~~±~~~~~±~~~~±~~±

"Fany yah အ၀တ်​လဲတာ ဘာလို့ကြာ​နေတာလည်း မြန်​မြန်​လာ...."

Taeyeon ကား​ပေါ်က​နေ အ၀တ်​လဲဖို့ အခန်းထဲ ၀င်​သွား​ပေမယ့်​ ​တော်​​တော်​နဲ့ ထွက်​မလာတဲ့ Fanyကို လှမ်း​အော်​လိုက်​သည်

"Tiffany.....​ကျောင်း​နောက်​ကျ​တော့မှာဘဲ ဘာ​တွေလုပ်​​နေတာလည်း...."

Taeyeon ပွစိပွစိ​ပြောပြီး ကား​ပေါ်ကဆင်း​တော့ Fany လည်း ​ဒေါက်​ဖိနပ်​ စီးရင်း အိမ်​ထဲက ထွက်​လာလိုက်​သည်

"​ကျောင်း​နောက်​ကျမှာ စိုးရိမ်​​နေရင်​လည်း သွား​လေ....ဘာလို့ ငါ့ကို​ ​စောင့်​​နေတာလည်း...."

Fany​ပြောပြီး ကား​ပေါ်တက်​ကာ ကားတံခါးကို ​ဆောင့်​ပိတ်​လိုက်​တယ်

"မင်းနဲ့ အတူသွားချင်​တာကို......."

"ဒါဆိုလည်း ခဏ​တော့ ​စောင့်​​​လေ......"
Fany မျက်​​စောင်းထိုးကာ ​ပြောလိုက်​သည်

"​အေးပါကွာ ငါဘဲ မှားတာပါ....."

~~~~~~~~±~~~~~~±~~~~~~~±~~~~

Taeyeon ကား​မောင်း​နေရင်း ရုတ်​တရက်​ ထရယ်​လို့ Fany လန့်​သွား​လေသည်​။

"ရူး​နေတာလား ဘာလို့ အဆုံးမရှိအစမရှိ ထရယ်​​နေတာလည်း...."

Fany မျက်​​စောင်းထိုးကာ ​ပြောလိုက်​သည်​။

"တစ်​ခါမှ ​ကျောင်း​နောက်​မကျဖူး​တော့ စိတ်​လှုပ်​ရှားလို့ပါ haha....."

"ရူးသွားရှာပြီ......"

Fany ​ခေါင်းခါကာ ​ပြောလိုက်​သည်​။

ကျောင်းကို ​ရောက်​​တော့ ​ကျောင်းတံခါးက ပိတ်​ထားသည်

"Ash ​ကျောင်းတံခါးပိတ်​သွားပြီ ဘယ်​လိုလုပ်​ရမလဲ.. .."

"ဘယ်​လိုမှလုပ်​မ​နေနဲ့ အရင်​ကလို ​ကျောင်းတံခါးကို ​ကျော်​တက်​ကြမယ်​​လေ....​နေအုံး ငါ ကားပါကင်​ ထိုးလိုက်​အုံးမယ်​....."

Taeyeon ကား​ပါးကင်​ထိုးပြီး​နောက်​ ကား​ပေါ်က ဆင်းလာကာ ​ဘောင်းဘီကို လိပ်​တင်​လိုက်​သည်​။

ထို့​နောက်
"Baby.....ကိုယ်​မင်းကို ​ပွေ့ချီပြီး တံခါးကို​ကျော်​​အောင်​ ပစ်​လိုက်​မယ်​ဆိုရင်​​ရော...."

"ရှင့်​ကိုရှင်​ အာနိုးထင်​​နေတာလား ဒါမှမဟုတ်​ W.W.Eထဲက လူထွားကြီး​တွေထင်​​နေတာလား လူကြည့်​​တော့ ပိ​စိ​ကွေးကများ......."

"619 သူလည်း ပိစိ​ကွေးဘဲ....."

"619က 619 နင်​ကနင်​ မတူဘူး Kim Taeyeon.. ..."

"စကားများမယ့်​အစား ငါ ထိုင်​​ပေးမယ်​....."

"ဘာလုပ်​ဖို့ ....."

"ငါ့​ကျော​ကိုနင်းပြီး အ​ပေါ်ကိုတက်​​လေ...."

Taeyeon ​ပြောပြီး ​ဆောင့်​​ကြောင့်​ထိုင်​လိုက်​သည်​။

"ဖြစ်​ပါ့မလား နင်​ ဘုန်းနိမ့်​ရင်​​ရော...."

"Aigoo ဒါမျိုးကျ ဘုန်းနိမ့်​စရာလား မဟုတ်​လည်း......."

"Yah yah နင်​ ဘာ​ပြောတာလည်း......"

"ငါ​ပြောတာက မဟုတ်​လည်း ​ခွဲ​မ​မွေးဘူးဆို.....​တော်​ပြီဟာ နိုင်​ငံ​ရေး​တွေပါလာပြီ....​အေး​ဆေးပါးစပ်ပိတ်ြ​​​​ပီး ​ကျော​ပေါ်တက်​...."

Fanyလည်း ဘာမှပြန်​မ​ပြောဘဲ ဖိနပ်​ချွတ်​ကာ Taeyeon​ကျော​ပေါ်တက်​ပြီး တံခါးကို ​ကျော်​လိုက်​သည်​။

Taeyeonလည်း ထို့အတူ ​ကျော်​ခွပြီး​နောက်​ Fanyရဲ့လက်​ကို တွဲကာ အတန်းဘက်​ကို ​သွားလိုက်​သည်

Bạn đang đọc truyện trên: Truyen3h.Co