Truyen3h.Co

Unexpected

Part 8

KimFany059

ဘယ်လောက်ဘဲ ဝှီးချဲကို အားသုံးပြီး ပြေးလည်း Lisaက Hyeriကို မှီလာသည်

"Suprise babyလေး ထွက်မပြေးပါနဲ့လား "

"ရှင်....လူလိမ်..လိုင်းပေါ်မှာကျ....."

"ဟုတ်တယ် မင်းကို သဘောကျလို့ မင်းနဲ့နီးစပ်ချင်လို့ ဟန်ဆောင်ခဲ့တာ ကိုယ်ပြောတာ အရင်နားထောင် ပြီးမှ ထွက်ပြေးချင်ပြေး "

Lisaက ဝှီးချဲကို လှမ်းဆွဲပြီး ပြောလိုက်သည်

"ရှင် လွှတ် "

"အဲ့ဒီ Appကနေ မင်းaccကို သတိထားမိနေတာ ကြာပြီ ဒီအတိုင်းဆိုရင် မင်းက ချစ်ဖို့ကောင်းတာကိုမသိဘဲ ကိုယ့်ကိုကိုယ် မသန်မစွမ်းဖြစ်နေလို့ဆိုတဲ့ သိမ်ငယ်စိတ်နဲ့ ကိုယ့်ကို လက်မခံလောက်ဘူးလို့ တွေးမိပြီး...ကိုယ်လည်း မသန်မစွမ်းဖြစ်နေသူလို ဟန်ဆောင်ခဲ့တာ....."...."

Lisaရဲ့ ဟန်ဆောင်ကောင်းတဲ့စကားနဲ့ ရိုးသားချင်ယောင်ဆောင်ထားတဲ့ မျက်ဝန်းတွေကြောင့် Hyeri ငြိမ်ကျသွားတယ်

"Mano တကယ်ပြောတာလား...."

"ကိုယ်သာ မင်းကို အန္တရာယ်ပေးချင်တဲ့သူဆိုရင် အခုလို စကားရပ်ပြောနေပါ့မလား "

Lisaကပြောပြီး Hyeriရဲ့ မျက်နှာလေးကို ကိုင်လိုက်သည်

Lisa အယုံသွင်းတာကို သမင်ပေါက်လေး Hyeriကလည်း အဟုတ်ထင်သည်

"Mano "

"မင်းက ဓာတ်ပုံထဲကထက် အပြင်မှာ ပိုကြည့်ကောင်းတာဘဲ "

Mano ခေါ် Lisa  က ပြောပြီး Hyeriကို နမ်းလိုက်သည်

"ဟိုဘက် ဂိုထောင်မှာ လူရှင်းတယ် သွားကြမလား "

Hyeriမှာ Manoက သူ့ကို အမဲလိုက်မယ့် သားရဲဆိုတာ သူမသိ

သူ့အတွက် သေတွင်းတောင် တူးနေလိုက်သေးသည်

ဂိုထောင်ထဲ အဝတ်မပါဘဲ အိပ်ပျော်နေတဲ့ Hyeriကို ကြည့်ပြီး Mano သူ့ဘောင်းဘီဇစ်ကို တပ်လိုက်သည်

ခြေထောက်မကောင်းတဲ့ ဒုက္ခိတလေးကို ဒီအတိုင်း သတ်ပစ်လို့ မကောင်းပါဘူး.... ဟုတ်ပြီ အမွှေဇယားလေးလုပ်ခဲ့အုံးမယ်

Mano ဟက်ခနဲရယ်လိုက်ပြီး ဝှီးချဲကို ဂိုထောင်အပြင်ဘက်သို့ လွှင့်ပစ်ခဲ့လိုက်သည်

"ပထမအကြိမ်တော့ လွှတ်ပေးလိုက်မယ်နော် ဟဲ "

Mano စီးကရက်ကို ပါးစပ်ထဲထည့်ပြီး ဂိုထောင်နဲ့ ဝေးရာသို့ ထွက်လာလိုက်သည်

Hyeri နိုးလာတော့ ဘေးနားမှာ Manoက မရှိ

"Mano....Mano..."

Hyeri နာမည်အော်ခေါ်လိုက်ပေမယ့် တုံ့ပြန်မှုကတော့ မရပေ

"shit "

Hyeri ကျိန်ဆဲပြီး အဝတ်အစားကို အားယူကာ ဝတ်လိုက်သည် အောက်ပိုင်းသေနေတဲ့ သူမအတွက် ဘောင်းဘီဝတ်ဖို့ဆိုတာ တော်တော်ခဲယဥ်းတယ်လေ

"ဝှီးချဲနဲ့ ဖုန်းက ဘယ်ရောက်သွားတာလဲ "

Hyeri စိတ်တိုပြီး အော်ဟစ်လိုက်သည်

နောက်ဆုံးတော့ ခြေထောက်တရွတ်ဆွဲပြီး မြေပြင်ပေါ် တွားသွားကာ သူမရဲ့ ဝှီးချဲနဲ့ ဖုန်းကို Hyeriလိုက်ရှာရလေသည်

"Mano လူယုတ်မာ "

လုပ်ချင်တာလုပ်နေရလို့ ကျေနပ်နေသူ Lisaမှာ သီချင်းလေးညည်းပြီး ကားမောင်းရင်း ရုတ်တရက် Chaeyoung ကို သတိရသွားတယ်

"ဒီကောင်မလေး ဘာများလုပ်နေမလဲ ထုံးစံအတိုင်း အမဲအူစွပ်ပြုတ်ဆိုင်မှာများ ရှိနေမလား "

Lisa တွေးရင်း ကားစီယာတိုင်ကို ကွေ့ကာ လမ်းကြောင်းပြောင်းလိုက်သည်

ဘာလို့မှန်းမသိ သူ့စိတ်က Chaeyoungကို ပြင်းပြင်းထန်ထန် သတိရနေ တွေ့ချင်နေတယ်

စခန်းမှူးမှာ လူသတ်သမားကို ရှာမတွေ့သေးဘူးဆိုသောကြောင့် ခေါင်းမီးတောက်နေတယ်လေ

မဖမ်းမမိမချင်း နောက်ထပ် ဘယ်ကနေ ပေါ်လာပြီး ဘယ်လိုတွေလူသတ်အုံးမယ်ဆိုတာ မသိရပေ

"စိတ်မအေးရပါလားဟေ "

ထောက်... ထောက်....

ခေါင်းမီးတောက်နေပါတယ်ဆိုမှ တစ်ထောက် ထောက် အသံကြားလို့ အသံကြားရာကို လိုက်ကြည့်တော့ နေကြာစေ့ထိုင်စားနေတဲ့ Park Chaeyoungကို တွေ့ရလေသည်

Park Chaeyoungကို ​ပြောရမယ့်အစား ဆူရမယ့်အစား ကွင်းဆက်လူသတ်သမားနဲ့ နပန်းသာပြေးလုံးချင်တော့သည်

Seung Yoonမှာ အပြင်ကနေ စခန်းဆီပြန်လာတော့ Park Chaeyoungကို ခါးထောက်ကြည့်နေတဲ့ စခန်းမှူးကို မြင်လို့ အခြေအနေမကောင်းဘူးဆိုတာ သိလိုက်ပြီလေ

Kang Seung Yoon အလုပ်မှာ လူဆိုးဖမ်းဖို့ မဟုတ်ပေ Park Chaeyoungနဲ့ ဒေါသအိုး စခန်းမှူးတို့ ပြဿနာမတက်အောင် ရန်မဖြစ်အောင် လိုက်ဖာထေးနေရသော အလုပ်ပင်ဖြစ်သည်

နေ့လည်စာစားချိန်ဆိုပြီး စကားလျှောက်လွှဲရင်း Chaeyoungကို စခန်းကနေ ခေါ်ထုတ်ခဲ့ရပြန်ပြီ

သို့သော်လည်း Seung Yoon ဘူဆန်ကရောက်လာတဲ့ သူ့ညီကို ကြိုရအုံးမည်မို့ Chaeyoung ကို အမဲအူစွပ်ပြုတ်ဆိုင်မှာ တစ်ယောက်တည်း ထားခဲ့သည်

အားပါးတရ စားနေတဲ့ Chaeyoungကို ဆိုင်အပြင်ဘက်ကနေ ကြည့်ရင်း Lisa ပြုံးနေမိတယ်

ငါက...ငါက သူ့ကိုကြည့်ရင်း ပြုံးနေမိပါ့လား မဖြစ်နိုင်တာ ဒီအတိုင်း သူ့ကို သားကောင်အဖြစ် သတ်မှတ်ထားလို့ ငါ့သားကောင်းလေးဆိုပြီး ကျေနပ်နေလို့ ပြုံးမိတာနေမှာပါ......

"အဒေါ်ကြီး ဒီကို ထမင်းဖြူနှစ်ပွဲနဲ့ အမဲအူစွပ်ပြုတ်တစ်ပွဲပေးပါ "

Chaeyoung သူ့ရှေ့ကိုလာထိုင်ပြီး ပြောတဲ့ ရင်းနှီးတဲ့အသံကြောင့် စားနေရာကနေ မော့ကြည့်လိုက်သည်

"Omo... "

"မတွေ့ရတာကြာပြီနော် Chaeyoung shii တစ်ယောက်တည်းလား ဒီမှာထိုင်လို့ရတယ်မလား "

"အာ ဟုတ် တစ်​ယောက်တည်းပါ ထိုင်လို့ရပါတယ် "

"အဟဲ ကျေးဇူးပါ သွားရင်းလာရင်း အမဲအူစွပ်ပြုတ် စားချင်လို့ ဒီကိုလာလိုက်တာ Chaeyoungကို တွေ့တာဘဲ ကိုယ်တို့တွေ စိတ်ချင်းဆက်နေတာနဲ့တူတယ် "

Lisa ခွက်ထဲ ရေငှဲ့ရင်း ပြောလိုက်သည်

"ဟုတ်မယ် ပြီးတော့ ဒီဆိုင်က စွပ်ပြုတ်က ကောင်းတာကိုး "

"haha ဟုတ်မှာပါ ဒါနဲ့ တစ်လောက ကိုယ့်ကြောင်လေးကိုကယ်ပေးလို့ ကျေးဇူးဆပ်တဲ့အနေနဲ့ အမဲအူစွပ်ပြုတ် ဝယ်ကျွေးမယ် "

"အယ် မဟုတ်တာ "

"မဟုတ်လို့ မရဘူး စားရမယ် "

"အာ..."

Lisaက ဇွတ်ဝယ်ကျွေးနေလို့ Chaeyoungလည်းကျေးဇူးတင်စကားပြောလိုက်ရတယ်လေ

"Chae....young "

Lisa စွပ်ပြုတ်ထဲ ထမင်းစိမ်လိုက်ရင်း Chaeyoungနာမည်ကို ခေါ်လိုက်သည်

"ဟုတ်..."

"Chaeyoung အချစ်ကို ဘယ်လိုခံစားရလဲဟင်..."

"Chaeက...'

"ကိုယ်ကတော့ မင်းအပေါ် ခံစားချက်ရှိနေပြီထင်တယ် "

သူ့မျက်လုံးကို တည့်တည့်ကြည့်ပြီး ပြောချလာတဲ့ Lisaကြောင့် Chaeyoung ဘာပြောရမှန်းမသိပေ

သေချာပြောရရင် အရွယ်ရောက်လာကတည်းကအခုထိ အချစ်ဆိုတာကို Chaeyoung မခံစားတတ်သေး မသိသေးတာတော့ အမှန်ပင်.....

ငယ်စဥ်က ခံစားချက်တွေမသိလို့ အမေ့ဆီက သင်ခဲ့ရသည် ထိုသင်ကြားချက်ထဲ အချစ်အကြောင်းတော့ မပါပေ

အမေက အချစ်အကြောင်းသင်ပေးဖို့ထိ ကြိုးစားအားမထုတ်ဘဲ ထွက်ပြေးသွားခဲ့တယ်မဟုတ်လား

Chaeyoung ဘာမှပြန်မဖြေဘဲ စွပ်ပြုတ်ကိုသာ ဆက်စားလိုက်သည်

#tbc

#zawgyi

ဘယ္ေလာက္ဘဲ ဝွီးခ်ဲကို အားသုံးၿပီး ေျပးလည္း Lisaက Hyeriကို မွီလာသည္

"Suprise babyေလး ထြက္မေျပးပါနဲ႕လား "

"ရွင္....လူလိမ္..လိုင္းေပၚမွာက်....."

"ဟုတ္တယ္ မင္းကို သေဘာက်လိဳ႕ မင္းနဲ႕နီးစပ္ခ်င္လို႔ ဟန္ေဆာင္ခဲ့တာ ကိုယ္ေျပာတာ အရင္နားေထာင္ ၿပီးမွ ထြက္ေျပးခ်င္ေျပး "

Lisaက ဝွီးခ်ဲကို လွမ္းဆြဲၿပီး ေျပာလိုက္သည္

"ရွင္ လႊတ္ "

"အဲ့ဒီ Appကေန မင္းaccကို သတိထားမိေနတာ ၾကာၿပီ ဒီအတိုင္းဆိုရင္ မင္းက ခ်စ္ဖို႔ေကာင္းတာကိုမသိဘဲ ကိုယ့္ကိုကိုယ္ မသန္မစြမ္းျဖစ္ေနလို႔ဆိုတဲ့ သိမ္ငယ္စိတ္နဲ႕ ကိုယ့္ကို လက္မခံေလာက္ဘူးလို႔ ေတြးမိၿပီး...ကိုယ္လည္း မသန္မစြမ္းျဖစ္ေနသူလို ဟန္ေဆာင္ခဲ့တာ....."...."

Lisaရဲ႕ ဟန္ေဆာင္ေကာင္းတဲ့စကားနဲ႕ ရိုးသားခ်င္ေယာင္ေဆာင္ထားတဲ့ မ်က္ဝန္းေတြေၾကာင့္ Hyeri ၿငိမ္က်သြားတယ္

"Mano တကယ္ေျပာတာလား...."

"ကိုယ္သာ မင္းကို အႏၱရာယ္ေပးခ်င္တဲ့သူဆိုရင္ အခုလို စကားရပ္ေျပာေနပါ့မလား "

Lisaကေျပာၿပီး Hyeriရဲ႕ မ်က္ႏွာေလးကို ကိုင္လိုက္သည္

Lisa အယုံသြင္းတာကို သမင္ေပါက္ေလး Hyeriကလည္း အဟုတ္ထင္သည္

"Mano "

"မင္းက ဓာတ္ပုံထဲကထက္ အျပင္မွာ ပိုၾကည့္ေကာင္းတာဘဲ "

Mano ေခၚ Lisa  က ေျပာၿပီး Hyeriကို နမ္းလိုက္သည္

"ဟိုဘက္ ဂိုေထာင္မွာ လူရွင္းတယ္ သြားၾကမလား "

Hyeriမွာ Manoက သူ႕ကို အမဲလိုက္မယ့္ သားရဲဆိုတာ သူမသိ

သူ႕အတြက္ ေသတြင္းေတာင္ တူးေနလိုက္ေသးသည္

ဂိုေထာင္ထဲ အဝတ္မပါဘဲ အိပ္ေပ်ာ္ေနတဲ့ Hyeriကို ၾကည့္ၿပီး Mano သူ႕ေဘာင္းဘီဇစ္ကို တပ္လိုက္သည္

ေျခေထာက္မေကာင္းတဲ့ ဒုကၡိတေလးကို ဒီအတိုင္း သတ္ပစ္လို႔ မေကာင္းပါဘူး.... ဟုတ္ၿပီ အေမႊဇယားေလးလုပ္ခဲ့အုံးမယ္

Mano ဟက္ခနဲရယ္လိုက္ၿပီး ဝွီးခ်ဲကို ဂိုေထာင္အျပင္ဘက္သို႔ လႊင့္ပစ္ခဲ့လိုက္သည္

"ပထမအႀကိမ္ေတာ့ လႊတ္ေပးလိုက္မယ္ေနာ္ ဟဲ "

Mano စီးကရက္ကို ပါးစပ္ထဲထည့္ၿပီး ဂိုေထာင္နဲ႕ ေဝးရာသို႔ ထြက္လာလိုက္သည္

Hyeri နိုးလာေတာ့ ေဘးနားမွာ Manoက မရွိ

"Mano....Mano..."

Hyeri နာမည္ေအာ္ေခၚလိုက္ေပမယ့္ တုံ႕ျပန္မႈကေတာ့ မရေပ

"shit "

Hyeri က်ိန္ဆဲၿပီး အဝတ္အစားကို အားယူကာ ဝတ္လိုက္သည္ ေအာက္ပိုင္းေသေနတဲ့ သူမအတြက္ ေဘာင္းဘီဝတ္ဖို႔ဆိုတာ ေတာ္ေတာ္ခဲယဥ္းတယ္ေလ

"ဝွီးခ်ဲနဲ႕ ဖုန္းက ဘယ္ေရာက္သြားတာလဲ "

Hyeri စိတ္တိုၿပီး ေအာ္ဟစ္လိုက္သည္

ေနာက္ဆုံးေတာ့ ေျခေထာက္တ႐ြတ္ဆြဲၿပီး ေျမျပင္ေပၚ တြားသြားကာ သူမရဲ႕ ဝွီးခ်ဲနဲ႕ ဖုန္းကို Hyeriလိုက္ရွာရေလသည္

"Mano လူယုတ္မာ "

လုပ္ခ်င္တာလုပ္ေနရလို႔ ေက်နပ္ေနသူ Lisaမွာ သီခ်င္းေလးညည္းၿပီး ကားေမာင္းရင္း ႐ုတ္တရက္ Chaeyoung ကို သတိရသြားတယ္

"ဒီေကာင္မေလး ဘာမ်ားလုပ္ေနမလဲ ထုံးစံအတိုင္း အမဲအူစြပ္ျပဳတ္ဆိုင္မွာမ်ား ရွိေနမလား "

Lisa ေတြးရင္း ကားစီယာတိုင္ကို ေကြ႕ကာ လမ္းေၾကာင္းေျပာင္းလိုက္သည္

ဘာလို႔မွန္းမသိ သူ႕စိတ္က Chaeyoungကို ျပင္းျပင္းထန္ထန္ သတိရေန ေတြ႕ခ်င္ေနတယ္

စခန္းမႉးမွာ လူသတ္သမားကို ရွာမေတြ႕ေသးဘူးဆိုေသာေၾကာင့္ ေခါင္းမီးေတာက္ေနတယ္ေလ

မဖမ္းမမိမခ်င္း ေနာက္ထပ္ ဘယ္ကေန ေပၚလာၿပီး ဘယ္လိုေတြလူသတ္အုံးမယ္ဆိုတာ မသိရေပ

"စိတ္မေအးရပါလားေဟ "

ေထာက္... ေထာက္....

ေခါင္းမီးေတာက္ေနပါတယ္ဆိုမွ တစ္ေထာက္ ေထာက္ အသံၾကားလို႔ အသံၾကားရာကို လိုက္ၾကည့္ေတာ့ ေနၾကာေစ့ထိုင္စားေနတဲ့ Park Chaeyoungကို ေတြ႕ရေလသည္

Park Chaeyoungကို ေျပာရမယ့္အစား ဆူရမယ့္အစား ကြင္းဆက္လူသတ္သမားနဲ႕ နပန္းသာေျပးလုံးခ်င္ေတာ့သည္

Seung Yoonမွာ အျပင္ကေန စခန္းဆီျပန္လာေတာ့ Park Chaeyoungကို ခါးေထာက္ၾကည့္ေနတဲ့ စခန္းမႉးကို ျမင္လို႔ အေျခအေနမေကာင္းဘူးဆိုတာ သိလိုက္ၿပီေလ

Kang Seung Yoon အလုပ္မွာ လူဆိုးဖမ္းဖို႔ မဟုတ္ေပ Park Chaeyoungနဲ႕ ေဒါသအိုး စခန္းမႉးတို႔ ျပႆနာမတက္ေအာင္ ရန္မျဖစ္ေအာင္ လိုက္ဖာေထးေနရေသာ အလုပ္ပင္ျဖစ္သည္

ေန႕လည္စာစားခ်ိန္ဆိုၿပီး စကားေလွ်ာက္လႊဲရင္း Chaeyoungကို စခန္းကေန ေခၚထုတ္ခဲ့ရျပန္ၿပီ

သို႔ေသာ္လည္း Seung Yoon ဘူဆန္ကေရာက္လာတဲ့ သူ႕ညီကို ႀကိဳရအုံးမည္မို႔ Chaeyoung ကို အမဲအူစြပ္ျပဳတ္ဆိုင္မွာ တစ္ေယာက္တည္း ထားခဲ့သည္

အားပါးတရ စားေနတဲ့ Chaeyoungကို ဆိုင္အျပင္ဘက္ကေန ၾကည့္ရင္း Lisa ၿပဳံးေနမိတယ္

ငါက...ငါက သူ႕ကိုၾကည့္ရင္း ၿပဳံးေနမိပါ့လား မျဖစ္နိုင္တာ ဒီအတိုင္း သူ႕ကို သားေကာင္အျဖစ္ သတ္မွတ္ထားလို႔ ငါ့သားေကာင္းေလးဆိုၿပီး ေက်နပ္ေနလို႔ ၿပဳံးမိတာေနမွာပါ......

"အေဒၚႀကီး ဒီကို ထမင္းျဖဴႏွစ္ပြဲနဲ႕ အမဲအူစြပ္ျပဳတ္တစ္ပြဲေပးပါ "

Chaeyoung သူ႕ေရွ႕ကိုလာထိုင္ၿပီး ေျပာတဲ့ ရင္းႏွီးတဲ့အသံေၾကာင့္ စားေနရာကေန ေမာ့ၾကည့္လိုက္သည္

"Omo... "

"မေတြ႕ရတာၾကာၿပီေနာ္ Chaeyoung shii တစ္ေယာက္တည္းလား ဒီမွာထိုင္လို႔ရတယ္မလား "

"အာ ဟုတ္ တစ္ေယာက္တည္းပါ ထိုင္လို႔ရပါတယ္ "

"အဟဲ ေက်းဇူးပါ သြားရင္းလာရင္း အမဲအူစြပ္ျပဳတ္ စားခ်င္လို႔ ဒီကိုလာလိုက္တာ Chaeyoungကို ေတြ႕တာဘဲ ကိုယ္တို႔ေတြ စိတ္ခ်င္းဆက္ေနတာနဲ႕တူတယ္ "

Lisa ခြက္ထဲ ေရငွဲ႕ရင္း ေျပာလိုက္သည္

"ဟုတ္မယ္ ၿပီးေတာ့ ဒီဆိုင္က စြပ္ျပဳတ္က ေကာင္းတာကိုး "

"haha ဟုတ္မွာပါ ဒါနဲ႕ တစ္ေလာက ကိုယ့္ေၾကာင္ေလးကိုကယ္ေပးလို႔ ေက်းဇူးဆပ္တဲ့အေနနဲ႕ အမဲအူစြပ္ျပဳတ္ ဝယ္ေကြၽးမယ္ "

"အယ္ မဟုတ္တာ "

"မဟုတ္လို႔ မရဘူး စားရမယ္ "

"အာ..."

Lisaက ဇြတ္ဝယ္ေကြၽးေနလို႔ Chaeyoungလည္းေက်းဇူးတင္စကားေျပာလိုက္ရတယ္ေလ

"Chae....young "

Lisa စြပ္ျပဳတ္ထဲ ထမင္းစိမ္လိုက္ရင္း Chaeyoungနာမည္ကို ေခၚလိုက္သည္

"ဟုတ္..."

"Chaeyoung အခ်စ္ကို ဘယ္လိုခံစားရလဲဟင္..."

"Chaeက...'

"ကိုယ္ကေတာ့ မင္းအေပၚ ခံစားခ်က္ရွိေနၿပီထင္တယ္ "

သူ႕မ်က္လုံးကို တည့္တည့္ၾကည့္ၿပီး ေျပာခ်လာတဲ့ Lisaေၾကာင့္ Chaeyoung ဘာေျပာရမွန္းမသိေပ

ေသခ်ာေျပာရရင္ အ႐ြယ္ေရာက္လာကတည္းကအခုထိ အခ်စ္ဆိုတာကို Chaeyoung မခံစားတတ္ေသး မသိေသးတာေတာ့ အမွန္ပင္.....

ငယ္စဥ္က ခံစားခ်က္ေတြမသိလို႔ အေမ့ဆီက သင္ခဲ့ရသည္ ထိုသင္ၾကားခ်က္ထဲ အခ်စ္အေၾကာင္းေတာ့ မပါေပ

အေမက အခ်စ္အေၾကာင္းသင္ေပးဖို႔ထိ ႀကိဳးစားအားမထုတ္ဘဲ ထြက္ေျပးသြားခဲ့တယ္မဟုတ္လား

Chaeyoung ဘာမွျပန္မေျဖဘဲ စြပ္ျပဳတ္ကိုသာ ဆက္စားလိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co