Truyen3h.Co

ချစ်လှစွာသောသားရဲလေး ( ခ်စ္လွစြာေသာသားရဲေလး)

3

pice200

သူအ႐ိုးစြပ္ျပဳတ္ထဲေျပာင္းဖူးအနည္းငယ္ထည့္လိုက္သည္။ အမွန္ေတာ့ဆန္ျပဳတ္ လုပ္ခ်င္ေပမယ့္ စပါးေတြ႐ွာေတြ႔ရင္ေတာင္ ဆန္ရေအာင္ စပါးခြံ ခြၽတ္ဖို႔ဆိုတာမျဖစ္ႏိုင္ေပ ။ ထို႔ေၾကာင့္ စပါးအစား အလြယ္စားလို႔ရတဲ့အေစ့ အစံေတြကို အစားထိုး သံုးရေလသည္။

စြပ္ျပဳတ္ဆူေတာ့ ထိုစြပ္ျပဳတ္ေတြကို ဝါးက်ည္ေတာက္ ထဲထည့္ကာ အေပၚက အဖံုးပိတ္ကာ သူ႔ေမြးစားအေမဆီသြားေတာ့သည္ ။ သိပ္မၾကာခင္မွာ ေဆာင္း ဝင္ေတာ့မည္ျဖစ္ကာ ထိုအခ်ိန္ အမ ႏွင့္ မိန္းမ အခ်ိဳ႕က ကိုယ္ခံအားနည္းကာ အေအးမခံႏိုင္ေတာ့ ဖ်ားၾကတာမ်ားေလသည္။

ဒါေၾကာင့္ မိုမိုက သူ႔ေမြးစားအေမအတြက္ မဖ်ားေအာင္ စြပ္ျပဳတ္လုပ္ေပး
တာျဖစ္သည္။ အရင္တုန္းက သားရဲနတ္ဘုရား ေစလႊတ္လိုက္သည့္ အမ
ကေရကိုႀကိဳခ်က္ေသာက္ရန္သင္ေပးခဲ့သည္။ သို႔ေသာ္လည္း ေနာက္ပိုင္း
မီးေမႊတတ္သူ႐ွားလာတာေရာ ေရႀကိဳခ်က္ တာကအခ်ိန္ၾကာေသာေၾကာင့္ထို
သို႔ျပဳလုပ္သူမ်ားနည္းသြားၿပီးေနာက္ဆံုးေတာ့ မည္သူမ်ွ ထိုသို႔မလုပ္ၾကေတာ့ေပ။

ဘုရားေက်ာင္း ျဖစ္ေသာ ဘုန္းေတာ္ႀကီးေနတဲ့ေနရာမွာ ထိုသို႔ေရကိုႀကိဳခ်က္ကာ ျမင့္ျမတ္ေသာေရစင္ဟု အမည္ေပးၿပီး သိုေလွာင္ထားၾကသည္။ သားရဲမ်ားက
ဘုရားေက်ာင္း ႐ွိမီးပံုကိုအသံုးျပဳကာ အသားမ်ား ကင္ၾကရသည္၊၊ မိးေမႊးတတ္ သူေတြက သားရဲနတ္ဘုရား ေကာင္းခ်ီးေပး ခံရသူဟုသတ္မွတ္ၾကသည္။

ဘုရားေက်ာင္း တိုင္းတြင္ က်မ္းစာတစ္ခု႐ွိကာ ထိုက်မ္းစာတြင္ သားရဲနတ္ဘုရား ေစလႊတ္လိုက္သည့္ အမက သင္ေပးထားေသာအရာမ်ားျဖစ္ေသာ မီးေမႊးျခင္း ေရကႀကိဳခ်က္ျခင္း စသည့္အရာမ်ားေရးသားထားကာ သားရဲနတ္ဘုရား ေကာင္းခ်ီးေပး ခံရေသာသူမ်ားကိုသင္ၾကားေပးေလ့႐ွိသည္။

သားရဲနတ္ဘုရား ေကာင္းခ်ီးေပး ခံရေသာသူမ်ားကမိန္းမမ်ားႏွင့္ အမမ်ားသာ ျဖစ္သည္။ ျမင့္ျမတ္ေသာေရစင္ ကိုေတာ့ ေနမေကာင္းသူမ်ားကို ကုသရာတြင္သံုး ေလသည္။

မိုမိုက သူ႔ကို အျခားသူမ်ားမျမင္ပုန္းကြယ္ကာ သူ႔ ေမြးစားအေမ ဆီသြားလိုက္ သည္။ သူဂူထဲမဝင္ခင္ သူ႔ေမြးစားအေမ ၏မိတ္ဖက္ကို ခြင့္ေတာင္းလိုက္သည္။
သူ႔ေမြးစားအေမ တြင္ မိတ္ဖတ္ ၅ ေယာက္ရွိတယ္။

''က်စ္စိတ္႐ႈပ္စရာေကာင္းလိုက္တာ''
သူေမြးစားအေမ မိတ္ဖတ္ တစ္ေယာက္ ကေျပာလိုက္ေတာ့ သူ႔ေဘးက အျခားမိတ္ဖက္ကလည္း
''သူယူလာတဲ့ အစာေတြကသာ က်န္းက်န္ (မိုမို ေမြးစားအေမ) ကိုသာမသက္သာေစရင္ ေပးဝင္မွာေတာင္မဟုတ္ဘူး''
''ဟုတ္တယ္''
အျခားတစ္ေယာက္ ကေထာက္ခံလိုက္သည္။

''ေမေမ ကြၽန္ေတာ္လာတယ္''
မိုမိဳက ဂူထဲရွိ သား​ေမႊ တြင္လဲေလ်ာင္းေနေသာ လွပသည့္အမ်ိဳးသားကို ေျပာလိုက္သည္။ သူ႔အသံၾကားေတာ့ ထိုအမ်ိဳးသားေလးက ထလာေလသည္။

''မိုမို လာထိုင္ေလ''
က်န္းက်န္ ဟာသူ႔သားကိုေခၚလိုက္သည္။
''ရပါတယ္ ကြၽန္ေတာ္စြပ္ျပဳတ္လာေပးတာပါ သိပ္မၾကာခင္ေဆာင္းခိုရေတာ့မယ္ ေနာ္''
ထို႔ေနာက္စကားအနည္းငယ္ေျပာကာထြက္သြားလိုက္သည္။ ဂူဝသို႔ေရာက္ေတာ့ အမ်ိဳးသား ၅ ေယာက္ကသူ႔ကိုစူးစိုက္ၾကည့္ေနသည္။ သူလည္းထြက္သြားေရာ ထိုအထီးမ်ားက ဂူထဲသို႔ေျပးဝင္သြားေလသည္။

မိုမို ရြာအျပင္႐ွိ စမ္းေခ်ာင္းေလးထဲေရခ်ိဳးရန္ သြားလိုက္သည္။ သားရဲရြာတြင္ ေရေသာက္ရန္ ရြာထဲက စမ္းေခ်ာင္းမွာ ေရခပ္ၾကေလသည္။ ရြာျပင္က စမ္းေခ်ာင္းကေတာ့ ေရခ်ိဳးရန္ႏွင္ အျခားအသံုးျပဳခ်င္လည္းျပဳၾကမည္ထင္သည္

သူေရခ်ိဳးၿပီးေနာက္ ေဆာင္းခိုစဥ္စားရန္ အသီးအခ်ိဳ႕ခူးရန္ သြားလိုက္သည္။
သူေျပာင္းဖူးပင္ ႏွစ္ပင္ကိုအျမစ္ကေနတုးကာထည့္ထားလိုက္သည္။ သူျပန္ရင္ ထိုအငင္မ်ားကိုစိုက္ရမည္၊၊ ေျပာင္းဖူး ရဲ႕အေစ့ကို သူ အင္တာနက္မွာ ေတြ႔ခဲ့ တဲ့စိုက္နည္းအတိုင္း စိုက္ၾကည့္ေပမယ့္မေအာင္ျမင္ေပ။

သူ႔အခ်ိန္ေတြ ကုန္သြားတာသာ အဖတ္တင္တယ္။ ဝူးဝူးဝူး အင္တာနက္ကဟာ ေတြကအကုန္အလိမ္ေတြ။ ထို႔ေၾကာင့္ အပင္ကိုအျမစ္ကေနတူးကာစိုက္ၿပီး စမ္းၾကည့္ ရမည္။

uni
သူအရိုးစွပ်ပြုတ်ထဲပြောင်းဖူးအနည်းငယ်ထည့်လိုက်သည်။ အမှန်တော့ဆန်ပြုတ် လုပ်ချင်ပေမယ့် စပါးတွေရှာတွေ့ရင်တောင် ဆန်ရအောင် စပါးခြံ ချွတ်ဖို့ဆိုတာမဖြစ်နိုင်ပေ ။ ထို့ကြောင့် စပါးအစား အလွယ်စားလို့ရတဲ့အစေ့ အစံတွေကို အစားထိုး သုံးရလေသည်။

စွပ်ပြုတ်ဆူတော့ ထိုစွပ်ပြုတ်တွေကို ဝါးကျည်တောက် ထဲထည့်ကာ အပေါ်က အဖုံးပိတ်ကာ သူ့မွေးစားအမေဆီသွားတော့သည် ။ သိပ်မကြာခင်မှာ ဆောင်း ဝင်တော့မည်ဖြစ်ကာ ထိုအချိန် အမ နှင့် မိန်းမ အချို့က ကိုယ်ခံအားနည်းကာ အအေးမခံနိုင်တော့ ဖျားကြတာများလေသည်။

ဒါကြောင့် မိုမိုက သူ့မွေးစားအမေအတွက် မဖျားအောင် စွပ်ပြုတ်လုပ်ပေး
တာဖြစ်သည်။ အရင်တုန်းက သားရဲနတ္ဘုရား စေလွှတ်လိုက်သည့် အမ
ကရေကိုကြိုချက်သောက်ရန်သင်ပေးခဲ့သည်။ သို့သော်လည်း နောက်ပိုင်း
မီးမွှေတတ်သူရှားလာတာရော ရေကြိုချက် တာကအချိန်ကြာသောကြောင့်ထို
သို့ပြုလုပ်သူများနည်းသွားပြီးနောက်ဆုံးတော့ မည်သူမျှ ထိုသို့မလုပ်ကြတော့ပေ။

ဘုရားကျောင်း ဖြစ်သော ဘုန်းတော်ကြီးနေတဲ့နေရာမှာ ထိုသို့ရေကိုကြိုချက်ကာ မြင့်မြတ်သောရေစင်ဟု အမည်ပေးပြီး သိုလှောင်ထားကြသည်။ သားရဲမ်ားက
ဘုရားကျောင်း ရှိမီးပုံကိုအသုံးပြုကာ အသားမ်ား ကင်ကြရသည်၊၊ မိးမွှေးတတ် သူတွေက သားရဲနတ္ဘုရား ကောင်းချီးပေး ခံရသူဟုသတ်မှတ်ကြသည်။

ဘုရားကျောင်း တိုင်းတွင် ကျမ်းစာတစ်ခုရှိကာ ထိုကျမ်းစာတွင် သားရဲနတ္ဘုရား စေလွှတ်လိုက်သည့် အမက သင်ပေးထားသောအရာများဖြစ်သော မီးမွှေးခြင်း ရေကကြိုချက်ခြင်း စသည့်အရာများရေးသားထားကာ သားရဲနတ္ဘုရား ကောင်းချီးပေး ခံရသောသူများကိုသင်ကြားပေးလေ့ရှိသည်။

သားရဲနတ္ဘုရား ကောင်းချီးပေး ခံရသောသူများကမိန်းမများနှင့် အမမ်ားသာ ဖြစ်သည်။ မြင့်မြတ်သောရေစင် ကိုတော့ နေမကောင်းသူများကို ကုသရာတွင်သုံး လေသည်။

မိုမိုက သူ့ကို အခြားသူများမမြင်ပုန်းကွယ်ကာ သူ့ မွေးစားအမေ ဆီသွားလိုက် သည်။ သူဂူထဲမဝင်ခင် သူ့မွေးစားအမေ ၏မိတ္ဖက္ကို ခွင့်တောင်းလိုက်သည်။
သူ့မွေးစားအမေ တွင် မိတ်ဖတ် ၅ ယောက်ရှိတယ်။

''ကျစ်စိတ်ရှုပ်စရာကောင်းလိုက်တာ''
သူမွေးစားအမေ မိတ်ဖတ် တစ်ယောက် ကပြောလိုက်တော့ သူ့ဘေးက အခြားမိတ်ဖက်ကလည်း
''သူယူလာတဲ့ အစာတွေကသာ ကျန်းကျန် (မိုမို မွေးစားအမေ) ကိုသားမသက်သာစေရင် ပေးဝင်မှာတောင်မဟုတ်ဘူး''
''ဟုတ်တယ်''
အခြားတစ်ယောက် ကထောက်ခံလိုက်သည်။

''မေမေ ကျွန်တော်လာတယ်''
မိမြိုက ဂူထဲရွိ သားမွှေ တွင်လဲလျောင်းနေသော လှပသည့်အမျိုးသားကို ပြောလိုက်သည်။ သူ့အသံကြားတော့ ထိုအမျိုးသားလေးက ထလာလေသည်။

''မိုမို လာထိုင်လေ''
ကျန်းကျန် ဟာသူ့သားကိုခေါ်လိုက်သည်။
''ရပါတယ် ကျွန်တော်စွပ်ပြုတ်လာပေးတာပါ သိပ်မကြာခင်ဆောင်းခိုရတော့မယ် နော်''
ထို့နောက်စကားအနည်းငယ်ပြောကာထွက်သွားလိုက်သည်။ ဂူဝသို့ရောက်တော့ အမျိုးသား ၅ ယောက်ကသူ့ကိုစူးစိုက်ကြည့်နေသည်။ သူလည်းထွက်သွားရော ထိုအထီးမ်ားက ဂူထဲသို့ပြေးဝင်သွားလေသည်။

မိုမို ရွာအပြင်ရှိ စမ်းချောင်းလေးထဲရေချိုးရန် သွားလိုက်သည်။ သားရဲရွာတွင် ရေသောက်ရန် ရွာထဲက စမ်းချောင်းမှာ ရေခပ်ကြလေသည်။ ရွာပြင်က စမ်းချောင်းကတော့ ရေချိုးရန်နှင် အခြားအသုံးပြုချင်လည်းပြုကြမည်ထင်သည်

သူရေချိုးပြီးနောက် ဆောင်းခိုစဉ်စားရန် အသီးအချို့ခူးရန် သွားလိုက်သည်။
သူပြောင်းဖူးပင် နှစ်ပင်ကိုအမြစ်ကနေတုးကာထည့်ထားလိုက်သည်။ သူပြန်ရင် ထိုအငင်များကိုစိုက်ရမည်၊၊ ပြောင်းဖူး ရဲ့အစေ့ကို သူ အင်တာနက်မှာ တွေ့ခဲ့ တဲ့စိုက်နည်းအတိုင်း စိုက်ကြည့်ပေမယ့်မအောင်မြင်ပေ။

သူ့အချိန်တွေ ကုန္သြားတာသာ အဖတ်တင်တယ်။ ဝူးဝူးဝူး အင်တာနက်ကဟာ တွေကအကုန်အလိမ်တွေ။ ထို့ကြောင့် အပင်ကိုအမြစ်ကနေတူးကာစိုက်ပြီး စမ်းကြည့် ရမည်။

Bạn đang đọc truyện trên: Truyen3h.Co