Final
*knock knock*
တစ်ယောက် ပန်းပင်တွေပေါင်းသင်နေရင်း တံခါးခေါက်သံ ကြားလို့ ထဖွင့်လိုက်တော့
"Annyeonghaseyo .....Freen Sarochaရဲ့ ချစ်သူ Becky Armstrongပါ "
"What!Freen နဲ့ တွဲနေတဲ့ မိန်းမ ဟုတ်လား.. ...ဘာကိစ္စကြောင့် သူ့ကို အိမ်ထဲ ပေးဝင်ရတာလည်း ....."
"Jagiya.. ..."
Davikaရဲ့ ယောင်္ကျားမှာ အားနာနေသော်လည်း အစ်မဖြစ်သူ Davika မှာ အင်္ကျီကို ပင့်တင်ကာ
" ကိုယ့်ကိုယ်ကို ဟုတ်လှပြီ ထင်နေတဲ့ဟာတွေ ငါနဲ့တွေ့မယ်....."
"Jagiya...စိတ်လျော့ မဖြစ်သင့်တာတွေ ဖြစ်ကုန်မယ်နော် ...."
" ရှင် အသာနေစမ်းပါ.....အဖေ့ကိုလည်း သွားခေါ်စရာမလိုဘူး သူ့ဘာသာသူဖိအားများနေတဲ့သူ.... "
Davika ပြောပြောဆိုဆိုနဲ့ ဧည့်ခန်းဘက်ကို လျှောက်လာလိုက်သည်
Freen တစ်ယောက် နိုးလာတော့ သူ့ဘေးနားတွင် Becky မရှိသောကြောင့် လန့်သွားသည်
"Becky ah...."
ရေချိူးခန်းထဲ ရောက်နေသလားဆိုပြီး သွားကြည့်သော်လည်း မတွေ့ရပေ....
"ကြည့်ရတာ ရှင်က အစ်မFreen ရဲ့ အစ်မ Davika ဖြစ်မယ် တွေ့ရတာ ဝမ်းသာပါတယ် ညီမက Becky Armstrong ပါ"
"ရှင် တော်တော်အတင့်ရဲတဲ့ မိန်းမဘဲ....ရှင့်ဘာသာရှင် အလိုက်သိစွာနဲ့ လာရာလမ်းကို ပြန်လိုက်ပါ......ရှင်လို မိန်းမမျိုးနဲ့ ဘာမှပြောစရာမရှိဘူး......"
"ညီမကလည်း ညီမနဲ့သူ့ကို သဘောမတူမချင်း ဒီနေရာကနေ မပြန်ဘူး......"
"ဘာရှင့်....တောက် ဒါ ဟိုငကြောင်မ လက်ချက်မဟုတ်လား.... "
"အစ်မ Freen နဲ့ ဘာမှမဆိုင်ဘူး သူ့ကိုဆွဲမထည့်ပါနဲ့ ဒီကိုလာတာ သူ သိတောင်မသိဘူး......သူက ညီမအတွက် ဘဝလက်တွဲဖော်မို့ သူ့မိသားစုကို လာတွေ့တာပါ ....."
"အရူးတွေ.....မိန်းမနှစ်ယောက်က ဘဝလက်တွဲဖော်ဖြစ်မယ်ဆိုတာ....ဖြစ်နိုင်မယ် ထင်လို့လား ဒီနိုင်ငံမှာ တရားဝင်လက်ထပ်ခွင့် မရှိဘဲနဲ့များ.....မိန်းမတစ်ယောက်ကို ရွေးချယ်လိုက်ပြီဆိုကတည်းက ပတ်ဝန်းကျင်ရဲ့ ကဲ့ရဲ့မှုကို ခံရမှာ......"
"ညီမတို့နှစ်ယောက် ဆက်ဆံရေးက အဲ့လို ကဲ့ရဲ့မှုတွေကြောင့် ပျက်စီးသွားမယ်ထင်သလား......အစ်မရာ.....ကိုယ့်ညီမတစ်ယောက်လုံးကို နားလည်မှု မပေးနိုင်ဘူးလား.....သူ့ရဲ့ အောင်မြင်မှုတွေကို အသိအမှတ်ပြုပေးလို့ မရဘူးလား.....အစ်မက အဲ့လိုပြောဆိုတော့ သူဘယ်လောက်ခံစားလိုက်ရမလည်း.....အခုလောလောဆယ် တို့မြင်တာတော့ Freen Sarochaကို ကဲ့ရဲ့နေတာ ပတ်ဝန်းကျင် မဟုတ်ဘူး သူအစ်မဖြစ်တဲ့ ရှင်ဘဲ......"
Becky ရဲ့ စကားကြားတော့ Davika အံ့သြမိသွားသလို ဒေါသလည်းဖြစ်မိသည်.....
"ရှင် ဘာတွေပြောနေတာလည်း ဒီမှာ သူ ရှင့်ကို ဘာတွေပြောထားသလည်း မသိပေမယ့် သူလည်း ကျွန်မအပေါ်ကို မတရားလုပ်ထားတာတွေ အများကြီးရှင့် ...."
"Becky ဘယ်မှာလဲ သူ ဒီမှာ ရှိတယ်ဆိုတာ ငါသိတယ် "
Freen တစ်ယောက် ဝရုန်းသုန်းကားနဲ့ ဧည့်ခန်းထဲသို့ ပြေးဝင်လာသည်
"အစ်မ Freen...."
" ငတုံးမ ဒီအိမ်ကို ဘာကြောင့် လာတာတုံး"
Becky ရဲ့ လက်မောင်းကို ဆွဲပြီး Freen မေးလိုက်သည်
"Ah အစ်မ ကလည်း ညီမ ချစ်ရသူရဲ့ မိသားစု အဆင်မပြေဖြစ်နေတာကို ညီမမှ မမြင်ချင်တာ ညီမက အစ်မပြောတာတွေ နားထောင်ပြီး အစ်မ ဘက်ကဘဲ စိတ်တိုပေးနေရင် ဘာမှဆက်ဖြစ်လာမှာ မဟုတ်.....ဒါကြောင့် အစ်မ ရဲ့အစ်မနဲ့တွေ့ပြီး စကားပြောကြည့်မလို့ တကယ်တော့လေ အစ်မတို့ ညီမနှစ်ယောက်က တကယ်တူတာဘဲ ခေါင်းမာတာရော အားမနာစတမ်း စကားကြမ်းတွေ သုံးပြောတာရယ် ကိုယ့်ခံစားချက်ကို သူများနားမလည်အောင်လုပ်တတ်တာရယ် တကယ်တမ်းတော့ အစ်မတို့ ညီမနှစ်ယောက် တစ်ယောက်ကိုတစ်ယောက်မုန်းချင်ယောင်ဆောင်နေကြတာ မဟုတ်လား "
"မဟုတ်တာ.. ..."
Freenတို့ ညီမနှစ်ယောက် စကားသံ ပြိုင်တူထွက်လာသည်
"Freen........."
အသံသြသြတစ်သံ ထွက်လာသောကြောင့် ညီမနှစ်ယောက်လုံး အသံတိတ်သွားလေသည်......
"သမီး အိမ်ကထွက်သွားတုံးက Davika သူက ကျောင်းတက်တုံး ရှိသေးတယ်....သူ့မှာ ရည်မှန်းချက်တွေ အများကြီး ရှိတယ်....သမီး တစ်ကိုယ်ကောင်းဆန်ပြီး ထွက်သွားလို့ သမီးရဲ့ တာဝန်တွေ မလစ်ဟင်းအောင် သူ့ရည်မှန်းချက်တွေ စွန့်လွှတ်ပြီး အနစ်နာခံခဲ့တယ်....."
အံကို တင်းတင်းကြိတ်ကာ တစ်ဖက်ကို မျက်နှာလွှဲထားတဲ့ Davikaကို ကြည့်ပြီး Freen ဒူးထောက်လိုက်သည်....
"သမီး တစ်ကိုယ်ကောင်းဆန်ခဲ့လို့ အားလုံးကို တောင်းပန်ပါတယ်....ဒါပေမယ့်.. .....Beckyနဲ့ ချစ်ခြင်းကို မခွဲပါနဲ့.....ဒူးထောက်တောင်းဆိုပါတယ်..... "
"....."
"Davikaက သမီးကို ချက်ချင်း ခွင့်လွှတ်ပေးမှာ မဟုတ်ဘူး ဒီတော့ သူခွင့်လွှတ်တာ ခံချင်ရင် မကြာခဏ အိမ်ပြန်လာလေ....."
"Freen....နင် အမေ့အုတ်ဂူကို သွားကန်တော့ချင်လည်း ကန်တော့လိုက်....."
Davikaတစ်ခွန်းဘဲ ပြောပြီး အခန်းထဲ ဝင်သွားလေသည်
"Freen ah အဖေက သမီးကို အပြစ်မပြောပါဘူး.....သမီးကို ကိုယ့်သဘောနဲ့ကိုယ်....ကိုယ်ရွေးချယ်တဲ့လမ်းကို ပြီးအောင် ဆက်လျှောက်စေချင်လို့ အဖေက ဘာမှမပြောခဲ့တာ...သမီး လုပ်ချင်တာလုပ်ပါ အဖေက မတားဘူး Becky....သူ့ကို တာဝန်ယူချင်စိတ်ရှိတာကို အဖေ သဘောကျတယ်....ဘာဖြစ်နေနေ....လူဆိုတာ ကိုယ်စထားတဲ့ဇာတ်ကို အဆုံးထိပြီးအောင် တာဝန်ယူသင့်တယ်လေ.....ပြောချင်တာကတော့ ဘယ်သူ့ကိုမှ ဂရုမစိုက်နဲ့နော်.. ..သမီးတို့ အဆင်ပြေသလိုနေ.....အခက်အခဲ ရှိရင်အိမ်ကိုပြန်လာခဲ့...... "
"အဖေ......."
Freen ငိုပြီး သူ့အဖေကို ပြေးဖက်လေ၏
Freenတို့ အုတ်ဂူတွင် ကန်တော့ပြီးနောက် ထိုင်းကို ပြန်ဖို့ တစ်မိသားစုကို နှုတ်ဆက်ပြီး ကားပေါ်အတက်တွင်
" အေးပေါ့ လွယ်လွယ်နဲ့ ငါ့ကို ဘယ်ခွင့်လွှတ်မလညိး....."
"အစ်မ.....ဒုတိယအထပ်က ပြတင်းပေါက်ကို ကြည့်လိုက်......."
Freen ခါးပတ်ပတ်ရာမှ ကြည့်လိုက်တော့ ဘောင်းဘီအိတ်ထဲ လက်နှိုက်ပြီး သူ့ကို ပြုံးကြည့်နေတဲ့ Davikaကို တွေ့ရလေသည်
Freenကားအပြင်ဘက် ခေါင်းလေးထွက်ပြီး သူ့အစ်မကို လက်ပြနှုတ်ဆက်လေသည်.....
"အစ်မ yah ညီမ နောက်တစ်ခါ လာလည်မယ် သိလား.. .အဲ့အခါကျ စိတ်ဆိုးပြေတော့နော်......."
Davikaကတော့ လက်သီးထောင်ပြပြီး လှည့်ထွက်သွားတယ်.. ....
ထိုင်းကို ပြန်တဲ့ လမ်းမတွင် Freen တစ်ယောက် ကားမောင်းနေတဲ့ Beckyရဲ့ လက်တစ်ဖက်ကို တင်းကြပ်စွာ ဆုပ်ကိုင်ပြီး
"ကျေးဇူးတင်ပါတယ် Becky ah.....ငါ့ကို ရှောင်မပြေးအောင် သင်ပေးလမ်းပြပေးလို့......"
"မဟုတ်တာ.......တကယ်က အစ်မက ရှောင်ပြေးချင်တာ မဟုတ်ပါဘူး လက်မခံမှာ ကြောက်နေတာ မဟုတ်လား...ကြောက်နေမယ့်အစား ရင်ဆိုင်တွေ့လိုက်တော့ အဆင်ပြေမသွားဘူးလား..... "
" နှစ်ဖက်မိဘတွေက သဘောတူပြီဆိုတော့.......လက်ထပ်ပြီး...."
"Little Freen Little Beckyလေးတွေ လုပ်ကြတာပေါ့ "
"Yah နှာဘူး...စကားအကောင်းပြောလို့ကိုမရဘူး...."
Freen အော်ပြီး သူ့ချစ်သူ လက်မောင်းကို တဘုန်းဘုန်း ထုလိုက်သည်
Thaiကို ပြန်တဲ့ လမ်းမတွင် ရယ်သံတွေနဲ့ ပြည့်နှက်နေ၏
The End
#zawgyi
*knock knock*
တစ္ေယာက္ ပန္းပင္ေတြေပါင္းသင္ေနရင္း တံခါးေခါက္သံ ၾကားလို႔ ထဖြင့္လိုက္ေတာ့
"Annyeonghaseyo .....Freen Sarochaရဲ႕ ခ်စ္သူ Becky Armstrongပါ "
"What!Freen နဲ႕ တြဲေနတဲ့ မိန္းမ ဟုတ္လား.. ...ဘာကိစၥေၾကာင့္ သူ႕ကို အိမ္ထဲ ေပးဝင္ရတာလည္း ....."
"Jagiya.. ..."
Davikaရဲ႕ ေယာကၤ်ားမွာ အားနာေနေသာ္လည္း အစ္မျဖစ္သူ Davika မွာ အကၤ်ီကို ပင့္တင္ကာ
" ကိုယ့္ကိုယ္ကို ဟုတ္လွၿပီ ထင္ေနတဲ့ဟာေတြ ငါနဲ႕ေတြ႕မယ္....."
"Jagiya...စိတ္ေလ်ာ့ မျဖစ္သင့္တာေတြ ျဖစ္ကုန္မယ္ေနာ္ ...."
" ရွင္ အသာေနစမ္းပါ.....အေဖ့ကိုလည္း သြားေခၚစရာမလိုဘူး သူ႕ဘာသာသူဖိအားမ်ားေနတဲ့သူ.... "
Davika ေျပာေျပာဆိုဆိုနဲ႕ ဧည့္ခန္းဘက္ကို ေလွ်ာက္လာလိုက္သည္
Freen တစ္ေယာက္ နိုးလာေတာ့ သူ႕ေဘးနားတြင္ Becky မရွိေသာေၾကာင့္ လန႔္သြားသည္
"Becky ah...."
ေရခ်ိဴးခန္းထဲ ေရာက္ေနသလားဆိုၿပီး သြားၾကည့္ေသာ္လည္း မေတြ႕ရေပ....
"ၾကည့္ရတာ ရွင္က အစ္မFreen ရဲ႕ အစ္မ Davika ျဖစ္မယ္ ေတြ႕ရတာ ဝမ္းသာပါတယ္ ညီမက Becky Armstrong ပါ"
"ရွင္ ေတာ္ေတာ္အတင့္ရဲတဲ့ မိန္းမဘဲ....ရွင့္ဘာသာရွင္ အလိုက္သိစြာနဲ႕ လာရာလမ္းကို ျပန္လိုက္ပါ......ရွင္လို မိန္းမမ်ိဳးနဲ႕ ဘာမွေျပာစရာမရွိဘူး......"
"ညီမကလည္း ညီမနဲ႕သူ႕ကို သေဘာမတူမခ်င္း ဒီေနရာကေန မျပန္ဘူး......"
"ဘာရွင့္....ေတာက္ ဒါ ဟိုငေၾကာင္မ လက္ခ်က္မဟုတ္လား.... "
"အစ္မ Freen နဲ႕ ဘာမွမဆိုင္ဘူး သူ႕ကိုဆြဲမထည့္ပါနဲ႕ ဒီကိုလာတာ သူ သိေတာင္မသိဘူး......သူက ညီမအတြက္ ဘဝလက္တြဲေဖာ္မို႔ သူ႕မိသားစုကို လာေတြ႕တာပါ ....."
"အ႐ူးေတြ.....မိန္းမႏွစ္ေယာက္က ဘဝလက္တြဲေဖာ္ျဖစ္မယ္ဆိုတာ....ျဖစ္နိုင္မယ္ ထင္လို႔လား ဒီနိုင္ငံမွာ တရားဝင္လက္ထပ္ခြင့္ မရွိဘဲနဲ႕မ်ား.....မိန္းမတစ္ေယာက္ကို ေ႐ြးခ်ယ္လိုက္ၿပီဆိုကတည္းက ပတ္ဝန္းက်င္ရဲ႕ ကဲ့ရဲ႕မႈကို ခံရမွာ......"
"ညီမတို႔ႏွစ္ေယာက္ ဆက္ဆံေရးက အဲ့လို ကဲ့ရဲ႕မႈေတြေၾကာင့္ ပ်က္စီးသြားမယ္ထင္သလား......အစ္မရာ.....ကိုယ့္ညီမတစ္ေယာက္လုံးကို နားလည္မႈ မေပးနိုင္ဘူးလား.....သူ႕ရဲ႕ ေအာင္ျမင္မႈေတြကို အသိအမွတ္ျပဳေပးလို႔ မရဘူးလား.....အစ္မက အဲ့လိုေျပာဆိုေတာ့ သူဘယ္ေလာက္ခံစားလိုက္ရမလည္း.....အခုေလာေလာဆယ္ တို႔ျမင္တာေတာ့ Freen Sarochaကို ကဲ့ရဲ႕ေနတာ ပတ္ဝန္းက်င္ မဟုတ္ဘူး သူအစ္မျဖစ္တဲ့ ရွင္ဘဲ......"
Becky ရဲ႕ စကားၾကားေတာ့ Davika အံ့ၾသမိသြားသလို ေဒါသလည္းျဖစ္မိသည္.....
"ရွင္ ဘာေတြေျပာေနတာလည္း ဒီမွာ သူ ရွင့္ကို ဘာေတြေျပာထားသလည္း မသိေပမယ့္ သူလည္း ကြၽန္မအေပၚကို မတရားလုပ္ထားတာေတြ အမ်ားႀကီးရွင့္ ...."
"Becky ဘယ္မွာလဲ သူ ဒီမွာ ရွိတယ္ဆိုတာ ငါသိတယ္ "
Freen တစ္ေယာက္ ဝ႐ုန္းသုန္းကားနဲ႕ ဧည့္ခန္းထဲသို႔ ေျပးဝင္လာသည္
"အစ္မ Freen...."
" ငတုံးမ ဒီအိမ္ကို ဘာေၾကာင့္ လာတာတုံး"
Becky ရဲ႕ လက္ေမာင္းကို ဆြဲၿပီး Freen ေမးလိုက္သည္
"Ah အစ္မ ကလည္း ညီမ ခ်စ္ရသူရဲ႕ မိသားစု အဆင္မေျပျဖစ္ေနတာကို ညီမမွ မျမင္ခ်င္တာ ညီမက အစ္မေျပာတာေတြ နားေထာင္ၿပီး အစ္မ ဘက္ကဘဲ စိတ္တိုေပးေနရင္ ဘာမွဆက္ျဖစ္လာမွာ မဟုတ္.....ဒါေၾကာင့္ အစ္မ ရဲ႕အစ္မနဲ႕ေတြ႕ၿပီး စကားေျပာၾကည့္မလို႔ တကယ္ေတာ့ေလ အစ္မတို႔ ညီမႏွစ္ေယာက္က တကယ္တူတာဘဲ ေခါင္းမာတာေရာ အားမနာစတမ္း စကားၾကမ္းေတြ သုံးေျပာတာရယ္ ကိုယ့္ခံစားခ်က္ကို သူမ်ားနားမလည္ေအာင္လုပ္တတ္တာရယ္ တကယ္တမ္းေတာ့ အစ္မတို႔ ညီမႏွစ္ေယာက္ တစ္ေယာက္ကိုတစ္ေယာက္မုန္းခ်င္ေယာင္ေဆာင္ေနၾကတာ မဟုတ္လား "
"မဟုတ္တာ.. ..."
Freenတို႔ ညီမႏွစ္ေယာက္ စကားသံ ၿပိဳင္တူထြက္လာသည္
"Freen........."
အသံၾသၾသတစ္သံ ထြက္လာေသာေၾကာင့္ ညီမႏွစ္ေယာက္လုံး အသံတိတ္သြားေလသည္......
"သမီး အိမ္ကထြက္သြားတုံးက Davika သူက ေက်ာင္းတက္တုံး ရွိေသးတယ္....သူ႕မွာ ရည္မွန္းခ်က္ေတြ အမ်ားႀကီး ရွိတယ္....သမီး တစ္ကိုယ္ေကာင္းဆန္ၿပီး ထြက္သြားလို႔ သမီးရဲ႕ တာဝန္ေတြ မလစ္ဟင္းေအာင္ သူ႕ရည္မွန္းခ်က္ေတြ စြန႔္လႊတ္ၿပီး အနစ္နာခံခဲ့တယ္....."
အံကို တင္းတင္းႀကိတ္ကာ တစ္ဖက္ကို မ်က္ႏွာလႊဲထားတဲ့ Davikaကို ၾကည့္ၿပီး Freen ဒူးေထာက္လိုက္သည္....
"သမီး တစ္ကိုယ္ေကာင္းဆန္ခဲ့လို႔ အားလုံးကို ေတာင္းပန္ပါတယ္....ဒါေပမယ့္.. .....Beckyနဲ႕ ခ်စ္ျခင္းကို မခြဲပါနဲ႕.....ဒူးေထာက္ေတာင္းဆိုပါတယ္..... "
"....."
"Davikaက သမီးကို ခ်က္ခ်င္း ခြင့္လႊတ္ေပးမွာ မဟုတ္ဘူး ဒီေတာ့ သူခြင့္လႊတ္တာ ခံခ်င္ရင္ မၾကာခဏ အိမ္ျပန္လာေလ....."
"Freen....နင္ အေမ့အုတ္ဂူကို သြားကန္ေတာ့ခ်င္လည္း ကန္ေတာ့လိုက္....."
Davikaတစ္ခြန္းဘဲ ေျပာၿပီး အခန္းထဲ ဝင္သြားေလသည္
"Freen ah အေဖက သမီးကို အျပစ္မေျပာပါဘူး.....သမီးကို ကိုယ့္သေဘာနဲ႕ကိုယ္....ကိုယ္ေ႐ြးခ်ယ္တဲ့လမ္းကို ၿပီးေအာင္ ဆက္ေလွ်ာက္ေစခ်င္လို႔ အေဖက ဘာမွမေျပာခဲ့တာ...သမီး လုပ္ခ်င္တာလုပ္ပါ အေဖက မတားဘူး Becky....သူ႕ကို တာဝန္ယူခ်င္စိတ္ရွိတာကို အေဖ သေဘာက်တယ္....ဘာျဖစ္ေနေန....လူဆိုတာ ကိုယ္စထားတဲ့ဇာတ္ကို အဆုံးထိၿပီးေအာင္ တာဝန္ယူသင့္တယ္ေလ.....ေျပာခ်င္တာကေတာ့ ဘယ္သူ႕ကိုမွ ဂ႐ုမစိုက္နဲ႕ေနာ္.. ..သမီးတို႔ အဆင္ေျပသလိုေန.....အခက္အခဲ ရွိရင္အိမ္ကိုျပန္လာခဲ့...... "
"အေဖ......."
Freen ငိုၿပီး သူ႕အေဖကို ေျပးဖက္ေလ၏
Freenတို႔ အုတ္ဂူတြင္ ကန္ေတာ့ၿပီးေနာက္ ထိုင္းကို ျပန္ဖို႔ တစ္မိသားစုကို ႏႈတ္ဆက္ၿပီး ကားေပၚအတက္တြင္
" ေအးေပါ့ လြယ္လြယ္နဲ႕ ငါ့ကို ဘယ္ခြင့္လႊတ္မလညိး....."
"အစ္မ.....ဒုတိယအထပ္က ျပတင္းေပါက္ကို ၾကည့္လိုက္......."
Freen ခါးပတ္ပတ္ရာမွ ၾကည့္လိုက္ေတာ့ ေဘာင္းဘီအိတ္ထဲ လက္ႏွိုက္ၿပီး သူ႕ကို ၿပဳံးၾကည့္ေနတဲ့ Davikaကို ေတြ႕ရေလသည္
Freenကားအျပင္ဘက္ ေခါင္းေလးထြက္ၿပီး သူ႕အစ္မကို လက္ျပႏႈတ္ဆက္ေလသည္.....
"အစ္မ yah ညီမ ေနာက္တစ္ခါ လာလည္မယ္ သိလား.. .အဲ့အခါက် စိတ္ဆိုးေျပေတာ့ေနာ္......."
Davikaကေတာ့ လက္သီးေထာင္ျပၿပီး လွည့္ထြက္သြားတယ္.. ....
ထိုင္းကို ျပန္တဲ့ လမ္းမတြင္ Freen တစ္ေယာက္ ကားေမာင္းေနတဲ့ Beckyရဲ႕ လက္တစ္ဖက္ကို တင္းၾကပ္စြာ ဆုပ္ကိုင္ၿပီး
"ေက်းဇူးတင္ပါတယ္ Becky ah.....ငါ့ကို ေရွာင္မေျပးေအာင္ သင္ေပးလမ္းျပေပးလို႔......"
"မဟုတ္တာ.......တကယ္က အစ္မက ေရွာင္ေျပးခ်င္တာ မဟုတ္ပါဘူး လက္မခံမွာ ေၾကာက္ေနတာ မဟုတ္လား...ေၾကာက္ေနမယ့္အစား ရင္ဆိုင္ေတြ႕လိုက္ေတာ့ အဆင္ေျပမသြားဘူးလား..... "
" ႏွစ္ဖက္မိဘေတြက သေဘာတူၿပီဆိုေတာ့.......လက္ထပ္ၿပီး...."
"Little Freen Little Beckyေလးေတြ လုပ္ၾကတာေပါ့ "
"Yah ႏွာဘူး...စကားအေကာင္းေျပာလို႔ကိုမရဘူး...."
Freen ေအာ္ၿပီး သူ႕ခ်စ္သူ လက္ေမာင္းကို တဘုန္းဘုန္း ထုလိုက္သည္
Thaiကို ျပန္တဲ့ လမ္းမတြင္ ရယ္သံေတြနဲ႕ ျပည့္ႏွက္ေန၏
The End
Bạn đang đọc truyện trên: Truyen3h.Co