အချစ်စစ်ရဲ့လမ်းက ကြမ်းသော်လည်း
အချစ်စစ်ရဲ့လမ်းက ကြမ်းသော်လည်း Part -1
အိမ်တစ်အိမ်ရဲ့ ထပ်ခိုးတစ်ခုမှာ အသက်သုံးဆယ်ကျော်ကောင်မလေးတယောက် Note bookကိုတွေ့ပြီး
Girl - ဟင် ဘာစာအုပ်လည်းဖတ်ကြည့်အုံးမှ ~~~~~~~~~~~~~
Fany.....Tiffany.... အဲ့ဒီနာမည်လေးကို ခေါ်မိတိုင်း ကျွန်တော့်ရင်ထဲ အေးချမ်းနေလိုက်တာ။ သူမက eyesmile queen လေးပေါ့။ သူမ ရယ်လိုက်ပြုံးလိုက်တဲ့အခါတိုင်း ကျွန်တော် သူမကို ကြည့်ရင်း အသက်ရှူ ရပ်ရပ်သွားလေ့ရှိတယ်။ သူမရဲ့ ကိုယ်လုံးကိုယ်ပေါက်ကလည်း ကျွန်တော် စာတွေကဗျာတွေရေးပြီး ဖွဲ့နွဲ့မပြနိုင်လောက်အောင် လှပလွန်းနေတယ်။ သူမမှာ အလှအပအားလုံးပြည့်စုံနေတဲ့အတွက်ကြောင့် သူမကို ကျွန်တော် အရမ်းစွဲလန်းနေမိတယ်။ကျွန်တော်နဲ့တွေ့တဲ့အချိန်မှာ သူမ အင်္ကျီအဖြူနဲ့ ဂျင်းဘောင်းဘီအတိုအကျပ်ဝတ်လာရင် သူမကို ကျွန်တော့် စေ့စေ့မကြည့်ရဲတဲ့အပြင် သူမနဲ့လေးပေလောက်အကွာမှာထိုင်ပြီး စကားပြောလေ့ရှိတယ်။
"Tae...ဘာလို့ Fanyကိုမကြည့်တာလည်း ဘာလို့ အနားလာမထိုင်တာလည်းဟင်"လို့ မေးတဲ့အခါတိုင်း ကျွန်တော် သူမကို ပြုံးပြပြီး စိတ်ထဲကနေဘဲ သူမမေးခွန်းကို ပြန်ဖြေလေ့ရှိတယ်။ "ငါ Fanyကိုကြည့်မိတိုင်း ပိုချစ်မိမှာဆိုးလို့ Fanyနဲ့အနီးဆုံးမှာနေရင် Fanyနားမှာဘဲ အမြဲနေချင်မိမှာစိုးလို့" ဟုတ်တယ် သူမကို ကျွန်တော်အရမ်းချစ်မိလို့မဖြစ်ဘူးလေ။ သူမဘ၀နဲ့ ကျွန်တော့်ဘ၀က မိုးနဲ့မြေလို ကွာခြားတယ်။ သူမက သူမရဲ့ နန်းတော်သမျှ ခမ်းနားတဲ့ စံအိမ်မှာ ဟင်းပွဲအစုံကို ရွှေလင်ဗန်းနဲ့ စားနေချိန် ကျွန်တော်ကတော့ စတိုးဆိုင်မှာ အချိန်ပိုင်းအလုပ်လုပ်ရင်း ခေါက်ဆွဲပြုတ်တပွဲကို အလုအယက်စားနေရတယ်။ ပိုက်ဆံကိုရေလိုသုံးပြီး ပန်းရောင်သန်းနေတဲ့ ကားလေးကို မောင်းပြီး သူမ ကျွန်တော့်ကိုလာတွေ့ရင် ကျွန်တော်စိတ်ထဲမွန်းကျပ်လာပြီး ကိုယ့်ဘ၀ကို အလိုမကျမှုတွေဖြစ်လာတယ်။ သူမကို အရမ်းချစ်တယ် ကိုယ့်ဘ၀ အခြေအနေကြောင့် ဆုံးရှုံးရမယ်ဆိုတာလည်းသိပေမယ့်..........
သူမကို စတွေ့ခဲ့တဲ့နေ့ကို အခုထိမှတ်မိသေးတယ်။ ရုပ်ရှင်တွေထဲကလိုတော့ Romantic မဆန်ဘူးပေါ့ဗျာ
Bạn đang đọc truyện trên: Truyen3h.Co