Tomboyလေးရဲ့ ကိုကို (Part-2)
အသားဖြူဖြူ အရပ်ရှည်ရှည်နဲ့ ကောင်လေးတယောက် အင်္ကျီအဖြူ ဘောင်းဘီအနက်ကို စမတ်ကျကျဝတ်ပြီး တန်ဖိုးကြီး နာရီတစ်လုံးကို လက်မှာပတ်ကာ.... လက်ဆွဲအိတ်ကို ယူပြီး အိမ်အောက်ကိုဆင်းလာသည်။ ထို့နောက် ထမင်းစားခန်းထဲသို့ ၀င်သွားပြီး
"Good morning Appa, Omar....."
"Good morning Yoong....."
မိသားစုတွေ မနက်စာစားရင်း Appaဖြစ်သူက စကားစလိုက်သည်။
"အဟမ်း..... Yoong.... မင်းကို Appaပြောစရာရှိလို့...."
"Nae Appa......."
"ငါ့သားကို Appaရဲ့ အခင်ဆုံး သူငယ်ချင်းရဲ့ သမီးနဲ့ လက်ထပ်ပေးဖို့ Appaတို့ ကတိထားခဲ့ကြတယ်...."
"Uncle Taeyeonနဲ့လား...."
"မင်း ဘယ်လိုသိတာလည်း 😳"
"Appaမှာ အခင်ဆုံး သူငယ်ချင်းဆိုလို့ Uncle Taeyeonဘဲ ရှိတာကို....."
"😁 omm ဟုတ်တယ် သူ့သမီး အကြီးမနဲ့ မင်းကို လက်ထပ်ပေးဖို့ ငါတို့ဟိုတနေ့က ဆွေးနွေးခဲ့တယ်....."
"Seohyunနဲ့လား......"
"Omm ဟုတ်တယ် မင်းမှတ်မိသားဘဲ သူ့ကို....."
"သူ့နာမည်ဘဲ မှတ်မိတော့တာပါ အခု ဘယ်လိုပုံစံလေးဆိုတာတောင် မမှတ်မိတော့ဘူး သားလည်း ကျောင်းစာတွေနဲ့ အလုပ်ရှူပ်နေတော့ သူတို့ အိမ်ကို သွားမလည်ဖြစ်တော့တာ အငယ်မလေး မွေးပြီးကတည်းကဘဲ......"
"အခုမြင်လည်း မှတ်မိတော့မှာ မဟုတ်ဘူး ငါ့သားရေ...."
"ဘာလို့လည်း Omar😨"
"သူက ယောင်္ကျားစိတ် ၀င်နေတယ်...."
"Sunny....."
Appaက Omarကို မပြောဖို့ ဟန့်တားလိုက်ပေမယ့် ယောင်္ကျားစိတ် ၀င်နေတယ် ဆိုတဲ့ စကားကြောင့် ကျွန်တော်ပြုံးလိုက်ပြီး
"ယောင်္ကျားစိတ် ၀င်တော့လည်း မိန်းမစိတ် ပြန်ဝင်အောင် လုပ်ပေးရမှာပေါ့...."
ကျွန်တော့်စကားကြောင့် Appa သဘောကျစွာ ရယ်လိုက်ပြီး
"ဒါမှ Choi Yoona ကွ....."
"ဒါဆို မင်း လက်ထပ်ဖို့ကို သဘောတူတယ်ပေါ့..."
"Nae..... တူပါတယ်....Omar...."
"Sunnyရေ ကြည့်စမ်းပါအုံးကွာ ငါတို့သားလေးက အရမ်းလိမ်မာတာဘဲ. မိဘစကားကို အမြဲ ငြင်းဆန်ဖူးတယ်ဆိုတာ မရှိဘူး...."
"ဟုတ်ပါ့ Sooyoungရေ.....ကျွန်မလေ Yoonaအတွက် အရမ်းဂုဏ်ယူတယ်....."
"ဒါတွေက ကျွန်တော့်ကို ငယ်စဉ်ကတည်းက ယဉ်ကျေးလိမ်မာအောင် ပြုစုပျိုးထောင်ပေးတဲ့ Appaတို့ကြောင့်ပါ☺☺"
"ပြောတတ်လိုက်တာ ငါတို့သားလေးကတော့ ဘာလို့ဒီလောက် ချစ်ဖို့ကောင်းတာလည်း...."
"Omarနဲ့တူလို့😊 "
'Aigooo...."
မနက်စာစားပြီး ကျွန်တော် Appaတို့ကို နှုတ်ဆက်ပီး Company ကို သွားတယ်.... ကားမောင်းရင်း Seohyunအကြောင်းကို စဉ်းစားကြည့်တော့ သူမ ပါးဖောင်းဖောင်းလေးကို ကျွန်တော် အူယားလို့ ခဏခဏ ဆွဲညှစ်တာရယ်....တခါက Uncle Taeyeonတို့ သွားစရာရှိလို့ဆိုပြီး Appaတို့က Seohyunလေးကို ခေါ်ပြီး လျှောက်လည်ကြတုံးက Omarက ခါးပတ်မပတ်တော့ Aunty Sunny ခါးပတ်ပတ်ပါအုံးဆိုပြီး အနောက်ကနေ စိုးရိမ်နေတာတွေ ပြန်တွေးရင်း companyကို ကျွန်တော် ဘယ်လိုရောက်လာမှန်း မသိတော့ပေ😁.....
မျောက်မှိုင်မှိုင်နေတဲ့ ကျွန်တော့်ကို Amberတယောက် ကြည့်ပြီး
"Seo Juhyuk.. ... မင်းကြည့်ရတာလည် မျောက်မှိုင် လဒမှိုင် မှိုင်နေတာ ဘာတွေဖြစ်နေလို့လည်း...."
ကျွန်တော်လည်း အကြောင်းစုံကို ရှင်းပြတော့ Amberတယောက် တခွီးခွီးနဲ့ ရယ်ပြီး
"ဒါဆို မင်းက ယောင်္ကျားရတော့မယ်ပေါ့....HaHa....."
"Amber..... ဒါဟာ ရယ်စရာ မဟုတ်ဘူးနော်......"
"😁😁😁"
"လာဖြီးပြမနေနဲ့ ငါတကယ် ညစ်နေတာနော်.. ..."
" ယောင်္ကျားမယူရင် မင်းအဖေက အမွေဖြတ်မယ်ပေါ့....."
"ဟုတ်ပါတယ်ဆိုကွာ.. ...😒😒😒"
"ဒါများ အလွယ်လေး.... ငါ့မှာ အကြံရှိတယ်....."
Amberရဲ့ စကားကြောင့် ကျွန်တော် မှိုင်နေရာကနေ နည်းနည်းတက်ကြွလာပြီး...
"Wae.... ဘာအကြံလည်း"
"လက်ထပ်လိုက်......"
Amberစကားကြောင့် သူ့ခေါင်းကို ရိုက်လိုက်ပြီး
"လက်မထပ်ချင်လို့ ညစ်နေပါတယ်ဆို ဘာလို့ လက်ထပ်ခိုင်းနေတာတုံး လဒရဲ့😠😠"
ကျွန်တော့်ရဲ့ ခေါင်းကို Amber ပြန်ရိုက်ပြီး
"ငါပြောတာကို ဆုံးအောင် နားထောင် ပုဇွန်ဦးနှောက်ရဲ့😒😒 မင်းသူနဲ့ လက်ထပ်လိုက် အခု မင်းအသက်က၁၈နှစ် ဟုတ်တယ်ဟုတ် အသက် ၂၀ပြည့်ရင် မင်းအမွေရမှာဘဲ နှစ်နှစ်လောက်တော့ အောင့်ခံပေါ့ကွ....."
"ဒါမယ့် ငါကအောင့်ခံပေမယ့် ဟိုဘက်က စည်းကျော်လာရင် ဘယ်လိုလုပ်မှာလည်း...."
"ဒါများ မင်းရဲ့ အမွေနည်းနည်း ဖဲ့ပေးမယ် ဟန်ဆောင်ပေးဆိုပြီး မြူ စွယ်လိုက်ပေါ့ကွ....."
"အာဟား.... မင်းပြောတာ မိုက်တယ် တော်လိုက်တာ ငါ့သူငယ်ချင်းက....."
ကျွန်တော်လည်း Amberပေးတဲ့ အကြံဥာဏ်ကို သဘောကျလို့ Amberကို မုန့်ဝယ်ကျွေးလိုက်သည်။ အိမ်ပြန်ရောက်တော့ Taeyeon တယောက် ထိုင်နေရာမှ အိမ်ထဲ ၀င်လာတဲ့ Seohyunကို လှမ်းပြောလိုက်သည်။
"Seohyun..... မင်း စဉ်းစားပြီးပြီလား "
"Tae Taeရယ် ကလေး ကျောင်းက ပြန်လာတာကို ခဏနားပါစေအုံး....... အပေါ်သွားပြီး ခဏနားအုံး ညစာစားပြီးမှ ဆက်ပြောကြတာပေါ့....."
Omarစကားကြောင့် Appa ဘာမှ မပြောခင် အိမ်ပေါ်ကို ပြေးတတ်သွားလိုက်သည်။ ညစာစားချိန်ရောက်တော့ Appaတို့နဲ့ ထမင်းစားရင်း Appaမမေးခင် ကျွန်တော် ဦးအောင် အရင်ပြောလိုက်သည်။
"Appa.....ကျွန်တော် လက်ထပ်မယ်....."
ကျွန်တော့်စကားကြောင့် Bae Chuတယောက် အံ့သြပြီး
"Omar...... သမီးလက်ကို ဆွဲဆိတ်ပေးပါ့လား...."
"ဘာလို့လည်း Bae Chuလေး...."
"သမီး အိမ်မက်မက်နေတာလားလို့😁"
"တယ်....ငါခေါက်လိုက်ရ...."
ကျွန်တော် ဇွန်းကို ကိုင်ပြီး ခေါက်ဟန်ပြုတော့
"Appa.... "
Appaက ကျွန်တော့်ကို စိုက်ကြည့်နေလို့ ဇွန်းကို ပြန်ချလိုက်သည်။
"မင်း လက်ထပ်မယ်ဆိုတာ တကယ်နော်....."
"Nae Appa.... ကျွန်တော် တကယ် လက်ထပ်မှာပါ...."
"ပြီးမှ လက်မထပ်ချင်ဘူးဆိုပြီး...."
"အဲ့လို မလုပ်ပါဘူး Appa...."
"ကောင်းပြီ ဒါဆို ငါအခု Sooyoungကို ဖုန်းဆက်ပြီး ချိန်းလိုက်မယ် ပြီးတော့ ငါတို့ မင်္ဂလာပွဲ ကိစ္စကို ဆက်ဆွေးနွေးကြမယ်....."
"ထမင်း အရင်စားလိုက်ပါအုံး Tae Taeရယ်...."
Omar စကားကြောင့် Appaလည်း ထမင်းအရင်စားပြီး သူ့သူငယ်ချင်းဆီ ဖုန်းလိုက်ဆက်လိုက်သည်။ ထို့နောက်
"လာမယ့် တနင်္ဂနွေကျ Genie Hotelမှာ ညစာစားဖို့ ငါတို့ ချိန်းလိုက်ပြီ....."
"တနင်္ဂနွေဆိုတော့ ဒီနေ့ ဘာနေ့လည်းဟင်...."
"သောကြာ...."
"သောကြာ ဟုတ်လား Omar😱😱 god....."
တဖက်မှာလည်း Yoona company က ပြန်ရောက်တော့
"ပြန်ရောက်ပါပြီ....."
"ညစာစားပြီးပြီလား..."
"Nae စားပြီးသွားပြီ Omar.... Park လုပ်ငန်းစုနဲ့ အလုပ်အကြောင်း ဆွေးနွေးရင်း စားလိုက်တာ...."
"Yoong.....တနင်္ဂနွေနေ့ မင်းအားလပ်ရက်ကို Appaတို့ကို ပေးလို့ရမလား...."
"Nae....ရပါတယ် Appa...."
"ဒါဆို Taeyeonကို တနင်္ဂနွေနေ့ကျ တွေ့ကြမယ်လို့ ချိန်းလိုက်ပြီနော်...."
"Nae....appa...."
"ကောင်းပြီ မင်း အနားယူလိုက်ပါအုံး ပင်ပန်းလာတာဆိုတော့...."
"ကောင်းသောညပါ Appaနဲ့ Omar...."
တနင်္ဂနွေနေ့ ညကို ရောက်တော့ Yoonaကတော့ Seohyun နဲ့ တွေ့ရတော့မယ်ဆိုပြီး ရင်ခုန်နေပေမယ့် Seohyunကတော့ သူ့Omar Tiffany နဲ့ ငြင်းခုန်နေတယ်လေ..... Fanyက ပန်းရောင် ဂါဝန်လေး ၀တ်ခိုင်း Seohyunက မ၀တ်ချင်ဘူးဆိုပြီး ငြင်းနေတာ နာရီဝက်လောက် ရှိနေပြီ..... Taeyeonနဲ့ Baechu ကတော့ အခန်းရှေ့မှာ သူတို့ကို ရပ်ကြည့်နေသည်။ နောက်ဆုံး Taeyeon စိတ်မရှည်တော့တာနဲ့ အခန်းတံခါးကို ခေါက်ပြီး
"နောက်ကျလို့ မဖြစ်ဘူးနော်.... Seohyun မင်း Omar ပေးတဲ့ ဂါဝန်လေး ၀တ်....."
Appaရဲ့ စကားကို ကျွန်တော် ငြင်းလိုက်ချင်ပေမယ့် မငြင်းရဲပါ.... Appaအကြောင်းကို သိလို့လေ လူပု စိတ်တိုလေး..... ကျွန်တော်လည်း ဂါဝန်ဝတ်ပြီး Baechuနဲ့ အတူ ကားနောက်ခန်းမှာ ထိုင်လိုက်တယ်.... Baechuက ကျွန်တော့်ကို ကြည့်ပြီး
"Woo..... မိန်းကလေးလို ၀တ်တော့ လူတောင် မှားတယ် ကျန်း....."
"Baechu😑😑"
Fanyကတော့ ကားရှေ့ခန်းကနေ သူ့သမီး နှစ်ယောက်ကို ကြည့်ပြီး သဘောကျနေတယ်..... Hotel ကို ရောက်တော့ Appaရဲ့ သူငယ်ချင်းတို့က အရင်ရောက်နေတော့
" Sooyoung မင်းတို့ အရင်ရောက်နေတာလား အားနာလိုက်တာ.. ..."
"မဟုတ်ပါဘူး ငါတို့လည်း ခုနကမှ ရောက်တာပါ...."
ကျွန်တော်တို့လည်း အခန်းထဲ ၀င်လာရော အရပ်ရှည်ရှည် အသားဖြူဖြူ နဲ့ ကောင်လေးက ထိုင်ရာမှထပြီး Appaတို့ကို နှုတ်ဆက်တယ်.. ..
"ကဲ မင်္ဂလာ ကိစ္စကို နောက်မှ ဆွေးနွေးကြမယ် ခုတော့ စားစရာတွေ အရင်မှာ ရအောင်....."
"Hahaha အေးပေါ့ စားစရာတွေအရင် မမှာသေးဘဲနဲ့ စကားပြောနေရင် Choi Sooyoung ဘယ် ပီသတော့မလည်း😜😜"
စားစရာတွေ မလာခင် Appaတို့ကတော့ ရယ်မောပြီး စကားပြောနေကြနေကြပေမယ့် ဟိုကောင်လေးကတော့ သူ့အဖေတို့ ပြောတာတွေ နားထောင်လိုက် တချက်တချကိ ကျွန်တော့်ကို ကြည့်ပြီး ပြုံးပြလိုက်နဲ့ ဒီကြားထဲ Baechuကလည်း ကျွန်တော့်နားလေးကပ်ပြီး
" ကောင်လေးက ကြည့်ရတာ ရည်ရည်မွန်မွန်လေး ပြီးတော့ ချောလိုက်တာ ခန့်လိုက်တာမှ ပြောမနေနဲ့ Gentleman styleနော် နှမြောလိုက်တာ..."
"ငါ့ကိုလား...."
"မဟုတ်ဘူး ဟိုကောင်လေးကို....."
"တယ်... ငါလုပ်လိုက်ရ😒😒😒😒"
အစားအသောက်တွေ ရောက်လာတော့ Yoonaတယောက် သူ့မိဘတွေကို ဦးချပြီး Taeyeon တို့ရဲ့ ပန်းကန်ထဲကို ဟင်းတွေထည့်ပေးသည်။ Taeyeonမှာ Yoonaရဲ့ အပြုအမူကို သဘောတွေကျနေသည်။
"Yoongက သိတတ်လိုက်တာ.... သားလိမ္မာလေးရထားတာဘဲ Sooတို့ကတော့....."
"ကျေးဇူးတင်ပါတယ် Uncle Taeyeon....."
"မင်းရဲ့ သားက အချောနော်.. ..."
"ဟုတ်တယ်.... ငါနဲ့တူတာလေ😎😎"
"အရပ်ရှည်တာ တခုဘဲ တူတာပါကွာ.... ကျန်တာတွေ လုံးဝမတူဘူး.....😝😛"
"Yoonaက သူ့အဖေနဲ့ တူတာ တခုရှိသေးတယ် Taeyeonရေ....."
"ဘာများလည်း Sunny....."
"အစားပုပ်တာလေ😂😂"
Sunnyရဲ့ စကားကြောင့် Taeyeon တို့ လင်မယား နှစ်ယောက် ရယ်ကြသည်။
"မင်းရဲ့ သမီးနှစ်ယောက်ကလည်း အချောနော် သူ့Omar Fanyလိုဘဲ ချစ်စရာလေးတွေ တော်သေးတာပေါ့ Fanyနဲ့တူလို့ ချောပြီး ချစ်စရာကောင်းတာ.....😝"
Taeနဲ့ Soo တယောက်နဲ့ တယောက် စနောက်ကြရင်း.....
"Tae Tae..... သူတို့ကို ကြည့်ပြီး ကျွန်မတို့ အသက်တွေ တော်တော်ကြီးလာတာကို သိလိုက်ရတယ် Yoonaဆို အရင်တုံးက ပိစိလေး အိမ်ကို အလည်လာရင် Seoလေးနဲ့ အတူဆော့နေကြလေ..."
Omar ပြောမှာဘဲ ထိုကောင်လေးကို ကျွန်တော် မှတ်မိတော့တယ်....ငယ်ငယ်က ကျွန်တော် Yoongie ဆိုပြီး သူနဲ့ အတူ ဆော့နေကြလေ
...ငယ်ငယ်ကထက်တော့ သူပိုပြီး ကြည့်ကောင်းလာပါတယ်....
"ဟုတ်ပါ့ Fanyရေ..... ဒါနဲ့ Yoona မင်းမှတ်မိရဲ့လား uncleတို့ကို.. "
"Nae မှတ်မိပါတယ် uncleတို့ အိမ်လာဆော့တာတွေ Seohyunရဲ့ ပါးဖောင်းလေးကို အူယားလို့ ခဏခဏ ဆွဲညှစ်မိတာတွေ....uncleတို့ Dateထွက်တဲ့ နေ့တွေဆို Seohyunလေးကို ခေါ်ပြီး Appaတို့က လျှောက်လည်ရင် ခါးပတ်မပတ်လို့ Seohyun ပွစိပွစိပြောနေတာတွေ အကုန်မှတ်မိပါတယ်..."
Yoonaပြောတာတွေ Seohyun နားထောင်ပြီးနောက်
"ကျွန်တော်ကသာ မမှတ်မိတာ သူကတော့ ကျွန်တော့် နာမည်ကအစ အကုန်မှတ်မိနေပါရောလား....နေပါအုံး ပါးဖောင်းလေးကို အူယားလို့ ဆွဲညှစ်တယ်ဆိုတာ ပြောစရာလား ဘယ်လို လူကြီး မှန်းလည်း မသိဘူး😖😖💭💭💭💭"
"Ah.... Yoonaက အကုန် မှတ်မိသားဘဲ..... နောက်ပိုင်း Aunty တို့ဆီ ဘာလို့ မလာတော့တာလည်း....."
"ကျွန်တော် စာတွေနဲ့ အလုပ်ရှုပ်နေလို့ပါ Aunty Fany စိတ်မကောင်းပါဘူး 😢....."
"ရပါတယ် Yoonaရယ် အခု မင်းက company မှာ ၀င်လုပ်နေပြီပေါ့....."
"ဟုတ်တယ် Fanyရေ သူ ကျောင်းပြီးတာနဲ့ တန်းပြီး Company ထဲ ၀င်တာ ခုဆို နှစ်နှစ်တည်းနဲ့ သူ့ကို တော်တော်များများ လွှဲထားလို့် ရနေပြီ.. ...."
'မင်းရဲ့သားက တော်လိုက်တာကွာ....."
"Uncle Sooyoung ပြောစကား အရဆို အဲ့လူကြီးက ကျွန်တော့်ထက် နှစ်နှစ်ကြီးတာပေါ့ 💭💭💭"
"လက်ထပ်ပွဲကို ဘယ်နေ့လုပ်ချင်လည်း Taeyeon....."
Taeyeonလည်း Seohyunကို လှမ်းကြည့်တော့
"ကျွန်တော် မသိဘူးနော် ဟိုလူကြီး မေးကြည့် "
"ဘယ်လူကြီးလည်း..."
Omarမေးခွန်းကို Yoonaဆိုတဲ့ လူကြီးကို ထိုးပြပြီး ဖြေလိုက်တော့
"ဟဲ့ ဘယ့်နဲ့ကြောင့် ဟိုလူကြီးလို့ ခေါ်တာလည်း သမီးထက် နှစ်နှစ်ဘဲကြီးတာကို oppaလို့ခေါ်....."
"Omar....."
"Kim Seohyun....."
Appaရဲ့ ဒေါသသံပါနေတဲ့ အသံကြောင်
"Nae Oppaကို မေးကြည့်လိုက်ပါ"
"Yoonaရော ဘယ်လိုလည်း.. .."
'ရပါတယ် Uncle Taeyeonတို့ အဆင်ပြေသလို စီစဉ်ပါ....."
'ဒါဆို နောက်အပတ် တနင်္ဂနွေ လုပ်ကြတာပေါ့....."
"Appa😱😱😱"
စားပြီးနောက်
"Yoona..... မင်းဘဲ Seohyunလေးကို လိုက်ပို့ပေးပါ့လား ....."
"Appaတို့နဲ့ ပြန်လိုက်လို့ ရနေတာကို....."
"မရှည်နဲ့..... ငါက မင်းတို့ချင်း ရင်းနှီးအောင် လုပ်ပေးနေတာ....ဟုတ်တယ်နော် Sooyoung....."
'ဟုတ်တယ်..... Yoonaက သူ့ဘာသာသူ့ ကားနဲ့လာတော့ အဆင်ပြေတာပေါ့......"
ကျွန်တော်လည်း မသက်သာတဲ့အဆုံး ဟိုလူကြီးကားနဲ့ ပြန်လိုက်ရတယ်..... ကားပေါ်ရောက်တော့ ဟိုလူကြီးက ကျွန်တော့်ကို ခါးပတ်ပတ်ပေးတယ်......အဲ့အချိန်မှာ ရေမွှေးနံ့လေးက ကျွန်တော့် နှာခေါင်းထဲ တိုးဝင်လာတော့
"မွှေးလိုက်တာ ဟိုလူကြီး ဘာရေမွှေးသုံးလည်း မသိဘူး💭💭"
Yoonaတယောက် ကားမောင်းရင်း
"Seohyun......"
"ပြော......"
"ငါ့ကို Oppaလို့ မခေါ်ချင်တောင် ဟိုလူကြီးလို့ မခေါ်နဲ့ကွာ..... မင်းငယ်ငယ်က ခေါ်သလို Yoongieလို့ ခေါ်ပါ့လား....."
"Ok.... Yoongie.. ...ငါပြောစရာရှိတယ်....."
"Ommm ပြော....."
"လက်ထပ်တယ်ဆိုတာကလေ..... ငါဟန်ဆောင်လက်ထပ်တာ သိလား အမွေဖြတ်မယ်ပြောလို့ အကယ်၍ ငါအမွေရလာရင် နင့်ကို ခွဲပေးမယ်လေ အမွေရတဲ့ တနေ့ကျ ငါ့ကို ကွာရှင်းပေး ခုတော့ ဟန်ဆောင်ကြတာပေါ့...."
Seohyunရဲ့ စကားကို နားထောင်ပြီး
"Seohyun....ရယ် ဘာ့ကြောင့် အမွေကိစ္စတွေပါ ပြောနေတာလည်း မင်း လက်ထပ်ရမယ့်သူက ငါဖြစ်နေလို့.....တခြားသူသာဆို မင်းရော အမွေကိုပါ အပိုင်ကြံမှာ..... ငါကတော့ အမွေကို မမက်မောပါဘူး💭💭💭💭"
"ဟဲ့ ဘာတွေတွေးနေတာလည်း ငါပြောတာပြန်ဖြေအုံးလေ....."
"Aww imm....."
"ငါတို့က ဟန်ဆောင်တာနော်.... ငါ့ကို အသားယူဖို့ မစဉ်းစားနဲ့ ကြိုပြောထားတာ ....."
"အေးပါဟာ😂"
Seohyunကို အိမ်ပြန်ပို့ပေးပြီး uncle Taeyeon တို့ကို နှုတ်ဆက်ပြီး ကျွန်တော် အိမ်ပြန်လာလိုက်သည်။
Author မလည်ခင်လေး ဒိတ်ပေးတာ😁😁😁
Voteနဲ့ Fbလေးပေးကြပါအုံး ဒီFicလေးကို သိပ်မဖတ်ကြတော့ ရေးရတာ အားမရှိပု😢😢
Bạn đang đọc truyện trên: Truyen3h.Co