သင်္ကြန်ဖူးစာ Part-6 final
Fanyတယောက် ကြာလာတော့ Taeyeon ကို ကြည့်မရတော့တာနဲ့ ကရင်း မတော်တဆ ဖြစ်တာလိုလိုနဲ့ Taeyeonရဲ့ ခြေထောက်ကို တက်နင်းလိုက်သည်။
Tiffany ရဲ့ တက်နင်းတာကို ခံရတော့ Taeyeonမှာ နာလို့ အော်မိလိုက်သည်။ Taeyeon အော်တာကို Fanyက မကြားချင်ယောင်ဆောင်ပီးနေတော့ Taeyeon သိလိုက်ပြီလေ Fanyတယောက် J၀င်နေပြီဆိုတာ.......
Fanyရဲ့ အနားလေး ကပ်ပြီး
"Fany......ချစ်လားဟင်.. .."
"ဟို Oppaလို့ ခေါ်တဲ့ ကလေးမလေးတွေကို သွားမေးပါ့လား ဘာလို့ ကျွန်မကို လာမေးနေတာလည်း...."
"Fany J၀င်နေတာ မဟုတ်လား....."
"၀င်စရာလား..... ရှင်ကလေ ရည်းစားတောင် မဖြစ်သေးဘူး ကိုယ်ချစ်ခွင့်ပန်ထားတဲ့ မိန်းကလေးကို ဘေးထားပြီး ကဲနေတာများ...... ရည်းစားသာဖြစ်ကြည့်ပါ့လား တို့ကို ရှိတယ်လို့တောင် သတ်မှတ်မှာ မဟုတ်ဘူး.. ..."
"အဲ့လို မဟုတ်ရပါဘူးဗျာ "
"တော်ပါ...... "
"ကိုယ်က Fanyကိုဘဲ ချစ်တာပါ...."
"လာချုပ်မနေနဲ့....."
"တကယ်ပြောတာပါ....."
"စိတ်ဆိုးနေတယ်နော် စကားလာမပြောနဲ့......"
Fanyက ထိုသို့ပြောပြီး တခြားတဖက်ကို လှည့်ကာ ရေပက်နေတော့ Taeyeonလည်း ဘာမှဆက်မပြောတော့ဘဲ ရေကိုသာ ပက်နေသည်။
"စိတ်ဆိုးနေတယ်နော် စကားလာမပြောနဲ့လို့ ပြောတာက ရှင့်ကို ချော့စေချင်လို့ ပြောတာကို နားမလည်ဘူးလား နလပိန်းတုံးလေးရဲ့💭💭💭"
Fanyက သူမကို ချော့စေချင်လို့ စိတ်ဆိုးတယ်လို့ပြောတာကို Taeyeonက နားမလည်ဘဲ Fanyတယောက် သူ့ကို စိတ်ဆိုးသွားပြီဆိုပြီး ၀မ်းနည်းနေလေရဲ့.....
သူတို့ စကားမပြောဘဲ ရေပက်နေရင်း နေ့လည်စာ စားချင်ရောက်တော့ ....Taeyeonက ဘာမှမပြောဘဲ Fanyနားလေးဘဲ ထိုင်ပြီး မုန့်စားနေတယ်.....
ခဏကြာတော့ Nuckhunရောက်လာပြီး
"Hi Fany......"
"Hi Nick....."
Taeyeon မုန့်စားနေရင်း မော့ကြည့်လိုက်တော့ မနေ့က မဏ္ဍပ်ပေါ်မှာ Fanyနဲ့ စကားပြောနေတဲ့ ကောင်လေးဆိုတာကို မှတ်မိပြီး J၀င်နေတယ်....
"Fany.... တယောက်တည်းလား အဖော်မရှိဘူးဆိုရင် ကိုယ်နဲ့ အတူ သင်္ကြန်တွင်းကို ပျော်ရွှင်စွာနဲ့ မဖြတ်သန်းချင်ဘူးလား....."
Taeရဲ့ အတွေးထဲမှာတော့ Nickhunကို "🔫💣🔪💭"
"အာညီး Fanyတယောက်တည်း မဟုတ်ဘူး Fanyရဲ့ ချစ်သူလည်းပါတယ်......"
Fanyရဲ့ ချစ်သူ ဆိုလို့ Taeရော Nickhun ရော အံ့သြပြီး
"Fany ချစ်သူက ဘယ်မှာလဲ.. ..."
Fanyလည်း သူ့ဘေးနားထိုင်နေတဲ့ Taeyeonရဲ့ လက်မောင်းကို တွဲပီး
"ဒီမှာလေ Fanyရဲ့ ချစ်သူ......"
Fanyရဲ့ စကားကြောင့် Taeyeon ကြောင်အမ်းအမ်းဖြစ်နေစဉ်
"Tae Tae...... ဘာတွေကြောင်နေတာလည်း မိတ်ဆက်လိုက်အုံးလေ....."
"Aww....တွေ့ရတာ ၀မ်းသာပါတယ် Fanyရဲ့ ချစ်သူ Taeyeonပါ....."
Fanyမှာ ချစ်သူရှိတာသိတော့ Nickhunလည်း ဘာမှထပ်မပြောတော့ဘဲ မဏ္ဍပ်ပေါ်ကို တက်သွားသည်။
Fanyကတော့ ဘာမှမဖြစ်သလို ခေါက်ဆွဲကြော်ကို အေးဆေးစားနေပေမယ့် မစားနိုင်သူက Taeyeon.....
ခုန Fanyက သူ့ချစ်သူလို့ မိတ်ဆက်ပေးတာကို ပြန်တွေးပြီး ရင်တွေခုန်နေသည်။
"Fany....."
"Omm....."
"ကျွန်တော့်ကို အဖြေပြန်ပေးဖို့ စဉ်းစားပြီးပြီလားဟင်....."
Fanyုတော့ ခေါက်ဆွဲကြော်ကို အေးဆေးစားရင်း
"ပေးပြီးပြီလေ....."
"ဘယ်တုန်းကလဲ 😳"
"အရူးလေး ရှင့်ကို မချစ်ဘဲ ဘာလို့ ခုနက တို့ရဲ့ ချစ်သူပါလို့ မိတ်ဆက်ပေးမှာလည်း"
"ဟင် ဒါဆို ချစ်တယ်ပေါ့...😍😍😍"
"Ommပေါ့😌"
Taeyeonလည်း Fanyရဲ့ လက်ကို ကိုင်ပြီး
"ပျော်လိုက်တာ Fanyရယ်..... ကိုယ်အရမ်းပျော်တာဘဲ....."
"အဟမ်း အဟမ်း ညေးရေ ကိုကြီးတို့ရှိသေးတာကို မေ့နေပြီလား"
Hyoyeonတို့ အသံကြားမှ Taeyeonလည်း Fanyလက်ကို လွှတ်လိုက်ပြီး
"ဟီး😁😁"
Sooyoungတယောက် ငြိမ်နေပါတယ်ဆိုပြီး Taeyeon လှမ်းကြည့်တော့ Sunnyဘေးနားထိုင်ပြီး ဘာတွေ ကြွယ်နေတယ်မသိ Sunnyကတော့ Sooyoungပြောသမျှ ထိုင်နားထောင်နေတယ်......
ညနေ ရေပက်တော့ Taeyeonတယောက်ကဲနေပြီလေ.... Fanyရဲ့ နောက်ကနေ ရပ်ပြီး ပခုံးလေးပေါ်ခေါင်းတင်ပြီး Roဆန်ဆန် ရေပက်နေတယ်....
Sooyoungက ကြာတော့ အမြင်ကတ်လာပုံရပါတယ် Taeyeonရဲ့ မျက်နှာကို ပိုက်နဲ့လှမ်းထိုးတယ်......
Taeyeonတယောက် Sooyoungကို ကျိန်ဆဲလိုက်တော့ Sooyoungက လျှာလေးထုတ်ပြီး ပြောင်ပြနေတယ်....ဒီလိုနဲ့ ညနေ ၆နာရီထိုးတော့ အိမ်ပြန်ဖို့ Taenyတို့ နှစ်ယောက် အလွမ်းသယ်နေကြသည်။
"Fany..... ကိုယ်အိမ်မပြန်ချင်သေးဘူးကွာ Fanyနဲ့ အခုလိုလေးဘဲ နေချင်တယ်....."
"Fanyလည်း Taeလိုပါဘဲ"
"Fany....."
"Omm...Tae...."
"မနက်ဖြန်ကျ ကိုယ်တို့ ကားနဲ့ လျှောက်လည်ရအောင်လေ....."
"Omm😍😍 ဆိုင်ကယ်ကို ဒီမဏ္ဍပ်မှာ addထားပီး Taeတို့ကားနဲ့ လည်ကြတာပေါ့....."
"တကယ်နော......"
"Ommတကယ် ခုတော့ နောက်ကျနေပြီလေ omarစိတ်ပူနေမှာဆိုးလို့ Fanyပြန်တော့မယ်....."
Fanyလည်း Taeyeonရဲ့ ပါးလေးကို နမ်းပြီး Sunnyရဲ့ ဆိုင်ကယ်နောက်ကနေ ထိုင်လိုက်သွားသည်။ Taeyeon ကတော့ သူ့ပါးလေးကို ကိုင်ပြီး Fanyကို ငေးကြည့်နေသည်။.. ...
ညအိမ်ပြန်ရောက်တော့ Taeyeonရော Fanyရော ညနေက ကြည်နူးစရာလေးတွေ ပြန်တွေးပြီး အိပ်သွားကြသည်။
သင်္ကြန် နောက်ဆုံးနေ့တွင် Taeyeonနဲ့ Fanyတို့ အရမ်းပျော်နေကြတယ်လေ တစ်လမ်းလုံး Taeyeonက Fanyရဲ့ ခါးလေးကို ဖက်ပြီး လိုက်လာတာ.....
Hyoyeon ကလည်း သူ့ညီလေး ပျော်နေတာကို ကြည့်ပြီး ကြည်နူးနေသည်။ နေ့လည်စာကို ဦးပိန်တံတားက အကြော်ဆိုင်တွေမှာ စားရင်း Yulက
"Tae....မင်းကွာ ညတုံးက ဖုန်းပြောတုံးက မင်းကောင်မလေးနဲ့ ချစ်သူဖြစ်နေပြီဆိုတဲ့ အကြောင်းလည်း မပြောဘူး လျို ထားတာကျန်း...."
"မဟုတ်ပါဘူးကွာ မနက်ကျမှ ပြောပြမလို့ပါ....."
Sooyoungကတော့ အကြော်တွေ ယူပြီး Sunnyကို ထည့်ပေးနေသည်။
Sicaက Sooyoungရဲ့ အပြုအမူတွေကို မြင်တော့
"ဟာ..... မုန်တိုင်းတိုက်တော့မယ်ဟေ့...."
"ဘာဖြစ်လို့လည်း Sica....."
"Sooyoungလေ အစားပုပ် Sooyoungလေ အကြော်တွေကို သူမစားဘဲ Fanyရဲ့ အမထဲကို ထည့်ပေးနေတာ HeeChul oppa......"
"ကြည့်ရတာတော့ Sooyoungလည်း Fall in loveဖြစ်နေပြီထင်တယ်...."
Hyoyeon စကားကြောင့် Sooyoungရော Sunnyပါရှက်သွားကြသည်။
"Tae Tae...."
"Ommပြော Fany....."
"Fanyတို့လေ ရောက်တုံးရောက်ခိုက် ဦးပိန်တံတား အဆုံးထိ လျှောက်ရအောင်......"
"ဘာလို့လည်း Fany....."
"ချစ်သူစုံတွဲတွေ ဦးပိန်တံတား အဆုံးထိ လက်တွဲမဖြုတ်ဘဲ လျှောက်ရင် ပေါင်းဖက်ရတယ်လို့ ပြောကြလို့...."
Taeနဲ့ Fanyလည်း လက်ချင်းတွဲပီး ဦးပိန်တံတားအဆုံးထိ လျှောက်နေကြသည်။
YulSic တို့ကတော့ လှေစီးနေကြတယ်.....Sooyoungနဲ့ Sunnyကတော့ ထိုင်ပြီး မုန့်စားနေကြသည်။
Hyoyeonကတော့ ဘီယာဗူးလေးကိုင်ပြီး တနေရာကို ငေးနေလေရဲ့......
ဒီလိုနဲ့ ညနေစောင်း အိမ်ပြန်ချိန်ရောက်တော့ Taeတယောက် Fanyရဲ့ နှုတ်ခမ်းလေးကို နမ်းလိုက်ပြီး
"ခွဲရတော့မယ်....Tae Tae...."
"သင်္ကြန်ပြီးသွားလည်း Fanyကို Tae...လာတွေ့မယ်လေ.... အမြဲတမ်းတွေ့ကြမယ်....."
"Ommပါ....Tae....Fanyကို ထားမသွားရဘူးနော် ကတိ ....."
"Fanyကို ထားသွားဖို့ စိတ်ကူး Tae Taeမှာ လုံးဝကို မရှိတာပါ ......"
Taenyတို့နှစ်ယောက် အလွမ်းသယ်ရင်း ကိုယ့်အိမ်ကိုယ် ပြန်သွားကြသည်။
အိမ်ပြန်လမ်းမှာ Sooyoung က ဗိုက်ဆာလို့ ဆိုပြီး မုန့်ဆိုင်မှာ ဆင်းဝယ်နေတုံး ညနေ၆နာရီခွဲနေပါပီ ရေပက်မယ့်သူမရှိလောက်တော့ဘူးဆိုပြီး Taeyeon ဖုန်းကို ထုတ်ကာ COCဆော့နေသည်။
ထိုအချိန် ကားတစ်စီးဖြတ်သွားရင်း Taeyeonကို ရေလှမ်းပက်လိုက်ရာ ဖုန်းမှာ ရေ၀င်ပြီး ပျက်သွားလေသည်။
Taeyeon ဒုက္ခအကြီးအကျယ်ရောက်ပြီလေ.... ဖုန်းကလည်းပျက် Fanyရဲ့ ဖုန်းနံပါတ်ကလည်း မမှတ်မိ......Fanyကလည်း အိမ်ပြန်ရောက်တော့ Taeyeonရဲ့ ဖုန်းကို မျှော်နေသည်။
Taeyeonကလည်း ဖုန်းကို ပြင်ဆိုင်အမြန်ပို့ပြီး ပြင်ခိုင်းပေမယ့် ၁ပတ်လောက် စောင့်ရမည်ဆိုသောကြောင့် စိတ်အရမ်း ညစ်သွားလေသည်။
"Fanyကတော့ ကျွန်တော့်ကို စိတ်ဆိုးတော့မှာဘဲ အကိုလတ်......"
"ဖုန်းရပြီးရင် ဆက်ပြီး အကျိုးအကြောင်းရှင်းပြလိုက်ပါ သူလက်ခံမှာပါ......"
~~~~~~~~~
Taeyeon သူ့ဆီ ဖုန်းမဆက်တာ သုံးရက်ရှိနေပြီမို့ Tiffany တယောက် ဒန်းပေါ်မှာ ထိုင်ရင်း ငိုနေပြီလေ.......ထိုအချိန် Sunnyရောက်လာပြီး
"ညီမလေးရေ Appaခေါ်နေတယ်......"
ငိုနေတဲ့ သူ့ညီမလေးကို တွေ့တော့
"Wae fany..... ဘာလို့ငိုနေတာလည်း....."
"Unnie.....Tae Taeလေ..... Chawဆီကို ဖုန်းမဆက်တာ သုံးရက်ရှိနေပြီ...... သူ chawကို သင်္ကြန် ရိုက်သွားတာနေမယ်😭😭😭"
Sunnyလည်း
Fanyရဲ့ ခေါင်းလေးကို ပွတ်ပေးပြီး
"မဟုတ်လောက်ပါဘူး fanyရယ်.... unnie ကြည့်သလောက် သူက Fanyကို တကယ်ချစ်တဲ့ ပုံပေါ်ပါတယ်....."
"ဒါဆိုရင် ဘာလို့ ဖုန်းမဆက်တာလည်း ...."
"သူ့မှာလည်း အကြောင်းတခုခုရှိလို့နေမှာပေါ့ ..... မငိုနဲ့နော်... တိတ်...Appaခေါ်နေတယ်.... ဘာပြောမလို့လည်း မသိဘူး မျက်ရည်သုတ်ပြီး သွားရအောင်လာ....."
Fanyလည်း မျက်ရည်တွေသုတ်ပီး Appaရှိရာ ဧည့်ခန်းရှိရာကို လာပြီး
"Appa Chawကို ခေါ်တယ်ဆို....."
Appaလည်း Tvကြည့်နေရာမှ Tvကို ပိတ်ပီး
"Omm ဟုတ်တယ် Fany....Appaပြောစရာရှိလို့....."
Fanyလည်း သူ့အဖေ နား ၀င်ထိုင်ပြီး
"Nae Appa...."
"မနက်ဖြန်ကျ မင်းနဲ့ လက်ထပ်မယ့် သတိုးသားလာလိမ့်မယ်...."
"ရှင်😱😱"
"Omm ဟုတ်တယ် သတို့သားရဲ့ အဖေက ငါဂျပန်မှာတုံးက ငါ့အသက်ကို ကူညီခဲ့လို့ ကျေးဇူးတင်တဲ့ အနေနဲ့ သူ့သားနဲ့ ငါ့သမီးကို လက်ထပ်ဖို့ ကတိပေးခဲ့တာ...."
"Appaကလည်း ခုမှတွေ့ခဲ့တဲ့သူကို လူကောင်းမှန်းမသိ လူဆိုးမှန်းမသိနဲ့....."
"Kim Company ပိုင်ရှင်ဆိုတော့ လူကောင်းပါ Fany....."
"Sunny unnieကို ကျော်ပြီး ဘာလို့ chawကို...."
"သမီးကို စိတ်မချလို့ အရင်ပေးစားတာ .....ဗရုတ်သုတ်ခတွေနဲ့ ညားကုန်မှာဆိုးလို့...."
"Chaw လက်မထပ်နိုင်ဘူး appa"
"Lee Mi Young....."
Fanyလည်း ဘာမှမပြောဘဲ အိမ်ပေါ်ကို တက်ပြေးသွားပြီး သူ့ကုတင်ပေါ်မှာ မှောက်ငိုနေတယ်.....
Sunnyရောက်လာပြီး Fanyကို ချော့တော့.....Sunnyကို fanyဖက်ထားပြီး ငိုနေလိုက်သည်။ တဖက်မှာလည်း
"ကျွန်တော် လက်မထပ်နိုင်ဘူး Appa....."
"လက်မထပ်လို့ မရဘူး Taeyeon..... လူကြီးချင်း ကတိထားထားတာ မျက်နှာမပျက်ချင်ဘူး "
"Appaတို့ မျက်နှာမပျက်ချင်တာနဲ့ ကျွန်တော်က ဘ၀တစ်လုံးပေးဆပ်ရမှာလား....."
"အေး...."
"HeeChulနဲ့ Hyoyeon hyungတို့ ရှိနေတာဘဲ....."
"သူတို့ နှစ်ယောက်က လိမ်မာတယ်...... စိတ်ပူစရာမလိုဘူး ငါမင်းကို စိတ်ပူတာ အဲ့တာကြောင့် ....."
"Appa......."
"Kim Taeyeon...... ဆက်ငြင်းရင် ခါးပက်စာမိမယ်နော်....."
ခါးပက်ဆိုတဲ့ စကားကြောင့် Taeyeon လန့်ပြီး ဆက်မပြောတော့ချေ......
ငယ်ငယ်ကတည်းက ခုထိ Appaသူ့ကို စိတ်တိုပြီဆို လက်ကို ကြိုးနဲ့တုပ်ပီး ခါးပက်နဲ့ ရိုက်နေကြလေ.....
Omarတို့ သူ့အကိုတို့ကလည်း Appaရဲ့ ဒေါသကို သိလို့ ၀င်မပြောရဲကြဘူး......
Taeyeonလည်း သူ့Appaကို ဆက်မပြောတော့ဘဲ သူ့အခန်းထဲကို ၀င်သွားတယ်
Hyoyeon က အနောက်ကလိုက်လာတော့
"အကိုလတ်..... ကျွန်တော် ဘယ်လိုလုပ်ရမလည်း..... Fanyကို မခွဲနိုင်ဘူးဗျာ.... အခုက ကိုယ်မသိတဲ့ မိန်းကလေးတယောက်နဲ့ လက်ထပ်ရမှာဆိုတော့......ကွာ..... ခုချိန်မှာ ဖုန်းသာရှိရင် Fanyကို ဖုန်းဆက်ပီး ခိုးပြေးမိမှာ....."
"အငယ်လေး စိတ်လျော့.. .... အဲ့လို တဇွတ်ထိုး မလုပ်ရဘူးလေ..... မနက်ဖြန် အဲ့Appaသဘောတူတဲ့ ကောင်မလေးဆီကို သွားကြည့်ကြတာပေါ့ အဲ့ရောက်မှ အငယ်လေး အဲ့ကောင်မလေးကို မကြိုက်ရင် ထွက်ပြေးကွာ....အကိုလတ်က အငယ်လေးကို ဖွက်ပေးထားမယ်.... ဟုတ်ပီလား.. ...."
ထိုညကတော့ Taeyeonရော Tiffanyရော မျက်ရည်များနဲ့ အိပ်ခဲ့ရတဲ့ ညဖြစ်တယ်......
သူနဲ့လက်ထပ်ရမယ့် မိန်းကလေးရဲ့ အိမ်ကို ရောက်တော့ ခြံထဲက ဆိုင်ကယ်လေးကို ကြည့်ပြီး တနေရာရာမှာ မြင်ဖူးပါတယ်ဆိုပြီး Taeyeon စဉ်းစားနေတယ်.....
လူကြီးတွေကတော့ အချင်းချင်း စကားပြောနေကြသည်။ ခဏအကြာ အပေါ်ကနေ ပန်းရောင် ဂါဝန်လေး ၀တ်ပီး ဆင်းလာတဲ့ ကောင်မလေးကို မြင်တော့ Hyoyeonတယောက် ပျော်ပြီး အပြင်ကို ငေးနေတဲ့ သူ့ညီလေးကို တံတောင်နဲ့တွတ်လိုက်သည်။
Taeyeonလည်း တံတောင်နဲ့ အတွတ်ခံကလို့ Hyoyeonကို မျက်မှောင်ကြုတ်ပြီး ကြည့်တော့ Hyoyeonက တနေရာကို လက်ညှိုးထိုးပြလိုက်သည်။
Hyoyeon လက်ညိုးထိုးပြရာကို ကြည့်လိုက်တော့.....
"Fany......."
Taeyeonရဲ့ အော်သံကြောင့် စကားပြောနေတဲ့ နှစ်ဖက်မိဘတွေ လန့်သွားပြီး Taeyeonကို Fanyကတော့ Taeyeonကို မျက်စောင်းထိုးပြီး ခြံထဲကို ထွက်သွားသည်။
Taeyeon လည်း Fanyနောက်ကို ပြေးလိုက်ပြီး လက်ကိုဆွဲပီး ဖက်လိုက်ရင်း
"Fany....ကိုယ်မင်းကို အရမ်းသတိရနေတာ အရမ်းတွေ့ချင်နေတာ ရူးတော့မယ်....."
Fanyလည်း Taeyeonကို တွန်းလိုက်ပြီး
"ဘာ..... သတိရနေတာ တွေ့ချင်နေတာ ဟုတ်လား ဖုန်းလေး တချက်တောင် မဆက်တဲ့ သူက သတိနေတာတဲ့ အံ့သြပါ့.. ...😕"
"ဖုန်းမဆက်တာ မဟုတ်ပါဘူး Fany.....ကိုယ့်ဖုန်းထဲ ရေတွေ ၀င်နေလို့ ပျက်သွားတာ အာ့ဆိုင်မှာမို့လို့ မဆက်ရတာပါ....."
"မယုံပါဘူး......"
Taeyeonလည်း သူ့ပိုက်ဆံအိတ်ထဲက ဘောက်ချာစာရွက်ကို ပြတော့
"ဒါဆိုလည်း တခြားဖုန်းနဲ့ တို့ကို ဆက်ပါ့လား...."
"😁 ph noမမှတ်မိလို့....."
"ဘာ....ကိုယ့်ရည်းစားရဲ့ ph noကို မမှတ်မိဘူး ဟုတ်လား.. ..."
"😢😢😢😢😢"
"အကယ်၍ တို့ လက်ထပ်ရမယ့်သူက ရှင်မဟုတ်ဘဲ အခြားသူဆို ရှင်ဘယ်လိုလုပ်မလည်း "
"😔😔😔😔😔"
"ရှင်ကတော့ လက်ထပ်ရမယ့်သူကို လာတွေ့တယ်ပေါ့ တို့မှာတော့ တညလုံး ငိုလိုက်ရတာ....."
"မဟုတ်ပါဘူး ကိုယ်လည်း ညက Appaနဲ့ ရန်ဖြစ်ထားတာပါ.... အခုက အကိုလတ်က ခဏတော့ လိုက်တွေ့လိုက်ပါပြောလို့....."
"တော်စမ်းပါ မယုံဘူး....."
"Fany....ကိုယ့်ကို စိတ်မဆိုးပါနဲ့နော်......"
Taeyeonလည်း Fanyရဲ့ ရှေ့မှာ ဒူးထောက်ချပြီး
"Will you marry me?"
ထိုစဉ် Fanyတို့ Appaတို့ ထွက်လာပီး
"လက်ခံတယ်မလား သမီး Hyoyeonလေးပြောပြလို့ Appaတို့ အကုန်သိပြီးသွားပြီ......"
Fanyလည်း သူ့Appaတို့ကို ကြည့်လိုက် Taeyeonကို ကြည့်လိုက်နဲ့ ခေါင်းညိတ်လိုက်လေသည်။
The End❤
မကောင်းမကန်း Ficလေးကို အဆုံးထိ ဖတ်ပေးလို့ ကျေးဇူးအများကြီးတင်ပါတယ် 🙆 YoonHyunနဲ့ YoonYul Ficလေးရေးနေပါတယ် ဖတ်ပေးကြပါအုံးနော်
Bạn đang đọc truyện trên: Truyen3h.Co