Truyen3h.Co

ချစ်လှစွာသောသားရဲလေး ( ခ်စ္လွစြာေသာသားရဲေလး)

29

pice200

29

မိုမို သူ့ရှေ့က ခေတ်မီ သင်္ဘော ကြီးကိုကြည့်ကာ သူ့စိတ်ထဲက သံသယကပိုမိုများလာသည်။ သင်္ဘော မှာအလွန်ကြီးလှပြီး တိုက်တန်းနစ် နှင့်ဆင်တူသယောင်ရှိကာ သင်္ဘော တစ်ခုလုံးက ဖြူဖွေးပြီးပုလဲကဲ့သို့တောက်ပနေသည်။

ယခုလို ကျောက်ခေတ်လိုအခြေနေမှာ အဘယ့်ကြောင့် ခေတ်မီလွန်းတယ့် သင်္ဘော ကြီးရှိနေရသလဲသူနားမလည်နိုင်ပေ။ သင်္ဘော ကြီးမှ ကျောက်ဆူးကြီးချကာ ကပ္ပတိန် ဖြစ်ဟန်တူသော လူတစ်ယောက်က ခုန်ဆင်းလာကာ သူ့ရှေ့တည့်တည့်လျောက်လာသည်။

ထိုလူက သူတွေ့နေကျလူတွေလို သားရေ ဝတ်စုံ ဝတ်ထားတာမဟုတ်ဘဲ ၂၁ ရာစုက လူတွေဝတ်သလို ခေတ်မီသည့် ဒီဇိုင်းရှိသော အပြာနုရောင် ဝတ်စုံနှင့် အနက်ရောင် ဘောင်းဘီကိုဝတ်ထားကာ တောက်ပလွန်းသောအပြုံးနှင့်သူ့ရှေ့ရောက်လာသည်။

"မင်္ဂလာပါ ကျွန်တော်က အင်ပါယာရဲ့လေ့လာရေး သင်္ဘောဖြစ်တယ့် ပုလဲသင်္ဘောရဲ့ ခေါင်းဆောင်ပါ ဒီကျွန်းမှာ လမ်းပျောက်နေတယ့်လူရှိတာ တွေ့လိုက်လို့ပါ လူကြီးမင်းတို့က ဘယ်ကလဲသိခွင့်ရှိမလား"

ထိုလူရဲ့တောက်ပတယ့်အပြုံးက သူ့ဆံကေသာလို တောက်ပလွန်းလို့ မိုမို မှာမျက်စိကန်းမလိုခံစားလိုက်ရသည်။

"တွေ့ရတာဝမ်းသာပါတယ် ရှင်းယုမို ပါ ဒါက ဖုန်းကျင်း ဒါက ဟွေ့လုံနဲ့ ကျွန်တော့် အိမ်မွေးအကောင်လေးမီမီပါ ကျွန်တော်တို့ကဝေးလံတယ့်ရွာကနေ ရောက်လာတာပါ ဘယ်ကဘယ်လိုဖြစ်မှန်းမသိဘဲ သတိလစ်သွားပြီး နိုးလာတော့ ဒီကျွန်းမှတောင်တင်နေတာပါ"

မိုမို သူ့ရှေ့ကလူကို တစ်ဖန်ပြန်နုတ်ဆက်လိုက်သည်။ ထိုလူက မိုမိုကို ခေါင်းစခြေဆုံးကြည့်နေကာ ပြုံပြလိုက်သည်။

"အာရီယွန် ခြင်္သေ့မျိုးနွယ်စုကပါ ကျားဖြူအင်ပါယာရဲ့ ရေတပ်လေ့လာရေးအဖွဲ့စည်းခေါင်းဆောင်ပါ လမ်းကြုံလိုက်ပါချင်လား"

အာရီယွန်က သူ့ရဲ့ သင်္ဘောကိုညွန်ပြရင်းမိုမိုကိုလှည့်ကြည့်လာသည်။ ဖုန်းကျင်းက ရုတ်တရက် မိုမိုရှေ့ပိတ်ရပ်ကာ သူ့ရှေ့က ပြုံးနေသော လူစိမ်းကိုစိုက်ကြည့်နေသည်။ မိုမိုက ဖုန်းကျင်းနောက်မှ ခေါင်းထွက်လာကာ အာရီယွန်နှင့်အတူလိုက်ပါလိုကြောင်းပြောလာသည်။

"မိတ်ဆွေလေးစိတ်မရှိပါနဲ့ သင့်လက်ထဲက အပင်တွေကိုဘာတွက်သုံးမလို့လဲ ဒီအပင်တွေကထူးခြားလွန်းတယ် ကျွန်တော် တစ်ခါမှမမြင်ဖူးဘူး"

"ကျွန်တော့်မိတ်ဆွေရဲ့ ဒဏ်ရာအတွက်ပါ ဒါက သွေးတိတ်မြန်စေတယ် ဒါကအနာကျက်မြန်စေပြီး အဆိပ်တွေကို ဖယ်ရှားပေးတယ် "
မိုမို အာရီယွန်ကို သူ့လက်ထဲအပင်တွေရဲ့ အသုံးဝင်ပုံကို ရှင်းပြရင်း အာရီယွန်နောက်ကိလိုက်သွားကာ နောက်မှာ ပစ်ပယ်ခံရသောဖုန်းကျင်းက မီမီ ကိုကောက်ချီကာ တိတ်တဆိတ်လိုက်သွားရသည်။

"ကြည့်ရတာ နင့်သခင်က နင့်ကိုမလိုချင်ဘူးထင်တယ်"

ဖုန်းကျင်းက မီမီရဲ့မေးစေ့ကိုကုတ်ပေးရင်းပြန်ပြောလိုက်ကာ ရုတ်တရက် သူ့လက်ထဲက မီမီမှာ အမွေးထောင်လာကာဖုန်းကျင်းရဲ့ မျက်နှာကို ကုတ်လိုက်ပြိး သူ့လင်ထဲမှ မိုမိုရဲ့ ပုခုံးပေါ်ရောက်အောင်ခုန်တက်လိုက်သည်။

"မိတ်ဆွေတို့ ဒါကျွန်တော့်လက်ထောက်ပါ ကျားဖြူအင်ပါယာမရောက်ခင်ထိ မိတ်ဆွေတို့နေရမယ့်အခန်းနဲ့ အစားသောက်အဝတ်ထည်တွေကို စီစဥ်ပေးမှာပါ"

"အားနာစရာပဲ တကယ်လို့ကျွန်တော်ကူညီနိုင်တာရှိရင် ပြောပါ အတက်နိုင်ဆုံးကူပါ့မယ်"

မိုမိုက ငယ်စဥ်ထဲက ကိုယ့်ဘာသာကိုယ် အားကိုးလာသူမို့ ယခုလို အကူညီအများကြီးရတာက သူ့ကိုစိတ်မသက်မသာဖြစ်စေသည်။

"သူ့ဘာသာသူ အားနေလို့ကူနေတာ ဘာအားနာစရာရှိလို့လဲ"

ဖုန်းကျင်းက တိတ်တိတ်လေးရေရွက်ရင်း သူ့ရှေ့ကရယ်မောနေတယ့်လူနှစ်ယောက်ကို ကြည့်လိုက်သည်။

အာရီယွန်က သူ့အကွက်ထဲဝင်လာတယ့် လူကိုကြည့်ကာ ပြုံးလိုက်ပြီး

"မိတ်ဆွေကိုကြည့်ရတာ အပင်နဲ့ပက်သက်ပြီးဗဟုသုတ ကြွယ်ဝပုံရတယ် အကယ်၍ အပန်းမကြီးဘူးဆို ကျွန်တော် ဆေးပင်အချို့ရဲ့အသုံးဝင်ပုံကို မေးချင်ပါတယ်"

"ရတာပေါ့ ရတာပေါ့"

သင်္ဘော ကအလွန်ကြီးမားပြီး အခန်းတွေကလဲ အများကြီးမို့ မိုမိုနဲ့ဖုန်းကျင်းက တစ်ယောက်တစ်ခန်းနေကြသည်။

"ဟွေ့လုံရော ကျွန်တော်နဲ့လိုက်နေမလား တစ်ခန်းထဲသက်သက်နေမလား"

ဟွေ့လုံမှာ မိုမိုလက်မောင်းမှလျောဆင်းကာ အခန်းရှိ စောင်ပုံထဲခွေရင်း အဖြေပြန်ပေးလိုက်သည်။ အခန်းက သိပ်မကျယ်ပေ။ ခုတင်တစ်လုံး ဘေးမှာစားပွဲတစ်လုံး သူရှိပြီး လူတစ်ယောက်အခန်းအနေနဲ့ မဆိုးဘူးဟု ပြောလို့ရနိုင်သည်။ မိုမို အဝတ်လဲနေချိန် သူ့နောက်က ဟွေ့လုံမှာ မျက်လုံးဖွင့်လာပြီး သူ့ရဲ့ စူးရှတယ့်မျက်လုံးက မိုမို ခါးကိုစိုက်ကြည့်နေသည်။

ဟွေ့လုံရဲ့ အချိန်ကြာရစ်ပတ်မှု့ကြောင့် မိုမိုရဲ့ လက်မောင်းမှာ အနီရောင် အရာကြီးကျန်ခဲ့ပြီး သူ့ရဲ့ ဖြူဖွေးနေတယ့်အသားရည်ကြောင့် ထိုအမှတ်က ပိုတောင်နီရဲနေကာ နှင်းတောထဲက နှင်းဆီနီသဖွယ် လှပလွန်းပြီး ဆွဲဆောင်နိုင်လွန်းသည်။

ဟွေ့လုံက တိတ်တိတ်လေး တစ်ဖက်သို့အကြည့်လွှဲသွားကာ သူ့ရဲ့လှုပ်ရှားနေတယ့် မြွေမြှီးကို တိတ်တိတ်လေး ပါးစပ်နှင့်ကိုက်ကာ ခွေနေလိုက်သည်။

မိုမို ဝတ်စုံပြည့်ဝတ်ပြီးနောက်ထိုအဝတ်လေးကိုကိုင်ကြည့်လိုက်မိသည်။ ထိုအဝတ်ရဲ့အသားက သူယခင်ကဝတ်ခဲ့သလိုပင်ချောမွတ်နေပြီး သူ့ရဲ့ ၂၁ ရာစုက အခြေနေကိုသွားသတိရစေသည်။ ထိုအဝတ်အပေါ်ပိုင်းကအပြာရင့်ရောင်ဖြစ်ကာ ပေါင်လယ်ထိရှည်ပြီး ခါးစည်းအနက်ကိုစည်းထားရကာ အဝါရောင် ဘောင်းဘီပွပွနှင့် အညှိုရောင်သားရေဖိနပ်တစ်စုံတို့ဖြင့်ကြည့်ရတာ ရိုးရှင်းသည်။

သူ့ဆံပင်တွေမညှပ်တာကြာပြီမို့အတော်လေးရှည်လာတာကြောင့် သူရှာတွေ့ခဲ့တယ့် အစလေးနှင့်ထုံးလိုက်သည်။

"ဟွေ့လုံ လိုက်ခဲ့မလား"
မိုမို ခွေနေသော မြွေလေးကိုကြည့်ကာမေးလိုက်သည်။ ယခုတလော ဟွေ့လုံကိုကြည့်ရတာ ယခင်လောက်တက်ကြွမှု့မရှိဘဲ အမြဲ ခွေနေကာ နုံးနေသလိုဖြစ်နေသည်။ ထို့နောက်အလယ်ကအဝတ်ပုံမှမြွေလေးက ခေါင်းထောင်ကာ ခါပြလာပြီးပြန်ခွေကာ သူ့ကိုလျစ်လျူရှု့သွားသည်။
မိုမို အခန်းတံခါးကိုဖွင့်ကာ လှေပေါ်သို့ပြန်တက်သွားသည်။ သူသွားနေသည့်လမ်းတစ်လျောက် နံရံကိုအမြတ်တနိုးပွတ်သပ်နေမိသည်။ ထိုသင်္ဘော ကမိုမိုကို ယခင် ကမ္ဘာကိုလွမ်းစွတ်သင့်ခံစားချက်မျိုးရစေကာ စိမ်းသက်သည့်နေရာတစ်ခုတွင်နေထိုင်နေရသောလူက မွေးရပ်မြေက ပစ္စည်းတစ်ခုတွေ့လိုက်ရသလို အချိန်အတန်ကြာဝေးကွာသွားပြီး ပြန်မတွေ့ရတော့ဘူးလို့ထင်ထားသော အချစ်ဦးကိုရုတ်တရက်မြင်လိုက်ရသလို လွမ်းဆွက်သည့်ခံစားချက်က ရင်ဘက်မှစို့တက်လာသည်။

မိုမို မျက်တောင်ကိုခပ်မြန်မြန်ခပ်ကာ မျက်လုံးထဲမှ ငွေ့ရည်များကိုအလျင်အမြန်ဖယ်ထုတ်လိုက်သည်။

Bạn đang đọc truyện trên: Truyen3h.Co