ချစ်လှစွာသောသားရဲလေး ( ခ်စ္လွစြာေသာသားရဲေလး)
13
ျဖဴေဖြးသည့္ ႏွင္းမ်ားကေကာင္းကင္မွ က်ဆင္းလာကာ ေက်ာက္စိမ္းျဖဴကဲ့သို႔ လွပေသာလက္ေခ်ာင္းမ်ားေပၚက်ေရာက္သြားကာ အရည္ေပ်ာ္ သြားသည္။
မိုမို သူ႔ စိုစြတ္ေနေသာ လက္ေခ်ာင္း ကိုၾကည့္လိုက္သည္။ သူ႔လက္က တျခား လူေတြရဲ႕ လက္ေတြလို ခပ္သြယ္သြယ္လက္ေခ်ာင္းမ်ား မ႐ွိဘဲသူ႔ရဲ႕လက္ေခ်ာင္းေလးေတြက နည္းနည္းပုသည့္လက္ေခ်ာင္းပုတို ေလးေတြျဖစ္ကာ လက္ဆစ္ကလည္းနည္းနည္းႀကီးသည္။
"ေအးလာၿပီ"
ဖုန္းက်င္း သားေမြးကို မိုမို ပုခံုးေပၚတင္ေပးလိုက္သည္။
"အင္း"
မိုမို သားေမႊးကိုဝတ္လိုက္ၿပီး ယုန္ဦးထုပ္ေဆာင္းလိုက္သည္။ ဖုန္းက်င္းကေတာ့ သားေမႊးကုတ္ဝတ္ၿပီးၿပီပင္ျဖစ္သည္။
"ဘယ္သြားၾကမလဲ"
မိုမိုကေမးလိုက္သည္။
"ေျခဦးတည့္ရာေပါ့ "
ဖုန္းက်င္းက ေျဖရင္း မီမီ ကိုေကာက္ကိုင္ကာ ပုခံုးေပၚတင္လိုက္ေသာ္လည္း မီမီ ကျပန္ခုန္ဆင္းသြားသည္။
ေန႔လယ္ေလာက္ထိ သူတို႔ လမ္းေလ်ာက္ၾကရင္း သစ္ပင္တစ္ပင္ေအာက္တြင္ ခနနားၾကသည္။ မိုမိုက သစ္ပင္ေအာက္႐ွိ ႏွင္းပံုကို ႐ွင္းလင္းလိုက္ၿပီး ဖုန္းက်င္းက ထင္းေျခာက္႐ွာရန္ေတာထဲသို႔ဝင္သြားသည္။
မိုမို သူ႔နယ္ေျမထဲ႐ွိ ဝါးအခ်ိဳ႕ ခုတ္ၿပီးေနာက္အသားအခ်ိဳ႕ကို နယ္ေျမထဲကေရႏွင့္ေဆးေၾကာကာ အျပင္သို႔ျပန္ထြက္လာသည္။
ယေန႔တြင္ေတာ့ သူအျမဲ စမ္းသပ္တိုင္း က်႐ွံုးသည့္ အသားေၾကာ္ျပန္လုပ္ရန္စီစဥ္ထားသည္။
သူဝါးကို ၃ ပံု ၂ပံု ျဖတ္ၿပီး က်န္ ၁ပံု ျပားျပားေလးျဖစ္ၿပီး အနားတြင္ခံုးေနသည္။
ဖုန္းက်င္းက ထင္းေျခာက္ႀကီးမ်ား ေတြ႔ခဲ့ကာ ထိုထင္းမ်ားကို မိုမိုေ႐ွ႕တြင္ခ်လိုက္သည္။
မိုမိုက ထင္းေျခာက္မ်ားကိုစီၿပီး မီးေမႊးလိုက္သည္။ထို႔ေနာက္ ေထာက္တိုင္ငယ္ေလးျပဳလုပ္ၿပီး ဝါး ျပားကိုခ်ိတ္လိုက္ကာ အသားကို အတံုးေလးေတြတံုးၿပီး ထည့္လိုက္သည္။
အသား႐ွိအဆီမ်ားကအရည္ေပ်ာ္လာၿပီး ဆီေပါက္သံေၾကာင့္ မီမီ ကလန္႔သြားၿပီး မိုမို ေနာက္သို႔ ေျပးဝင္သြားၿပီး စပ္စုသလိုေခါင္းေလးထုတ္ၾကည့္လာသည္။
မိုမိုက ရယ္ရင္း ကန္စြန္းဥႏွင့္ ေျပာင္းဖူးကို မီးဖုတ္လိုက္သည္။
အဆင္ေျပပါေစ ေက်းဇူးျပဳၿပီး အဆင္ေျပသြားပါေစ။
မိုမို လက္မထိပ္ႏွင့္ လက္ညႇိုးထိပ္ႏွစ္ခုကို ဖိကပ္ရင္း ဆုေတာင္းလိုက္သည္။
သူအသားေၾကာ္လုပ္တိုင္းအျမဲ ဝါးရဲ႕အလယ္ေလာက္က မီးေလာင္ၿပီး ျပာက်သြားေလ့႐ွိသည္။
သိပ္မၾကာခင္မွာ ေလထဲတြင္ အသားနံ႔ ခပ္ေမႊးေမႊးထြက္လာသည္။ရသြားၿပီ။
မိုမိုေပ်ာ္ရႊင္စြာ ဝါးညႇပ္ယူရင္းအသားကိုေနာက္တစ္ဖက္သို႔လွန္ေပးလိုက္သည္။ ဖုန္းက်င္း ကေတာ့ ေဘးတြင္ ထိုင္ကာ ေတာက္ပေနေသာမ်က္လံုးျဖင့္ၾကည့္ ေနသည္။
သူေျပာင္းဖူးႏွင့္ ကန္စြန္းဥ တို႔ကိုမီးထဲမွ ထုတ္လိုက္ၿပီး အသားေၾကာ္အခ်ိဳ႕ကို မီမီကိုေပးလိုက္ကာ က်န္တာသူတို႔စားလိုက္သည္။ ဖုန္းက်င္းက အသားေၾကာ္ကို လ်ွင္ျမန္စြာ စားၿပီးေနာက္ ေတာက္ပေနေသာမ်က္လံုးျဖင့္ မိုမိုကိုၾကည့္လာကျပီး မီမီကလည္း သူ႔ကို ၾ့ကည္လင္ေနေသာ မ်က္လံုးဝိုင္းႀကီးျဖင့္ ၾကည့္ေနသည္။
မိုမို ေနာက္ထက္ ေရြးစရာမ႐ွိဘဲ အသားျပန္ေၾကာ္ရေတာ့သည္။ ကံေကာင္းတာက သူအသားအမ်ားႀကီးကုိႀကိဳျပင္ဆင္ထားလို႔ပင္။ အသားေၾကာ္တာ မေအာင္ျမင္ရင္ အသားကင္မယ္လို႔ေတြးၿပီး အသားအမ်ားႀကီးႀကိဳလုပ္ထားတာပင္။
သူတို႔စားၿပီးေနာက္ သစ္ပင္ကိုမွီၿပီး ခနအနားယူလိုက္သည္။
ထို႔ေနာက္သူတို႔ ပစၥည္းမ်ားကို ျပန္သယ္ကာ သြားေတာ့သည္။
ေနကတျဖည္းျဖည္း ျဖင့္အေနာက္ဘက္သို႔ ေရြ႔လ်ားသြားၿပီး ေနဝင္ေတာ့မည္ျဖစ္သည္။ မိုမို တို႔ေတြ သစ္ပင္ႀကီးတစ္ပင္ေအာက္တြင္ ပစၥည္းမ်ားထားခဲ့ကာ ဖုန္းက်င္းကေတာ့ ထင္း႐ွာရန္ လွည့္သြားသည္။
မိုမိုက "ကြၽန္ေတာ္လည္းလိုက္မယ္"
လို႔ေျပာလိုက္သည္။
"ကိုယ္တစ္ေယာက္တည္းရပါတယ္ "
"ေမွာင္ေနၿပီေလ ႏွစ္ေယာက္သြားေတာ့ ပိုေကာင္းတာေပါ့ အလုက္ျမန္ျမန္ၿပီးသလို အႏၱရာယ္ၾကံဳလည္း လူႏွစ္ေယာက္ဆိုေတာ့အဆင္ေျပတယ္ေလ"
"ေကာင္းပါၿပီ"
မိုမိုက ဖုန္းက်င္း ေနာက္ကိုလိုက္သြားက မီမီကသူတို႔ေနာက္မွ လိုက္လာသည္။ ေနဝင္သြားၿပီျဖစ္ကာ အလင္းေရာင္အနည္းငယ္သာ က်န္႐ွိေတာ့သည္။
ထင္းအမ်ားစုက ႏွင္းမ်ားေၾကာင့္ေရေတြစိုေနၿပီျဖစ္ကာ ထင္းေျခာက္ကိုရဖို႔အခ်ိန္အေတာ္ၾကာသြားသည္။
မိုမို ႏွင့္ဖုန္းက်င္းက စကားတေျပာေျပာျဖင့္ ထင္းေတြသယ္ေနကာ မီမီက သူ႔ရဲ႕ပါးစပ္ေသးေသးေလးထဲတြင္ သစ္ကိုင္းေျခာက္ ေသးေသးေလးေတြကို ကိုက္ခ်ီထားသည္။
႐ုတ္တရက္ သစ္ကိုင္းေခ်ာင္းမ်ားကို ခ်ကာ စးူစူးဝါးဝါး ေအာ္လိုက္သည္။ မီမီ ေအာ္သံေၾကာင့္မိုမိုႏွင့္ ဖုန္းက်င္းက စကားေျပာရာမွ သတိဝင္လာကာ သူ့တိုထားခဲ့ေသာပစၥည္းမ်ား႐ွိသည္ဘေနရာတြက္ အရိပ္ႏွစ္ခု ႐ွိေနျပိ္း တစ္စံုတစ္ခု႐ွာေနပံုေပါက္သည္။ ေမွာင္ေနၿပီျဖစ္တာေၾကာင့္႐ုပ္ကေတာ့ေသခ်ာမျမင္ရေပ။
ထိုအရိပ္က မီမီ ေအာ္သံေၾကာင့္ သူတို႔ကိုေတြ႔သြားၿပီး ထြက္ေျပးသြားသည္။
မိုမို သူတို႔ပစၥည္းေတြထားခဲ့ေသာ ေနရာနားသို႔သြားလိုက္ေတာ့ သူ႔လက္ထဲက ထင္းမ်ားက ျပဳတ္က်သြားသည္။
သူ႔အေ႐ွ႕တြင္မြစာၾကဲေနေသာ ပစၥည္းမ်ားျဖစ္သည္။ မိုမို တစ္ကိုယ္လံုး ေဒါသထြက္လြန္းလို႔ တုန္ေနၿပီျဖစ္သည္။
သူႏွစ္ေပါင္းမ်ားစြာ စုေဆာင္းခဲ့တဲ့ ပစၥည္းေတြ ခုေတာ့ မ်က္စိတစ္မွိတ္အတြင္း ပ်က္စီးသြားၿပီျဖစ္သည္။
ဖုန္းက်င္းေျပာသာမွန္တယ္ တကယ္လို႔သူသာ ေနခဲ့ရင္ သူသာ ဖုန္းက်င္းေနာက္လိုက္မသြားခဲ့ရင္ ဖုန္းက်င္းစကားနားေထာင္ခဲ့ရင္ ခုလိုျဖစ္မွာမဟုတ္ဘူး ။
မိုမို ေတြးရင္းျဖင့္ သူ႔မ်က္လံုးက စိုစြတ္လာၿပီး မ်က္ရည္မ်ားစီးက်လာသည္။ ၾကည္လင္ေနေသာ ေရစက္မ်ားက သူ႔ရဲ႕ပါးျပင္ကိုျဖတ္သြားၿပီး ေျမျပင္သို႔မထိမီ လမ္းတစ္ဝက္မွာ ေအးခဲသြားၾကသည္။
ဖုန္းက်င္းက မိုမိုကိုဖက္လိုက္ၿပိ္း သူ႔ရင္ခြင္ထဲဆြဲသြင္းလိုက္သည္။ မိုမို ဖုန္းက်င္း သားေမႊးကုတ္ကို ဆုတ္ကိုင္ရင္း ငိုေနမိသည္။
အခ်ိန္အခ်ိဳ႕ၾကာေတာ့မွ မိုမို အငိုတိတ္သြားကာဖုန္းက်င္းက သူ႔ကိုျပန္လြတ္ေပးလိုက္သည္။
ရာသီဥတုကေအးေနတာေၾကာင့္ မိုမို ခုနကငိုထားတာေရာေၾကာင့္ သူ႔ႏွာေခါင္ထိပ္က နာေနသည္။
"ၾကည့္ရတာ သူခိုးေတြျဖစ္မယ္ "
ဖုန္းက်င္း အပ်က္အစီး မ်ားကိုၾကည့္ကာေျပာလိုက္သည္။
"အင္း ပစၥည္းေတြ႐ွက္းလိုက္ရေအာင္"
မိုမို ပစၥည္းေတြကို ခြဲျခား႐ွင္းလင္းလိုက္သည္။
သူတို႔ရဲ႕ ရိကၡာမ်ားအကုန္နီးပါး ပါသြားကာ က်န္ခဲ့သည္ဆိုလို႔ ေဆးပင္ရယ္ သားေမႊးပစၥည္း ႏွင့္ အသီးေျခာက္ေတြ အသားေျခာက္အနည္းငယ္ သာက်န္သည္။
"ကိုယ္သားေကာင္တစ္ခ်ိဳ႕႐ွာၾကည့္မယ္"
ဟုဖုန္းက်င္းကေျပာရင္းေတာထဲဝင္သြားသည္။
မိုမိုက မီးေမႊးလိုက္ၿပီး ေရျဖည့္ဖို႔နယ္ေျမထဲဝင္သြားေတာ့ ကန္စြန္းဥ ႏွင့္အာလူးမ်ားသီးေနၿပီ ျဖစ္တာေၾကာင့္ အနည္းငယ္ခူးလာလိုက္သည္။
ထို႔ေနာက္နယ္ေျမထဲ မွျပန္ထြက္လိုက္သည္။
မီးပံုနားတြင္ ေခြေနေသာ မီမီက ႐ုတ္တရက္ေပၚလာေသာ မိုမိုကိုေတြ႔ေသာ လန္႔သြားကာ ေျမာင္ဟုေအာ္လိုက္ၿပီး ျပန္ျငိမ္သြားသည္။
မိုမိုက ေျပာင္းဖူး ႏွင့္ အာလူးကိုမီးဖုတ္လိုက္ၿပီး က်က္ရန္ေစာင့္ရင္း ဖုန္းက်င္း သြားသည့္လွမ္းသို႔လွည့္ၾကည့္ လွည့္ၾကည့္လုပ္ေနသည္။
ေတာထဲမွ အနက္ေရာင္ အရိပ္က မိုမိုဘက္သို႔လမ္းေလ်ွာက္လာကာ မီးပံုအလင္းေရာင္ေၾကာင့္ ထိုလူပံုရိပ္ကတျဖည္းျဖည္းေပၚလာသည္။
ထိုသူကေတာ့ဖုန္းက်င္းျဖစ္ကာ သူ႔လက္က ဗလာျဖစ္ေနသည္။
"သားေကာင္ေတြကေဆာင္းခိုေနေတာ့ တစ္ေကာင္မွ႐ွာမေတြ႔ခဲ့ဘူး "
"အဆင္ေျပပါတယ္ "
မိုမိုကေျပာရင္း အနာဂတ္မွာ သူ႔နယ္ေျမထဲတြင္ သားေကာင္အခ်ိဳ႕ ေမြးရန္ဆံုးျဖတ္လိုက္ၿပီး ထိုဆံုးျဖတ္ခ်က္ကို ခ်က္ခ်င္းျပန္ပယ္လိုက္သည္။
အ႐ိုင္းသားရဲ မ်ားက ႐ိုင္းစိုင္းကာ သူ႔နယ္ေျမထဲ႐ွိအပင္မ်ားကိုျဖတ္ဆီးႏိုင္ေသာေၾကာင့္ပင္။
႐ုတ္တရက္ မီမီက အိပ္ေနရာမွထကာ တစ္ဖက္သို႔လွည့္ကာ ေအာ္လိုက္သည္။
ဖုန္းက်င္စက မီမီ ေအာ္သည့္ဘက္ကိုၾကည့္ကာ မိုမိုကို အသံတိတ္ေနရန္ အခ်က္ျပလိုက္ ၿပီးေဘး႐ွိသစ္ပင္သို႔ ျဖည္းညင္းစြာ ခ်ဥ္းကပ္သြားလိုက္သည္။
ထို႔ေနာက္သူ႔ရဲ႕ လက္ကို လ်ွင္ျမန္စြာ လႈပ္႐ွားလိုက္ကာ သစ္ပင္ေပၚမွ အနက္ေရာင္အရိပ္ကို ဖမ္းလိုက္သည္။
ထိုအနက္ေရာင္အရိပ္က အေမွာင္ထဲမွာမို႔ သိပ္မျမင္ရေသာ္လည္း ဖုန္းက်င္းက အလင္းထဲေလ်ွာက္လာေတာ့ ထိုအရိပ္က ၂ေပေက်ာ္႐ွည္သည့္အနက္ေရာင္ ေႁမြတစ္ေကာင္မွန္းသိလိုက္ရသည္။
ဖုန္းက်င္းက ထိုေႁမြေခါင္ကို ေသခ်ာဖိၿပီးကိုင္ထားသည္။
ေႁမြရဲ႕မ်က္လံုးမ်ားက အနီေတာက္ေတာက္ျဖစ္ေနတာေၾကာင့္ၾကည့္တာနဲ႕ အရိုင္းသားရဲမွန္းသိတာသည္။
မိုမိုကေတာ့ ၾကက္သီးေတြထ သြားသည္။ ၾကည့္ရတာ သူတို႔ဒီညေႁမြသား စားရမယ္ထင္တယ္ သူတစ္ခါမွ ေႁမြသားမစားခဲ့ဖူးေပမယ့္ ဖုန္းက်င္းကေတာ့စားဖူးသည္။
"မေၾကာက္ပါနဲ႔"
ဖုန္းက်င္းကထိုသို႔ေျပာၿပီးေႁမြကိုလက္လႊဲေပးလိုက္သည္။
မိုမိုက ေႁမြေခါင္းကို ေသခ်ာဖိၿပီးကိုင္လိုက္သည္။ ေႁမြကသူ႔လက္ထဲတြင္ ႐ုန္းကန္ေနသည္။
ဖုန္းက်င္း ဓားကိုင္လိုက္တာျမင္ေတာ့ ေႁမြက ပိုၿပီး လူးလြန္႔လာသည္။
"ၾကည့္ရတာဒီည ေႁမြသားစားရမယ့္ပံုဘဲ "
ဖုန္းက်င္းေျပာတာကိုနားလည္သလို ေႁမြက ပိုၿပီး ႐ုန္းကန္လာသည္။
ေႁမြ႐ုန္းကန္ေနတာကိုမထိန္းႏိုင္ဘဲ ေႁမြက မိုမို လက္ကေနေခ်ာ္ၿပီး ၾကမ္းျပင္တြင္က်သြားသည္။
ဖုန္းက်င္းကေႁမြကို ဖမ္းရန္ အနားသို႔သြားလိုက္ေတာ့ ေႁမြက ပိုၿပီးလူးလြန္႔လာကာ လူတစ္ေယာက္အျဖစ္ေျပာင္းသြားသည္။
uni
ဖြူဖွေးသည့် နှင်းများကကောင်းကင်မှ ကျဆင်းလာကာ ကျောက်စိမ်းဖြူကဲ့သို့ လှပသောလက်ချောင်းများပေါ်ကျရောက်သွားကာ အရည်ပျော် သွားသည်။
မိုမို သူ့ စိုစွတ်နေသော လက်ချောင်း ကိုကြည့်လိုက်သည်။ သူ့လက်က တျခား လူတွေရဲ့ လက်တွေလို ခပ်သွယ်သွယ်လက်ချောင်းများ မရှိဘဲသူ့ရဲ့လက်ချောင်းလေးတွေက နည်းနည်းပုသည့်လက်ချောင်းပုတို လေးတွေဖြစ်ကာ လက်ဆစ်ကလည်းနည်းနည်းကြီးသည်။
"အေးလာပြီ"
ဖုန်းကျင်း သားမွေးကို မိုမို ပုခုံးပေါ်တင်ပေးလိုက်သည်။
"အင်း"
မိုမို သားမွှေးကိုဝတ်လိုက်ပြီး ယုန်ဦးထုပ်ဆောင်းလိုက်သည်။ ဖုန်းကျင်းကတော့ သားမွှေးကုတ်ဝတ်ပြီးပြီပင်ဖြစ်သည်။
"ဘယ်သွားကြမလဲ"
မိုမိုကမေးလိုက်သည်။
"ခြေဦးတည့်ရာပေါ့ "
ဖုန်းကျင်းက ဖြေရင်း မီမီ ကိုကောက်ကိုင်ကာ ပုခုံးပေါ်တင်လိုက်သော်လည်း မီမီ ကပြန်ခုန်ဆင်းသွားသည်။
နေ့လယ်လောက်ထိ သူတို့ လျမ်းလျောက်ကြရင်း သစ်ပင်တစ်ပင်အောက်တွင် ခနနားကြသည်။ မိုမိုက သစ်ပင်အောက်ရှိ နှင်းပုံကို ရှင်းလင်းလိုက်ပြီး ဖုန်းကျင်းက ထင်းခြောက်ရှာရန်တောထဲသို့ဝင်သွားသည်။
မိုမို သူ့နယ်မြေထဲရှိ ဝါးအချို့ ခုတ်ပြီးနောက်အသားအချို့ကို နယ်မြေထဲကရေနှင့်ဆေးကြောကာ အပြင်သို့ပြန်ထွက်လာသည်။
ယနေ့တွင်တော့ သူအမြဲ စမ်းသပ်တိုင်း ကျရှုံးသည့် အသားကြော်ပြန်လုပ်ရန်စီစဉ်ထားသည်။
သူဝါးကို ၃ ပုံ ၂ပုံ ဖြတ်ပြီး ကျန် ၁ပုံ ပြားပြားလေးဖြစ်ပြီး အနားတွင်ခုံးနေသည်။
ဖုန်းကျင်းက ထင်းခြောက်ကြီးများ တွေ့ခဲ့ကာ ထိုထင်းများကို မိုမိုရှေ့တွင်ချလိုက်သည်။
မိုမိုက ထင်းခြောက်များကိုစီပြီး မီးမွှေးလိုက်သည်။ထို့နောက် ထောက်တိုင်ငယ်လေးပြုလုပ်ပြီး ဝါး ပြားကိုချိတ်လိုက်ကာ အသားကို အတုံးလေးတွေတုံးပြီး ထည့်လိုက်သည်။
အသားရှိအဆီများကအရည်ပျော်လာပြီး ဆီပေါက်သံကြောင့် မီမီ ကလန့်သွားပြီး မိုမို နောက်သို့ ပြေးဝင်သွားပြီး စပ်စုသလိုခေါင်းလေးထုတ်ကြည့်လာသည်။
မိုမိုက ရယ်ရင်း ကန်စွန်းဥနှင့် ပြောင်းဖူးကို မီးဖုတ်လိုက်သည်။
အဆင်ပြေပါစေ ကျေးဇူးပြုပြီး အဆင်ပြေသွားပါစေ။
မိုမို လက်မထိပ်နှင့် လက်ညှိုးထိပ်နှစ်ခုကို ဖိကပ်ရင်း ဆုတောင်းလိုက်သည်။
သူအသားကြော်လုပ်တိုင်းအမြဲ ဝါးရဲ့အလယ်လောက်က မီးလောင်ပြီး ပြာကျသွားလေ့ရှိသည်။
သိပ်မကြာခင်မှာ လေထဲတွင် အသားနံ့ ခပ်မွှေးမွှေးထွက်လာသည်။ရသွားပြီ။
မိုမိုပျော်ရွှင်စွာ ဝါးညှပ်ယူရင်းအသားကိုနောက်တစ်ဖက်သို့လှန်ပေးလိုက်သည်။ ဖုန်းကျင်း ကေတာ့ ဘေးတွင် ထိုင်ကာ တောက်ပနေသောမျက်လုံးဖြင့်ကြည့် နေသည်။
သူပြောင်းဖူးနှင့် ကန်စွန်းဥ တို့ကိုမီးထဲမှ ထုတ်လိုက်ပြီး အသားကြော်အချို့ကို မီမီကိုပေးလိုက်ကာ ကျန်တာသူတို့စားလိုက်သည်။ ဖုန်းကျင်းက အသားကြော်ကို လျှင်မြန်စွာ စားပြီးနောက် တောက်ပနေသောမျက်လုံးဖြင့် မိုမိုကိုကြည့်လာကပြီး မီမီကလည်း သူ့ကိုကြည်လင်နေသော မျက်လုံးဝိုင်းကြီးဖြင့် ကြည့်နေသည်။
မိုမို နောက်ထက် ရွေးစရာမရှိဘဲ အသားပြန်ကြော်ရတော့သည်။ ကံကောင်းတာက သူအသားအများကြီးကိုကြိုပြင်ဆင်ထားလို့ပင်။ အသားကြော်တာ မအောင်မြင်ရင် အသားကင်မယ်လို့တွေးပြီး အသားအများကြီးကြိုလုပ်ထားတာပင်။
သူတို့စားပြီးနောက် သစ်ပင်ကိုမှီပြီး ခနအနားယူလိုက်သည်။
ထို့နောက်သူတို့ ပစ္စည်းများကို ပြန်သယ်ကာ သွားတော့သည်။
နေကတဖြည်းဖြည်း ဖြင့်အနောက်ဘက်သို့ ရွေ့လျားသွားပြီး နေဝင်တော့မည်ဖြစ်သည်။ မိုမို တို့တွေ သစ်ပင်ကြီးတစ်ပင်အောက်တွင် ပစ္စည်းများထားခဲ့ကာ ဖုန်းကျင်းကတော့ ထင်းရှာရန် လှည့်သွားသည်။
မိုမိုက "ကျွန်တော်လည်းလိုက်မယ်"
လို့ပြောလိုက်သည်။
"ကိုယ်တစ်ယောက်တည်းရပါတယ် "
"မှောင်နေပြီလေ နှစ်ယောက်သွားတော့ ပိုကောင်းတာပေါ့ အလုက်မြန်မြန်ပြီးသလို အန္တရာယ်ကြုံလည်း လူနှစ်ယောက်ဆိုတော့အဆင်ပြေတယ်လေ"
"ကောင်းပါပြီ"
မိုမိုက ဖုန်းကျင်း နောက်ကိုလိုက်သွားက မီမီကသူတို့နောက်မှ လိုက်လာသည်။ နေဝင်သွားပြီဖြစ်ကာ အလင်းရောင်အနည်းငယ်သာ ကျန်ရှိတော့သည်။
ထင်းအများစုက နှင်းများကြောင့်ရေတွေစိုနေပြီဖြစ်ကာ ထင်းခြောက်ရှာဖို့အချိန်အတော်ကြာသွားသည်။
မိုမို နှင့်ဖုန်းကျင်းက စကားတပြောပြောဖြင့် ထင်းတွေသယ်နေကာ မီမီက သူ့ရဲ့ပါးစပ်သေးသေးလေးထဲတွင် သစ်ကိုင်းခြောက် သေးသေးလေးတွေကို ကိုက်ချီထားသည်။
ရုတ်တရက် သစ်ကိုင်းချောင်းများကို ခ်ကာ စးူစူးဝါးဝါး အော်လိုက်သည်။ မီမီ အော်သံကြောင့်မိုမိုနှင့် ဖုန်းကျင်းက စကားပြောရာမှ သတိဝင်လာကာ သူ့တိုထားခဲ့သောပစ္စည်းများရှိသည်ဘနေရာတွက် အရိပ်နှစ်ခု ရှိနေပြီး တစ်စုံတစ်ခုရှာနေပုံပေါက်သည်။ မှောင်နေပြီဖြစ်တာကြောင့်ရုပ်ကတော့သေချာမမြင်ရပေ။
ထိုအရိပ်က မီမီ အော်သံကြောင့် သူတို့ကိုတွေ့သွားပြီး ထွက်ပြေးသွားသည်။
မိုမို သူတို့ပစ္စည်းတွေထားခဲ့သော နေရာနားသို့သွားလိုက်တော့ သူ့လက်ထဲက ထင်းများက ပြုတ်ကျသွားသည်။
သူ့အရှေ့တွင်မွစာကြဲနေသော ပစ္စည်းများဖြစ်သည်။ မိုမို တစ်ကိုယ်လုံး ဒေါသထွက်လွန်းလို့ တုန်နေပြီဖြစ်သည်။
သူနှစ်ပေါင်းများစွာ စုဆောင်းခဲ့တဲ့ ပစ္စည်းတွေ ခုတော့ မျက်စိတစ်မှိတ်အတွင်း ပျက်စီးသွားပြီဖြစ်သည်။
ဖုန်းကျင်းပြောသာမှန်တယ် တကယ်လို့သူသာ နေခဲ့ရင် သူသာ ဖုန်းကျင်းနောက်လိုက်မသွားခဲ့ရင် ဖုန်းကျင်းစကားနားထောင်ခဲ့ရင် ခုလိုဖြစ်မှာမဟုတ်ဘူး ။
မိုမို တွေးရင်းဖြင့် သူ့မျက်လုံးက စိုစွတ်လာပြီး မျက်ရည်များစီးကျလာသည်။ ကြည်လင်နေသော ရေစက်များက သူ့ရဲ့ပါးပြင်ကိုဖြတ်သွားပြီး မြေပြင်သို့မထိမီ လမ်းတစ်ဝက်မှာ အေးခဲသွားကြသည်။
ဖုန်းကျင်းက မိုမိုကိုဖက်လိုက်ပြီး သူ့ရင်ခွင်ထဲဆွဲသွင်းလိုက်သည်။ မိုမို ဖုန်းကျင်း သားမွှေးကုတ်ကို ဆုတ်ကိုင်ရင်း ငိုနေမိသည်။
အချိန်အချို့ကြာတော့မှ မိုမို အငိုတိတ်သွားကာဖုန်းကျင်းက သူ့ကိုပြန်လွတ်ပေးလိုက်သည်။
ရာသီဥတုကအေးနေတာကြောင့် မိုမို ခုနကငိုထားတာရောကြောင့် သူ့နှာခေါင်ထိပ်က နာနေသည်။
"ကြည့်ရတာ သူခိုးတွေဖြစ်မယ် "
ဖုန်းကျင်း အပျက်အစီး များကိုကြည့်ကာပြောလိုက်သည်။
"အင်း ပစ္စည်းတွေရှက်းလိုက်ရအောင်"
မိုမို ပစ္စည်းတွေကို ခွဲခြားရှင်းလင်းလိုက်သည်။
သူတို့ရဲ့ ရိက္ခာများအကုန်နီးပါး ပါသြားကာ ကျန်ခဲ့သည်ဆိုလို့ ဆေးပင်ရယ် သားမွှေးပစ္စည်း နှင့် အသီးခြောက်တွေ အသားခြောက်အနည်းငယ် သာကျန်သည်။
"ကိုယ်သားကောင်တစ်ချို့ရှာကြည့်မယ်"
ဟုဖုန်းကျင်းကပြောရင်းတောထဲဝင်သွားသည်။
မိုမိုက မီးမွှေးလိုက်ပြီး ရေဖြည့်ဖို့နယ်မြေထဲဝင်သွားတော့ ကန်စွန်းဥ နှင့်အာလူးများသီးနေပြီ ဖြစ်တာကြောင့် အနည်းငယ်ခူးလာလိုက်သည်။
ထို့နောက်နယ်မြေထဲ မှပြန်ထွက်လိုက်သည်။
မီးပုံနားတွင် ခွေနေသော မီမီက ရုတ်တရက်ပေါ်လာသော မိုမိုကိုတွေ့သော လန့်သွားကာ မြောင်ဟုအော်လိုက်ပြီး ပြန်ငြိမ်သွားသည်။
မိုမိုက ပြောင်းဖူး နှင့် အာလူးကိုမီးဖုတ်လိုက်ပြီး ကျက်ရန်စောင့်ရင်း ဖုန်းကျင်း သွားသည့်လှမ်းသို့လှည့်ကြည့် လှည့်ကြည့်လုပ်နေသည်။
တောထဲမှ အနက်ရောင် အရိပ်က မိုမိုဘက်သို့လမ်းလျှောက်လာကာ မီးပုံအလင်းရောင်ကြောင့် ထိုလူပုံရိပ်ကတဖြည်းဖြည်းပေါ်လာသည်။
ထိုသူကတော့ဖုန်းကျင်းဖြစ်ကာ သူ့လက်က ဗလာဖြစ်နေသည်။
"သားကောင်တွေကဆောင်းခိုနေတော့ တစ်ကောင်မှရှာမတွေ့ခဲ့ဘူး "
"အဆင်ပြေပါတယ် "
မိုမိုကပြောရင်း အနာဂတ်မှာ သူ့နယ်မြေထဲတွင် သားကောင်အချို့ မွေးရန်ဆုံးဖြတ်လိုက်ပြီး ထိုဆုံးဖြတ်ချက်ကို ချက်ချင်းပြန်ပယ်လိုက်သည်။
အရိုင်းသားရဲ များက ရိုင်းစိုင်းကာ သူ့နယ်မြေထဲရှိအပင်များကိုဖြတ်ဆီးနိုင်သောကြောင့်ပင်။
ရုတ်တရက် မီမီက အိပ်နေရာမှထကာ တစ်ဖက်သို့လှည့်ကာ အော်လိုက်သည်။
ဖုန်းကျင်စက မီမီ အော်သည့်ဘက်ကိုကြည့်ကာ မိုမိုကို အသံတိတ်နေရန် အချက်ပြလိုက် ပြီးဘေးရှိသစ်ပင်သို့ ဖြည်းညင်းစွာ ချဉ်းကပ်သွားလိုက်သည်။
ထို့နောက်သူ့ရဲ့ လက်ကို လျှင်မြန်စွာ လှုပ်ရှားလိုက်ကာ သစ်ပင်ပေါ်မှ အနက်ရောင်အရိပ်ကို ဖမ်းလိုက်သည်။
ထိုအနက်ရောင်အရိပ်က အမှောင်ထဲမှာမို့ သိပ်မမြင်ရသော်လည်း ဖုန်းကျင်းက အလင်းထဲလျှောက်လာတော့ ထိုအရိပ်က ၂ပေကျော်ရှည်သည့်အနက်ရောင် မြွေတစ်ကောင်မှန်းသိလိုက်ရသည်။
ဖုန်းကျင်းက ထိုမြွေခေါင်ကို သေချာဖိပြီးကိုင်ထားသည်။
မြွေရဲ့မျက်လုံးများက အနီတောက်တောက်ဖြစ်နေတာကြောင့်ကြည့်တာနဲ့ အရိုင်းသားရဲမှန်းသိတာသည်။
မိုမိုကတော့ ကြက်သီးတွေထ သွားသည်။ ကြည့်ရတာ သူတို့ဒီညမြွေသား စားရမယ်ထင်တယ် သူတစ်ခါမှ မြွေသားမစားခဲ့ဖူးပေမယ့် ဖုန်းကျင်းကတော့စားဖူးသည်။
"မကြောက်ပါနဲ့"
ဖုန်းကျင်းကထိုသို့ပြောပြီးမြွေကိုလက်လွှဲပေးလိုက်သည်။
မိုမိုက မြွေခေါင်းကို သေချာဖိပြီးကိုင်လိုက်သည်။ မြွေကသူ့လက်ထဲတွင် ရုန်းကန်နေသည်။
ဖုန်းကျင်း ဓားကိုင်လိုက်တာမြင်တော့ မြွေက ပိုပြီး လူးလွန့်လာသည်။
"ကြည့်ရတာဒီည မြွေသားစားရမယ့်ပုံဘဲ "
ဖုန်းကျင်းပြောတားကိုနားလည်သလို မြွေက ပိုပြီး ရုန်းကန်လာသည်။
မြွေရုန်းကန်နေတာကိုမထိန်းနိုင်ဘဲ မြွေက မိုမို လက်ကနေချော်ပြီး ကြမ်းပြင်တွင်ကျသွားသည်။
ဖုန်းကျင်းကမြွေကို ဖမ်းရန် အနားသို့သွားလိုက်တော့ မြွေက ပိုပြီးလူးလွန့်လာကာ လူတစ်ယောက်အဖြစ်ပြောင်းသွားသည်။
Bạn đang đọc truyện trên: Truyen3h.Co