ချစ်လှစွာသောသားရဲလေး ( ခ်စ္လွစြာေသာသားရဲေလး)
5
'ဒုတ္'
မိုမိ ထိုငွက္သားရဲေခါင္းကို သူေဆးႀကိဳတ္ရန္အသံုးျပဳေသာႀကိဳတ္ဆံုျဖင့္ အလန္႔တၾကားထုမိသည္။ထို႔ေနာက္ထိုငွက္သားရဲက သတိလစ္သြားျပန္သည္။
ေနာက္ရက္အနည္းငယ္ဆိုရင္ ေဆာင္းခိုရေတာ့မွာေၾကာင့္ မိုမို စြပ္ျပဳတ္ေတြအမ်ားႀကီးခ်က္ထားသည္။ ထိုစြပ္ျပဳတ္အားလံုးက သူ႔အေမတြက္ျဖစ္သည္။
ေဆာင္းခိုတာက ေႏြမေရာက္မခ်င္းဂူထဲေနၾကတာမ်ားသည္။ ထို႔ေၾကာင့္ မိုမိုက ပူပူေႏြးေႏြး ဆိုမွစားေကာင္းတဲ့စြပ္ျပဳတ္မဟုတ္ဘဲ ေအးသြားရင္လည္း အရသာ ႐ွိတဲ့စြပ္ျပဳတ္လုပ္ေပးေနတာျဖစ္သည္။
ေဆာင္းခိုခ်ိ္န္က ၾကာ႐ွည္သည္။ ထို႔ေၾကာင့္ သူစြပ္ျပဳတ္ထဲကို ေဆးပင္ႏွစ္မ်ိဳး ေပါင္းထည့္လိုက္သည္။
ပထမေဆးပင္က ခႏၶာကိုယ္ကို ပူေႏြးေစၿပီးေဆာင္းတြင္းမွာဆို ေနရတာသက္ေတာင့္သက္သာ႐ွိသည္။
ဒုတိယေဆးပင္က အစားအစာမ်ားကို ၾကာ႐ွည္ခံ ေအာင္အသံုးျပဳတဲ့ သူတို႔ ကမၻာ ကဓာတုေဆးပံုစံနဲ႔လိုပင္ အစားအေသာက္မ်ားကို ၾကာ႐ွည္ခံေအာင္ ျပဳလုပ္ေပးသည္။
သို႔ေသာ္ထိုေဆးပင္က ဓာတုေဆး ေတြလို အႏၱရာယ္ မျဖစ္ေစဘဲ ထိုေဆးပင္ကို အသံုးျပဳရင္ အနည္းငယ္ေတာ့ ညႇီစို႔စို႔ အနံရသည္။
သို႔ေသာ္ ထိုအပင္ကိုမျဖစ္မေနေတာ့ထည့္ရမည္။ မထည့္ရင္ စြပ္ျပဳတ္ေတြက သိုးသြားလိမ့္မည္။
မိုမို ဝါးက်ည္ေတာက္ အေတာင့္ ၂၀ ေလာက္ရေအာင္ခ်က္ျပဳတ္ၿပီးေနာက္ ထို ဝါးက်ည္ေတာက္ ေတြကို တစ္ေနရာမွာေထာင္ထားလိုက္သည္။
ထို႔ေနာက္ မိုမို ငွက္သားရဲကို တရြတ္တိုက္ဆြဲကာ သားေမႊး အခင္းေပၚကို တင္လိုက္ၿပီး ေနာက္ထက္ သားေမႊး ေတြနဲ႔ ျခံဳေပးလိုက္ၿပီး သူကိုယ္တိုင္လည္း အိပ္လိုက္ ေတာ့သည္။
အျပင္လူ႐ွိေနလို႔ထင္သည္ မိုမို ဒီေန႔ေကာင္းေကာင္းညအိမ္မရတာေၾကာင့္ အေစာႀကီး ႏိုးေနသည္။
ဒါေၾကာင့္မိုမို က်ားသားရဲရြာတို႔ဝင္သြားလိုက္သည္။ က်ားသားရဲရြာလို႔ေျပာရတာက ထိုရြာမွာ က်ားသားရဲမ်ားသာ ေနတာေၾကာင့္ ျဖစ္သည္။
ထို႔ေနာက္မိုမို သူ႔အေမရဲ႕ ဂူေ႐ွ႕မွာ မက္တက္ရပ္ကာ စြပ္ျပဳတ္မ်ားထည့္ထားေသာ ဝါးက်ည္ေတာက္ ကို ပိုက္ထားသည္။
သိပ္မၾကာခင္ ဂူထဲမွ အ႐ိုင္းသားရဲ မ်ားရဲ႕ သားေရကို အပိုင္းငယ္ေလးျဖစ္ေအာင္ျဖတ္ၿပီး ခါးမွာ ခ်ည္ထားသည့္ သားရဲ အထီးမ်ားထြက္လာသည္။ ထိုအထီးမ်ားက မိုမိုကို စူးရဲစြာစိုက္ၾကည့္လာေသာ္လည္း ဘာမွ ေတာ့မေျပာေပ ။
မိုမိုက ေဆာင္းခို ခ်ိန္ေရာက္တိုင္းစြပ္ျပဳတ္မ်ား အျမဲယူလာေပးတာေၾကာင့္ျဖစ္သည္။
ထို႔အျပင္ထိုစြပ္ျပဳတ္က သူတို႔ရဲ႕ အမကို သက္သာေစသည္ေလ။
မိုမို ဂူထဲဝင္သြားေတာ့ သားေကာင္မ်ားကို တစ္ေနရာမွာစုေနတဲ့ သူ႔အေမကိုျမင္လိုက္ရသည္၊၊
ေဆာင္းခို တာက အခ်ိန္ၾကာေတာ့ သားရဲတိုင္းက ေဆာင္းခိုစဥ္စားရန္ အစားအေသာက္ မ်ားကို ႀကိဳတင္စီစဥ္ၾကသည္၊၊
လက္တြဲေဖာ္ ႐ွိေသာသားရဲအထီးမ်ားက သားေကာင္မ်ားကို ကိုယ္တိုင္ အမဲလိုက္ကာ သူတို့လက္တြဲေဖာ္ကိုေပးၾကသည္။
လက္တြဲေဖာ္ မ႐ွိေသာသားရဲအထီး မ်ားက သူတို႔ရဲ႕ လက္တြဲေဖာ္ျဖစ္ေစခ်င္ေသာ မိတ္ဖက္မ႐ွိေသာ အမ မ်ားႏွင့္ မိန္းမမ်ားကို သူတို႔အမဲလိုက္ရာမွာရ႐ွိလာတဲ့ သားေကာင္မ်ားကို ေပးကာ ပိုးပန္းၾကသည္။
ေဆာင္းခိုခ်ိန္မွာ အလပူခ်ိန္နိမ့္တာေၾကာင့္ အသားမ်ားက အျမဲလိုလိုခဲေနတတ္ၿပီးမသိုးေတာ့ေပ ။
သို႔ေသာ္ အသားမ်ားကို ခ်က္ျပဳတ္ၿပီးစားလိျ့ေတာ္မရေပ။ ဘာလို႔ဆိုေတာ့ မီးကဘုရားေက်ာင္း မွာဘဲ႐ွိၿပီး ေဆာင္းခိုခ်ိန္မွာ မီးေမႊးတတ္သည့္အမေတြကေတာ့ သူတို႔ဂူမွာမီးေမႊးၾကကာ မီးမေမႊးတတ္ တဲ့သူေတြကေတာ့ အသားကို အစိမ္းစားၾကသည္။
အသားအျပင္ အမ ႏွင့္ မိန္းမေတြက ေဆာင္းခိုဖို႔ ရက္နီးလ်ွင္စားလို႔ရသည့္ အသီးမ်ားကို လည္းခူးတတ္ေသးသည္။
မိုမို သူ႔အေမနားသြားၿပီး ႏႈတ္ဆက္လိုက္သည္။
''မိုမို လာပါဦး''
မိုမို သူ႔အေမ ေခၚလိုက္တာေၾကာင့္ သူအေမနားသြားလိုက္ေတာ့ သူမက သားေကာင္ေတြထဲက အသားပိုင္းႀကီး တစ္ပိုင္းကိုေပးလာသည္။
''အေမဘာလို႔''
''မိုမို မၾကာခင္ေဆာင္းခိုရေတာ့မွာေလ ဒါေၾကာင့္ယူထားလိုက္ပါ''
မိုမိုလည္းသူအသား မစားရတာ ၾကာၿပီျဖစ္တာေၾကာင့္ မျငင္းေတာ့ဘဲ ျပန္ယူသြားလိုက္သည္။
ထို႔ေနာက္သူ ထိုအသားပိုင္းႀကီးကို ပိုက္ကာ သူေနတဲ့ဂူဆီသြားလိုက္သည္။ သူထိုအသားမ်ားကို အသားေခ်ာင္းလုပ္ၿပီးေလွာင္ထားရန္စဥ္းစားလိုက္သည္။
သူ ဂူထဲေရာက္ေတာ့ သူေခၚလာတဲ့ ငွက္သားရဲက သူ႔ဂူထဲလွည့္ပတ္ၾကည့္ေနတာကိုျမင္လိုက္ရသည္။
uni
'ဒုတ်'
မိုမိ ထိုငှက်သားရဲခေါင်းကို သူဆေးကြိုတ်ရန်အသုံးပြုသောကြိုတ်ဆုံဖြင့် အလန့်တကြားထုမိသည်။ထို့နောက်ထိုငှက်သားရဲက သတိလစ်သွားပြန်သည်။
နောက်ရက်အနည်းငယ်ဆိုရင် ဆောင်းခိုရတော့မှာကြောင့် မိုမို စွပ်ပြုတ်တွေအများကြီးချက်ထားသည်။ ထိုစွပ်ပြုတ်အားလုံးက သူ့အမေတွက်ဖြစ်သည်။
ဆောင်းခိုတာက နွေမရောက်မချင်းဂူထဲနေကြတာများသည်။ ထို့ကြောင့် မိုမိုက ပူပူနွေးနွေး ဆိုမှစားကောင်းတဲ့စွပ်ပြုတ်မဟုတ်ဘဲ အေးသွားရင်လည်း အရသာ ရှိတဲ့စွပ်ပြုတ်လုပ်ပေးနေတာဖြစ်သည်။
ဆောင်းခိုချိ်န်က ကြာရှည်သည်။ ထို့ကြောင့် သူစွပ်ပြုတ်ထဲကို ဆေးပင်နှစ်မျိုး ပေါင်းထည့်လိုက်သည်။
ပထမဆေးပင်က ခန္ဓာကိုယ်ကို ပူနွေးစေပြီးဆောင်းတွင်းမှာဆို နေရတာသက်တောင့်သက်သာရှိသည်။
ဒုတိယဆေးပင်က အစားအစာမ်ားကို ကြာရှည်ခံ အောင်အသုံးပြုတဲ့ သူတို့ ကမ်ဘာ ကဓာတုဆေးပုံစံနဲ့လိုပင် အစားအသောက်များကို ကြာရှည်ခံအောင် ပြုလုပ်ပေးသည်။
သို့သော်ထိုဆေးပင်က ဓာတုဆေး တွေလို အန္တရာယ် မဖြစ်စေဘဲ ထိုဆေးပင်ကို အသုံးပြုရင် အနည်းငယ်တော့ ညှီစို့စို့ အနံရသည်။
သို့သော် ထိုအပင်ကိုမဖြစ်မနေတော့ထည့်ရမည်။ မထည့်ရင် စွပ်ပြုတ်တွေက သိုးသွားလိမ့်မည်။
မိုမို ဝါးကျည်တောက် အတောင့် ၂၀ လောက်ရအောင်ချက်ပြုတ်ပြီးနောက် ထို ဝါးကျည်တောက် တွေကို တစ်နေရာမှာထောင်ထားလိုက်သည်။
ထို့နောက် မိုမို ငွက္သားရဲကို တရွတ်တိုက်ဆွဲကာ သားမွှေး အခင်းပေါ်ကို တင်လိုက်ပြီး နောက်ထက် သားမွှေး တွေနဲ့ ခြုံပေးလိုက်ပြီး သူကိုယ်တိုင်လည်း အိပ်လိုက် တော့သည်။
အပြင်လူရှိနေလို့ထင်သည် မိုမို ဒီနေ့ကောင်းကောင်းညအိမ်မရတာကြောင့် အစောကြီး နိုးနေသည်။
ဒါကြောင့်မိုမို ကျားသားရဲရွာတို့ဝင်သွားလိုက်သည်။ ကျားသားရဲရွာလို့ပြောရတာက ထိုရွာမှာ က်ားသားရဲမ်ားသာ နေတာကြောင့် ဖြစ်သည်။
ထို့နောက်မိုမို သူ့အမေရဲ့ ဂူရှေ့မှာ မက်တက်ရပ်ကာ စွပ်ပြုတ်များထည့်ထားသော ဝါးကျည်တောက် ကို ပိုက်ထားသည်။
သိပ်မကြာခင် ဂူထဲမွ အရိုင်းသားရဲ များရဲ့ သားရေကို အပိုင်းငယ်လေးဖြစ်အောင်ဖြတ်ပြီး ခါးမွာ ချည်ထားသည့် သားရဲ အထီးများထွက်လာသည်။ ထိုအထီးမ်ားက မိုမိုကို စူးရဲစွာစိုက်ကြည့်လာသော်လည်း ဘာမွ တော့မပြောပေ ။
မိုမိုက ဆောင်းခို ချိန်ရောက်တိုင်းစွပ်ပြုတ်များ အမြဲယူလာပေးတာကြောင့်ဖြစ်သည်။
ထို့အပြင်ထိုစွပ်ပြုတ်က သူတို့ရဲ့ အမကို သက်သာစေသည်လေ။
မိုမို ဂူထဲဝင်သွားတော့ သားကောင်များကို တစ်နေရာမှာစုနေတဲ့ သူ့အမေကိုမြင်လိုက်ရသည်၊၊
ဆောင်းခို တာက အချိန်ကြာတော့ သားရဲတိုင်းက ဆောင်းခိုစဉ်စားရန် အစားအသောက် မ်ားကို ကြိုတင်စီစဉ်ကြသည်၊၊
လက်တွဲဖော် ရှိသောသားရဲအထီးများက သားကောင်များကို ကိုယ်တိုင် အမဲလိုက္ကာ သူတို့လက်တွဲဖော်ကိုပေးကြသည်။
လက်တွဲဖော် မရှိသောသားရဲအထီး မ်ားက သူတို့ရဲ့ လက်တွဲဖော်ဖြစ်စေချင်သော မိတ်ဖက်မရှိသော အမ များနှင့် မိန်းမများကို သူတို့အမဲလိုက်ရာမှာရရှိလာတဲ့ သားကောင်များကို ပေးကာ ပိုးပန်းကြသည်။
ဆောင်းခိုချိန်မှာ အလပူချိန်နိမ့်တာကြောင့် အသားမ်ားက အမြဲလိုလိုခဲနေတတ်ပြီးမသိုးတော့ပေ ။
သို့သော် အသားမ်ားကို ချက်ပြုတ်ပြီးစားလိြ့တော်မရပေ။ ဘာလို့ဆိုတော့ မီးကဘုရားကျောင်း မှာဘဲရှိပြီး ဆောင်းခိုချိန်မှာ မီးမွှေးတတ်သည့်အမတွေကတော့ သူတို့ဂူမှာမီးမွှေးကြကာ မီးမမွှေးတတ် တဲ့သူတွေကတော့ အသားကို အစိမ်းစားကြသည်။
အသားအပြင် အမ နှင့် မိန်းမတွေက ဆောင်းခိုဖို့ ရက်နီးလျှင်စားလို့ရသည့် အသီးမ်ားကို လည်းခူးတတ်သေးသည်။
မိုမို သူ့အမေနားသွားပြီး နှုတ်ဆက်လိုက်သည်။
''မိုမို လာပါဦး''
မိုမို သူ့အမေ ခေါ်လိုက်တာကြောင့် သူအမေနားသွားလိုက်တော့ သူမက သားကောင်တွေထဲက အသားပိုင်းကြီး တစ်ပိုင်းကိုပေးလာသည်။
''အမေဘာလို့''
''မိုမို မကြာခင်ဆောင်းခိုရတော့မှာလေ ဒါကြောင့်ယူထားလိုက်ပါ''
မိုမိုလည်းသူအသား မစားရတာ ကြာပြီဖြစ်တာကြောင့် မငြင်းတော့ဘဲ ပြန်ယူသွားလိုက်သည်။
ထို့နောက်သူ ထိုအသားပိုင်းကြီးကို ပိုက္ကာ သူနေတဲ့ဂူဆီသွားလိုက်သည်။ သူထိုအသားမ်ားကို အသားချောင်းလုပ်ပြီးလှောင်ထားရန်စဉ်းစားလိုက်သည်။
သူ ဂူထဲရောက်တော့ သူခေါ်လာတဲ့ ငွက္သားရဲက သူ့ဂူထဲလှည့်ပတ်ကြည့်နေတာကိုမြင်လိုက်ရသည်။
Bạn đang đọc truyện trên: Truyen3h.Co