Truyen3h.Co

သင်္ကြန်မောင်

Thingyan Special Extra

Fi_Lay

💦 Unicode 💦

အချပ်ပို (၃)

ညနေရုံးဆင်းချိန်မို့ ခဲပြာရောင်ကောင်းကင်အောက်တွင် ကားတန်းရှည်ကြီးတွေ ပိတ်ပိတ်သားထပ်နေသည်။ ပွိုင့်မိနေသော်ငြား မီးနီ၊ မီးစိမ်းကိုမမြင်ရ။ တိုးထွက်စရာလမ်းကြောကိုလည်း မတွေ့ရ။ ကားစက်သံ၊ ဟွန်းသံ၊ လူသံတို့ကြောင့် ညီမိုးလွင်စိတ်တွင် ငြီးစီစီဖြစ်လာသည်။ စတီယာရင်ပေါ်တင်ထားသောလက်ကနာရီကို စောင်းကြည့်တော့ ဆေးရုံရောက်သင့်သည့်အချိန်လည်း ဖြစ်နေပြီ။ ခွဲစိတ်ရမည့်လူနာကို စစ်ဆေးဖို့လည်းသင့်နေပြီ။ သို့ပေမဲ့လည်း ကားတန်းရှည်ကြီးကိုကြည့်ရင်း ညီမိုးလွင်တစ်ယောက် သက်ပြင်းပူပူသာ ချမိတော့၏။

"မူယာ ခွဲခန်းအဆင်သင့်ဖြစ်ပြီလား၊ ဘုန်းလျှံတို့ရော"

လူနာခွဲရမည့် ပုဂ္ဂလိကဆေးရုံရောက်သည်နှင့် သူ စသိချင်သည်က ဘုန်းလျှံမောင်ဘယ်မှာဆိုသည့်အကြောင်း။ ကားပေါ်မှာကတည်းက ဖုန်းဆက်နေတာကိုမကိုင်တော့ နည်းနည်းလည်း ဆူပူချင်မိသည်။

"ဆရာကောင်းက ခွဲဖို့ပြင်နေပါပြီ။ ဆရာဘုန်းလျှံကတော့ အသိလူနာရောက်နေတယ်ဆိုလို့ သွားကြည့်တယ်ဆရာ"

"အသိလူနာ ... ဘယ်သူ ဘာဖြစ်လို့တဲ့လဲ"

"Gym Trainer ပဲဆရာ၊ အရိုးအက်သွားလို့တဲ့"

မူယာပြောလိုက်သော Gym Trainer ဆိုသည့်အသံကြောင့် ညီမိုးလွင်မျက်ဝန်းတို့ မှေးကျဉ်းသွားသည်။ လှမ်းလက်စခြေလှမ်းကလည်း တုံ့ခနဲရပ်တန့်သည်။ ထိုအချိန် ဆရာ့အိတ်လိုက်ဆွဲပေးရင်း ခြေလှမ်းကျဲတွေနှင့် အမြန်လျှောက်နေသော မူယာပါ ရပ်လိုက်ရတာ တုံ့ခနဲ။

"အဲလူနာ ဘယ်မြို့နယ်ကလဲ"

"အင်းစိန်ကတဲ့ ဆရာ"

သေချာနေပါပြီ။ အင်းစိန်က Gym Trainer ၊ ရန်ကင်းက ဘောလုံးသမား၊ ကျောက်မြောင်းတခွင်က စားသောက်ဆိုင်ပိုင်ရှင် ... ကာရံအလိုက်တောင် အလွတ်ရနေတဲ့ တေးတေးရည်းစားဟောင်းစာရင်းကို သူ သိပ်မှတ်မိတာပေါ့။ ဒါမို့ ကောင်းခန့်ပိုင် ပြင်နေပြီဖြစ်တဲ့ ခွဲခန်းအသာထား၊ ခွဲလူနာ ခဏနား၊ သူအပီနားမကားဖို့ရာ ရည်းစားဆီသာ လိုက်လာခဲ့၏။

"ဘယ်အထပ်လဲ၊ အဲဒီအရင်သွားမယ် မူယာ"

ညီမိုးလွင်အပြောကြောင့် မူယာက ခပ်သုတ်သုတ်ရှေ့မှလျှောက်ရသည်။ လူနာခန်းရှေ့ရောက်တော့ အထဲလိုက်မဝင်ရ။ ညီမိုးလွင်က သူ့အိတ်ထားဖို့ပေးပြီး ပြန်စေလိုက်သည်။ သူ့ခမျာမှာတော့ အခန်းတံခါးမခေါက်ဘဲ လူလုံးမပြသေးခင် အခန်းထဲရယ်မောသံတွေကို စက္ကန့်အနည်းငယ် နားစိုက်ထောင်ရသေး၏။ သို့ပေမဲ့ လူသူလေးပါးလည်း ဖြတ်သွားဖြစ်လာရှိနေတော့ ကြာကြာရပ်မကောင်း။ တံခါးခေါက်ပြီး ဝင်လိုက်ရ၏။

"ဟာ ... ဆရာ"

ဆရာ ... ဆရာတဲ့လား။ အခန်းထဲဝင်ဝင်ချင်း ကြည့်လိုက်တော့ သူတို့ချစ်သူနှစ်ဦးရယ်၊ ကုတင်ပေါ်လဲလျောင်းနေတဲ့ ထိုလူရယ် ... သုံးဦးထဲရှိတာကို ဆရာလို့ခေါ်လိုက်တာဆိုတော့ ဒါသည် ရည်းစားဆိုတာကို မသိစေချင်တဲ့သဘောလား။ လူနာစောင့်တို့၊ သူနာပြုဆရာမတို့ရှိနေရင်လည်း တစ်မျိုးပေါ့။

"အင်း ဖုန်းမကိုင်လို့ စိတ်ပူနေတာ၊ ဒီမှာရှိနေတာကိုး"

တကယ်တော့ ဆေးရုံရောက်ပြီလို့ လွန်ခဲ့တဲ့တစ်နာရီထဲက စာပို့ထားသည့်ရည်းစားကို ဖုန်းမကိုင်လို့လည်း အထူးအထွေစိတ်ပူစရာ မလိုပါပေ။ ထူးခြားသည့်ဆက်ဆံရေးရှိကြောင်းကို သိစေချင်၍ တမင်တကာထည့်ပြောလိုက်ခြင်းသာ ဖြစ်သည်။ ပုံမှန်ဆရာ၊တပည့်ဆက်ဆံရေးဆို ဖုန်းမကိုင်ရုံနဲ့ စိတ်ပူနေကြောင်း ဘယ်ပြောကြပါ့မလဲ။ သည်လူအကင်းပါးရင် ရိပ်မိမှာပေါ့။

"ဟာ ဟုတ်လား၊ ဖုန်းကအိတ်ထဲကျန်ခဲ့ပြီထင်တယ်။ ဒါနဲ့ ဆရာ ဒါကျွန်တော့်အသိ ကိုကိုလတ်တဲ့၊ ခြေထောက်အရိုးအက်သွားတယ်ဆိုလို့ လာကြည့်တာ။ ကိုလတ် ... ဒါက ကျွန်တော့်ဆရာ ဒေါက်တာညီမိုးလွင်တဲ့၊ မခန့်ဘူးလား"

ချစ်သူရည်းစားအဖြစ် မိတ်ဆက်မပေးပေမဲ့ 'မခန့်ဘူးလား' ဆိုသည့် အပိတ်စကားလေးကြောင့် ညီမိုးလွင် စိတ်မထိန်းနိုင်ဘဲ ပြုံးတုံ့တုံ့တော့ ဖြစ်သွားသေးသည်။ ရည်းစားရဲ့ရည်းစားဟောင်းဆိုပေမဲ့လည်း လူနာကလူနာပဲမို့ ဆရာဝန်ဝတ္တရားလည်း မပျက်သင့်ပေဘူးမလား။

"မင်းဆရာ ခန့်ပါတယ်ကွာ။ တွေ့ရတာ ... အင်း ဝမ်းသာကြည်နူးရပါတယ် ဆရာ"

နှုတ်ဆက်ပုံကလည်း တကယ်ရော ဝမ်းသာရဲဲ့လားလို့ပင် တွေးစရာရှိသည်။ သို့ပေမဲ့ ရှည်ရှည်ဝေးဝေးတွေးနေချိန်မရကြ၊ လူနာကို နှုတ်ဆက်ပြီး ခွဲခန်းဝင်ဖို့ နှစ်ယောက်သား ထွက်လာခဲ့ကြတော့သည်။

.................

ခွဲစိတ်ခန်းအတွင်း လူနာမေ့ဆေးပေးပြီးနေပေပြီ။ ဘုန်းလျှံတို့၊ ကောင်းခန့်တို့်သည် Laparoscopic Surgery အတွက် မှန်ပြောင်းနှ
င့်ပိုက်တွေ ပြင်ဆင်ရင်း စကားတပြောပြောရှိနေကြသည်။ သူပြောကိုယ်ပြောနှင့်မို့ ခွဲခန်းထဲသို့ ညီမိုးလွင် လက်ဆေးပြီးဝင်အလာကို မရိပ်မိကြ။ ဆရာမတွေပဲရှိသည်အမှတ်နှင့် ပြောချင်ရာပြောနေကြလေ၏။

"ကိုလတ်နဲ့ မတွေ့တာတောင်ကြာပြီ၊ Muscle တွေအတော်တောင့်နေပြီလားဟ"

"မနှစ်ကထက်ပိုကျစ်ပြီး ကြည့်ကောင်းလာပြီ။ ဆရာ့ကိုတော့ မပြောနဲ့နော်၊ ငါနဲ့ကိုလတ်က အရင်လကကို ဆုံသေးတယ်။ ဒါမို့ငါ ဒီဆေးရုံမှာရှိမှန်းသိတာ"

"ရုပ်ကမပြောချင်ဘူး၊ အတော်ဖြစ်"

"အဟောင်းကြီးပါကွာ"

ထိုအချိန်မှာပဲ

"အဟင်း"

ညီမိုးလွင် ချောင်းဟန့်သံပေးလိုက်တော့ ဘုန်းလျှံတို့စကားသံတွေ တိတ်ကျသွားသည်။ တစ်ခါတည်းဆိုသလို လူနာမှာပဲ အာရုံစိုက်ဖို့ဆူလိုက်တော့ သူ့ကောင်လေးက မျက်မှန်အထက်က ခိုးကြည့်လာသေးတာ စိုက်ခနဲ။ မျက်နှာတွင် နှာခေါင်းစည်းတပ်ထားရပေသိ လေးနက်သည့်မျက်လုံးအကြည့်နှင့်ပဲ ညီမိုးလွင် သတိပေးလိုက်၏။

ခွဲခန်းထဲထိ အရင်ရည်းစားဟောင်းအကြောင်း ပြောင်နောက်နေတာတော့ မဖြစ်သင့်တော့ဘူးမလား။ ပြီးတော့ အရင်လက ဆုံခဲ့သေးတယ်ဆိုတဲ့ကိစ္စ သူ့ခမျာ သိလည်းမသိရ။ အိမ်ရောက်မှမေးရဦးမည်ဟု တေးထားလိုက်၏။

"မမယု အဆင်သင့်ပဲလား"

"အဆင်သင့်ပါပဲရှင်"

မေ့ဆေးအထူးကုဆရာဝန် မမယုက လူနာရှေ့ပိုင်းမှရပ်ကာ ခေါင်းဆတ်အတည်ပြုသည်။ လူနာကုတင်၏တစ်ဖက်ခြမ်းကတော့ သည်းခြေအိတ်ဖြတ်ထုတ်နိုင်ဖို့ ဘုန်းလျှံတို့က ပိုက်တွေ၊ ကြိုးတွေ ပြင်ဆင်နေကြပြီ။ Laparoscopic Surgery ဆိုသည်က ဝမ်းဗိုက်ကို ဓားနှင့်ခွဲပြီးဖွင့်တာမျိုးမဟုတ်ဘဲ အလွန်သေးငယ်သော ခဲတံလုံးဝင်ရုံလောက်သာရှိမည့် အပေါက်လေးတွေဖောက်၍ ကင်မရာနှင့် ခွဲစိတ်ကိရိယာတို့ကို တစ်လှည့်စီပြောင်းကာ ထည့်သွင်းခွဲစိတ်ခြင်းမျိုးဖြစ်သည်။ ဒါကို ညီမိုးလွင်ကဦးဆောင်၍ TV ကြည့်ခွဲစိတ်မှာဖြစ်ပြီး ဘုန်းလျှံနှင့်ကောင်းခန့်တို့က အကူဝင်ပေးရမည်။

ဦးစွာပထမ ဘုန်းလျှံမောင်က လူနာ၏ချက်ကို ဓားနှင့်လှီးသည်။ ထို့နောက် ပိုက်ဝင်သာအောင် အချင်းတစ်စင်တီမီတာခန့်ရှိသည့် အပေါက်ကိုစဖောက်သည်။ ပြီးလျှင် ကောင်းခန့်က ခွဲစိတ်ရအဆင်ပြေစေရန် ကာဗွန်ဒိုင်အောက်ဆိုဒ်ဓာတ်ငွေ့ဖြင့် လူနာ၏ဗိုက်ကိုဖောင်းအောင် ပြုလုပ်သည်။ ထိုအချိန်တွင် ဘုန်းလျှံမောင်တစ်ယောက် ဗိုက်ထဲထည့်သွင်းရမည့်ကင်မရာကို အရောင်ချိန်ပြီး လူခန္ဓာကိုယ်၏အပူချိန်နှင့်ညီမျှအောင် ရေနွေးစိမ်နေလေပြီ။

ညီမိုးလွင်မှာ သူ့တပည့်နှစ်ဦး၏ အစဉ်တကျလုပ်ကိုင်ပုံတွေကို စောင့်ကြည့်ရင်း လွန်စွာကျေနပ်နေမိသည်။ သို့ပေမဲ့ လက်လွှတ်စပယ်တော့မထား၊ သူ့အကြည့်တွေမှာ နှစ်ယောက်စလုံးထံသို့ အာရုံမပြတ်ရှိနေသည်။ အမှားရှိလာလျှင် ဝင်ထောက်ပေးဖို့ ဖြစ်၏။ ကောင်းခန့်တစ်ယောက် လူနာ၏ဝမ်းဗိုက်ပတ်လည်တွင် အပေါက်လေးပေါက်ခန့် ဖောက်ပြီးချိန်၌ ဘုန်းလျှံမောင် ကင်မရာထည့်ဖို့ပြင်တော့သည်။

"ကင်မရာရယ်ဒီဖြစ်တာ သေချာရဲ့လား"

"သေချာပါတယ် ဆရာ၊ ထည့်တော့မလို့"

ညီမိုးလွင်အမေးကို ခပ်မြူးမြူးဖြစ်နေသောဘုန်းလျှံက သေချာသည့်သဘောဖြင့် မျက်ခွံလေးပါ ပင့်ကာဖြေလိုက်သေး၏။ သည်လိုနှင့် ကင်မရာကို ကြိုးပိုက်တွေကတဆင့် ဝမ်းဗိုက်ထဲထည့်တော့ TV ဖန်သားပြင်တွင် အူတွေကလီစာတွေ စတင်မြင်ရလေပြီ။ ခွဲစိတ်ချိန်မြင်ရဖို့ အကောင်းဆုံးရှူထောင့်ကို ချိန်ညှိစဉ်မှာပဲ မထင်မှတ်စွာ ကင်မရာက စတင်အခိုးရိုက်လာလေသည်။

ထိတ်ထိတ်ပျာပျာမော့ကြည့်လာသော ဘုန်းလျှံမောင်အား ညီမိုးလွင် မျက်စောင်းခဲသာကြည့်လိုက်လေတော့၏။

..................

"ပြောပါဦး နောက်ထပ်ဘာအကြောင်းတွေများ ထိမ်ချန်ထားသေးလဲ"

ညီမိုးလွင်က ဆိုဖာပေါ်နောက်မှီပြီး ဘီယာတစ်ဗူးကိုဖောက်ရင်း ဆိုသည်။ ညစာကိုလမ်းမှာ စားခဲ့ကြတော့ အခုမှပဲ စကားအေးဆေးပြောရတာဖြစ်၏။ ပြန်လာတော့ မီးကပျက်နေပြီ။ အခန်းထဲလည်း မဝင်ချင်သေးတော့ တစ်ညနေလုံးမေးချင်လာခဲ့သည့်စကားကို ဧည့်ခန်းတွင်သာ ထုတ်မေးလိုက်လေ၏။ ဒါကို နောက်ကပါလာသော ဘုန်းလျှံကတော့ အထုပ်တွေဆွဲပြီး အခန်းထဲဝင်ဟန်ပြုသည်။

"ဘယ်လဲ"

"ဟို... အိတ်တွေထားပြီး မီးထွန်းမလို့"

"မလိုဘူး၊ လာထိုင်"

လေသံအေးအေးနှင့်ပြောတော့ ဘုန်းလျှံက နံဘေးဝင်ထိုင်ရှာသည်။ သူတို့အခန်းတွင် မီးမထွန်းရသေးပေမဲ့ မျက်နှာချင်းဆိုင်တိုက်ခန်းတွေမှ အလင်းရောင်ကတော့ ဝင်းထိန်နေသည်။ အနီးကပ်ထိုင်လာသော ဘုန်းလျှံကို ညီမိုးလွင်က ဘီယာသောက်ရင်း ကြည့်နေဖြစ်တာ တမြေ့မြေ့။ အပြစ်လုပ်ထားသလို မနေတတ်သောကောင်လေးကလည်း ဘီယာတစ်ဗူးယူကာ ဖောက်သောက်နေလေ၏။

"ကိုယ်ဆူမှာကြောက်သလား"

ညီမိုးလွင် နှစ်ကိုယ်ကြားသာ ကြားနိုင်ရုံအသံဖြင့် မေးလိုက်ခြင်းဖြစ်သည်။ ဘုန်းလျှံ၏မျက်ဝန်းအိမ်တို့တွင် ဝမ်းနည်းသောအရိပ်အငွေ့တချို့ ဖြတ်သန်းသွားတာ ညမှောင်မှောင်တွင်တောင် မြင်ဖြစ်အောင်မြင်လိုက်ရပေ၏။

"တမင်ဖုံးကွယ်ထားတာမျိုး မဟုတ်ပါဘူး၊ ပြောမှ စိတ်အနှောင့်အယှက်ဖြစ်နေမှာစိုးလို့ မပြောဘဲထားလိုက်တာ။ သူနဲ့လည်း ဘယ်လိုအထူးတလည် ဆက်ဆံရေးမှမရှိပါဘူး။ တကယ်...ယုံ"

"ကိုယ် တေးတေးကိုမယုံလို့ဆိုပြီး ဘယ်နှခါများစွပ်စွဲဖူးသလဲ"

ညီမိုးလွင်မေးသံက အေးဆေးသည်၊ တည်ငြိမ်သည်။ အပြောချက်ချင်းရပ်သွားသော ဘုန်းလျှံကတော့ ခေါင်းချက်ချင်းခါရမ်းလိုက်သော် ဆံစတချို့ လွင့်ရမ်းသွားသည်။ စကားသံတော့ဖြင့် ထွက်မလာခဲ့။ စက္ကန့်မှသည် မိနစ်ချီသည်အထိ တစ်ဦးကိုတစ်ဦး ကြည့်ရုံသာကြည့်နေမိခဲ့ကြတဲ့ သူတို့အဖြစ်ရယ်ပါ။ ပြီးမှသာ ဘုန်းလျှံတစ်ယောက် လက်ထဲက ဘီယာဗူးကိုချပြီး ညီမိုးလွင်ရင်ခွင်ထဲသို့ ခေါင်းထိုးဝင်တော့လေ၏။ ဒါသည် ဘုန်းလျှံ အဆူခံရချိန်တိုင်း၊ ဝမ်းနည်းလေချိန်တိုင်း ပြုမူတတ်သော ချစ်စဖွယ်အမူအကျင့်လေးပင် ဖြစ်သည်။

ယခုဆို သူတို့နှစ်ဦးအတူရှိနေခဲ့ကြတာ ရှေ့လသင်္ကြန်ရောက်လျှင် သုံးနှစ်သုံးမိုးပင် ပြည့်တော့ပေမည်။ တစ်ယောက်အကြောင်း တစ်ယောက် အတော်ပင်သိလာကြပြီဆိုပေသိ ညှိုယူရသောကိစ္စတို့က မကုန်ဆုံးနိုင်။ အသက်အားဖြင့် ဆယ့်သုံးနှစ်ကျော်ကွာခြားတာမို့ ကိစ္စရပ်တော်တော်များများအပေါ် ထင်မြင်သည့်ယူဆချက်တွေလည်း ကွဲလွဲကြဆဲ။ တိုးတိုးတစ်မျိုး၊ ကျယ်ကျယ်တစ်မျိုး ငြင်းခုံရသည့်အချိန်တချို့လည်း ရှိခဲ့ဖူးသလို ယခုလိုရင်ခွင်ချင်းအပ်ကာ ရှင်းလင်းကြရသည့် နေ့တွေညတွေဆိုတာလည်း မနည်းခဲ့ပါပေ။

ထိုသို့သော အခြေအနေများတွင် အများသောအားဖြင့်တော့ ညီမိုးလွင်က နားလည်အောင် ရှင်းပြဆုံးမခဲ့သူဖြစ်ပြီး ဘုန်းလျှံမောင်က ငြိမ်ငြိမ်ကလေး နာခံတတ်သူဖြစ်သည်။ အသက်ကြီးလို့၊ ခန္ဓာကိုယ်တောင့်တင်းလို့ ညီမိုးလွင်ကလည်း ကိုယ်ထိလက်ရောက် တစ်ခါမှကျူးလွန်ရိုက်နှက်ခြင်း မပြုမူဖူးသလို၊ ဘုန်းလျှံသည်လည်း တဇွတ်ထိုးဆန်စွာ ဆိုးသွမ်းတတ်သူမဟုတ်တော့ သူတို့နှစ်ယောက်ကြားက အပေးအယူမျှမှုသည် ချမ်းမြေ့ဖွယ် မင်္ဂလာတစ်ပါးပဲဖြစ်ခဲ့၏။

"ချစ်သူတွေဆိုတာ အချင်းချင်းယုံကြည်ရတယ်၊ ဖေးမရတယ်၊ တိုင်ပင်ရတယ်၊ ပွင့်ပွင့်လင်းလင်းရှိရမယ်လို့ ကိုယ် ခဏခဏပြောတယ်လေ။ တေးတေး ရည်းစားဟောင်းနဲ့တွေ့ခဲ့လို့ ကိုယ် စိတ်မရှင်းတာမျိုး၊ ပြဿနာရှာမှာမျိုး ရှိလာမှာမဟုတ်ပါဘူး။ ဒါပေမဲ့ နေ့လယ်က ကောင်းခန့်ကိုလှမ်းပြောလိုက်တဲ့ 'ဆရာတော့မသိစေနဲ့နော်' ဆိုတဲ့စကားကြားရတာတော့ စိတ်မကောင်းဘူးပေါ့။ ကိုယ်မသိတဲ့တခြားအကြောင်းတွေ ဘယ်လောက်များ ထိမ်ချန်ထားဦးမလဲ တွေးမိလာတယ်"

"မရှိဘူးနော်...နည်းနည်းမှမရှိပါဘူးဗျာ။ ကိုလတ်နဲ့တွေ့ခဲ့တာသာ ကိုးကိုး တစ်မျိုးတွေးမှာစိုးလို့ မပြောခဲ့ရုံပါပဲ"

"အသံကဘယ်လိုဖြစ်တာလဲ၊ ငိုမှာတော့ မဟုတ်ပါဘူးနော်"

ညီမိုးလွင် ရယ်သံရောသွမ်းရင်းစတော့ ကောင်လေးက ရင်ခွင်ထဲကထွက်လာသည်။ ပြီးလျှင် အရည်ကြည်တို့ဖြင့် ရွှန်းလဲ့နေသောမျက်လုံးတွေကို ပုတ်ခတ်ကာ၊

"ငိုစရာလားဗျ၊ ရှင်းပြရင်းအားပါသွားလို့ အသံတုန်တာပါ"

"ဟားဟား ဟုတ်ပါပြီဗျာ၊ ဟော ... မီးလာပြီ။ ရေချိုးသန့်စင်ပြီး စောစောအိပ်ရမယ်"

"နေပါဦး စောပါသေးတယ်၊ ဖက်ထားဦးမယ်"

ငဂျစ်ကောင်လေး တေးတေးက ရင်ခွင်ထဲတစ်ခါတိုးဝင်ပြန်တော့ ညီမိုးလွင်မှာ လှိုက်ခုန်ရင်မောရပြန်သည်။ တစ်ခါတစ်ခါ သူ မချစ်မိဘဲမနေနိုင်အောင်ကို ကောင်လေးက တစ်နေ့တစ်မျိုးဆွဲဆောင်နေသလား အောက်မေ့မိရသည်။

"မစောတော့ဘူး တေးပူးတူးရဲ့၊ မနက်ဂျူတီဝင်ရမယ်မလား"

"အား ... ဟုတ်တယ်၊ ဟုတ်တယ်။ ဒီတစ်ခါနောက်ကျရင် ဒေါ်ယုမေဝင်းတဲ့ တစ်ဝင်းတည်းရှိတယ်ဆိုပြီး ရာဇသံပေးထားတာ။ ချိုးမှ၊ ချိုးမှပဲ"

ရေချိုးခန်းဖက် အပြေးဝင်သွားသော ကောင်လေးမှာ ပြောနေကျဖြစ်သော နှစ်ခါပြန်စကားထပ်သံတွေ တစာစာရယ်ပါပဲ။ ဆရာဝန်တစ်ယောက် ဖြစ်နေပြီပေမဲ့ ညီမိုးလွင်မျက်လုံးထဲတွင်တော့ ဘုန်းလျှံက တေးတေးဟူသောနာမည်နှင့်လိုက်ဖက်စွာ ကလေးလေးတစ်ယောက်လိုပဲ မြင်နေမိသည်။ အခုလည်း ရေချိုးခန်းရှေ့က အသံစူးစူးဖြင့် လှမ်းအော်သေးတာ ... အင်္ကျီစို၊ ဘောင်းဘီတိုနှင့် ပုဆိုးအပိုရော ပါလေရဲ့လားမသိ။

"ဘောင်းဘီနှစ်ထည်က လျှော်ရဦးမယ်၊ ကိုးကိုး ရေမော်တာဖွင့်ပေးဦး"

စိတ်ထဲရှိသလို ပြောဆိုတတ်ပုံတွေ၊ ပွင့်လင်းတဲ့အမူအကျင့်တွေ၊ ကြိုးတပ်မျက်မှန်ကလေးနှင့် ချစ်စဖွယ်ပုံစံလေးတွေက လွန်ခဲ့သော ရှစ်နှစ်ကျော်က Ice မိတ်ဆက်ပေးခဲ့သည့် ပထမနှစ်ဆေးကျောင်းသားပုံစံလေးအတိုင်း ဘာမျှမပြောင်းလဲပါပေ။

ထုံးစံအတိုင်း ရေမော်တာဖွင့်ဖို့ လှမ်းအော်တတ်သည့်ကောင်လေးနောက် ပုဆိုးအပိုယူကာ ရေချိုးခန်းတံခါးခေါက်ကာ ပေးရမည်။ ဆံပင်စိုစိုနှင့်မအိပ်ဖို့ ချော့တစ်ခါ၊ ခြောက်တစ်လှည့် ဆိုရဦးမည်။ မအိပ်ခင် ဆေးစာတွေဖတ်ဖို့တော့ အကျင့်လုပ်ပေးခဲ့ပြီးပြီ။ သန်းခေါင်ယံတရေးနိုး ညလယ်စာထစားဖို့၊ နိုးတာနှင့်ဆာတတ်တဲ့ ဗိုက်လုံးလုံးလေး အပြည့်ဖြည့်ဖို့ မုန့်ပဲသရေစာလေးတွေ ပြင်ဆင်ရဦးမည်။

သည်လို ဂရုစိုက်ခြင်းသည်က အတင်းစေခိုင်းခံရခြင်းမျိုးမဟုတ်။ အချစ်မှဆောင်ကြဉ်းလာသော ယုယခြင်းမျိုးသာ မည်ပေ၏။

"တေးတေး ပုဆိုးယူထားဦး"

ညီမိုးလွင် ရေချိုးခန်းတံခါးခေါက်ကာ အသံပေးတော့ ရုတ်တရက်ဆိုသလို ရေတွေဖြန်းခနဲစိုရသည်။

"ဟာ ... ဒီကလေးနဲ့တော့ စိုကုန်ပြီကွ"

"သင်္ကြန်ရောက်တော့မယ်လေ"

အင်္ကျီမကပ်ဘဲ ခပ်မြူးမြူးလေးပြောပုံကိုက သင်္ကြန်အကြောင်းပြောရုံနှင့်တင် အတော်ပျော်နေပုံရလေသည်။ တစ်နှစ်တစ်မျိုးမရိုးရအောင် ရေဆော့ချင်၊ လည်ပတ်ချင်သော သင်္ကြန်မောင်လေးက သည်နှစ်အတွက်ရော ဘာတွေများကြိုကြိုတင်တင် စဉ်းစားပြီးနေပြီလဲမသိ။ ဘယ်နေရာမှာ၊ ဘယ်လိုပဲဖြစ်ဖြစ်ပါလေ သူကတော့အလိုလိုက်ဖို့ အသင့်ဆိုတော့ အပြုံးတစ်ချက်သာ နှုတ်ခမ်းထက် ဆင်မြန်းဖြစ်လေသည်။

"ပြောပါဦး ... ဒီနှစ်သင်္ကြန်ရော ဘယ်မဏ္ဍပ်မှာ ဘာတွေမွှေဦးမှာလဲ သင်္ကြန်မောင်"

"နိုး ... နိုး မဟုတ်သေးဘူး၊ ဒီနှစ်လည်းခရီးသွားချင်တာ"

"ဟင် ... ကြိုလည်းမပြောဘူး၊ ဘယ်ဆီလဲ"

"ကရင်ပြည်"

ခွက်ပုန်းကြံသူ၏ မျက်ခုံးပင့်ပြန်ကာ ပြောလိုက်ပုံက ညီမိုးလွင် နားကြားများမှားသလားတောင် ထင်မိသွားသည်။ မိဘတွေဆီလိုက်လည်ပါ တစ်နှစ်ပတ်လုံး ချော့ပြောတော့ ကြောက်ပါတယ်အမြဲညည်းသူမို့ အိမ်ခေါ်ဖို့ လက်လျှော့ခဲ့ရသမျှ အခုတော့ လိုက်ပါတော့မည်တဲ့လား။ အချစ်နှင့်ပတ်သက်လျှင် ကံခေခဲ့သူအဖို့ ဆွေပြမျိုးပြခေါ်သွားခွင့် ရခဲ့ပြီတဲ့လားလေ။

"ဝမ်းသာလိုက်တာ တေးတေးရာ၊ တကယ်ဝမ်းသာလိုက်တာ"

ရေစိုလက်စအင်္ကျီနှင့်ပဲ ကောင်လေးကို ရုတ်ချည်းလှမ်းဖက်မိလေပြီ။ အပျော်လွန်လို့ပဲလား၊ စကားတွေဆိုတာလည်း ကောင်လေးကဲ့သို့ နှစ်ထပ်တွေပြောမိတာ မသိစိတ်အထိ ကူးနေမိတဲ့ချစ်စဖွယ်အကျင့်လေးပဲ ထင်ပါရဲ့။ သည်လိုဆို နှစ်ဖက်ဆွေမျိုးချင်း နီးစပ်စေလို့ရချေမည်။ မဝေးတော့သည့် သူတို့နှစ်ဦး၏အနာဂတ်တွင် ဆွေချင်းမျိုးစပ်နိုင်မည့် နေ့ထူးရက်မြတ်သာတွေ၊ တရားဝင်ပေါင်းဖက်နိုင်မည့် မင်္ဂလာရက်တွေသာ ထပ်ရှိလာတော့မည်။ သိမ့်နေအောင်ဖက်ထားမိကြသော ကြင်သူနှစ်ဦးရပ်ဝန်းတွင် ဝေဆာသောအချစ်ရိပ်တွေ လွှမ်းခြုံနေပေတော့၏။

ပြီးပါပြီ။

.......................

💦 Zawgyi 💦

အခ်ပ္ပို (၃)

ညေန႐ုံးဆင္းခ်ိန္မို႔ ခဲျပာေရာင္ေကာင္းကင္ေအာက္တြင္ ကားတန္းရွည္ႀကီးေတြ ပိတ္ပိတ္သားထပ္ေနသည္။ ပြိဳင့္မိေနေသာ္ျငား မီးနီ၊ မီးစိမ္းကိုမျမင္ရ။ တိုးထြက္စရာလမ္းေၾကာကိုလည္း မေတြ႕ရ။ ကားစက္သံ၊ ဟြန္းသံ၊ လူသံတို႔ေၾကာင့္ ညီမိုးလြင္စိတ္တြင္ ၿငီးစီစီျဖစ္လာသည္။ စတီယာရင္ေပၚတင္ထားေသာလက္ကနာရီကို ေစာင္းၾကည့္ေတာ့ ေဆး႐ုံေရာက္သင့္သည့္အခ်ိန္လည္း ျဖစ္ေနၿပီ။ ခြဲစိတ္ရမည့္လူနာကို စစ္ေဆးဖို႔လည္းသင့္ေနၿပီ။ သို႔ေပမဲ့လည္း ကားတန္းရွည္ႀကီးကိုၾကည့္ရင္း ညီမိုးလြင္တစ္ေယာက္ သက္ျပင္းပူပူသာ ခ်မိေတာ့၏။

"မူယာ ခြဲခန္းအဆင္သင့္ျဖစ္ၿပီလား၊ ဘုန္းလၽွံတို႔ေရာ"

လူနာခြဲရမည့္ ပုဂၢလိကေဆး႐ုံေရာက္သည္ႏွင့္ သူ စသိခ်င္သည္က ဘုန္းလၽွံေမာင္ဘယ္မွာဆိုသည့္အေၾကာင္း။ ကားေပၚမွာကတည္းက ဖုန္းဆက္ေနတာကိုမကိုင္ေတာ့ နည္းနည္းလည္း ဆူပူခ်င္မိသည္။

"ဆရာေကာင္းက ခြဲဖို႔ျပင္ေနပါၿပီ။ ဆရာဘုန္းလၽွံကေတာ့ အသိလူနာေရာက္ေနတယ္ဆိုလို႔ သြားၾကည့္တယ္ဆရာ"

"အသိလူနာ ... ဘယ္သူ ဘာျဖစ္လို႔တဲ့လဲ"

"Gym Trainer ပဲဆရာ၊ အရိုးအက္သြားလို႔တဲ့"

မူယာေျပာလိုက္ေသာ Gym Trainer ဆိုသည့္အသံေၾကာင့္ ညီမိုးလြင္မ်က္ဝန္းတို႔ ေမွးက်ဥ္းသြားသည္။ လွမ္းလက္စေျခလွမ္းကလည္း တုံ႔ခနဲရပ္တန႔္သည္။ ထိုအခ်ိန္ ဆရာ့အိတ္လိုက္ဆြဲေပးရင္း ေျခလွမ္းက်ဲေတြႏွင့္ အျမန္ေလၽွာက္ေနေသာ မူယာပါ ရပ္လိုက္ရတာ တုံ႔ခနဲ။

"အဲလူနာ ဘယ္ၿမိဳ႕နယ္ကလဲ"

"အင္းစိန္ကတဲ့ ဆရာ"

ေသခ်ာေနပါၿပီ။ အင္းစိန္က Gym Trainer ၊ ရန္ကင္းက ေဘာလုံးသမား၊ ေက်ာက္ေျမာင္းတခြင္က စားေသာက္ဆိုင္ပိုင္ရွင္ ... ကာရံအလိုက္ေတာင္ အလြတ္ရေနတဲ့ ေတးေတးရည္းစားေဟာင္းစာရင္းကို သူ သိပ္မွတ္မိတာေပါ့။ ဒါမို႔ ေကာင္းခန႔္ပိုင္ ျပင္ေနၿပီျဖစ္တဲ့ ခြဲခန္းအသာထား၊ ခြဲလူနာ ခဏနား၊ သူအပီနားမကားဖို႔ရာ ရည္းစားဆီသာ လိုက္လာခဲ့၏။

"ဘယ္အထပ္လဲ၊ အဲဒီအရင္သြားမယ္ မူယာ"

ညီမိုးလြင္အေျပာေၾကာင့္ မူယာက ခပ္သုတ္သုတ္ေရွ႕မွေလၽွာက္ရသည္။ လူနာခန္းေရွ႕ေရာက္ေတာ့ အထဲလိုက္မဝင္ရ။ ညီမိုးလြင္က သူ႔အိတ္ထားဖို႔ေပးၿပီး ျပန္ေစလိုက္သည္။ သူ႔ခမ်ာမွာေတာ့ အခန္းတံခါးမေခါက္ဘဲ လူလုံးမျပေသးခင္ အခန္းထဲရယ္ေမာသံေတြကို စကၠန႔္အနည္းငယ္ နားစိုက္ေထာင္ရေသး၏။ သို႔ေပမဲ့ လူသူေလးပါးလည္း ျဖတ္သြားျဖစ္လာရွိေနေတာ့ ၾကာၾကာရပ္မေကာင္း။ တံခါးေခါက္ၿပီး ဝင္လိုက္ရ၏။

"ဟာ ... ဆရာ"

ဆရာ ... ဆရာတဲ့လား။ အခန္းထဲဝင္ဝင္ခ်င္း ၾကည့္လိုက္ေတာ့ သူတို႔ခ်စ္သူႏွစ္ဦးရယ္၊ ကုတင္ေပၚလဲေလ်ာင္းေနတဲ့ ထိုလူရယ္ ... သုံးဦးထဲရွိတာကို ဆရာလို႔ေခၚလိုက္တာဆိုေတာ့ ဒါသည္ ရည္းစားဆိုတာကို မသိေစခ်င္တဲ့သေဘာလား။ လူနာေစာင့္တို႔၊ သူနာျပဳဆရာမတို႔ရွိေနရင္လည္း တစ္မ်ိဳးေပါ့။

"အင္း ဖုန္းမကိုင္လို႔ စိတ္ပူေနတာ၊ ဒီမွာရွိေနတာကိုး"

တကယ္ေတာ့ ေဆး႐ုံေရာက္ၿပီလို႔ လြန္ခဲ့တဲ့တစ္နာရီထဲက စာပို႔ထားသည့္ရည္းစားကို ဖုန္းမကိုင္လို႔လည္း အထူးအေထြစိတ္ပူစရာ မလိုပါေပ။ ထူးျခားသည့္ဆက္ဆံေရးရွိေၾကာင္းကို သိေစခ်င္၍ တမင္တကာထည့္ေျပာလိုက္ျခင္းသာ ျဖစ္သည္။ ပုံမွန္ဆရာ၊တပည့္ဆက္ဆံေရးဆို ဖုန္းမကိုင္႐ုံနဲ႔ စိတ္ပူေနေၾကာင္း ဘယ္ေျပာၾကပါ့မလဲ။ သည္လူအကင္းပါးရင္ ရိပ္မိမွာေပါ့။

"ဟာ ဟုတ္လား၊ ဖုန္းကအိတ္ထဲက်န္ခဲ့ၿပီထင္တယ္။ ဒါနဲ႔ ဆရာ ဒါကၽြန္ေတာ့္အသိ ကိုကိုလတ္တဲ့၊ ေျခေထာက္အရိုးအက္သြားတယ္ဆိုလို႔ လာၾကည့္တာ။ ကိုလတ္ ... ဒါက ကၽြန္ေတာ့္ဆရာ ေဒါက္တာညီမိုးလြင္တဲ့၊ မခန႔္ဘူးလား"

ခ်စ္သူရည္းစားအျဖစ္ မိတ္ဆက္မေပးေပမဲ့ 'မခန႔္ဘူးလား' ဆိုသည့္ အပိတ္စကားေလးေၾကာင့္ ညီမိုးလြင္ စိတ္မထိန္းနိုင္ဘဲ ျပဳံးတုံ႔တုံ႔ေတာ့ ျဖစ္သြားေသးသည္။ ရည္းစားရဲ့ရည္းစားေဟာင္းဆိုေပမဲ့လည္း လူနာကလူနာပဲမို႔ ဆရာဝန္ဝတၱရားလည္း မပ်က္သင့္ေပဘူးမလား။

"မင္းဆရာ ခန႔္ပါတယ္ကြာ။ ေတြ႕ရတာ ... အင္း ဝမ္းသာၾကည္ႏူးရပါတယ္ ဆရာ"

ႏွုတ္ဆက္ပုံကလည္း တကယ္ေရာ ဝမ္းသာရဲဲ့လားလို႔ပင္ ေတြးစရာရွိသည္။ သို႔ေပမဲ့ ရွည္ရွည္ေဝးေဝးေတြးေနခ်ိန္မရၾက၊ လူနာကို ႏွုတ္ဆက္ၿပီး ခြဲခန္းဝင္ဖို႔ ႏွစ္ေယာက္သား ထြက္လာခဲ့ၾကေတာ့သည္။

.................

ခြဲစိတ္ခန္းအတြင္း လူနာေမ့ေဆးေပးၿပီးေနေပၿပီ။ ဘုန္းလၽွံတို႔၊ ေကာင္းခန႔္တို႔္သည္ Laparoscopic Surgery အတြက္ မွန္ေျပာင္းႏွ
င့္ပိုက္ေတြ ျပင္ဆင္ရင္း စကားတေျပာေျပာရွိေနၾကသည္။ သူေျပာကိုယ္ေျပာႏွင့္မို႔ ခြဲခန္းထဲသို႔ ညီမိုးလြင္ လက္ေဆးၿပီးဝင္အလာကို မရိပ္မိၾက။ ဆရာမေတြပဲရွိသည္အမွတ္ႏွင့္ ေျပာခ်င္ရာေျပာေနၾကေလ၏။

"ကိုလတ္နဲ႔ မေတြ႕တာေတာင္ၾကာၿပီ၊ Muscle ေတြအေတာ္ေတာင့္ေနၿပီလားဟ"

"မႏွစ္ကထက္ပိုက်စ္ၿပီး ၾကည့္ေကာင္းလာၿပီ။ ဆရာ့ကိုေတာ့ မေျပာနဲ႔ေနာ္၊ ငါနဲ႔ကိုလတ္က အရင္လကကို ဆုံေသးတယ္။ ဒါမို႔ငါ ဒီေဆး႐ုံမွာရွိမွန္းသိတာ"

"႐ုပ္ကမေျပာခ်င္ဘူး၊ အေတာ္ျဖစ္"

"အေဟာင္းႀကီးပါကြာ"

ထိုအခ်ိန္မွာပဲ

"အဟင္း"

ညီမိုးလြင္ ေခ်ာင္းဟန႔္သံေပးလိုက္ေတာ့ ဘုန္းလၽွံတို႔စကားသံေတြ တိတ္က်သြားသည္။ တစ္ခါတည္းဆိုသလို လူနာမွာပဲ အာ႐ုံစိုက္ဖို႔ဆူလိုက္ေတာ့ သူ႔ေကာင္ေလးက မ်က္မွန္အထက္က ခိုးၾကည့္လာေသးတာ စိုက္ခနဲ။ မ်က္ႏွာတြင္ ႏွာေခါင္းစည္းတပ္ထားရေပသိ ေလးနက္သည့္မ်က္လုံးအၾကည့္ႏွင့္ပဲ ညီမိုးလြင္ သတိေပးလိုက္၏။

ခြဲခန္းထဲထိ အရင္ရည္းစားေဟာင္းအေၾကာင္း ေျပာင္ေနာက္ေနတာေတာ့ မျဖစ္သင့္ေတာ့ဘူးမလား။ ၿပီးေတာ့ အရင္လက ဆုံခဲ့ေသးတယ္ဆိုတဲ့ကိစၥ သူ႔ခမ်ာ သိလည္းမသိရ။ အိမ္ေရာက္မွေမးရဦးမည္ဟု ေတးထားလိုက္၏။

"မမယု အဆင္သင့္ပဲလား"

"အဆင္သင့္ပါပဲရွင္"

ေမ့ေဆးအထူးကုဆရာဝန္ မမယုက လူနာေရွ႕ပိုင္းမွရပ္ကာ ေခါင္းဆတ္အတည္ျပဳသည္။ လူနာကုတင္၏တစ္ဖက္ျခမ္းကေတာ့ သည္းေျခအိတ္ျဖတ္ထုတ္နိုင္ဖို႔ ဘုန္းလၽွံတို႔က ပိုက္ေတြ၊ ႀကိဳးေတြ ျပင္ဆင္ေနၾကၿပီ။ Laparoscopic Surgery ဆိုသည္က ဝမ္းဗိုက္ကို ဓားႏွင့္ခြဲၿပီးဖြင့္တာမ်ိဳးမဟုတ္ဘဲ အလြန္ေသးငယ္ေသာ ခဲတံလုံးဝင္႐ုံေလာက္သာရွိမည့္ အေပါက္ေလးေတြေဖာက္၍ ကင္မရာႏွင့္ ခြဲစိတ္ကိရိယာတို႔ကို တစ္လွည့္စီေျပာင္းကာ ထည့္သြင္းခြဲစိတ္ျခင္းမ်ိဳးျဖစ္သည္။ ဒါကို ညီမိုးလြင္ကဦးေဆာင္၍ TV ၾကည့္ခြဲစိတ္မွာျဖစ္ၿပီး ဘုန္းလၽွံႏွင့္ေကာင္းခန႔္တို႔က အကူဝင္ေပးရမည္။

ဦးစြာပထမ ဘုန္းလၽွံေမာင္က လူနာ၏ခ်က္ကို ဓားႏွင့္လွီးသည္။ ထို႔ေနာက္ ပိုက္ဝင္သာေအာင္ အခ်င္းတစ္စင္တီမီတာခန႔္ရွိသည့္ အေပါက္ကိုစေဖာက္သည္။ ၿပီးလၽွင္ ေကာင္းခန႔္က ခြဲစိတ္ရအဆင္ေျပေစရန္ ကာဗြန္ဒိုင္ေအာက္ဆိုဒ္ဓာတ္ေငြ႕ျဖင့္ လူနာ၏ဗိုက္ကိုေဖာင္းေအာင္ ျပဳလုပ္သည္။ ထိုအခ်ိန္တြင္ ဘုန္းလၽွံေမာင္တစ္ေယာက္ ဗိုက္ထဲထည့္သြင္းရမည့္ကင္မရာကို အေရာင္ခ်ိန္ၿပီး လူခႏၶာကိုယ္၏အပူခ်ိန္ႏွင့္ညီမၽွေအာင္ ေရေႏြးစိမ္ေနေလၿပီ။

ညီမိုးလြင္မွာ သူ႔တပည့္ႏွစ္ဦး၏ အစဥ္တက်လုပ္ကိုင္ပုံေတြကို ေစာင့္ၾကည့္ရင္း လြန္စြာေက်နပ္ေနမိသည္။ သို႔ေပမဲ့ လက္လႊတ္စပယ္ေတာ့မထား၊ သူ႔အၾကည့္ေတြမွာ ႏွစ္ေယာက္စလုံးထံသို႔ အာ႐ုံမျပတ္ရွိေနသည္။ အမွားရွိလာလၽွင္ ဝင္ေထာက္ေပးဖို႔ ျဖစ္၏။ ေကာင္းခန႔္တစ္ေယာက္ လူနာ၏ဝမ္းဗိုက္ပတ္လည္တြင္ အေပါက္ေလးေပါက္ခန႔္ ေဖာက္ၿပီးခ်ိန္၌ ဘုန္းလၽွံေမာင္ ကင္မရာထည့္ဖို႔ျပင္ေတာ့သည္။

"ကင္မရာရယ္ဒီျဖစ္တာ ေသခ်ာရဲ့လား"

"ေသခ်ာပါတယ္ ဆရာ၊ ထည့္ေတာ့မလို႔"

ညီမိုးလြင္အေမးကို ခပ္ျမဴးျမဴးျဖစ္ေနေသာဘုန္းလၽွံက ေသခ်ာသည့္သေဘာျဖင့္ မ်က္ခြံေလးပါ ပင့္ကာေျဖလိုက္ေသး၏။ သည္လိုႏွင့္ ကင္မရာကို ႀကိဳးပိုက္ေတြကတဆင့္ ဝမ္းဗိုက္ထဲထည့္ေတာ့ TV ဖန္သားျပင္တြင္ အူေတြကလီစာေတြ စတင္ျမင္ရေလၿပီ။ ခြဲစိတ္ခ်ိန္ျမင္ရဖို႔ အေကာင္းဆုံးရွူေထာင့္ကို ခ်ိန္ညႇိစဥ္မွာပဲ မထင္မွတ္စြာ ကင္မရာက စတင္အခိုးရိုက္လာေလသည္။

ထိတ္ထိတ္ပ်ာပ်ာေမာ့ၾကည့္လာေသာ ဘုန္းလၽွံေမာင္အား ညီမိုးလြင္ မ်က္ေစာင္းခဲသာၾကည့္လိုက္ေလေတာ့၏။

..................

"ေျပာပါဦး ေနာက္ထပ္ဘာအေၾကာင္းေတြမ်ား ထိမ္ခ်န္ထားေသးလဲ"

ညီမိုးလြင္က ဆိုဖာေပၚေနာက္မွီၿပီး ဘီယာတစ္ဗူးကိုေဖာက္ရင္း ဆိုသည္။ ညစာကိုလမ္းမွာ စားခဲ့ၾကေတာ့ အခုမွပဲ စကားေအးေဆးေျပာရတာျဖစ္၏။ ျပန္လာေတာ့ မီးကပ်က္ေနၿပီ။ အခန္းထဲလည္း မဝင္ခ်င္ေသးေတာ့ တစ္ညေနလုံးေမးခ်င္လာခဲ့သည့္စကားကို ဧည့္ခန္းတြင္သာ ထုတ္ေမးလိုက္ေလ၏။ ဒါကို ေနာက္ကပါလာေသာ ဘုန္းလၽွံကေတာ့ အထုပ္ေတြဆြဲၿပီး အခန္းထဲဝင္ဟန္ျပဳသည္။

"ဘယ္လဲ"

"ဟို... အိတ္ေတြထားၿပီး မီးထြန္းမလို႔"

"မလိုဘူး၊ လာထိုင္"

ေလသံေအးေအးႏွင့္ေျပာေတာ့ ဘုန္းလၽွံက နံေဘးဝင္ထိုင္ရွာသည္။ သူတို႔အခန္းတြင္ မီးမထြန္းရေသးေပမဲ့ မ်က္ႏွာခ်င္းဆိုင္တိုက္ခန္းေတြမွ အလင္းေရာင္ကေတာ့ ဝင္းထိန္ေနသည္။ အနီးကပ္ထိုင္လာေသာ ဘုန္းလၽွံကို ညီမိုးလြင္က ဘီယာေသာက္ရင္း ၾကည့္ေနျဖစ္တာ တေျမ့ေျမ့။ အျပစ္လုပ္ထားသလို မေနတတ္ေသာေကာင္ေလးကလည္း ဘီယာတစ္ဗူးယူကာ ေဖာက္ေသာက္ေနေလ၏။

"ကိုယ္ဆူမွာေၾကာက္သလား"

ညီမိုးလြင္ ႏွစ္ကိုယ္ၾကားသာ ၾကားနိုင္႐ုံအသံျဖင့္ ေမးလိုက္ျခင္းျဖစ္သည္။ ဘုန္းလၽွံ၏မ်က္ဝန္းအိမ္တို႔တြင္ ဝမ္းနည္းေသာအရိပ္အေငြ႕တခ်ိဳ႕ ျဖတ္သန္းသြားတာ ညေမွာင္ေမွာင္တြင္ေတာင္ ျမင္ျဖစ္ေအာင္ျမင္လိုက္ရေပ၏။

"တမင္ဖုံးကြယ္ထားတာမ်ိဳး မဟုတ္ပါဘူး၊ ေျပာမွ စိတ္အေႏွာင့္အယွက္ျဖစ္ေနမွာစိုးလို႔ မေျပာဘဲထားလိုက္တာ။ သူနဲ႔လည္း ဘယ္လိုအထူးတလည္ ဆက္ဆံေရးမွမရွိပါဘူး။ တကယ္...ယုံ"

"ကိုယ္ ေတးေတးကိုမယုံလို႔ဆိုၿပီး ဘယ္ႏွခါမ်ားစြပ္စြဲဖူးသလဲ"

ညီမိုးလြင္ေမးသံက ေအးေဆးသည္၊ တည္ၿငိမ္သည္။ အေျပာခ်က္ခ်င္းရပ္သြားေသာ ဘုန္းလၽွံကေတာ့ ေခါင္းခ်က္ခ်င္းခါရမ္းလိုက္ေသာ္ ဆံစတခ်ိဳ႕ လြင့္ရမ္းသြားသည္။ စကားသံေတာ့ျဖင့္ ထြက္မလာခဲ့။ စကၠန႔္မွသည္ မိနစ္ခ်ီသည္အထိ တစ္ဦးကိုတစ္ဦး ၾကည့္႐ုံသာၾကည့္ေနမိခဲ့ၾကတဲ့ သူတို႔အျဖစ္ရယ္ပါ။ ၿပီးမွသာ ဘုန္းလၽွံတစ္ေယာက္ လက္ထဲက ဘီယာဗူးကိုခ်ၿပီး ညီမိုးလြင္ရင္ခြင္ထဲသို႔ ေခါင္းထိုးဝင္ေတာ့ေလ၏။ ဒါသည္ ဘုန္းလၽွံ အဆူခံရခ်ိန္တိုင္း၊ ဝမ္းနည္းေလခ်ိန္တိုင္း ျပဳမူတတ္ေသာ ခ်စ္စဖြယ္အမူအက်င့္ေလးပင္ ျဖစ္သည္။

ယခုဆို သူတို႔ႏွစ္ဦးအတူရွိေနခဲ့ၾကတာ ေရွ႕လသၾကၤန္ေရာက္လၽွင္ သုံးႏွစ္သုံးမိုးပင္ ျပည့္ေတာ့ေပမည္။ တစ္ေယာက္အေၾကာင္း တစ္ေယာက္ အေတာ္ပင္သိလာၾကၿပီဆိုေပသိ ညႇိုယူရေသာကိစၥတို႔က မကုန္ဆုံးနိုင္။ အသက္အားျဖင့္ ဆယ့္သုံးႏွစ္ေက်ာ္ကြာျခားတာမို႔ ကိစၥရပ္ေတာ္ေတာ္မ်ားမ်ားအေပၚ ထင္ျမင္သည့္ယူဆခ်က္ေတြလည္း ကြဲလြဲၾကဆဲ။ တိုးတိုးတစ္မ်ိဳး၊ က်ယ္က်ယ္တစ္မ်ိဳး ျငင္းခုံရသည့္အခ်ိန္တခ်ိဳ႕လည္း ရွိခဲ့ဖူးသလို ယခုလိုရင္ခြင္ခ်င္းအပ္ကာ ရွင္းလင္းၾကရသည့္ ေန႔ေတြညေတြဆိုတာလည္း မနည္းခဲ့ပါေပ။

ထိုသို႔ေသာ အေျခအေနမ်ားတြင္ အမ်ားေသာအားျဖင့္ေတာ့ ညီမိုးလြင္က နားလည္ေအာင္ ရွင္းျပဆုံးမခဲ့သူျဖစ္ၿပီး ဘုန္းလၽွံေမာင္က ၿငိမ္ၿငိမ္ကေလး နာခံတတ္သူျဖစ္သည္။ အသက္ႀကီးလို႔၊ ခႏၶာကိုယ္ေတာင့္တင္းလို႔ ညီမိုးလြင္ကလည္း ကိုယ္ထိလက္ေရာက္ တစ္ခါမွက်ဴးလြန္ရိုက္ႏွက္ျခင္း မျပဳမူဖူးသလို၊ ဘုန္းလၽွံသည္လည္း တဇြတ္ထိုးဆန္စြာ ဆိုးသြမ္းတတ္သူမဟုတ္ေတာ့ သူတို႔ႏွစ္ေယာက္ၾကားက အေပးအယူမၽွမွုသည္ ခ်မ္းေျမ့ဖြယ္ မဂၤလာတစ္ပါးပဲျဖစ္ခဲ့၏။

"ခ်စ္သူေတြဆိုတာ အခ်င္းခ်င္းယုံၾကည္ရတယ္၊ ေဖးမရတယ္၊ တိုင္ပင္ရတယ္၊ ပြင့္ပြင့္လင္းလင္းရွိရမယ္လို႔ ကိုယ္ ခဏခဏေျပာတယ္ေလ။ ေတးေတး ရည္းစားေဟာင္းနဲ႔ေတြ႕ခဲ့လို႔ ကိုယ္ စိတ္မရွင္းတာမ်ိဳး၊ ျပႆနာရွာမွာမ်ိဳး ရွိလာမွာမဟုတ္ပါဘူး။ ဒါေပမဲ့ ေန႔လယ္က ေကာင္းခန႔္ကိုလွမ္းေျပာလိုက္တဲ့ 'ဆရာေတာ့မသိေစနဲ႔ေနာ္' ဆိုတဲ့စကားၾကားရတာေတာ့ စိတ္မေကာင္းဘူးေပါ့။ ကိုယ္မသိတဲ့တျခားအေၾကာင္းေတြ ဘယ္ေလာက္မ်ား ထိမ္ခ်န္ထားဦးမလဲ ေတြးမိလာတယ္"

"မရွိဘူးေနာ္...နည္းနည္းမွမရွိပါဘူးဗ်ာ။ ကိုလတ္နဲ႔ေတြ႕ခဲ့တာသာ ကိုးကိုး တစ္မ်ိဳးေတြးမွာစိုးလို႔ မေျပာခဲ့႐ုံပါပဲ"

"အသံကဘယ္လိုျဖစ္တာလဲ၊ ငိုမွာေတာ့ မဟုတ္ပါဘူးေနာ္"

ညီမိုးလြင္ ရယ္သံေရာသြမ္းရင္းစေတာ့ ေကာင္ေလးက ရင္ခြင္ထဲကထြက္လာသည္။ ၿပီးလၽွင္ အရည္ၾကည္တို႔ျဖင့္ ရႊန္းလဲ့ေနေသာမ်က္လုံးေတြကို ပုတ္ခတ္ကာ၊

"ငိုစရာလားဗ်၊ ရွင္းျပရင္းအားပါသြားလို႔ အသံတုန္တာပါ"

"ဟားဟား ဟုတ္ပါၿပီဗ်ာ၊ ေဟာ ... မီးလာၿပီ။ ေရခ်ိဳးသန႔္စင္ၿပီး ေစာေစာအိပ္ရမယ္"

"ေနပါဦး ေစာပါေသးတယ္၊ ဖက္ထားဦးမယ္"

ငဂ်စ္ေကာင္ေလး ေတးေတးက ရင္ခြင္ထဲတစ္ခါတိုးဝင္ျပန္ေတာ့ ညီမိုးလြင္မွာ လွိုက္ခုန္ရင္ေမာရျပန္သည္။ တစ္ခါတစ္ခါ သူ မခ်စ္မိဘဲမေနနိုင္ေအာင္ကို ေကာင္ေလးက တစ္ေန႔တစ္မ်ိဳးဆြဲေဆာင္ေနသလား ေအာက္ေမ့မိရသည္။

"မေစာေတာ့ဘူး ေတးပူးတူးရဲ့၊ မနက္ဂ်ဴတီဝင္ရမယ္မလား"

"အား ... ဟုတ္တယ္၊ ဟုတ္တယ္။ ဒီတစ္ခါေနာက္က်ရင္ ေဒၚယုေမဝင္းတဲ့ တစ္ဝင္းတည္းရွိတယ္ဆိုၿပီး ရာဇသံေပးထားတာ။ ခ်ိဳးမွ၊ ခ်ိဳးမွပဲ"

ေရခ်ိဳးခန္းဖက္ အေျပးဝင္သြားေသာ ေကာင္ေလးမွာ ေျပာေနက်ျဖစ္ေသာ ႏွစ္ခါျပန္စကားထပ္သံေတြ တစာစာရယ္ပါပဲ။ ဆရာဝန္တစ္ေယာက္ ျဖစ္ေနၿပီေပမဲ့ ညီမိုးလြင္မ်က္လုံးထဲတြင္ေတာ့ ဘုန္းလၽွံက ေတးေတးဟူေသာနာမည္ႏွင့္လိုက္ဖက္စြာ ကေလးေလးတစ္ေယာက္လိုပဲ ျမင္ေနမိသည္။ အခုလည္း ေရခ်ိဳးခန္းေရွ႕က အသံစူးစူးျဖင့္ လွမ္းေအာ္ေသးတာ ... အကၤ်ီစို၊ ေဘာင္းဘီတိုႏွင့္ ပုဆိုးအပိုေရာ ပါေလရဲ့လားမသိ။

"ေဘာင္းဘီႏွစ္ထည္က ေလၽွာ္ရဦးမယ္၊ ကိုးကိုး ေရေမာ္တာဖြင့္ေပးဦး"

စိတ္ထဲရွိသလို ေျပာဆိုတတ္ပုံေတြ၊ ပြင့္လင္းတဲ့အမူအက်င့္ေတြ၊ ႀကိဳးတပ္မ်က္မွန္ကေလးႏွင့္ ခ်စ္စဖြယ္ပုံစံေလးေတြက လြန္ခဲ့ေသာ ရွစ္ႏွစ္ေက်ာ္က Ice မိတ္ဆက္ေပးခဲ့သည့္ ပထမႏွစ္ေဆးေက်ာင္းသားပုံစံေလးအတိုင္း ဘာမၽွမေျပာင္းလဲပါေပ။

ထုံးစံအတိုင္း ေရေမာ္တာဖြင့္ဖို႔ လွမ္းေအာ္တတ္သည့္ေကာင္ေလးေနာက္ ပုဆိုးအပိုယူကာ ေရခ်ိဳးခန္းတံခါးေခါက္ကာ ေပးရမည္။ ဆံပင္စိုစိုႏွင့္မအိပ္ဖို႔ ေခ်ာ့တစ္ခါ၊ ေျခာက္တစ္လွည့္ ဆိုရဦးမည္။ မအိပ္ခင္ ေဆးစာေတြဖတ္ဖို႔ေတာ့ အက်င့္လုပ္ေပးခဲ့ၿပီးၿပီ။ သန္းေခါင္ယံတေရးနိုး ညလယ္စာထစားဖို႔၊ နိုးတာႏွင့္ဆာတတ္တဲ့ ဗိုက္လုံးလုံးေလး အျပည့္ျဖည့္ဖို႔ မုန႔္ပဲသေရစာေလးေတြ ျပင္ဆင္ရဦးမည္။

သည္လို ဂ႐ုစိုက္ျခင္းသည္က အတင္းေစခိုင္းခံရျခင္းမ်ိဳးမဟုတ္။ အခ်စ္မွေဆာင္ၾကဥ္းလာေသာ ယုယျခင္းမ်ိဳးသာ မည္ေပ၏။

"ေတးေတး ပုဆိုးယူထားဦး"

ညီမိုးလြင္ ေရခ်ိဳးခန္းတံခါးေခါက္ကာ အသံေပးေတာ့ ႐ုတ္တရက္ဆိုသလို ေရေတြျဖန္းခနဲစိုရသည္။

"ဟာ ... ဒီကေလးနဲ႔ေတာ့ စိုကုန္ၿပီကြ"

"သၾကၤန္ေရာက္ေတာ့မယ္ေလ"

အကၤ်ီမကပ္ဘဲ ခပ္ျမဴးျမဴးေလးေျပာပုံကိုက သၾကၤန္အေၾကာင္းေျပာ႐ုံႏွင့္တင္ အေတာ္ေပ်ာ္ေနပုံရေလသည္။ တစ္ႏွစ္တစ္မ်ိဳးမရိုးရေအာင္ ေရေဆာ့ခ်င္၊ လည္ပတ္ခ်င္ေသာ သၾကၤန္ေမာင္ေလးက သည္ႏွစ္အတြက္ေရာ ဘာေတြမ်ားႀကိဳႀကိဳတင္တင္ စဥ္းစားၿပီးေနၿပီလဲမသိ။ ဘယ္ေနရာမွာ၊ ဘယ္လိုပဲျဖစ္ျဖစ္ပါေလ သူကေတာ့အလိုလိုက္ဖို႔ အသင့္ဆိုေတာ့ အျပဳံးတစ္ခ်က္သာ ႏွုတ္ခမ္းထက္ ဆင္ျမန္းျဖစ္ေလသည္။

"ေျပာပါဦး ... ဒီႏွစ္သၾကၤန္ေရာ ဘယ္မ႑ပ္မွာ ဘာေတြေမႊဦးမွာလဲ သၾကၤန္ေမာင္"

"နိုး ... နိုး မဟုတ္ေသးဘူး၊ ဒီႏွစ္လည္းခရီးသြားခ်င္တာ"

"ဟင္ ... ႀကိဳလည္းမေျပာဘူး၊ ဘယ္ဆီလဲ"

"ကရင္ျပည္"

ခြက္ပုန္းႀကံသူ၏ မ်က္ခုံးပင့္ျပန္ကာ ေျပာလိုက္ပုံက ညီမိုးလြင္ နားၾကားမ်ားမွားသလားေတာင္ ထင္မိသြားသည္။ မိဘေတြဆီလိုက္လည္ပါ တစ္ႏွစ္ပတ္လုံး ေခ်ာ့ေျပာေတာ့ ေၾကာက္ပါတယ္အျမဲညည္းသူမို႔ အိမ္ေခၚဖို႔ လက္ေလၽွာ့ခဲ့ရသမၽွ အခုေတာ့ လိုက္ပါေတာ့မည္တဲ့လား။ အခ်စ္ႏွင့္ပတ္သက္လၽွင္ ကံေခခဲ့သူအဖို႔ ေဆြျပမ်ိဳးျပေခၚသြားခြင့္ ရခဲ့ၿပီတဲ့လားေလ။

"ဝမ္းသာလိုက္တာ ေတးေတးရာ၊ တကယ္ဝမ္းသာလိုက္တာ"

ေရစိုလက္စအကၤ်ီႏွင့္ပဲ ေကာင္ေလးကို ႐ုတ္ခ်ည္းလွမ္းဖက္မိေလၿပီ။ အေပ်ာ္လြန္လို႔ပဲလား၊ စကားေတြဆိုတာလည္း ေကာင္ေလးကဲ့သို႔ ႏွစ္ထပ္ေတြေျပာမိတာ မသိစိတ္အထိ ကူးေနမိတဲ့ခ်စ္စဖြယ္အက်င့္ေလးပဲ ထင္ပါရဲ့။ သည္လိုဆို ႏွစ္ဖက္ေဆြမ်ိဳးခ်င္း နီးစပ္ေစလို႔ရေခ်မည္။ မေဝးေတာ့သည့္ သူတို႔ႏွစ္ဦး၏အနာဂတ္တြင္ ေဆြခ်င္းမ်ိဳးစပ္နိုင္မည့္ ေန႔ထူးရက္ျမတ္သာေတြ၊ တရားဝင္ေပါင္းဖက္နိုင္မည့္ မဂၤလာရက္ေတြသာ ထပ္ရွိလာေတာ့မည္။ သိမ့္ေနေအာင္ဖက္ထားမိၾကေသာ ၾကင္သူႏွစ္ဦးရပ္ဝန္းတြင္ ေဝဆာေသာအခ်စ္ရိပ္ေတြ လႊမ္းျခဳံေနေပေတာ့၏။

ၿပီးပါၿပီ။

.......................

Bạn đang đọc truyện trên: Truyen3h.Co