Truyen3h.Co

Strange Girl

Part 14

KimFany059

#zawgyi

Sana တစ္ေယာက္ ဒီေန႔ေက်ာင္းကုိ တက္ႂကြေနတဲ့ ေျခလွမ္းနဲ႔အတူ ေလ်ွာက္လာသည္

မေန႔က Tzuyuကုိ ျကိဳက္ေနေျကာင္း သူမ ဖြင့္ေျပာလုိက္ရတဲ့အတြက္ေၾကာင့္ စိတ္ထဲ ေပါ့ပါးေနသည္

Tzuလည္း ေက်ာင္းကို ေစာေစာလာတတ္ေသာေၾကာင့္ စကားေျပာၿပီး အေျဖေတာင္းဖုိ႔ Sana စဥ္းစားေနသည္

သုိ႔ေသာ္လည္း အတန္းထဲ ေရာက္ေတာ့ Tzuကို မေတြ႔ရဘဲ Minaကိုသာ ေတြ႔ရသည္

"Mina....Tzuyu ေရာ ".

"မသိဘူးေလ "

Mina ေျပာၿပီး လက္သည္းကုိက္ေနေတာ့ Mina သူမကုိ ေလ်ွာက္ေျပာေနမွန္း Sana သိလုိက္သည္

Minaက ငယ္ကတည္းက တခုခုလိမ္ေျပာထားၿပီဆုိ လက္သည္းကုိက္တတ္ျမဲ....

"Mina နင္ ငယ္သူငယ္ခ်င္းကုိ လိမ္ေျပာရက္တယ္လား '

"Ok ok ဒီေန႔ သူ ေက်ာင္းမလာဘူး သူ႔အေဖ ဆုံးတာ ႏွစ္ႏွစ္ျပည့္ေလ.....အဲ့တာ "

Mina စကားေတာင္မဆုံးေသး Sana စာသင္ခန္းကေန ထြက္သြားသည္

"ဟဲ့ ဘယ္သြားမလုိ႔လည္း ခဏေန အတန္းစေတာ့မွာကို "

Minaေျပာတာကုိ Sana ဂ႐ုမစုိက္ဘဲ Tzu အိမ္သုိ႔ သြားေလသည္

*Ding Dong *

"ဘယ္သူလည္း.....Mrs.Chou တုိ႔ အျပင္သြားပါတယ္ "

"ဟုိတစ္ေန႔ကလာတဲ့ Sanaပါ.....Tzuတုိ႔ ဘယ္သြားလည္း သိခ်င္လုိ႔ "

"Aww သူ႔အေဖကုိ ျမႇဳပ္ထားတဲ့ ဂူ...×××ကို သြားပါတယ္ "

"Gomawo....."

Sanaလည္း Tzuေနာက္သုိ႔ ထပ္လုိက္ေလသည္

Mrs.Chouမွာ Taiwan က သူ႔အမ်ိဳးသားဂူကို Korea သုိ႔ ေရြ႔လာေသာေၾကာင့္ တကူးတက Tzuတုိ႔ Taiwanထိ သြားကန္ေတာ့စရာမလုိေတာ့ေပ

Tzuတုိ႔ Mr.Chou အုတ္ဂူကုိ ကန္ေတာ့စဥ္

"Tzu....Omma အလုပ္ကိစၥေပၚလာလုိ႔ အရင္ျပန္ႏွင့္မယ္ေနာ္ ရတယ္မလား "

"Nae ရပါတယ္ chaw busကား စီးၿပီး ျပန္ခဲ့မယ္ "

"မဟုတ္တာ Driverကို ျပန္လႊတ္လုိက္ပါမယ္ သမီးရဲ႕....... ကဲ Omma သြားၿပီေနာ္ "

"Nae....."

Mrs.Chou ထြက္သြားေတာ့ Tzuမွာ သူ႔အေဖ ဂူေ႐ွ႕တြင္ ဒူးေထာက္ရက္သား

"Appa.....Appaရဲ႕ ခ်စ္ရေသာ သမီးေလးပါ......Appaေရာ.... ေကာင္းကင္ဘုံမွာဘဲလား  Appa သမီးတုိ႔ကုိ ထားသြားတာ ႏွစ္ႏွစ္ေတာင္ ႐ွိၿပီေနာ္...... တကယ္ပါ အဲ့ေန႔က အဲ့ကိစၥေတြသာ မျဖစ္ခဲ့ဘူးဆုိရင္..... အဲ့ေခြးေကာင္နဲ႔ မေတြ႔ခဲ့ရင္ Appa ဒီလုိျဖစ္မွာမဟုတ္ဘူး.....သမီး အမွားပါ သမီးက အသုံးမဝင္တဲ့ ျပႆ     နာခ်ည္း ႐ွာေနတဲ့ သူပါ သမီးကုိယ္သမီးလည္း မကာကြယ္ႏုိုင္ဘူး ......သမီးေၾကာင့္ Appa ေသရတာ........ "

Mrs.Chouမွာ မလွမ္းမကမ္းကေန သူမတုိ႔ကုိ ၾကည့္ေနတဲ့ Sana ကို ျမင္လုိ႔ Tzuကို တစ္ေယာက္တည္း ထားခဲ့ၿပီး Sanaဆီ ေလ်ွာက္လာသည္

"Annyeonghasayo...... "

Sanaမွာ ဦးၫႊတ္ၿပီး Mrs.Chouကို ႏႈတ္ဆက္ေလသည္

"Tzuေလးကုိ ေစာင့္ေ႐ွာက္ေပးပါအုံး သမီးကုိ ယုံၾကည္ရမယ္ထင္လုိ႔ ထားခဲ့ၿပီေနာ္ "

"Nae စိတ္ခ်ပါ အသက္နဲ႔ ရင္းၿပီး ကာကြယ္ေပးပါမယ္ "

Tzuမွာ ႏွစ္နာရီေလာက္ ငုိၿပီး ဗုိက္ဆာတာနဲ႔ အနီးအနားက ေတာ့ပုိကီဆုိ္င္ထဲသုိ႔ ဝင္သြားသည္

Sanaလည္း Tzu အေႏွာင့္အယွက္ ျဖစ္မွာဆုိးလုိ႔ အျပင္မွာ သစ္ပင္နဲ႔ကြယ္ၿပီး ေစာင့္ေနသည္

သုိ႔ေသာ္လည္း အခ်ိန္ေတာ္ေတာ္ၾကတဲ့အထိ Tzu ထြက္မလာေသာေၾကာင့္ အထဲကို လုိက္ဝင္ၾကည့္ေတာ့ ဆုိဂ်ဴ ပုလင္းေတြနဲ႔ စားပြဲခုံေပၚ ေမွာက္လဲေနတဲ့ Tzuကို ေတြ႔ရသည္

"Tzuyu ah yah tzuyu...."

Tzuyuကို လႈပ္ရမ္းၿပီး Sanaႏႈိးေသာ္လည္း မရ...Tzuမွာ မူးၿပီးေမွာက္ေနသည္

"Tzuyu....."

"အဲ့ကေလးမေလးေလ အသက္မျပည့္ေသးဘဲ ဇြတ္ဆုိဂ်ဴ ေတာင္းေနတာ မေပးေတာ့ ရန္လုပ္ေသးတယ္ ေသာက္ႏုိင္တာလည္း မဟုတ္ဘဲ.... "

"Chawရဲ႕ သူငယ္ခ်င္းပါ သူ႔ကုိ ျပန္ေခၚသြားလိုက္မယ္ ေက်းဇူးတင္ပါတယ္ "

Sanaမွာ ဆုိင္႐ွင္အေဒၚႀကီးကို ေက်းဇူးတင္စကား ေျပာၿပီး Tzuyuကို ကုန္းပိုးလုိက္သည္....

တစ္လမ္းလုံး Tzuyuကုိ ကုန္းပုိးလာရင္း Tzuyuမွာ သူမေပၚ အန္ခ်သည္ကုိလည္း Sana ဂ႐ုမစုိက္ႏုိင္....

"ငါက သမီးဆုိးမလား ငါ့ေၾကာင့္ ငါ့ Appa ေသခဲ့ရတာ "

Tzuရဲ႕ ကေယာင္ကတမ္း စကားေၾကာင့္ Sana စိတ္မေကာင္း ျဖစ္သြားတယ္

"Appa အရမ္း သတိရတာဘဲ...."

Tzuyu ကေယာင္ကတမ္း ေျပာရင္း ထပ္အန္ျပန္သည္

ထုိ႔ေၾကာင့္ Sanaလည္း taxiငွါးၿပီး သူမအိမ္သုိ႔ Tzuအား ေခၚလာခဲ့ေတာ့သည္

Long time no seeပါ 😁

#tbc

#Unicode

Sana တစ်ယောက် ဒီနေ့ကျောင်းကို တက်ကြွနေတဲ့ ခြေလှမ်းနဲ့အတူ လျှောက်လာသည်

မနေ့က Tzuyuကို ကြိုက်နေကြောင်း သူမ ဖွင့်ပြောလိုက်ရတဲ့အတွက်ကြောင့် စိတ်ထဲ ပေါ့ပါးနေသည်

Tzuလည်း ကျောင်းကို စောစောလာတတ်သောကြောင့် စကားပြောပြီး အဖြေတောင်းဖို့ Sana စဉ်းစားနေသည်

သို့သော်လည်း အတန်းထဲ ရောက်တော့ Tzuကို မတွေ့ရဘဲ Minaကိုသာ တွေ့ရသည်

"Mina....Tzuyu ရော ".

"မသိဘူးလေ "

Mina ပြောပြီး လက်သည်းကိုက်နေတော့ Mina သူမကို လျှောက်ပြောနေမှန်း Sana သိလိုက်သည်

Minaက ငယ်ကတည်းက တခုခုလိမ်ပြောထားပြီဆို လက်သည်းကိုက်တတ်မြဲ....

"Mina နင် ငယ်သူငယ်ချင်းကို လိမ်ပြောရက်တယ်လား '

"Ok ok ဒီနေ့ သူ ကျောင်းမလာဘူး သူ့အဖေ ဆုံးတာ နှစ်နှစ်ပြည့်လေ.....အဲ့တာ "

Mina စကားတောင်မဆုံးသေး Sana စာသင်ခန်းကနေ ထွက်သွားသည်

"ဟဲ့ ဘယ်သွားမလို့လည်း ခဏေန အတန်းစတော့မှာကို "

Minaပြောတာကို Sana ဂရုမစိုက်ဘဲ Tzu အိမ်သို့ သွားလေသည်

*Ding Dong *

"ဘယ်သူလည်း.....Mrs.Chou တို့ အပြင်သွားပါတယ် "

"ဟိုတစ်နေ့ကလာတဲ့ Sanaပါ.....Tzuတို့ ဘယ်သွားလည်း သိချင်လို့ "

"Aww သူ့အဖေကို မြှုပ်ထားတဲ့ ဂူ...ကို သွားပါတယ် "

"Gomawo....."

Sanaလည်း Tzuနောက်သို့ ထပ်လိုက်လေသည်

Mrs.Chouမွာ Taiwan က သူ့အမျိုးသားဂူကို Korea သို့ ရွေ့လာသောကြောင့် တကူးတက Tzuတို့ Taiwanထိ သွားကန်တော့စရာမလိုတော့ပေ

Tzuတို့ Mr.Chou အုတ်ဂူကို ကန်တော့စဉ်

"Tzu....Omma အလုပ်ကိစ္စပေါ်လာလို့ အရင်ပြန်နှင့်မယ်နော် ရတယ္မလား "

"Nae ရပါတယ် chaw busကား စီးပြီး ပြန်ခဲ့မယ် "

"မဟုတ္တာ Driverကို ပြန်လွှတ်လိုက်ပါမယ် သမီးရဲ့....... ကဲ Omma သွားပြီနော် "

"Nae....."

Mrs.Chou ထွက်သွားတော့ Tzuမွာ သူ့အဖေ ဂူရှေ့တွင် ဒူးထောက်ရက်သား

"Appa.....Appaရဲ့ ချစ်ရသော သမီးလေးပါ......Appaရော.... ကောင်းကင်ဘုံမှာဘဲလား Appa သမီးတို့ကို ထားသြားတာ နှစ်နှစ်တောင် ရှိပြီနော်...... တကယ်ပါ အဲ့နေ့က အဲ့ကိစ္စတွေသာ မဖြစ်ခဲ့ဘူးဆိုရင်..... အဲ့ခွေးကောင်နဲ့ မတွေ့ခဲ့ရင် Appa ဒီလိုဖြစ်မှာမဟုတ်ဘူး.....သမီး အမွားပါ သမီးက အသုံးမဝင်တဲ့ ပြဿ  နာချည်း ရှာနေတဲ့ သူပါ သမီးကိုယ်သမီးလည်း မကာကွယ်နိုင်ဘူး ......သမီးကြောင့် Appa သေရတာ........ "

Mrs.Chouမွာ မလှမ်းမကမ်းကနေ သူမတို့ကို ကြည့်နေတဲ့ Sana ကို မြင်လို့ Tzuကို တစ်ယောက်တည်း ထားခဲ့ပြီး Sanaဆီ လျှောက်လာသည်

"Annyeonghasayo...... "

Sanaမွာ ဦးညွှတ်ပြီး Mrs.Chouကို နှုတ်ဆက်လေသည်

"Tzuလေးကို စောင့်ရှောက်ပေးပါအုံး သမီးကို ယုံကြည်ရမယ်ထင်လို့ ထားခဲ့ပြီနော် "

"Nae စိတ္ခ်ပါ အသက်နဲ့ ရင်းပြီး ကာကွယ်ပေးပါမယ် "

Tzuမွာ နှစ်နာရီလောက် ငိုပြီး ဗိုက်ဆာတာနဲ့ အနီးအနားက တော့ပိုကီဆို်င်ထဲသို့ ဝင်သွားသည်

Sanaလည်း Tzu အနှောင့်အယှက် ဖြစ်မှာဆိုးလို့ အပြင်မှာ သစ်ပင်နဲ့ကွယ်ပြီး စောင့်နေသည်

သို့သော်လည်း အချိန်တော်တော်ကြတဲ့အထိ Tzu ထွက်မလာသောကြောင့် အထဲကို လိုက်ဝင်ကြည့်တော့ ဆိုဂျူ ပုလင်းတွေနဲ့ စားပွဲခုံပေါ် မှောက်လဲနေတဲ့ Tzuကို တွေ့ရသည်

"Tzuyu ah yah tzuyu...."

Tzuyuကို လှုပ်ရမ်းပြီး Sanaနှိုးသော်လည်း မရ...Tzuမွာ မူးပြီးမှောက်နေသည်

"Tzuyu....."

"အဲ့ကလေးမလေးလေ အသက်မပြည့်သေးဘဲ ဇွတ်ဆိုဂျူ တောင်းနေတာ မပေးတော့ ရန်လုပ်သေးတယ် သောက်နိုင်တာလည်း မဟုတ်ဘဲ.... "

"Chawရဲ့ သူငယ်ချင်းပါ သူ့ကို ပြန်ခေါ်သွားလိုက်မယ် ကျေးဇူးတင်ပါတယ် "

Sanaမွာ ဆိုင်ရှင်အဒေါ်ကြီးကို ကျေးဇူးတင်စကား ပြောပြီး Tzuyuကို ကုန်းပိုးလိုက်သည်....

တစ်လမ်းလုံး Tzuyuကို ကုန်းပိုးလာရင်း Tzuyuမွာ သူမပေါ် အန်ချသည်ကိုလည်း Sana ဂရုမစိုက်နိုင်....

"ငါက သမီးဆိုးမလား ငါ့ကြောင့် ငါ့ Appa သေခဲ့ရတာ "

Tzuရဲ့ ကယောင်ကတမ်း စကားကြောင့် Sana စိတ်မကောင်း ဖြစ်သွားတယ်

"Appa အရမ်း သတိရတာဘဲ...."

Tzuyu ကယောင်ကတမ်း ပြောရင်း ထပ်အန်ပြန်သည်

ထို့ကြောင့် Sanaလည်း taxiငှါးပြီး သူမအိမ်သို့ Tzuအား ခေါ်လာခဲ့တော့သည်

Long time no seeပါ 😁

Bạn đang đọc truyện trên: Truyen3h.Co