ချစ်လှစွာသောသားရဲလေး ( ခ်စ္လွစြာေသာသားရဲေလး)
27
စုန်းတွေရဲ့တိုက်ပွဲက အချိန်ကြာသထက်ကြာလာကာ အစောပိုင်းကအသာစီိးရမှု့ကနေ အရှုံးသို့ပြောင်းလာသည်။ အယ်လ် သူ့ရဲ့မှော်တုတ်ကိုကိုင်ကာ တဲဘေးမှီချလိုက်သည်။
စုန်းနဲ့ နဂါးတွေရဲ့ သက်တမ်းကွာခြားမှု့အရရော ခွန်အားအရရော ယှဥ်လိုက်လျှင် အပြတ်သတ်ကို နဂါးတွေကအနိုင်ရနေသည်။ ဒီတိုင်းသာစစ်ပွဲကို ဆက်သွားလျှင် မလွဲမသေ စုန်းတွေမျိုးသုန်းမှာဖြစ်သည်။
ထို့ကြောင့် သူအရဲစွန့်ကာ အကြံတစ်ခုကိုအကောင်ထည်ဖော်ခဲ့သည်။ အယ်လ် စခန်းမှရိက္ခါအမြောက်များကို ခိုးကာ သူ့လွယ်အိတ်ထဲထည့်လိုက်ပြီး ခိုးလာသည့် Mana ကျောက်တွေကိုစုကာ နေရာကူးပြောင်းအစီရင်ကိုစွဲလိုက်သည်။
အယ်လ် တဟူးဟူးနှင့်လေအေးများရှုထုတ်ရင်း သူရောက်နေသည့်နေရာကိုကြည့်လိုက်သည်။ နေရာအနှံ့ မျက်စိတစ်စုံးသူမြင်ရတာကတော့ နှင်းတွေချည်းပဲဖြစ်သည်။ သူဦးတည်ရာမရှိသူ့လက်ထဲကသံလိုက်အိမ်မြောင်ကို အားကိုးကာရှေ့သို့ဆက်လက်ချီတက်နေရသည်။
သံလိုက်အိမ်မြှောင် အလယ်တွင် သူတိုက်ပွဲတုန်းကရခဲ့သည့် နဂါးကြေးခွံတစ်ခုရှိကာ ထိကြေးခွံက နဂါးတွေကိုခြေရာခံနိုင်ရန် သူပြုပြင်ထားသည့်ပစ္စည်းဖြစ်ပြီး သိပ်တော့အသုံးမကျပေ။
လမ်းပျောက်နေသည်နှင့်ယှဥ်လျက် ထိုရေရေရာရာမရှိသည့်ပစ္စည်းကြောင့် အနည်းငယ်မျော်လင့်ချက်ရှိလာသည်ဟုခံစားရသည်။
အယ်လ် သူ့အိတ်ထဲကအစာခြောက်ကိုဝါးနေကာ ယခုသူရောက်နေသည်မှာ ဘယ်နှစ်ရက်ရှိမှန်းတောင်မသိတော့ပေ ။ သူ့အနေနဲ့ နေ့ညကိုလဲ မမြင်ရသလို သူ့ရဲ့လက်ချောင်းအချို့ကလဲ အအေးဒဏ်ကြောင့် သွေးခဲပြီး မည်သည်ကိုမှခံစားလို့မရတော့ပေ။
အယ်လ် နှင်းပြင်ပေါ်လဲလျောင်းရင် ဘာကြောင့်သူဒီလိုရူးမိုက်သည့်အလုပ်ကိုလုပ်နေမှန်းနားမလည်နိုင်တော့ပေ။ သူ့အနေနဲ့ ဒီစုန်းမြို့ကြီးကိုစွန့်ခွါကာ အခြားနေရာတစ်ခုမှာအခြေချလို့ရခဲ့ပေမယ့် အဆုံးသတ်မှာ ဘာကြောင့် ဒီအရှုပ်ပုံကြီးထဲဝင်ပါမိတာနဲ့ အဆုံးသတ်သွားသည်။
အယ်လ်ရဲ့ ခန္ဓာကိုယ်ကအေးသထက်အေးလာပြ သူ့ရဲ့ခြေလက်တွေကိုခံစားလို့မရတော့ပဲ တဖြည်းဖြည်း ငိုက်မြည်းလာသည်။
သူ့ဘေးနားကနွေးထွေးတယ့်အပူချိန်ကြောင့် အယ်လ် အသိဝင်လာချိန်မှာ သူကထူးဆန်းသည့်နေရာတစ်ခုရောက်နေမှန်းသိလိုက်ရသည်။
"ဆိုပါအုံး ဘာလို့စုန်းတစ်ယောက်က နဂါးအသိုက်ဆီရောက်နေတာလဲ"
အယ်လ် ထိုစကားပြောသံလာရာကို ကြည့်လိုက်ပေမယ့် အမှောင်ထုကြီးတစ်ခုသာရှိကာ ဘာကိုမှရှင်းလင်းစွာမမြင်ရပေ။
အယ်လ် လဲနေရာမှထကာ သက်တောင့်သက်သာဖြစ်မည့် ပုံစံကိုပြင်ထိုင်လိုက်ပြီးနောက် အမှောင်ထုကိုကြည့်ကာပြောလိုက်သည်။
" စုန်းတွေနဲ့ နဂါးတွေက ဘာရန်ညှိုးမှမရှိဘဲ ဘာလို့ ရန်ရှာရတာလဲ "
"အိုး အကြောင်းရင်းလားသိပ်ရှိတာပေါ့ လွန်ခဲ့တယ့် သုံးနှစ်က နဂါးမျိုးနွယ်စုမှာ ဥတစ်လုံးဥခဲ့တယ် ဒါပေမယ့် လွန်ခဲ့တယ့်ခြောက်လကခိုးခံလိုက်ရတယ် "
"ဥခိုးခံရတာနဲ့ စုန်းတွေနဲ့ဘာဆိုင်လို့လဲ"
သူ့စကားဆုံးသည်နှင့် သူ့ရှေ့ကို ပစ္စည်းတစ်ခုပြုတ်ကျလာသည်။ သူကောက်ကာစစ်ဆေးကြည့်လိုက်တော့ စုန်းတွေသာသုံးနိုင်သည့် အထူး Mana ကျောက်ဖြစ်သည်။ထို Mana ကျောက်က အခြား Mana ကျောက်တွေနဲ့မတူဘဲ Mana ပါဝင်မှု့သိပ်သည်းလွန်းသဖြင့်စုန်မဟုတ်သည့် အခြားသူတစ်ဦးဦးသာသုံးပါက နေရာမှာတင်သေမှာပင်။
"တကယ်လို့စစ်ပွဲကိုရပ်ဖို့တောင်းဆိုရင် ဘာကမ်းလှမ်းရမလဲ"
အယ်လ် ထိုကျောက်ကိုတင်းတင်းကိုင်ကာ မေးလိုက်သည်။
"ဥကိုပြန်ယူလာမဟုတ်ရင် စုန်းတစ်မျိုးလုံးပျောက်ကွယ်သွားလိုက်"
အယ်လ် အချိန်တော်ကြာငြိမ်နေပြီးနောက် လောင်းကြေးထက်သည့်အနေနဲ့နောက်ဆုံးလက်နက်ကိုထုတ်သုံးလာသည်။
"စုန်းနှလုံးသားနဲ့ဆိုရင်ရော"
"နင့်ရဲ့ အစုတ်ပလုတ် အသုံးမဝင်တယ့် အသားစက နဂါးဥနဲ့ ဘယ်လိုများယှဥ်ရဲတာလဲ"
အယ်လ် ထိုင်နေရာမှထကာ ရှေ့က အနက်ရောင်နေရာကိုကြည့်ကာပြောလိုက်သည်။
"နဂါးတွေရဲ့ ဥက ရှားပါးတယ် နဂါးတွေက နှစ်ပေါင်းထောင်ချီနေမှ ဥတစ်ဥ ကိုဥနိုင်ကြတယ် ဒါပေမယ့် ဥက အကောင်ပေါက်မပေါက်ကတော့မသေချာဘူး ဒါပေမယ့်စုန်းရဲ့ နှလုံးနဲ့ဆိုမတူတော့ဘူး ကျွန်တော်သိတယ် ခင်ဗျားမှာ နဂါးဥတစ်လုံးထဲ ရှိတာတော့မဟုတ်ဘူး တကယ်လို့ ကျွန်တော့်ရဲ့ စုန်းနှလုံးကိုသာပေးမယ်ဆို အဲ့ရွေးချယ်ခံရတယ့်ဥက သေနေရင်တောင် ရာနှုန်းပြည့်အကောင်ပေါက်လာအောင်လုပ်နိုင်တယ်"
တစ်ဖက်လူက စိတ်လှုပ်ရှားသွားဟန်ရကာ အနားက ပစ္စည်းအချို့ကိုတိုက်မိသံများပေါ်လာပြီး ထိုလူရဲ့ရုပ်သွင်ကိုမြင်လိုက်ရသည်။
ထိုသူက အမျိုးသမီးတစ်ယောက်ဖြစ်ပြီး ကြုံခိုင်တယ့်ကိုယ်ခန္ဓာရှိကာ ရှည်လျားတယ့် ဂျိုတစ်စုံက သူမခေါင်းပေါ်ဝံ့ကြွားစွာရှိနေသည်။
အယ်လ်ကသူ့စကားကိုမရပ်ဘဲ ဆက်ပြောလာသည်။
"စုန်းနှလုံးက ထိပ်တန်းဆင့်ရတနာတစ်ခုပဲ စုန်းနှလုံးတစ်ခုက ကြီးမားတယ့်အစီရင်ကို ဘာအထောက်ပံ့မှမရှိပဲ တည်ဆောက်နိုင်ပြီး အဲ့အစီရင်က အင်ပါယာတစ်လုံးကို ဖျက်စီးနိုင်တယ် ဒါပေါ့ အခြားအသုံးဝင်တယ့်နေရာတွေအများကြီးရှိသေးတယ် ဘယ်လိုလဲ"
"ဟ ငါလိုချင်အခုချက်ချင်း နင့်ကိုယ်ထဲကနိုက်ထုတ်လိုက်လို့ရနေတာပဲ ဘာလို့အသုံးမဝင်တယ့် အချက်တွေလိုက်လျောနေရမှာလဲ ဒါ့အပြင် စုန်းတစ်မျိုးလုံးကိုသတ်ပြီး သူတို့စီကနှလုံးကို ထုတ်ယူပြီး ငါစိတ်ကြိုက်အသုံးပြုလို့ရနိုင်တာပဲလေ"
"အဲ့လောက်လွယ်နေရင် ထိပ်တန်းအဆင့်ရတနာလို့ခေါ်မနေတော့ဘူး စုန်းနှလုံးသားက စုန်းတစ်ယောက်အနေနဲ့ သူ့ရဲ့သေခြငတရကို သူကိုယ်တိုင်လိုလားပြီး သူ့လက်နဲ့သူ ထုတ်ပေးမှသာ အသုံးပြုလို့ရမှာ"
"အိုး ဒါဆိုမင်းကလိမ်နေတာဆိုရင်ရော "
"ခင်ဗျားမယုံရင် ကျွန်တော်အရင် ဥကိုအသက်သွင်းပေးလို့ရတယ်"
"ဟ ငါကတိမတည်မှာမကြောက်ဘူးလား"
"ကြောက်နေရင် ကျွန်တော် ဒီနေရာထိကိုလာမနေဘူး"
.........
အယ် သူ့ရဲ့လင်ထိပ်ကိုဖောက်ကာအစီရင် တစ်ခုဆွဲပြီးနောက် ထိုအစီရင်ရဲ့အလယ်မှာထိုင်ကာ ဥတစ်ခုကိုပွေ့ထားသည်။ သူ့အနေနဲ့ ဘာကြောင့်များ သူ့အပေါ်အမြဲ ရက်စက်နေရတယ့် မျိုးနွယ်ကြီးကို သူ့ရဲ့ အသက်ကိုပေးပြီးကာကွယ်နေမှန်း သူကိုယ်တိုင်နားမလည်တော့ပေ။ သူမကျေမနပ်ဖြစ်မိလားဆိုလျင်လည်း သူ့အနေနဲ့ ကျေနပ်သလို မခံစားရသလို ဝမ်းလည်းဝမ်းမနည်းမိပေ။ သူသိချင်တာ သူသေသွားရင်ရော သူ့မိဘတွေကနောင်တရနေအုံးမလား ဝမ်းနည်းနေမလား ဒါမှမဟုတ် အရင်လို ပျော်ရွှင်နေကြမလာ။
"စတော့ "
အယ်လ် ရှေ့သို့ကြည့်လိုက်သည် မရေမတွက်နိုင်သော လူအသွင်ပြောင်းထားသော နဂါးမြောက်မြားစွာက သူ့ကိုဝန်းရံထားပြီး သူ့ရှေ့မှာ ခုနကတွေ့ခဲ့သည့်အမျိုးသမီးရှိနေကာကြည့်ရတာထိုအမျိုးသမီးက နဂါးဘုရင်ဖြစ်ရမည်။
အယ်လ် သက်ပျင်းရှည်ကြီးချကာ ဓားတစ်ချောင်းကိုယူပြီး နှလုံးနေရာကိုချိန်ကာထိုးချလိုက်သည်။ စုန်းနှလုံးသားဆိုတာ စုန်းတွေအနေနဲ့ သူ့ကိုယ်သူစတေးရတာမို့ အယ်လ်အနေနဲ့ မည်သည့်နာကျင်မှု့မှမခံစားရပေ။ သူဖြည်းညင်းစွာ သူ့ကိုယ်ကအသားတွေကို ဖယ်ထုတ်ပြီးနောက် နံရိုးများကိုချိုးလိုက်ကာ အထဲမှ ခုန်နေဆဲ နှလုံးကိုထုတ်ယူလိုက်သည်။ သူ့အနေနဲ့ ဘာကိုမှမမြင်ရတော့ပဲ သူသိတာဆိုလို့ ထိုနှလုံးကို သူကိုင်ထားသည့် ဥပေါ်တင်ရန်သာရှိနေသည်။
'ငါ့ခုလိုပုံစံကြောင့်နဂါးတွေ လန့်သွားမလားသိချင်မိသား'
သူထိုသို့တွေးလိုက်ရင်း နှလုံးကို ဥပေါ်တင်လိုက်သည်။ ထိုနှလုံးကကြွက်သားများက ချည်မျဥ်တွေကဲ့သို့ ကားထွက်လာကာ ဥကိုရစ်ပတ်သွားပြီး အထဲမှ သေဆုံးသွားသော သားလောင်းကိုရစ်ပတ်လိုက်သည်။ ထို့နောက်နဂါးဥ က အလင်းများထွက်လာကာ အယ်လ်အနေနဲ့ ထိုလောကမှ ထာဝရပျောက်ကွယ်သွားရသည်။
နဂါးဘုရင်မက ရှေ့တက်လာကာ သွေးအိုင်ထဲမှဥကို အသာယာကိုင်မလိုက်သည်။ ထို့နောက်ဥကိုစူးစိုက်ကြည့်ကာ သူ့နားကို အနားကပ်ကာ အထဲမှ သားလောင်းရဲ့နှလုံးခုန်သံကိုနားထောင်နေသည်။
ထို့နောက်သူမ ဘေးသို့လှည့်ကြည့်ကာ "အားလုံးကိုပြန်လာဖို့ပြောလိုက် "
"ဟုတ်ကဲ့ပါ"
နဂါးတွေရုတ်တရက် စုတ်ခွါမှု့ကြောင့် စုန်းတွေအနေနဲ့ အံ့သြနေရကာ သူတို့အနေနဲ့ ထိုအခြေနေကလှည့်ကွက်တစ်ခုဖြစ်မှာကိုကြောက်ရွံ့နေမိသည်။ ထိုချိန် စုန်းဘုရင်ထံမှ စုတ်ခွါဖို့အမိန့်ရလာကာ ထိုစစ်ပွဲကပြီးဆုံးကြောင်းကြေညာလာသည်။
စီလီယာက ခန်းမလယ်က ထိုင်ခုံပေါ်ထိုင်ရင်း သူမနှလုံးကို ဖိကိုင်ထားမိကာ ခင်ပွန်းဖြစ်သူကိုကြည့်လိုက်သည်။
"သူနှလုံးကိုပေးလိုက်ပြီ"
"ကိုယ်သိတယ် ကိုယ်ခံစားလို့ရတယ်"
သူမ သူ့ရဲ့ ဝမ်းဗိုက်ကိုလက်နှင့် ခပ်ဖွဖွပွတ်မိကာ တိတ်ဆိတ်နေမိသည်။ ထို့နောက်
"ကျွန်မတို့ တောမစ်ကိုအလိုလိုက်တာ များသွားပြီ "
အယ်လ် လွင့်မျောနေသလိုခံစားချက်ကြောင့်နိုးထလာခဲ့ကာ ထူးဆန်းသည့်ရေသူတစ်ယောက်ကိုတွေ့ရှိခဲ့သည် ။ ထိုရေသူက သူ့ကို ချီကာကုန်းပေါ်တင်ပေးခဲ့သည်။ အယ်လ် အမည်မသိနေရာတစ်မှာနေထိုင်ရင်းသူ မသေသေးသည်ကိုတွေ့ရသည့်အတွက် အံ့သြနေမိသည်။ သူ သူ့ကိုကယ်ပေးခဲ့သည့် ရေသူနှင့် နေ့တိုင်းတွေ့ပြီး မထင်မှတ်ထားဘဲ ထိုရေသူအပေါ်ချစ်ကျွမ်းဝင်လာမိသည်။ ထိုရေသူက အမြဲ လှပသည့် ရတနာများယူလာကာ လက်ဆောင်ပေးလေ့ရှိသည်။
အယ်လ် အဆုံးမှာ သူ့ခံစားချက်ကိုရေသူ ကိုဖွင့်ပြောခဲ့ပြီး ထိုရေသူကလဲ လက်ခံခဲ့သည်။ သူ သူ့ရဲ့မှော်ကိုသုံးကာ ရေအောက်မှာအသက်ရှုနိုင်အောင် လုပ်ခဲ့သည်။ ထို့ရောက်ထိုရေသူနှင့်အတူ ရေသူတိုင်းပြည်ကိုလိုက်သွားခဲ့သည်။ သူ သူ့ရဲ့မှော်ပညာကိုသုံးကာ ရေသူတိုင်းပြည်ရဲ့ ရန်သူကိုရှင်းထုတ်ခဲ့သည်။
သူ့အနေနဲ့ ထိုရေသူနဲ့ တရားဝင်တွဲချင်ပေမယ့် ထိုရေသူက ရေသူတစ်ယောက်အနေနဲ့ လူသားကိုလင်ထက်လို့မရကြောင်းဝမ်းနည်းတကြီးပြောလာခဲ့သည်။ အယ်လ် အနေနဲ့ သူ့ကိုယ်သူရေသူအဖြစ်ပြောင်းရန်နည်းလမ်းရှာပေမယ့် ထိုရေသူက အယ်လ် ကိုမပင်ပန်းစေချင်သဖြင့် သူသာ လူသားအဖြစ်နေထိုင်လိုကြောင်းပြောလာသည်။
အယ်လ်အနေနဲ့ အလွန်ဝမ်းသာသွားမိသည်။ လူကနေရေသူအဖြစ်ပြောင်းဖို့ ခက်ပေမယ့်ရေသူကနေလူအဖြစ်ပြောင်းဖို့ကတော့လွယ်ကူသည်။ ရေသူရဲ့သွေးကို လူရဲ့သွေးနှင့်လှဲလှယ်လိုက်ယုံသာ သို့သော် ကန့်သတ်ချက်တစ်ခုက ထိုသွေးက မတူညီသည့်လူသားများထံမှထုတ်ယူရမည်ဖြစ်သည်။ထို့အပြင် သူ့ရဲ့ချစ်ရသူဟာ ထိုသူရဲ့မူရင်း ပုံကိုစွန့်လွတ်ကာ သူနဲ့မျိုးနွယ်တူဖြစ်လာချင်သည်တယ့်။ ထိုအရာကအချစ်စစ်မဟုတ်လျင် မည်သည်က အချစ်စစ်ဖြစ်မည်နည်း။ သူ့ချစ်သူရဲ့စွန့်လွတ်မှု့က အယ်လ် ရဲ့ခံစားချက်အလုံးစုံကို သိမ်းပိုက်သွားငည်။
အယ်လ်အနေနဲ့ အကြောင်းရာမျိုးစုံဖန်တီးကာသွေးများထုတ်ယူခဲ့သည်။ ဒီဘဝမှာတော့ သူ့ချစ်သူအတွက်ဆိုသူ သူ့ရဲ့အသက်ကိုပင်ပေးဝံ့သည်။ သို့သော် ကံကြမ္မာအလှည့်ပြောင်းတစ်ခုက သူ့ဆီရောက်လာခဲ့သည်။
ထိုရေသူက သူတို့ဖမ်းခေါ်လာသည့်လူသားတွေကိုလွတ်မပေးဘဲ ထိုလူသားများကို သတ်ဖြတ်စားသောက်ခဲ့သည်။ ထို့နောက် သူ့ရဲ့စုန်း စာအုပ်ကိုခိုးဖတ်ခဲ့ကာ အဘယ့်ကြောင့် သူ့ရဲ့ စုန်းနှလုံးသားကို အသုံးပြုပြီး ထိုရေသူကို လူသားအသွင်မပြောင်းပေးရသနည်းဟု မေးခွန်းထုတ်လာသည်။
သူ့အနေနဲ့ စုန်းနှလုံးသားဟာ တစ်ကြိမ်တစ်ခါသာအသုံးပြုလို့ရကြောင်းနှင့် သူအသုံးပြုပြီးပြီဖြစ်ကြောင်းရှင်းပြပေမယ့် ထိုရေသူက လက်မခံဘဲ အဆုံးမှာ သူချစ်ရသူရဲ့လက်နဲ့ သူအသက်ခံလိုက်ရသည်။
သူဒီတိုင်း အချစ်ခံချင်ယုံပါ သူ့ရဲ့တောင်းဆိုမှု့က အလွန်များပြားသွားသည်နှင့်တူသည်။
....
အယ်လ် အချိန်တစ်ခုကြာ လွင့်မျောနေသလိုခံစားလာရပြန်ကာ ရင်းနီးသလိုခံစားချင်ကြောင့်နိုးထလာသည်။ သူထိုခံစားချက်ကြောင့် တိတ်သွားက တစ်ဖန်ပြန်မွေးဖွားလာကြောင်းသိလိုက်ရသည်။ ဒီဘဝမှာတော့သူ ဘယ်တော့မှ လှည့်စားခံမည်မဟုတ်ဟု တေးမှတ်ကာ သူ့ရဲ့လက်ဖြစ်ဟန်တူသော အစိတ်ပိုင်းကို မြောက်ကာ သူ့ကိုကာရံထားသည့် ခပ်မာမာအရာကို တွန်းထိုးလိုက်သည်။
Bạn đang đọc truyện trên: Truyen3h.Co