Truyen3h.Co

အချစ်​စစ်​ရဲ့လမ်းက ကြမ်း​သော်​လည်း

အချစ်​စစ်​ရဲ့လမ်းက ကြမ်း​သော်​လည်း Part-6 (Final)

KimFany059

"Hyung Tae, ထစမ်းပါအုံး မင်းဒီလိုပုံစံနဲ့​ရှေ့ဆက်​​တော့မှာလား" hyoစကား​ကြောင့်​ ကျွန်​​တော်​ ပျင်းတိပျင်းရွဲထပြီး အိပ်​ရာ​ဘေးက အရက်​ပုလင်းကို လှမ်းယူ​​တော့ Hyoက ကျွန်​​တော့်​လက်​ကို ပုတ်​ချပြီး အရက်​ပုလင်း​ခွံ​တွေ လိုက်​သိမ်းရင်း " hyung ခုလို အရက်​​သောက်​လိုက်​ Fanyအိမ်​​ရှေ့သွားလိုက်​ ဘာမှမထူး​တော့ ပြန်​လာလိုက်​ ငိုလိုက်​ အရက်​​သောက်​လိုက်​ အိပ်​လိုက်​ နိုးလိုက်​နဲ့ ​ရှေ့ဆက်​ရင်​​တော့ မင်းဘ၀ကြီး"
" Fanyမရှိတဲ့​နောက်​ပိုင်း ငါ့ဘ၀က ရှင်​ရက်​နဲ့ ​သေ​နေပါပြီကွာ "ဆိုပြီး
hyoစကားကို ကျွန်​​တော်​ဖြတ်​​ပြောလိုက်​သည်​။
"Hyung မင်း ဒါ​တော့ မဟုတ်​​သေးဘူး အရင်​လို ဆိုင်​ပြန်​ဖွင့်​ မင်းပိတ်​ထားတာ တပတ်​ရှိပြီ အခုလို အလုပ်​မဟုတ်​တာ​တွေ လုပ်​မ​နေနဲ့ Fanyသိရင်​ စိတ်​မ​ကောင်းဖြစ်​လိမ့်​မယ်​ "
"ဆိုင်​ဖွင့်​ပြီး ငါကဘာလုပ်​ရမှာလည်း "
"မင်း စားဝတ်​​နေ​ရေးအတွက်​..."
"​ငွေရှာရမယ်​​ပေါ့ Hyo မင်းသိလား ငါ အဲ့​ငွေစက္ကူ​ ​တွေကို အရမ်းမုန်းတယ်​ သူတို့​ကြောင့်​ ငါနဲ့ Fany ​ဝေး​နေရတာ 😞😞"
"မဟုတ်​ဘူး​လေကွာ မင်း သူတို့ကို မုန်းလို့မရဘူး ချစ်​ရမှာ သူတို့ကို ချစ်​ပြီး လိုက်​ရှာမှ မင်း Fanyနဲ့ နီးရမှာ hyungလာပါကွာ အရက်​​​သောက်​ပီး အချိန်​မကုန်​ပါနဲ့ ဆိုင်​ပြန်​ဖွင့်​ပါ​နော်​"
Hyoyeon စကား​ကြောင့်​ ကျွန်​​တော်​ "အင်း သူ​ပြောတာလည်း မှန်​တယ်​ ငါဘာအလုပ်​မှမလုပ်​ဘဲ အရက်​ချည်း​သောက်​​နေလို့မှ မဖြစ်​​တာ အရင်​လို အလုပ်​ပြန်​လုပ်​မှ"​ဆိုပီး ​တွေးမိပြီး
"Hyo မင်းဒီ​နေ့ Off dayလား"
"Omm ဟုတ်​တယ်​"
"ဒါဆို ငါတို့​ဈေးသွားကြမယ်​ ဆိုင်​ဖွင့်​ဖို့အတွက်​"
"Omo jinja😳😍 ဒါဆို ငါsoo hyungကို ဖုန်းဆက်​လိုက်​အုံးမယ်​ မင်းဆိုင်​ပြန်​ဖွင့်​မယ့်​အ​ကြောင်း သူ​တော်​​တော်​​ပျော်​​နေမှာ ဒီသတင်းကြားပြီး မင်းသိလား မင်းအခုလိုဖြစ်​​နေတဲ့ အ​တောအတွင်း ငါတို့ ဘယ်​​လောက်​ စိတ်​ညစ်​ရလည်း ညတိုင်း မင်းနဲ့Fanyကို ဘယ်​လိုလုပ်​​ပေးရမလည်း
Fanyကို သွားခိုးပြီး မင်းတို့နှစ်​​ယောက်​ကို နိုင်​ငံခြားပို့​ပေးရမလား​ပေါ့ fanyကို ခိုးဖို့ကလည်း သူ့အိမ်​​ထဲဝင်​ဖို့က ခက်​နဲ့ 😁ညတိုင်း ငါတို့အလုပ်​ရှုပ်​​နေတာ"
"Gomawo ငါ့အတွက်​ စဉ်းစား​ပေးလို့ မင်းတို့က ငါ့အတွက်​ တန်​ဖိုးမဖြတ်​နိုင်​တဲ့ မိသားစုပါ"
"မလိုပါဘူးကွာ"
Dလိုနဲ့ ကျွန်​​တော်​ဆိုင်​ပြန်​ဖွင့်​တာ​ပေါ့ Sooတို့အတွဲနဲ့ hyoကလည်း ကူညီ​ပေးကြတယ်​ တခါတခါ ဆိုင်​ထဲ Fanyပုံရိပ်​​တွေ မြင်​​ယောင်​မိပြီး ဆိုင်​​နောက်​သွားပြီး ငိုရတာ အ​မော။ တခါတခါ ​ဖောက်​သည်​တချို့က Fanyကို ​မေးရင်​ " သူ့အ​ဖေ​နေမ​ကောင်းလို့ သူ့အ​ဖေအိမ်​ ခဏပြန်​သွားတယ်​"လို့ ရင်​နာနာနဲ့ ကျွန်​​တော်​တို့ အ​ကြောင်းမသိ​စေချင်​လို့ ညာရတာတမျိုး။ ဆိုင်​ဖွင့်​ဖို့ ​ဈေးသွားရင်း Fanyတို့ အိမ်​ဘက်​သွား​ချောင်းလည်း ဘာမှမထူး။ ညဘက်​ ဆိုင်​သိမ်းပြီး သွားကြည့်​လည်း ထူးခြားမှုမရှိ ဖုန်းဆက်​​တော့လည်း "လူကြီးမင်း ​ခေါ်ဆို​သော ဖုန်းမှာ တပ်​ဆင်​ထားခြင်းမရှိပါရှင်​"တဲ့ ဒီလိုနဲ့ဘဲ Fanyနဲ့ကျွန်​​တော်​ ​ဝေးရ​တော့မှာလား..........😞😞😞😞
အခုဆို phဆက်​မရ လူကြုံပါးလို့ မရ ဘယ်​လိုမှ ​တွေ့မရဘဲ Fanyနဲ့ ​ခွဲ​နေရတာ တစ်​လပြည့်​ပြီ​လေ😔 ဘာဆက်​လုပ်​လို့ လုပ်​ရမှန်းမသိဘူး။ ​မျှော်​လင့်​ချက်​မရှိဘဲ အသက်​ရှင်​​နေရတာ ဘ၀က အဓိပ္ပါယ်​ မရှိသလိုဘဲ😔 Sooyoung တို့လည်း Fanyနဲ့​တွေ့ရဖို့ နည်းမျိုးစုံ ကူစဉ်းစား​ပေးတယ်​။ အိမ်​ထဲကို မရရ​အောင်​ ခိုးဝင်​ပြီး Fanyကို ခိုး​ပြေးမလား​ပေါ့။ အဲ့တာလည်း မဖြစ်​​သေးပါဘူး ​တော်​ကြာ Fanyအခန်းမဟုတ်​ဘဲ တခြားအခန်းထဲ မှားဝင်​မိမှ ဂစ်​​နေအုံးမယ်​😒😒 ​Fanyနဲ့ အတူ​နေရဖို့ ထီ​ပေါက်​ပါ​စေလို့ ဆု​တောင်းရမလား လမ်းသွားရင်း ​ငွေထုပ်​ကြီး​ကောက်​ရပါ​စေ ​မျှော်​လင့်​ရမလား ရုပ်​ရှင်​ထဲကလို တကိုယ်​​တော်​ ​ရောဂါသမား သူ​ဌေး အဘိုးကြီးကို လမ်းမှာ မူးလဲ​နေတာ​တွေ့လို့ ကူညီရင်း ​မွေးစားခံရပြီ အ​မွေပိုင်​ သူ​ဌေး​လေးဆိုပြီး စိတ်​ကူးယဉ်​ရမလား ငါမသဲကွဲဘူး ​သေချာတာ​တော့ ငါနင့်​ကို အရမ်းလွမ်းပြီး ​တွေ့ချင်​တယ်​ဟာ😭😭😭😭😭😭
တစ်​လပြည့်​တဲ့ညမှာ Fanyကို အရမ်းသတိရလို့ ဖြတ်​ထားတဲ့အရက်​ကို လူမသိသူမသိဖြစ်​​အောင်​ကို ပြန်​​သောက်​​နေမိတယ်​။
မနက်​​ရောက်​​တော့ hyo​ရောက်​လာပြီး ပွစိပွစိမ​​ပြော​တော့ဘဲ ပုလင်းခွံ​တွေကို ​ကောက်​ ကျွန်​​တော့်​အတွက်​ ပျားရည်​​ဖျော်​​ပေးပြီး ကျွန်​​တော်​ ပျားရည်​​သောက်​တာကို ထိုင်​ကြည့်​​နေ​လေရဲ့။ ကျွန်​​တော်​လည်း သူ့ကို စချင်​တာနဲ့ "hyo ငါ့ကို ဘာလို့စိုက်​ကြည့်​​နေတာလည်း ငါ​ချောလွန်းလို့ ​ကြွေသွားတာလား" ကျွန်​​တော့်​စကား​ကြောင့်​ hyoမျက်​နှာကြီး ရှုံ့မဲ့ပြီး " မင်းလို ​သွေးမရှိတဲ့လူလို​ ဖြူ ဖတ်​ဖြူ​ရော်​ ပုပု​သေး​သေးကို ငါကြိုက်​စရာလား😖😖 "
"Haha စတာပါကွာ"
"စ​နေတာကို ကြည့်​ရပုံ​ထောက်​ရင်​ အမူး​ပြေသွားပြီထင်​တယ်​"
"Omm ​ပြေသွားပါပြီ"
"​hyung ​နောက်​ ဘာဘဲဖြစ်​ဖြစ်​ အဲ့​လောက်​ မ​သောက်​နဲ့ကွာ ကြာရင်​ မင်းကျန်းမာ​ရေး ထိခိုက်​လာလိမ့်​မယ်​"
"😞Aပါ, hyung ငါ့ ရင်​ဘတ်​ထဲက ​အောင့်​တယ်​😭😭 Fanyမရှိ​တော့ ဟာတာတာကြီး😭😭😭 ငါ ခံနိုင်​ရည်​မရှိ​တော့ဘူး ရူး​တော့မယ်​ထင်​တယ်​😞"
"Hyung စိတ်​ထိန်းပါကွာ😢😢 အချစ်​စစ်​မှန်​ရင်​ တ​နေ့ ပြန်​ဆုံရမှာပါ"
"😞😞"
ဒီလိုနဲ့ ဆိုင်​​မှာ  အလုပ်​လုပ်​​နေရင်း Sooyoung တ​ယောက်​ ကျွန်​​တော့်​ကို အကူအညီလာ​တောင်းတယ်​​လေ။
" Tae အခုလို အ​ခြေအ​နေမှာ ငါ အကူအညီ​တောင်းရတာ အားနာ​ပေမယ့်​ ငါ့ကို ကူညီ​ပေးပါ့လား"
"​ပြောပါ ငါတတ်​နိုင်​သ​လောက်​ ကူညီ​ပေးပါမယ်​ အချင်းချင်းဘဲ အားနာစရာမလိုပါဘူး"
"မနက်​ဖြန်​ ငါ့ ပုတု​လေးကို လက်​ထပ်​ခွင့်​​တောင်းချင်​လို့ အဲ့တာ ဒီဆိုင်​​လေးမှာ surprise လုပ်​ချင်​တာ မင်းကို​တော့...."
"ဟာ.. ဘာများလည်းလို့ ကူညီမှာ​ပေါ့ကွာ အားနာစရာ မလိုပါဘူး ​နောက်​ဆုံး​တော့ အစားပုပ်​တ​ယောက်​စွံပြီ​ဟေ့😂👏"
" Gomawo တကယ်​😍😍"
ဆိုင်​သိမ်းပြီး အိမ်​ပြန်​​ရောက်​​တော့ Hyoyeon နဲ့အတူ Sooyoung အတွက်​ အစီအစဉ်​ ဆွဲကြရင်း hyoတ​ယောက်​ ကျွန်​​တော့်​အိမ်​မှာ အိပ်​တာ​ပေါ့။ မနက်​​ရောက်​​တော့ supriseကိစ္စ​ကြောင့်​ Sooyoung အိမ်​ကို လာ​တော့ တ​ယောက်​နဲ့တ​ယောက်​ ဖက်​ပြီးခွအိပ်​​နေတဲ့ ကျွန်​​တော်​နဲ့ hyoကို ကြည့်​ပြီး Sooyoung တ​ယောက်
"OH MY GOD မင်းတို့က Yaoi​တွေလား😳😳"
Soo​အော်​သံ​ကြောင့်​ ကျွန်​​တော်​တို့ လန့်​နိုးလာပြီး
"Yaoiဖြစ်​စရာလား ​ယောင်္ကျားစစ်​လွန်းလို့မှ ဟိုဘက်​ကို လွန်​​ရော"ဆိုပြီး Hyoတ​ယောက်​ အိပ်​ချင်​မူးတူးနဲ့ ရန်​လုပ်​တာ​ပေါ့။
Sooလည်း ရယ်​ပြီး
"ထ​တော့ ၁၀နာရီထိုး​နေပြီ ညတုံးက ဘယ်​​လောက်​များသွားကြလည်း မသိဘူး ​နေဖင်​ထိုးတာ​တောင်​ မနိုးကြ​သေးဘူး"
"ဘာများတာတုံး"
"အလုပ်​လုပ်​တာကို ​ပြောတာပါ ငထယ်​ရာ မင်းက ဘာ​တွေထင်​​နေတာတုံး"
"Soo မင်း​နော်​ မင်းကိစ္စကို ငါတို့ မကူညီ​ပေး​တော့ဘူး ကိုယ့်​ဘာသာကိုယ်​ တ​ယောက်​တည်းလုပ်​​တော့😒😒"
Hyoစကား​ကြောင့်​ Sooတ​ယောက်​ မျက်​လုံး​လေး​ပေကလပ်​​ပေကလပ်​နဲ့
"စတာပါကွာ မင်းတို့နှစ်​​ယောက်​ အတွက်​ မနက်​စာဝယ်​လာတယ်​ကွ ပြီးရင်​ ကုန်​တိုက်​သွားပြီး လိုအပ်​တာ ၀ယ်​ကြတာ​ပေါ့။ ​​ရေမိုးချိုး မုန့်​စားပြီး Sooနဲ့အတူ ကုန်​တိုက်​မှာ ဖဲပြား​တွေ ပူ​ဖောင်း​တွေဝယ်​ပြီး ဆိုင်​မှာ အလှဆင်​​နေကြတာ​ပေါ့။ ဖဲပြား​တွေမှာ Will you marry meဆိုတဲ့ စာလုံးလှလှ​လေးလည်း ဆင်​ကြတာ​ပေါ့။ ခုဆို ​လေးနာရီထိုးခါနီးပြီ Sunny တ​ယောက်​ ဆိုင်​ကို လာ​တော့မယ်​။ Sooက​တော့ ရင်​​တွေတဒိန်းဒိန်းခုန်​​နေတာ​ပေါ့။ Hyoက​တော့ တံခါး​ပေါက်​က​နေ Sunnyလာတာကို ​စောင့်​ရင်း
"Hyung​တွေ မီး​တွေ ပိတ်​​တော့ ပုတုလာပြီ​ဟေ့"
Hyoစကား​ကြောင့်​ ကျွန်​​တော်​တို့​တွေမီး​တွေ ပိတ်​ပြီး ဆိုင်​​နောက်​​ဖေးထဲ ၀င်​ပုန်းကြတာ​ပေါ့။ Sunnyက​တော့ ဆိုင်​ထဲ ၀င်​လာ​တော့
"Tae,Soo,hyo နင်​တို့ရှိကြားလား ဘာလို့ ပြတင်း​ပေါက်​​တွေ မီး​တွေ ပိတ်​ထားတာလည်း တူတူပုန်းတိုင်းကစားရမယ့်​ အရွယ်​မဟုတ်​ဘူး​နော်​"
Hyoက အ​နောက်​က​နေ တိုးတိုး​လေးသွားပြီး Sunny မျက်​လုံးကို လက်​နဲ့အုပ်​တာ​ပေါ့။
"ဟဲ့ ဘယ်​သူလည်း ငါ့မျက်​လုံးကိုအုပ်​တာ"
ကျွန်​​တော်​လည်း မီးခလုတ်​ကို ဖွင့်​ Hyoက လက်​ကို အဖယ်​ Sunny​ရှေ့ ပန်းစည်းနဲ့ ဒူး​ထောက်​​နေတဲ့ Sooကို​တွေ့​တော့ Sunnyတ​ယောက်​ အံ့သြပီး
"Soo, ဒါ..."
"Suuny, ကိုယ့်​ကို လက်​ထပ်​နိုင်​မလားဟင်​ "
Sunnyလည်း Soo​ပေးတဲ့ ပန်းစည်းကို ယူပြီး Sooနဖူး​လေးကို နမ်းလိုက်​တာ​ပေါ့။ Sooက သူ့​ဘောင်းဘီအိတ်​ထဲက လက်​စွပ်​ဘူးထုတ်​ပြီး Sunnyလက်​ကို စွပ်​​ပေး​တော့ ကျွန်​​တော်​နဲ့ hyoက ထ​အော်​ကြတာ​ပေါ့။ Sunnyကို လက်​စွပ်​၀တ်​​ပေးပြီး
"Sunny ခဏ​နော်​ ကိုယ်​အိမ်​သာသွားချင်​လာလို့" ဆိုတဲ့ Sooစကား​ကြောင့်​ ကျွန်​​တော်​တို့​တွေ ခွက်​ထိုးခွက်​လန်​ရယ်​မိကြတယ်​။hyoက Sooကို ကြည့်​ပြီး "Sooက​တော့ စိတ်​လှုပ်​ရှားလွန်းပြီး 😂​တော်​​သေးတာ​ပေါ့ ​ဘောင်းဘီထဲ ​ပေါက်​မချလို့😛😛"
ကျွန်​​တော်​တို့​တွေ စားပွဲတလုံးမှာ ထိုင်​စကား​ပြော​နေရင်း Hyoက သူ့ဖုန်း ကျွန်​​တော့်​အိမ်​မှာ ကျန်​ခဲ့လို့ဆိုပီး အိမ်​ကို ပြန်​သွားတယ်​။ Sooက​တော့ အိမ်​သာကထွက်​မလာ​သေးဘူး ။ အ​​ပျော်​လွန်​​နေတဲ့ Sunnyကို ကြည့်​ပြီး ကျွန်​​တော်​လည်း စချင်​လာတာနဲ့
"Sunny, နိတို့ မင်္ဂလာ​ဆောင်​ရင်​ ခုံပုပု​လေး လိုတယ်​ဟ"
"Wae"
"​အော်​ မင်္ဂလာ​ဆောင်​ဓာတ်​ပုံရိုက်​ရင်​ နိက​တော်​​တော်​​လေး ပု​နေ​တော့ မလှမှာဆိုးလို့😜😜"
ကျွန်​​တော့်​စကား​ကြောင့်​ Suunyရယ်​ပြီး လှမ်းရိုက်​စဉ်
"Aww ​တော်​​တော်​​ပျော်​​နေကြတယ်​​ပေါ့" အသံလာရာကို ကြည့်​​တော့
"ဟင်​ Fany's appa"
"ငါ့သမီးက​တော့ မင်းကို​တွေ့ချင်​လို့ တငိုငိုတရီရီနဲ့ မင်းက​တော့ ဘာတဲ့ Will you marry meတဲ့ တခြားတ​ယောက်​ကို​တောင်​ လက်​ထပ်​ခွင့်​​တောင်း​နေတယ်​​ပေါ့"
"မဟုတ်​ဘူး ဦး​လေး ကျွန်​​တော်​ ရှင်းပြပါမယ်​"
"လက်​ပူးလက်​ကြပ်​မိတာ​တောင်​ မင်းက ဘာကို ရှင်းချင်​တာလည်း"
"ဦး​လေး
အထင်​လွဲ​နေပြီ ကျွန်​မနဲ့ Taeက Uncleထင်​သလို မဟုတ်​ဘူး ကျွန်​​မမှာ လက်​ထပ်​ရမယ့်​သူရှိတယ်​"
ထိုစဉ်​ အိမ်​သာထဲက Sooထွက်​လာပြီး
"ဘာ​တွေဖြစ်​​နေကြတာလည်း"
"Soo လုပ်​ပါဦး Fanyအ​ဖေက ငါ့ကို sunnyနဲ့ အထင်​လွဲ​နေတယ်​😒😒"
Taeစကား​ကြောင့်​ Sooမျက်​လုံးပြူးပြီး
"Uncle, Sunnyက ကျွန်​​တော့်​ချစ်​သူပါ ခုနဘဲ သူ့ကို လက်​ထပ်​ခွင့်​​တောင်း​နေတာပါ Taeကို ဒီဆိုင်​မှာ လုပ်​ချင်​တယ်​လို့ အကူအညီ​တောင်းလို့ သူက ကူညီ​ပေးတာပါ"
Sooစကား​ကြောင့်
"​ကောင်းပြီ​လေ အထင်​လွဲမိလို့ စိတ်​မ​ကောင်းပါဘူး Taeyeon မင်းနဲ့ ငါစကား​ပြောစရာရှိတယ်​။
ကျွန်​​တော်​ တို့ထိုင်​ပြီး စကား​ပြော​နေစဉ်​ sooတို့အတွဲက ​ဆိုင်​​နောက်​ကို သွားထိုင်​​နေကြတာ​ပေါ့။
"မင်း ငါ့သမီးကို တကယ်​ချစ်​တာလား
"ဦး​လေးရယ်​ ​မေးရက်​လိုက်​တာဗျာ ဦး​လေးသမီးကို အရမ်းချစ်​လို့ ​နေပူမိုးရွာ ​အေးတဲ့ဒဏ်​ကို ဂရုမစိုက်​ဘဲ ဦး​လေး အိ​​မ်​​ရှေ့မှာ ​တ​နေကုန်​ နီးပါး ​တွေ့ရနိုးနိုးရပ်​ကြည့်​ခဲ့တာ အိမ်​​ရှေက ဦးတပည့်​​တွေ အသိဆုံးပါ"
"Fany အတွက်​ဆို မင်း ဘာမဆို စွန့်​လွှတ်​ရဲလား"
"Fanyဟာ ကျွန်​​တော့်​ဘ၀အတွက်​ အ​ရေးပါဆုံးသူပါ"
"ဒါဆို ဒီဆိုင်​ကို အပြီးပိတ်​ ​နောက်​တပတ်​ကျ ငါ့ company ကို လာခဲ့ company အ​ကြောင်း အစအဆုံး သင်​​ပေးမယ်​ ​နောက်​ ငါ အနားယူချိန်​က မင်းကဦး​ဆောင်​​ပေါ့"
"ဦး​လေးဆိုလိုချင်​တာက😳😳 ကျွန်​​တော်​တို့ကို သ​ဘောတူတာလား"
"မတူလို့ မရ​တော့ဘူး​လေ ငါ့သမီးမှာ Hwang မျိုးဆက်​ လွယ်​ထားရပြီ"
"ဗျာ...... ကိုယ်​၀န်​ရှိတာကို​ပြောတာလား😳😳😳"
"​အေး ဟုတ်​တယ်​​ အဲ့တာ​ကြောင့်​ သ​ဘောတူလိုက်​တာ မင်း ဒီဆိုင်​ကို ပိတ်​ ငါတို့ဝယ်​​ပေးထားတဲ့ အိမ်​မှာ ​နေ ငါ့ company ကို လာ​လေ့လာ ငါ့သမီးကို စိတ်​ချမ်းသာကိုယ်​ချမ်းသာ​အောင်​ ထား မင်း​ကြောင့်​ ငါ့သမီး တခုခုဖြစ်​ရင်​ မင်း​သေဖို့ပြင်​ထား"
"​ကျေးဇူးတင်​ပါတယ်​ ဦး​လေး တကယ်​ပါ 😭😭" Fany's appaကို ကျွန်​​တော်​ ထိုင်​ကန်​​တော့လို်က်​​တော့
"မလိုပါဘူး မင်းသာ သူ့ကို ဂရုစိုက်​​ပေး ချစ်​​ပေးပါ"
Fany appaဆိုင်​ထဲက ထွက်​သွားပြီး ခဏအကြာ ဆိုင်​ထဲကို ​ကောင်​မ​လေး တ​ယောက်​​ပြေးဝင်​လာပြီး ကျွန်​​တော့်​ကို ဖက်​ပြီး
"Tae, အရမ်းသတိရ​နေတာ😭😭​တွေ့ချင်​လွန်းလို့ ​သေမလို​တောင်​ဖြစ်​ခဲ့တာ"
"Fany yrr😭😭 Taeလည်း အတူတူပါဘဲ Fanyကို ​တွေ့ချင်​လွန်းလို့ အိမ်​​ရှေ့​နေ့တိုင်းလာခဲ့တာ တငိုငို တရီရီနဲ့ ရူးမတတ်​ခံစားခဲ့ရတာ"
"အရက်​သမားလုံးလုံး ဖြစ်​ခဲ့တာလည်း ထည့်​​ပြောအုံး 😏😏"ဆိုပြီး ဆိုင်​ထဲဝင်​လာတဲ့  hyoစကား​ကြောင့်​ ကျွန်​​တော်​ "😁😁"
"ဟုတ်​သား Taeနားက အရက်​နံ့​တွေရတယ်​ ဘာလို့ ​သောက်​တာလည်း"ဆိုပြီး ကျွန်​​တော့်​ရင်​ဘ​တ်​ကို ထုတာ​ပေါ့။
"နည်းနည်းပါးပါး ​သောက်​တာပါ Fany yrr"
"ဘာ နည်းနည်းပါးပါးတုံး မင်းအရက်​ပုလင်းခွံ​တွေ စု​ရောင်းရင် ငါဆိုင်​တဆိုင်​ဖွင့််​လို့ ရတယ်​ကွ" hyoစကား​ကြောင့်​ Fany ကျွန်​​တော့်​ကို မျက်​​စောင်းထိုးပြီး ကြည့်​​တော့
"Hyo, ​မြွေ​ပွေးအ​ကောင်​၁ထောင်ကိုက်​ခံရမယ့်​​ကောင်​ သူများကြည်​နူး​နေတာကို သာသနာဖျက်​ ​နေတာ😡😡"
"😜😜"
D​နေ့က​တော့ ​ပျော်​စရာ​ဟေ့ sunnyက ငါ့လက်​ထပ်​ခွင့်​ကို လက်​ခံ Fanyကပြန်​​ရောက်​လာ"
ဒီလိုနဲ့ Fanyနဲ့ကျွန်​​တော်​ တို့ soosunတို့အတွဲနဲ့ အတူ မင်္ဂလာ​ဆောင်​ကြတာ​ပေါ့"
Diary ထဲက Happy ending ကိုဖတ်​ပြီး ​ကောင်​မ​လေး တ​ယောက်​ ကြည်​နူး​နေစဉ်
"Fany yrr ထပ်​ခိုး​ပေါ် ဘာလုပ်​​နေတာလည်း"
" aww Tae​ရေးထားတာ​လေး ဖတ်​ပြီးကြည်​နူး​နေတာ ဘယ်​တုန်းက​ရေးထားတာလည်း😍"
"Fany appaပြန်​​ခေါ်သွားတုံးက အရမ်းသတိရလို့ မှတ်​စုအ​နေနက်​ ချ​ရေးထားတာ"
"​နောက်​ပိုင်း​တွေ ဘာလို့ဆက်​မ​ရေးတာလည်း"
"Company ကိစ္စ​တွေ seo baby​ကြောင့်​ မအား​တော့လို့😁😁"
"ငါ့​ယောင်္ကျား​လေး သနားပါတယ်​ "
FanyကTaeကို နမ်းလိုက်​​တော့
"Arrr သမီး ထပ်​ခိုး​ပေါ်မှားတက်​လာမိတယ်​ အမှန်​က သမီး အရုပ်​မ​လေး လာယူတာပါ ​omarတို့ကို လာ​ချောင်းတာဟုတ်​ပု​နော်​ ဆက်​ချစ်​ကြပါ ဆင်းပြီ xD"
Seo​လေးစကား​ကြောင့်​ နှစ်​​ယောက်​သားရှက်​​နေစဉ်
"Tae​ရေ ငါတို့လာတယ်​​ဟေ့"
"Sooတို့အသံဘဲ လာ​အောက်​ဆင်းရ​အောင်​ Fany"
"ဟာ uncle soo, uncle hyo, aunty sunny တို့ လာတယ်​ yoongie ​လေးလည်းပါတယ်​ yoongieလာ ​ဆော့ရ​အောင်​"
"Omm ​ဆော့မယ်​ seo​လေး"
"Seo​လေး မင်းappaတို့​ရော"
"ထပ်​ခိုး​ပေါ်မှာ uncle hyo"
"ဘာလုပ်​​နေကြတာလည်း"
"သိပု​လေ uncle soo hee"
"ငါတ်ု့လာပါပြီဟ"
"Hyung မင်းတို့ကလည်း ​နေ့ခင်းကြီး က​လေးကို ပစ်​ပြီး ထပ်​ခိုး​ပေါ် ဘာတက်​လုပ်​​နေတာတူံး"
"Fanyထပ်​ခိုး​ပေါ်တက်​သွားတာကြာလို့ လိုက်​ကြည့်​တာပါ hyoရာ"
"ဟုတ်​လို့လား "
"Yoongie​လေး​တောင်​ ထွားလာတယ်​​နော်​ sunny ​ရေ Fanyတို့ အချင်းချင်း ခမည်းခမက်​ ​တော်​ရ​အောင်​😜😜"
Fanyစကား​ကြောင့်​ Hyoyeon က
"Apk မင်းတို့​ခေတ်​ဘဲ လုပ်​ကြ​ပေါ့ကွာ"
"Hyo မင်း မိန်းမမယူ​တော့ဘူးလား"sooအ​မေးကို "မယူချင်​ပါဘူးကွာ တ​ယောက်​တည်း လွတ်​လွတ်​လပ်​လပ်​ ​နေချင်​လ်ု့"
"မရလို့ မယူတာများ အပို​တွေ 😂😝"
Sunnyစကား​ကြောင့်​ ကျွန်​​တော်​တို့ တဟားဟားနဲ့ ရယ်​ကြ​လေသည်​။
THE END
အခုမှ စ​ရေးလို့ အမှားပါရင်​ ခွင့်​လွှတ်​ပါ​နော်
မ​ကောင်းမကန်း fic​လေးကို အဆုံးထိဖတ်​​ပေးသူ​တွေကို ​ကျေးဇူးအများကြီးတင်​ပါတယ်​☺☺☺😘😘😘🙆🙆🙆🙆🙆

Bạn đang đọc truyện trên: Truyen3h.Co