Part 20
#zawgyi
"ဒီဟာလေး "
"ဘာလို့လည်း Nam "
*****************************
"Ash နာလိုက်တာ "
"Morning Lisa "
"Hehe sorryနော် Bae. .."
"ဟွန့် "
"ဟုတ် "
Jennie Kim
"နယူးဇီလန်ကလေ..."
Kim Jisoo
"သူကရော ဘယ်သူလည်းဟင် "
"ဟုတ်တယ် "
"ဟင် တကယ်လား "
"Lisa "
"Nae "
"ဟုတ်ပါပြီဗျာ "
#tbc
#unicode
Chaelisa တို့ Lisa ရဲ့ စံအိမ်ကို ပြန်လာကြသည်
သူမတို့ Lisa ဝယ်ထားတဲ့ အိမ်အသစ်မှာ သုံးလေးရက်လောက် အတူ ပျော်ပျော်ပါးပါး အချိန်ဖြုန်းခဲ့ကြတယ်လေ
Lisaက တောထဲ အမဲလိုက်သွားချိန် Chaeyoungက ဟင်းအရံလေးတွေ ပြင်ဆင်ထားသည်
Lisa သားကောင်တွေ ဖမ်းပြီး ပြန်လာပြီး Chaeyoungအတွက် ဒရယ်သား သမင်သားတွေ ချက်ကျွေးသည်
သူမတို့ ရုပ်ရှင်အတူကြည့်ကြသည် အချစ်တွေ ပိုမိုတိုးပွားလာအောင် ကျီစယ်ကြသည်
သုံးလေးရက်လောက် စိတ်ရှုပ်စရာတွေ မေ့ပြီး ပျော်ပျော်နေပြီးနောက် စံအိမ်ကို ပြန်လာကြသည်
Lisaမှာ ဓာတ်ခွဲခန်းထဲ Namနဲ့ စကားပြောနေပြီး Chaeyoungကတော့ ပင်ပန်းနေလို့ Lisaရဲ့ အခန်းထဲ ဝင်အိပ်နေသည်
"ဒီဟာလေး "
Namပြောပြီး ဆေးပြွန်နှစ်ခုကို ယူကာ Lisaကို ပြလေသည်
အခု Lisaတို့ သူမ အဖေကို အပြတ်ရှင်းဖို့ ဆေးတီထွင်နေကြတယ်လေ တစ်လောက Namရဲ့ ဆေးက Mr. Manobanအပေါ် တော်တော် သက်ရောက်သွားတယ်ထင်ရ အခုထိ သူ့ဘက်က ငြိမ်ချက်သား ကောင်းနေသည်
ထို့ကြောင့် ထိုဆေးကို စမ်းသပ်ပြီး ထပ်ပြီး ဆေးအသစ်တွေ Nam ဖန်တီး စမ်းသပ်နေသည်
"အဲ့ ဆေးတွေက ငါတို့ ဘယ်လိုသုံးရမှာလည်း Nam "
"ဆေးနှစ်ခုလုံးက အကျိုးသက်ရောက်မှုရှိလား "
Bambamမေးတော့ Namက ခေါင်းညိတ်ပြပြီး အပြာရောင် ဆေးပြွန်လေးကို ထောင်ပြလိုက်သည်
"အဲ့ဆေးက Vampire တစ်ယောက်ဘဲ သုံးလို့ကတာလား "
"အင်း ဟုတ်တယ် အဲ့ဆေးက တော်တော် ကောင်းပြီး အန္တရာယ် လည်း တော်တော်ရှိတယ် "
"ဘာလို့လည်း Nam "
Louis က သိချင်လို့ မေးလိုက်သည်
"အဲ့ဆေးက တော်တော် အားပြင်းလို့ တော်ရုံ vampire တောင် ကိုယ့်ကိုကိုယ် မထိန်းသိမ်းနိုင်ဘူး...တအား အားပြင်းတာ "
အားပြင်းတာ အန္တာရယ် ရှိတာတွေ Lisa စိတ်မဝင်စား...Chaeyoungနဲ့ အတူ အေးဆေးနေနိုင်ဖို့ သူမအဖေကိုဘဲ Lisa ရှင်းပစ်ချင်သည်
"အဲ့ဒီကို လွှတ်ထားတဲ့ spyကပြောတာတော့ Mr. Manoban ဒဏ်ရာက မသက်သာပေမယ့် တစ်ခုခုကို စီစဥ်ဖို့ ကြိုးစားနေတယ်တဲ့ "
Mino စကားကြောင့် Lisa သက်ပြင်းချလိုက်သည်
"မကြာခင် တိုက်ခိုက်ဖို့ အစီအစဥ် ဆွဲရအောင် "
*****************************
Chaeyoung အိပ်ရာက နိုးလာတော့ ချမ်းစိမ့်စိမ့်ဖြစ်နေသလို ခံစားရသည်
ချမ်းစိမ့်စိမ့်ဖြစ်နေမှာပေါ့ သူမ ခန္ဓာကိုယ် မှာ အဝတ်အစားမှ မရှိတာ....ဟုတ်ပါတယ် မနေ့ညက Lisaနဲ့ သူမ ထပ်ပြီး အတူနေခဲ့ပါတယ်
Chaeyoung အဝတ်အစားဝတ်ဖို့ အိပ်ရာက ထလိုက်တော့ Lisa က အိပ်ရာပေါ် မရှိပေ
"Ash နာလိုက်တာ "
Chaeyoung ဘောင်းဘီးကုန်းဝတ်နေစဥ် ရုတ်တရက် နာလာသည်
"Good Morning baby နိုးပြီလား "
Lisa အခန်းတံခါး ဖွင့်ဝင်လာပြီး Chaeyoung ကို နှုတ်ဆက်လေသည်
"Morning Lisa "
"မျက်နှာလည်း မကောင်းဘူး ဘာဖြစ်လို့လည်း "
"Lisaလေ မနေ့ညက လုပ်ချင်သလိုလုပ်ပြီး...Chaeမှာ နာလို့သေတော့မယ် "
"Hehe sorryနော် Bae. .."
"ဟွန့် "
"ကိုယ် ဒီနေ့ အပြင်ကို အလုပ်ကိစ္စရှိလို့ သွားရမှာ အဲ့တာလေ Namတို့နားဘဲနေနော် တစ်ယောက်တည်း မနေနဲ့ ကြားလား Chae "
"ဟုတ် Lisa စိတ်မပူပါနဲ့ "
"ဒါဆို ကိုယ် အပြင်သွားအုံးမယ်နော် "
"ဟုတ် "
Lisa အပြင်ထွက်သွားတော့ Chaeyoungမှာ ပျင်းလို့ Louisရှိတဲ့ Computer roomထဲ ဝင်သွားသည်
Louis က keyboard တွင် typing ရိုက်နေစဥ် Screenတွင် အမျိုးသမီး တစ်ယောက်ပုံပေါ်လာသည်
Jennie Kim
"အဲ့တာ ဘယ်သူလည်းဟင် Louis "
"အင်း ငါတို့ သူငယ်ချင်းလေ "
"သူငယ်ချင်း ဟုတ်လား ဘယ်ကလည်း သူ့ကိုတစ်ခါမှ မမြင်ဖူးဘူး "
"နယူးဇီလန်ကလေ..."
"Aww အဲ့တာကြောင့် မမြင်ဘူးတာကိုး "
Kim Jisoo
"သူကရော ဘယ်သူလည်းဟင် "
"ငါတို့ သူငယ်ချင်းဘဲ Jennie Kimရဲ့ မိန်းမလေ သူတို့ နယူးဇီလန်မှာ လက်ထပ်ပြီး အတူနေကြတာ "
"Aww သူတို့နှစ်ယောက်လုံး Vampire လား "
"ဟုတ်တယ် "
"ဒါဆို အားလုံးထဲမှာ Chae တစ်ယောက်တည်း လူပေါ့ "
"မဟုတ်ပါဘူး နောက်တစ်ယောက်လည်း ရှိသေးတယ် "
Louis စကားကြောင့် Chaeyoung အံ့သြသွားတယ်
"ဟင် Vampire မဟုတ်တဲ့ နောက်တစ်ယောက် ရှိသေးတာလား "
"ကျွန်တော့် ကောင်မလေး Julia လေ ညနေ ကစပြီး သူက ဒီစံအိမ်မှာ လာနေမှာ "
"ဟင် တကယ်လား "
Chaeyoungမှာ နောက်ဆုံးတော့ သူငယ်ချင်းအသစ် အထူးသဖြင့် မိန်းကလေးသူငယ်ချင်းအသစ် ရတော့မှာမို့ အရမ်းပျော်နေသည်
ညနေရောက်သောအခါ Louisမှာ Juliaကို သွားခေါ်သည်
Lisaကတော့ အခုထိ အပြင်ကနေ ပြန်ရောက်မလာသေးပေ
Louisတို့ ပြန်ရောက်လာတဲ့အချိန်ထိတောင် Lisa အရိပ်အယောင်မမြင်ရသောကြောင့် Chaeyoung သက်ပြင်းချမိသွားသည်
"Julia. ..ဒါက အစ်မ Chaeyoung တဲ့ "
"Partyမှာ မြင်ဖူးတယ်လေနော့် တွေ့ရတာဝမ်းသာပါတယ် အစ်မ "
"တွေ့ရတာ ဝမ်းသာပါတယ် Julia နောက်ဆုံးတော့ အဖော်ရလာပြီဘဲ "
"အစ်မတို့ မိန်းကလေးချင်း စကားပြောနှင့်လေနော် Julia နောက်မှကိုယ်တို့ အေးဆေးတွေ့ကြတာပေါ့ "
Louis ထွက်သွားတော့ Chaeyoung မှာ Juliaနဲ့ စကားတွေ ပြောနေကြသည်
Juliaနဲ့ စကားပြောရတာက computer roomထဲ ထိုင်နေရတာထက်စာရင် ပိုပြီး အပျင်းပြေစေသည်
Chaeyoung ညဆယ်နာရီကျော်ထိ Lisa ပြန်မလာသေးလို့ စိတ်ပူနေသည်
"ဘာဖြစ်နေတာလည်း မသိဘူး အခုထိ ပြန်မလာသေးဘူး "
Chaeyoung ညအိပ်ဝတ်စုံ လဲရင်း ရေရွတ်နေစဥ် အခန်းတံခါးဖွင့်သံကြောင့် ကြည့်လိုက်တော့ Lisa ဖြစ်နေသည်
"Lisa "
Chaeyoungမှာ သူမနာမည်ကို အော်ခေါ်ပြီး ပြေးဖက်သောကြောင့် Lisa ထူးဆန်းသွားတယ်
"Wae Chae ဘာဖြစ်လို့လည်း Chaeကို ဘယ်သူက အနိုင်ကျင့်လို့လည်း "
"ဘယ်သူမှ အနိုင်မကျင့်ပါဘူး Lisaက နောက်ကျမှ ပြန်ရောက်လာတော့ Chaeက စိတ်ပူလို့ တစ်ခုခုဖြစ်မှာ စိုးရိမ်နေတာ "
"ကိုယ်က ဘယ်သူလည်း Vampireလေ အလွယ်တကူ မသေပါဘူး ကိုယ့်ကိုအလွယ်တကူမသတ်နိုင်ပါဘူး Chaeရ "
"နောက်ဆို အိမ်ပြန်နောက်ကျမယ်ဆို Chaeကို message ပို့ပါနော် ဒါမှ Chae စိတ်အေးရမှာ "
"အင်းပါ ပို့ပါမယ်နော် ကဲ Chae အိပ်ချင်နေမှာပေါ့..... ခဏစောင့်နော် ကိုယ် ကိုယ်လက်ဆေးပြီးရင် အိပ်ရအောင် "
"Nae "
Lisa ကိုယ်လက်ဆေးအဝတ်အစားလဲပြီးနောက် ကုတင်ပေါ်သို့ တက်လာပြီး Chaeyoungကို ဖက်ထားလေသည်
"Lisa သီချင်းဆို ချော့သိပ် "
"ဟုတ်ပါပြီဗျာ "
Lisaမှာ Chaeyoung ကို ရင်ခွင်ထဲ ထည့်ပြီး LOVEသီချင်းနဲ့ ချော့သိပ်လေသည်
#tbc
Bạn đang đọc truyện trên: Truyen3h.Co