Truyen3h.Co

သင်္ကြန်မောင်

Part - 14 (Unicode)

Fi_Lay



"ကိုကို အင့် ... ပိုက်ဆံနှစ်ရာ၊ သမီးကို ရေခဲမုန့်လေးတစ်ဗူး ဝယ်ပေးပါလား"

လက်မှာတောင် အကြောဆေးပိုက်တန်းလန်းနှင့် ကိုးနှစ်အရွယ်ကလေးမလေး နိုးနိုးက သူ့ကိုငါးဆယ်တန်လေးရွက် ကမ်းပေးလာသည်။ အစပထမတော့ ဘုန်းလျှံမောင် ကြောင်သွားသေးတာ။ ပြီးမှ မနက်ခင်းက နိုးနိုးလေးအမေ ဆူငေါက်နေတာကို ပြန်အမှတ်ရမိသည်။ ချောင်းကလည်းဆိုးနေတော့ အမေဖြစ်သူက ဘယ်ကျွေးချင်ပါ့မလဲ။

ခုတော့ အမေအိမ်ပြန်တုန်းခဏ သူ့ကိုလူမိုက်ငှားနေတာဖြစ်သည်။ နောက်ဆုံး Posting ဖြစ်သော ရန်ကင်းကလေးဆေးရုံကိုကျပါပြီဆိုကတည်းက ဖျားနာသူကလေးတွေအကြိုက် သူကအလိုက်ဆောင်ပေးရသူ။ မုန့်လိုချင်ရင် ဝယ်ပေးသလို၊ ကစားစရာဆိုလည်း ပိုက်ဆံတောင်စိုက်ဝယ်ပေးတတ်တာ။ အလိုလိုက်လွန်းလို့လည်း ကလေးတွေချစ်ကြတာ။ အခုတော့ မတည့်တဲ့ရေခဲမုန့်ကို တောင်းဆိုနေပါပေါ့ ... ဘယ့်နှယ်ဖျောင်းဖျရပါ့။

"သမီးရဲ့ ရေခဲမုန့်စားမဲ့အစား တခြားဟာစားပါလား။ ဒါမှမဟုတ် ဟိုဖက်ကုတင်က စိစိကိုဝယ်ပေးသလိုမျိုး Lego အရုပ်ဝယ်ပေးရမလား။ ကိုကို ကူဆက်ပေးမယ်လေ"

"ဟင့်အင်း၊ ဟင့်အင်း။ သမီးက စတော်ဘယ်ရီရေခဲမုန့်ပဲစားမှာ"

"ဘယ်သူလဲဟေ့ စတော်ဘယ်ရီရေခဲမုန့်စားချင်တာ။ ဆေးရုံမှာနေရင် ဂျီမကျရဘူးဆိုတာ မသိဘူးလား"

ကြောက်လန့်ဖွယ်ဟိန်းဟောက်သံကြီးဖြင့် ဝင်လာသူမှာ တင်နီလာဝင်းဖြစ်သည်။ နိုးနိုးက ငါးဆယ်တန်တွေပြန်ယူကာ အသာလေးလှဲအိပ်သွားသည်။

ဘုန်းလျှံ လှည့်ကြည့်လိုက်တော့ ဘီလူးမလိုမာန်ဖီထားနေရာက မျက်စိစုံမှိတ်ပြကာ တစ်ဖက်သွားစေသည်။ သူ ဂျူတီချိန်းရတော့မှာကိုး။ သို့ပေမဲ့ ကုတင်ပေါ်က နိုးနိုးလေးကိုပြန်ကြည့်တော့ တင်နီလာဝင်းဖြဲဟောက်လို့ မျက်ရည်ကဝဲနေပြီ။

"အရမ်းမဆူပါနဲ့ဟ၊ သမီး မနက်ဖြန်အရုပ်ဝယ်ခဲ့မယ်နော်"

သည်ဆေးရုံမှာ ကလေးတွေက ဘုန်းလျှံမောင်ကိုချစ်သလောက် တင်နီလာဝင်းကိုတော့ မြင်ရင်မျက်နှာလွှဲကြသည်ထိ ကြောက်ကြသည်။ ဒါလည်းတစ်မျိုးကောင်းတာက မဟုတ်တာကို ရစ်ခံစရာမလိုတော့။

"ငါသိပါတယ်။ အဟမ်း ... စတော်ဘယ်ရီသီးရဲရဲလေးတွေ ဝယ်လာတယ်။ နိုးနိုးစားမှာလား၊ စိစိကိုကျွေးရမှာလား"

ချော့တစ်ခါ၊ ခြောက်တစ်လှည့်ရှိသော တင်နီလာဝင်းအသံက သူ့ကျောနောက်ဆီတွင် ကျန်ရစ်ခဲ့ပြီ။ ဘုန်းလျှံမှာ သူ့ပစ္စည်းတွေယူပြီး သုံးထပ်ဆောင်မှာထွက်ဖို့ လျှောက်လာခဲ့သည်။ ကလေးဆေးရုံဆိုတော့ ဘေးဘက်ကနံရံတွေမှာ ကလေးတွေအကြိုက် ကာတွန်းရုပ်စုံတွေကအပြည့်။ အပြင်ထွက်တော့လည်း မြက်ခင်းပြင်တွင် ထောင်ထားသောအီမိုဂျီအရုပ်တွေက ပြုံးပြုံးစိစိ။

နာမကျန်းလို့ဆေးလာကုရသည့်ကလေးတွေ နည်းနည်းမှစိတ်သက်သာရာရပါစေဆိုသည့် ရည်ရွယ်ချက်နဲ့နေမှာပေါ့။

ဆေးရုံပြင်ပရောက်သည်နှင့် ဒီဇင်ဘာ၏ချမ်းစီးစီးဒဏ်က ပိုနင့်သီးလာသည်။ ညနေခင်းနေရောင်မရှိသည့်အပြင် လေကပါတဖြူးဖြူး။ ဘုန်းလျှံတစ်ယောက် ဂျာကင်အနက်ရောင်ဝတ်ထားပြီး လက်လေးပိုက်လိုက်တော့တာ ကျုံ့ကျုံ့ယုံ့ယုံ့။

သူ ကိုးကိုးဆီသွားရမည်။ ဒါသည်အခုမှမဟုတ်၊ ရန်ကင်းဆေးရုံကိုစဆင်းရသည့် အောက်တိုဘာလမှစ၍ ကိုးကိုးက သူ့တိုက်ခန်းတွင်ပြောင်းနေစေခဲ့သည်။ မြို့မကျောင်းလမ်းက ဘုန်းလျှံအခန်းကနေဆို ရန်ကင်းဆေးရုံရောက်ဖို့ အလှမ်းဝေးလှသည်မလား။ သို့သော် ဒါသည်ယုတ္တိတန်ရုံမျှရှိသော ဆင်ခြေတစ်ခုသာဖြစ်ကြောင်း ချစ်သူနှစ်ဦးစလုံးသိကြသည်။ မဟုတ်လည်း နှစ်ယောက်အတူ တစ်ခန်းထဲနေကြဖို့ ဆုံးဖြတ်ကြပြီးသားဖြစ်သည်။

'ဘုန်းလျှံမောင်ကို သိပါတယ်ဗျ၊ ကျွန်တော်တို့ချင်း မေတ္တာမျှနေကြပါတယ်' လို့ ရွတ်ရွတ်ချွံချွံပြောချခဲ့သော ကိုးကိုးကြောင့် အခုဆိုရင် သူတို့ကိစ္စကို မေမေကြီးလည်း သိသွားသည်။ YGH ဆေးရုံတစ်ခုလုံးကပါ သိကုန်ကြသည်။ သူနာပြုမသဉ္ဇာကောင်းမှုပေါ့။

မေမေကြီးကတော့ သူ့ကိုမလှိမ့်တပတ် ဆေးပြခိုင်းရကောင်းမလားဆိုပြီး စိတ်ဆိုးပြန်သွားသည်။ တစ်ပတ်လောက်ဖုန်းဆက်ချော့လိုက်တော့မှ စကားပြန်ပြောလေ၏။ ကိုးကိုးကတော့ တေးတေး ပိတ်ရက်ရှည်သီပေါပြန်ရင် လိုက်ပြီးတောင်းပန်ပါရစေတဲ့လေ။ တွေးရင်းနှင့်ပင် အခန်းရှေ့ရောက်လာခဲ့သည်။ သော့ဖွင့်မည်လုပ်တော့ ကိုးကိုးက ရောက်နှင့်ပြီးသား။

"ကိုးကိုး အစောကြီးရောက်နေတာပဲဲ။ နောက်ကျဦးမယ်မှတ်လို့ ဖုန်းတောင်မဆက်ဘဲ ပြန်လာလိုက်တာ"

"အင်း ခေါင်းနည်းနည်းနောက်နေတာနဲ့ စောပြန်လာတာ။  ဘာတွေဝယ်လာတာလဲ၊ ကိုးကိုးလည်း စွပ်ပြုတ်တွေဝယ်ထားတာ"

"တော်ပါဗျာ၊ စွပ်ပြုတ်ကြီးကရိုးပါတယ်။ တေးတေးဝယ်လာတာကမှ ရင်ခုန်စရာ ငါးကင်နဲ့ဘီယာလေ"

"ငါးကင်က အပူအစပ်တွေပါတယ်၊ မစားရဘူး။ ဘီယာ ... ဘီယာလည်းမသောက်နဲ့ ပေး"

ပြောပြောဆိုဆိုနှင့် အထုတ်တွေဆွဲယူသွားတာ ကိုးကိုးပင်။ အခုနောက်ပိုင်းတော့ ကိုးကိုး စကားတွေအများကြီးပြောလာပြီ။ ဘုန်းလျှံလည်း မထူးပါဘူး။ ကိုးကိုးအလိုလိုက်တော့ အများကြီးဆိုးလာ၊ ရစ်လာတာပေါ့။

"ကိုးကိုးလူဆိုးကြီး"

ဘုန်းလျှံက သည်လိုပြောလျှင် ကိုးကိုးက ရယ်ရုံသာရယ်နေတတ်ပါ၏။ ဆရာဝန်တွေဆိုတော့ အချိန်အခါကြည့်ပြီး အရက်၊ ဘီယာသောက်ရတာမျိုးဆိုတာ ဘုန်းလျှံကို ဆုံးမပြီးသားဖြစ်သည်။ တစ်ခုခုအရေးကြုံလာလို့ ကိုယ်တိုင်က အရက်သောက်ထားလျှင် ဝေဖန်ပိုင်းခြားနိုင်သည့်အခြေအနေတွင် ရှိမနေလို့မကောင်း။ ဒါကိုသိသော ဘုန်းလျှံက ပိတ်ရက်အချိန်ကိုက်ဝယ်လာတာမို့ ကိုးကိုး ပြုံးနေတာဖြစ်သည်။

သို့သော် ကိုးကိုးတားတာ နောက်အကြောင်းအရင်းရှိသေးလို့ဖြစ်၏။

"ကိုးကိုး အဝတ်လျှော်ထားတာပဲ၊ ပြန်ကိုင်မနေနဲ့တော့ ... တေးတေး ရေချိုးရင်းလှမ်းမယ်"

"အင်းအင်း ဆယ့်ငါးမိနစ်လောက်ပဲ ကျန်တော့တယ်။ ပြီးရင်တော့ ရေပူနဲ့မြန်မြန်ချိုးနော်။ အချိန်ဆွဲရင် ဟိုတစ်ခါလို ကိုးကိုးဝင်လာမှာ"

ဘုရား ... ဘုရား။ ဟိုတစ်ခါလိုဆိုရင်တော့ အရှက်ကုန်ရုံရှိတော့တာပေါ့။

ကိုးကိုးက နောက်ဆုံးစကားကို နား,နားတိုးကပ်ကာပြောသွားတာမို့ အူတွေအသည်းတွေယားပြီး ကျန်ရစ်ခဲ့သူမှာ ဘုန်းလျှံမောင််ဖြစ်၏။ တစ်ယောက်တည်းနေသော ကိုးကိုး၏ရေချိုးခန်းတံခါးက လော့ခ်ချလို့ရတာမျိုးမရှိ။ လက်ကိုင်ကိုအတွင်းတွန်းဝင်ရုံသာ။

ဒါကိုဆောင်းအဝင်တစ်ညက အချိန်ဆွဲရေချိုးသောဘုန်းလျှံကို အပြစ်ပေးလို့စိမ့်ငှာ ကိုးကိုးက တံခါးကိုတွန်းဝင်လာခဲ့သတဲ့လေ။ မိမွေးတိုင်း၊ ဖမွေးတိုင်း ကိုယ်လုံးတီးရေချိုးနေသော တေးတေးအဖို့ ဖောင်ပြင်ပြင် မောင်မြင်သလိုပေါ့။

အနောက်မှသိမ်းကျုံး ဖက်ခံခဲ့ရသည်။

အသွေးအသားတွေ ထကြွခဲ့ကြသည်။

အဝတ်မကပ်သည့်ကိုယ်ချင်း ယှက်ဖြာခဲ့ကြသည်။

ရှစ်လတာဆက်ဆံရေးမို့ သူတို့ချင်းတော်တော်ရင်းနှီးခဲ့ပြီသားဆိုပေသိ လူပျိုကြီးဘက်ကစည်းစကျော်တာ ထိုနေ့ကပထမဆုံးဖြစ်သည်။ အတူနေတာလည်း မကြာသေးသလို၊ ကြိုတင်ပြင်ဆင်ထားတာမျိုး မရှိတာကတစ်ကြောင်း၊ တစ်ယောက်တာဝန်တစ်မျိုးစီနဲ့မို့ ဘယ်သူကမှ စမပြောဖြစ်တာကတစ်ကြောင်းမို့ အလုံးစုံရင်းနှီးမှုရကြဖို့ သူတို့ချင်းတဖြည်းဖြည်း အဆင့်တက်ယူခဲ့ကြသည်။

အခုဆိုလျှင်တော့ တစ်ယောက်နဲ့တစ်ယောက် မမြင်ဖူးတာမရှိသလို၊ မထိတွေ့ဖူးတာမရှိ။ စကားအရာသော်လည်းကောင်း၊ ခန္ဓာကိုယ်အရာမှာသော်လည်းကောင်း ထိတွေ့ကူးလူးခြင့်ကတဆင့် သာယာမှုကိုယ်စီရှိလာကြပြီ။ အရင်လို တစ်ယောက်နဲ့တစ်ယောက် စိမ်းနေတာမျိုး၊ ရှိုးတိုးရှန့်တန့်ဖြစ်တာမျိုး လုံးဝမရှိတော့ပြီ။

ကိုးကိုး စာဖတ်နေချိန် တေးတေးကရင်ခွင်ထဲအတင်းဝင်ပြီး စာအုပ်ပိတ်ပစ်လိုက်လို့ရသလို၊ ကိုးကိုးကိုယ်တိုင်ကလည်း တေးတေး သည်လိုပူးပူးကပ်ကပ်လာနေတိုင်း 'ကိုးကိုး ဟိုစိတ်ဖြစ်လာပြီနော်' လို့ မှန်ရာဝန်ခံတတ်လာပြီဖြစ်သည်။

သည်ညကလည်း သူတို့နှစ်ယောက်အတွက် သဘောတူထားသည့်ည ဖြစ်သည်။

"ကိုးကိုးဝယ်လာတဲ့စွပ်ပြုတ်က လူမမာစာကြီးကျနေတာပဲ။ ချဉ်စပ်လုပ်သောက်ချင်တယ် ကိုးကိုးရာ ... နော်။ ဘီယာမသောက်ရရင်နေ၊ ငါးကင်တော့စားချင်တာ"

"တေးတေးရယ် ဒီတစ်ညတော့ ဒီအဖြူထည်လေးပဲသောက် ဟုတ်ပြီလား။ ငါးကင်လည်း နည်းနည်းမြည်းလေ၊ နောက်နေ့ ကိုးကိုးအကုန်ဝယ်ကျွေးမယ် ဟုတ်ပြီလား။ ကိုးကိုးတို့အများကြီးချစ်ဖို့ ဒီညတော့ သည်းခံလိုက်ဦး"

စွပ်ပြုတ်ပြင်ပေးနေသူအား တေးတေးက နောက်မှတွဲခိုဖက်ရင်းချွဲတော့ ကိုးကိုးကလည်း ရင်ခွင်ထဲသွင်းကာ ဆံစလေးတွေနမ်းရင်း အသာချော့မြူသည်။

သူတို့ချင်းအတူနေမည့်နေ့ဆို ကိုးကိုးက အစားအသောက်အတွက် လွန်စွာဂရုစိုက်သည်။ ဝမ်းသွားချင်စိတ်ကို နှိုးဆွပေးနိုင်သော အစေ့အဆန်၊ အခွံမာသီး၊ အပူအစပ်၊ အဆီအစိမ့်တွေ၊ အသားများများစားတာမျိုး၊ ပြီးလျှင် လေပွစေနိုင်သည့် ကဖင်းဓာတ်ပါသော အအေး၊ ကော်ဖီ၊ ဖျော်ရည်တို့ကို ရှောင်ကြဉ်ပြီးပြင်ပေးသည်။ ဆေးရုံမှာလည်း မဆင်မခြင်မစားခဲ့ဖို့ ကြိုမှာရှာသည်။

ချစ်သူက သည်လိုဂရုစိုက်တတ်သလို တေးတေးလည်း ကိုးကိုးအတွက် အကောင်းဆုံးဖြစ်ဖို့ ကြိုတင်ပြင်ဆင်ဖြစ်တာတွေမှ အများကြီ။ အထူးသဖြင့် သူ့၏အနောက်တံခါးဝသို့ ကိုးကိုးဝင်ခဲ့လျှင် သန့်ရှင်းစေဖို့ ဗိုက်ထဲမှာ ဝမ်းမကျန်နေအောင် ကြိုတင်စီစဉ်သည်။ ပြန်ရောက်ကတည်းကလည်း ကြိုတင်ပြီး ဝမ်းသွားထားပြီးဖြစ်သည်။ ဒါမှပဲ ကိုးကိုးရော၊ သူပါ သန့်သန့်ရှင်းရှင်း၊ အနံ့အသက်ကင်းကင်းနှင့် ချစ်စခန်းဝင်နိုင်ကြမည်မဟုတ်လား။

တွေးရင်ပင် တေးတေးစိတ်တွေသာမက သွေးသားတွေက နိုးထလာသလိုလို။

"ဘာကားကြည့်မှာလဲ ကိုးကိုး။ Netflix ကနောက်အပတ်ဆို သက်တမ်းတိုးရမှာမလား"

"မနေ့ကပဲ တိုးပြီးပါပြီဗျာ၊ ရေခဲမုန့်တွေက စားပြန်ပြီ။ ဒီမှာလာထိုင်"

အိပ်ရာပေါ်တက်ပြီး ကိုးကိုးဘေးထိုင်ရာမှာတောင် တေးတေးဆိုတာ ရေခဲမုန့်ခွက်ကလေးနှင့်။ ညနေက နိုးနိုးလေးရေခဲမုန့်တောင်းတာသတိရပြီး အပြန်ကျသူ့ဘာသာဝင်ဝယ်လာခြင်းဖြစ်သည်။

"ရေခဲမုန့်လေးတစ်ခွက်ကတော့ ဘာမှမဖြစ်လောက်ပါဘူး ကိုးကိုးရ"

တေးတေးပြောတော့လည်း ကိုးကိုးမှာ မတားသာ။ ခေါင်းအုံးလေး နံရံမှာမှီပြီး ဘယ်လက်‌မောင်းက တေးတေးဝင်မထိုင်ခင် အသင့်ခံထားခဲ့ပြီးသား။ ထိုအပေါ်တွင် တေးတေးမှီချလိုက်တော့ အေးအေးသက်သာပါပဲ။

သူတို့ထိုင်နေသည့်အိပ်ရာနှင့် မျက်နှာချင်းဆိုင်နံရံတွင် ၄၃လက်မအရွယ်အစား LED တီဗွီတစ်လုံးရှိသည်။ ဆေးရုံကပြန်လာပြီး ညဖက်မအိပ်ခင်အချိန်တွေဆို သူတို့သည်လိုပဲ ကြုံရာဇာတ်ကားကြည့်နေကျ။ တစ်ခါတလေ တေးတေး သိပ်ပျင်းသည့်ညတွေဆို YouTube ကသီချင်းတွေသာ နားထောင်နေတတ်သည်။

ကိုးကိုးရွေးလိုက်သောဇာတ်ကားက မင်းသားကြီး Tom Hanks ၏ SULLY ဆိုသောဇာတ်ကားဟောင်းဖြစ်သည်။ ငှက်တွေကြောင့် လေယာဉ်တစ်စီးပျက်ကြနိုင်သည်အထိ အန္တရာယ်ကြီးတယ်လို့ပြောတာကို တေးတေးကမယုံချင်။ ဒါမို့ကိုးကိုးက သည်ဖြစ်ရပ်မှန်ဇာတ်ကားကို ပြတော့တာပင်။

ဒီဇင်ဘာ၏ညချမ်းက အေးချမ်းတိတ်ဆိတ်လှသည်။ အဲကွန်းကိုလည်း လေရရုံသာဖွင့်ထားကြ၏။ တေးတေးက ကိုးကိုးရင်ဘတ်ပေါ်မှီတွဲကြည့်ရင်းက နောက်ဆုံးတော့ ထုံးစံအတိုင်း ပေါင်ပေါ်လှဲမိသွားရင်း အဆုံးသတ်သည်။ အခန်းထဲတွင် မင်းသားကြီးဇာတ်ကားသံကလွဲလို့ ဘာသံမျှမကြားရ။

လေယာဉ်အင်ဂျင်ထဲသို့ ငှက်အုပ်ကြီးဝင်တိုးမိရာက မထင်မှတ်ဘဲဒုက္ခကြီးတာတွေ၊ ခရီးသည်၊ လေယာဉ်မယ်တွေ ကြောက်လန့်အော်ကြတာတွေ၊ နောက်ဆုံးမြစ်ကြမ်းပြင်ပေါ် ဆင်းသက်လိုက်ရသည်အထိ ရင်တထိတ်ထိတ်ကြည့်နေမိတာ တေးတေးပင်။ ကိုယ်တိုင် လေယာဉ်ပေါ်ပါနေသူတစ်ယောက်လို သေမှာကိုစိုးရွံ့မိတော့ ကိုးကိုးပေါင်ကိုကုတ်ခြစ်မိတာ ခဏခဏ။ ခေါင်းကလည်း အတင်းကာရောတိုးဝင်နေမိတာ သတိပင်မထားမိ။

"တေးတေး"

"ဟင်!"

"မနက်ဖြန်မှဆက်ကြည့်ရအောင်"

"နေပါဦး။ ဒီမှာရေလည်ခေါင်ကြီး လေယာဉ်ဆင်းနေတာ၊ မြုပ်သွားရင် ဘယ့်နှယ်လုပ်မလဲ။ ဇာတ်လမ်းကောင်းနေပြီ"

"ပိတ်လိုက်ပါကွာ။ တေးတေးကျေးဇူးကြောင့် ကိုးကိုးလည်းကောင်းနေပြီကွ ... ထတော့"

သည်တော့မှ အခြေအနေကိုသဘောပေါက်သည့် တေးတေး ဗုန်းခနဲဆိုထသည်။ ပြီးနောက် သူ့ခေါင်းတလှုပ်လှုပ်ရှိခဲ့သည့် အောက်တည့်တည့်ကိုငုံကြည့်တာ စိုက်ခနဲ။ တေးတေး ကိုယ့်လုပ်ရပ်ကိုယ် သဘောပေါက်သွားလေပြီ။ ကိုးကိုးကို ပြန်မော့ကြည့်တော့ မီးရောင်ဝါကျင့်ကျင့်အောက်တွင် မျက်နှာမဲ့မဲ့က မအီမသာဟန်နှင့်။

"ဟီး ... ကိုးကိုး Hard နေပြီလား"

"အင်း"

ရုပ်သာမဟုတ်၊ အသံကလည်း မအီမသာရယ်ပါ။ တေးတေးက အလိုမလိုက်ဘဲ ဆက်ကြည့်နေမှာစိုး၍ထင်သည်။ ဤတွင် ဘေးနားကရီမုကိုလှမ်းယူပြီး ဖြတ်ခနဲပိတ်လိုက်တာလည်း တေးတေးပါပဲ။ ကိုးကိုးကတော့ မျက်လုံးကလေးတွေ ဝင့်ကြည့်သည်။ ပျော်သွားပုံပါပဲ။

"ကိုးကိုးက ခံနိုင်ရည်သိပ်မရှိဘူးပဲ၊ တေးတေးကြုံဖူးသမျှထဲ ကိုးကိုးအနုဆုံး"

ထပြီးသားတေးတေးက ထိုစကားကိုဆိုရင်း ကိုးကိုးပေါင်ပေါ် တစောင်းဝင်ထိုင်ပြန်တာ ညင်ညင်သာသာ။ အထိအတွေ့ကို ခံစားမိပေမဲ့ အပြောကိုခပ်တိုးတိုးဆိုရင်း ရန်စလိုက်လေ၏။

သည်လိုအငေါ့စကားလေးကို ကြားရသောကိုးကိုးကဖြင့် အဓိကပေါ်တက်ထိုင်လာသည့် ကောင်လေးကို မျက်လုံးလေးတွေမှေးစင်းသည်ထိ စိုက်ကြည့်သည်။ ပုခုံးနှစ်ဖက်မှသည် လည်ဂုတ်ဆီသို့ ရစ်သိုင်းသွားသောလက်နှစ်ဖက်က မြွေတစ်ကောင်လို တအိအိရစ်ပတ်လာသည်။ မျက်နှာနှစ်ခုမှာနီးကပ်လွန်းတော့ တေးတေးနှာခေါင်းကထွက်လေမှာ ကိုးကိုးနှုတ်ခမ်းဖျားဆီ လာရိုက်ခတ်သည်အထိ။ တေးတေး၏ညှို့ဓာတ်က အကြည့်သာမက၊ အတွေ့ပါဆန်းသည်။

"နေပါဦး၊ အရင်ကတော့ ပုဂ္ဂိုလ်ရေးဆန်းမလားဆိုပြီး မမေးဖြစ်တာ၊ အခုမရတော့ဘူး မေးတော့မယ်။ ဒီကိစ္စမှာ ဝါရင့်သဘာရင့်ကြီးလိုပြောနေရအောင် ကိုးကိုးရှေ့မှာ ဘယ်နှယောက်လဲပြော"

"မပြောချင်ပါဘူး။ Ex တွေနဲ့အကြောင်းပြောရင် ကိုးကိုးကဆူမှာ"

"ကဲပါ မဆူပါဘူး"

တေးတေးမှာ သူ့ဘာသာနှုတ်ကျွံပြီး ဖြေဖို့ကျ တွန့်ဆုတ်တွန့်ဆုတ်။ လူပျိုကြီးက စည်းကမ်းကြီးသည်။ ရည်းစားလည်း များများစားစားထားခဲ့ပုံမရ။ သည်လိုအတူနေသည့်ကိစ္စကိုတောင် နှစ်ဝက်ကျော်မှစခဲ့သူမလား။ အမှန်အတိုင်းသာ ဖြေလို့ကတော့...။

"ဟို ... ရည်းစားထားဖူးတာ ၅ယောက်၊ ဟိုလိုက ၁ယောက်၊ ၂ယောက်နဲ့ပါပဲ"

"ဘာ!! ၅ယောက်တောင်။ ဘုန်းလျှံမောင် ... မင်း အသက်ကဘယ်လောက်ရှိသေးလို့ ရည်းစားဒီလောက်များရတာလဲ ... ဟမ်"

"၂၃ နှစ်ရှိပြီလေ ကိုးကိုးကလည်း ... ပြီးတော့အခုခေတ်အတွဲတွေက ဒီလိုချည်းပဲဟာ"

"ဘာဒီလိုချည်းပါပဲလဲ။ အသက်လေးမှ ၂၀ကျော်စရှိသေး။ ဆေးကျောင်းသားက စာသေချာမကြည့်ဘဲ အလေလိုက်ပြီး လမ်းသလားနေခဲ့မှာပေါ့"

သူ့ဘာသာသိချင်လို့မေးပြီး တရစပ်ဆူငေါက်လာသော ကိုးကိုးအား တေးတေး စိတ်မရှည်ချင်တော့။ ချော့မှလည်းရဦးမည်ဆိုတော့ ဘေးတစောင်းထိုင်နေရက အနေအထားပြောင်းကာ ပေါင်ပေါ်ခွထိုင်ဖြစ်လိုက်သည်။ ကိုးကိုးကဖြင့် သူပြောင်းလိုက်သည့်ခြေထောက်အလွှဲအခက်ကအစ သေချာလိုက်ကြည့်နေလေ၏။ ရုပ်ကတော့ တည်တည်တင်းတင်း။

ဟင်း ... သိပ်နုတဲ့လူပျိုကြီး‌ သူ့ကိုဆူရင်း နေရခက်နေရောပေါ့။

"ကျောင်းချိန်တွေ လမ်းမသလားပါဘူး။ တေးတေးပုံစံက အစ်ကိုကြီးတွေအကြိုက် ဖြစ်မယ်ထင်တယ်။ Gym Trainer၊ စားသောက်ဆိုင်ပိုင်ရှင်၊ တစ်ယောက်ဆို ဘောလုံးသမားတောင်ပါသေး ... အကုန်ထောင်ထောင်မောင်းမောင်းတွေချည်း။ တေးတေးကလည်း ခပ်ဆိုးဆိုးဆိုတော့ သူတို့တွေ့ချင်တယ်ပြောရင် ကျောင်းပဲလာတွေ့၊ မအားဘူးလို့ပြောတာပေါ့။ သူတို့ကလည်း ဘယ်လာရလာရ အလုပ်မအားလည်း ကျောင်းဖြင့်ကျောင်း၊ အဆောင်ဖြင့်အဆောင် လိုက်ပိုးကြတာပဲ။ တေးတေးလည်း တစ်ခါတလေအားရင်တော့ အပြင်လေးဘာလေး မုန့်လိုက်စားပေးပါတယ်။ ရည်းစားလိုတွဲလို့ အဆင်ပြေတဲ့သူနဲ့ကျလည်း ဟဲဟဲ ... အလိုလိုက်မိတာပေါ့"

"ဘုန်းလျှံမောင်!!"

"ကြည့်ပါလား၊ ကိုးကိုးပဲ မဆူဘူးဆိုလို့ Ex တွေအကြောင်းပြောပြတာလေ။ သူပဲအတင်းမေးပြီး သူပဲဆူနေတယ်"

ကိုးကိုးက မကြားချင်တာတွေ ကြားလိုက်ရတာမို့ တေးတေးကိုပေါင်ပေါ်က အသာတွန်းဖယ်သည်။ ခေါင်းကလည်း မမြင်ချင်သလို လွှဲထားလိုက်သေး၏။ တေးတေးသဘောပေါက်ပါသည်၊ သဘောကတော့ ကိုးကိုး စိတ်ဆိုးနေပါတယ်ပေါ့။

ဒါကိုသဘောကျနေသော တေးတေးက အပျော့ဆွဲ,ဆွဲသည်။ စိတ်ပါနေသော ကိိုးကိုးအပေါ်တက်ရင်း အလှုပ်အခတ်တချို့ဖြင့် မထိတထိဆွနေဆဲ။ လည်ဂုတ်ကိုပွတ်သပ်နေသော လက်ချောင်းများက နားမှတဆင့် မေးရိုးတွေထိရစ်တွယ်ဦးမည်။

"ပေါင်ပေါ်ကတွန်းချလည်း မဆင်းဘူးနော်။ ကိုယ်ဆွမိတဲ့ကိစ္စ ကိုယ်တာဝန်ယူပေးမှာပေါ့ မဟုတ်ဘူးလား ... တေးတေးလည်း အခုစိတ်ပါလာပြီပဲဟာ"

"မင်း Ex တွေသွားပြော"

"တကယ်နော် ကိုးကိုး။ အိုခေ ... ရတယ်လေ။ ဘုန်းလျှံမောင်ဆို သူတို့ကဘယ်အချိန်နေနေ Welcome ပဲတဲ့နော်၊ ဖုန်းတစ်ချက်ဆက်လိုက်ရုံပဲ။ ရန်ကင်းက ဘောလုံးသမားခေါ်ရမလား၊ အင်းစိန်က Gym...."

အမောင်တေးတေးတို့ စကားပင်မဆုံးလိုက်၊ ဆာလောင်နေသည့်ကျားရိုင်းက သမင်လေးကို ခုန်အုပ်သည့်နှယ် အပေါ်အောက်ပြောင်းပြန်ဖြစ်သွားသည်။ စက္ကန့်ပိုင်းအတွင်း ဖြစ်ပျက်သွားတာမို့ တေးတေးမှာ မျက်မှန်လေးတောင်ပင့်ချိန်မရ။ မျက်လုံးအစုံကို ဖွင့်ကြည့်လိုက်တော့ မာန်ဖီနေသော ကျားရိုင်းတစ်ကောင်လို ဒေါသမီးခိုးတွေဝေနေသည့် ကိုးကိုးမျက်နှာကို တွေ့လိုက်ရသည်။ တေးတေးရင်အစုံမှာ ရထားတစ်စင်းဖြတ်မောင်းခံနေရသလို တဒုန်းဒုန်းနှင့်။

"ကိုးကိုး!"

သည်အချိန်မှတော့ တားလို့မရတော့မှန်း တေးတေး သိလိုက်လေပြီ။ ချက်ချင်းဆိုသလို နမ်းရှိုက်ခံလိုက်ရပုံများ ခါတိုင်းလိုမျက်မှန်ပင် ချွတ်မပေးတော့။ လက်နှစ်ဖက်မှာ တေးတေးရင်ဘတ်နှင့် အင်္ကျီကြယ်သီးတချို့ပေါ် ပြေးလွှားနေပြီ။ ခန္ဓာကိုယ်တစ်ခုလုံးကတော့ တေးတေးကိုယ်ပေါ် အတုန်းအရုန်းလူးလဲနေတာမို့ ရင်ခုန်တာရော၊ လှိုက်မောတာရော ခံစားချက်တွေ စက္ကန့်အလိုက်ရောပြွန်းသွားသည်။

"အာ့..."

"သွားမှာလား၊ လူကိုဆွထားပြီးမှ တစ်ယောက်ယောက်ဆီသွားမှာလား ... ပြော"

နမ်းရင်းရှိုက်ရင်း၊ ရုန်းရင်းကန်ရင်း၊ ကူးရင်းလူးရင်း ကိုးကိုးအသံတွေ ခပ်သွက်သွက်ထွက်လာတာ ဗလုံးဗထွေး။ လှိုက်ဖိုနေသော တေးတေးကလည်း အသက်ကိုမနည်းရှူရင်း မျက်မှန်ကိုဆွဲချွတ်ပစ်လိုက်သည်။ ပြီးမှ ကိုးကိုးဆံစတွေကို ပွတ်သပ်မိရင်း၊

"စတာ ... စတာပါ။ ကိုးကိုးဆီက ဘယ်မှမသွားဘူး။ ဘယ်သူမှ ကိုးကိုးလောက်မကောင်းဘူး ... အာ့ ကိုးကိုး"

မီးရောင်ဝါကျင့်ကျင့်နှင့် သူတို့အခန်းလေးမှာ စကားသံတချို့လွှမ်းလာလေလိုက်၊ အသက်ရှူသံလိုလို မောဟိုက်သံလိုလိုတွေ ထွက်ပေါ်လာလိုက်ဆိုတော့ သဘာဝအသံတွေက တိတ်ဆိတ်ကုန်ကြရသည်။ ကားဟွန်းသံတွေ အခန်းထဲထိရောက်မလာတော့၊ အောက်ထပ်က ကလေးတွေဆော့သံ ပြတင်းကြားတွေကတဆင့် တိုးမဝင်လာနိုင်တော့။ မြန်ဆန်သွက်လက်သည့် အလှည့်အပြောင်းတို့က ကျားနှင့်သမင် အချစ်စမ်းပွဲကစားနေသည့်အတိုင်း။

ငယ်ရွယ်သူနှင့် ရင့်ကျက်သူ၊ 

ကျီစယ်တတ်သူနှင့် သဝန်တိုတတ်သူ၊

ပျော်သလိုနေသူနှင့် စည်းကမ်းကြီးသူ၊

လွတ်လွတ်လပ်လပ်နေတတ်သူနှင့် ထိန်းကျောင်းပေးနိုင်သူ။

သည်လိုမတူညီသော အစွန်းတစ်ဖက်ဆီမှာ ရပ်နေကြသောသူတို့နှစ်ဦးတွင် တူညီတာတစ်ခုတော့ ရှိနေခဲ့တာပါပဲ။ ဆန့်ကျင်ဖက်မှာ ရှိနေဦးတော့ သံယောဇဉ်ဖြင့် ချည်နှောင်ကြသည်။ မကောင်းလျှင်ပြင်၊ ကောင်းသလိုပင် ချည်နှောင်ရင်းက အချင်းချင်းတွယ်တာကြသည်။ နေ့စဉ်နှင့်မက အနာဂတ်ပါရက်ဆက်လာတော့ တွယ်တာခြင်းက အဆင့်အထပ်တက်ကာ မြတ်မြတ်နိုးနိုးရှိခဲ့ကြပြီ။

ဤမြတ်နိုးခြင်းသည် ချစ်ခြင်းမည်၏။

3.7.2022

..........................

(A/N) ညီမိုးလွင်ရဲ့ Role နဲ့ပတ်သက်ပြီး မေးစရာရှိကြမယ်ထင်လို့ပါ။ သူက Eric နဲ့တုန်းက Bottom မှာနေခဲ့တဲ့သူဆိုပေသိ တေးတေးကကျလည်း ဘယ်သူနဲ့နေနေ လုံးဝ Top မဖြစ်ချင်သူပါ။ ဒါမို့သူတို့နှစ်ယောက်မှာတော့ ကိုးကိုးကအပေါ်လူပေါ့။ အယ် အရင်ကတော့ အပေါ်မှမဟုတ်တာဆိုပြီး အတွေးလွန်နေမှာစိုးလို့။ အပြင်မှာဒီလိုတွေရှိတယ် ... တစ်မျိုးတည်းပဲနေချင်တဲ့သူလည်းရှိသလို၊ အဆင်ပြေသလိုနေကြတာလည်းရှိတယ်။ အချစ်ကအဓိပဲလေ ... ပြီးတော့ သူတို့အားလုံးက ယောကျ်ားတွေပဲမို့ :3

အလုပ်ဝင်နေရတာနဲ့ ဒီတစ်ပိုင်းဆို ဖီ အတော်ကြာသွားတယ်။ နောက်အပိုင်းဆိုရင်တော့ ကိုးကိုးနဲ့တေးတေးတို့ကို နှုတ်ဆက်ရပါပြီနော်...

..................................

Bạn đang đọc truyện trên: Truyen3h.Co