Truyen3h.Co

What's wrong with my CEO

Intro (unicode)

KimFany059

"မင်းကို အလုပ်ဖြုတ်လိုက်ပြီ "

ဒီစကားကတော့ ငါတို့ နေ့တိုင်းကြားနေရတဲ့ စကားပါဘဲ....

သူက နေ့တိုင်း ဝန်ထမ်းတွေကို အလုပ်ထုတ်နေတော့ ရှေ့ဆက်ဘာဖြစ်မလည်း ငါလည်း မသိတော့ဘူး.....

"Jennie....."

ရုံးခန်းထဲက ငါ့နာမည်ခေါ်သံကြားတော့ ငါလည်း အလုပ်လုပ်ရာက ရပ်ပြီး သူ့ရုံးခန်းကို အမြန်ပြေးသွားရတယ်....

ငါ့အကျင့်အတိုင်း တံခါးမခေါက်ဘဲ သူ့ရုံးခန်းထဲကို ဝင်သွားလိုက်တယ်

"Yes Miss Bae '

ငါ ကြောက်ကြောက်လန့်လန့်နဲ့ ထူးလိုက်သည်

"ဒါဘာလည်း ဟမ် တို့က မင်းကို ဘာမှားနေတာလည်း အမှားပြင်လို့ဘဲ ပြောတာ မင်းက ဘာတွေထပ်လုပ်လာပြန်တာလည်း တို့ပြောတာကို မရှင်းတာလား တုံးတာလား မင်း အလုပ်ကို သေချာမလုပ်တတ်ဘူးလား ဟမ် "

သူ ငါ့ကိုထပ်အော်ပြန်ပြီ.....

မိတ်ဆက်ပေးရအုံးမယ် အခု ငါ့ကို အော်တဲ့သူက ဒီ companyရဲ့ CEO Irene Baeတဲ့......Companyမှာ အရိုင်းဆုံးသူပေါ့ရှင်

"ဘာဖြစ်လို့လည်း chaw အမှန်ဖြစ်အောင် ပြန်ပြင်ထားတယ်လေ "

"ဒါက..."

"Bae...ဘာဖြစ်လို့လည်း "

ဟော သူ့ရဲ့အတွင်းရေးမှူ း ဒါမှမဟုတ် သူ့ရဲ့ရည်းစားလို့ပြောလို့ရမယ့် မိန်းကလေးတစ်ယောက် ရုံးခန်းထဲ ဝင်လာတယ်

"ဒီကလေးမလေ တလွဲတွေလုပ်ထားတော့ တို့က စိတ်တိုနေတာ "

Irene က ငါ့ကိုမျက်စောင်းထိုးပြီး သူ့ရည်းစား မေးတာကို ပြန်ဖြေနေတယ်

"ဒါဆိုရင် အဲ့တာ ပြန်ပေး မှားနေတာတွေ ပြန်ရှာပြီး ပြင်ခဲ့မယ် "

"ဟိတ် ပါးစပ်ပိတ်ထားစမ်း ဘာလို့ CEOကို အကြောက်အရွံ့မရှိ ပြန်ပြောနေတာလည်း '

Ireneရဲ့ ရည်းစား စကားကြောင့် ငါ ပါးစပ်ပိတ်မိသွားတယ် တကယ်ပါ သူတို့နှစ်ယောက် အတူရှိနေချိန်ဆို ငါ တကယ်ကြောက်မိတယ်

သူတို့ အတူရှိချိန်ဆို ငါ့ကိုအမြဲ အပြစ်မရှိ အပြစ်ရှာတယ် အော်တယ်ကွာ....အဲ့တော့ ငါမကြောက်ဘဲနေမလား

"ကဲပါ Baeရယ် သူတို့လိုပေါက်စတွေကြောင့် စိတ်တိုမနေနဲ့နော် အာဘွား "

Irene ရဲ့ ကောင်မလေးက Ireneကို နမ်းလိုက်တော့ ငါလည်း ရှက်လို့ ခေါင်းငုံ့ထားမိတယ်

"Miss Bae...chaw သွားလို့ ရပြီလား "

"အေး သွား "

Jennieလည်း ရုံးခန်းထဲက ထွက်လာတော့ သူမရဲ့ သူငယ်ချင်းတွေက စိတ်ပူပြီး Jennie ကို ဝိုင်းကြည့်နေကြသည်

"Jennie အဆင်ပြေရဲ့လား....."

Jennieရဲ့ သူငယ်ချင်း ဖြစ်သူ Nayeonက စိတ် ပူပြီး မေးလိုက်သည်။

"သူက နင့်ကို နာကျင်အောင်လုပ်သေးလား "

Yeri လည်း စိတ်ပူပြီး မေးပြန်သည်

"မလုပ်ပါဘူး ဒါပေမယ့် ငါလုပ်ထားတဲ့ စာရင်းတွေက အကုန်မှားနေတယ်လို့ သူကပြောနေတယ် "

"ဟာ မဖြစ်နိုင်တာ သူ့ဆီ သွားမပို့ခင် ငါတို့သုံးယောက်လုံး သုံးလေးခါလောက် အပြန်အလှန် စစ်ထားတာကို "

Jennie စကားကြောင့် Nayeon အံ့သြသွားတယ်.... ဘာလို့လည်းဆို သူမတို့ CEO အပေါက်ဆိုးတာ သိလို့ သေချာအောင် စစ်ခဲ့ကြတာလေ

"သူကိုက အပြစ်မရှိအပြစ်ရှာနေတာပါအေ "

Yeri အချဉ်ပေါင်းဖောက်စားရင်း ပြောလိုက်သည်

ထိုစဉ် အခန်းထဲကနေ moanသံတွေ ထွက်လာတော့ Yeri မျက်နှာကြီး နီရဲလာပြီး

"တယ် ဟိုတယ်နဲ့ company မှားလာနေတာလားမသိဘူး ငါ့နှယ့် "

"ထုံးစံအတိုင်း မသိချင်ယောင်ဆောင်ရအောင်ဟေ့ "

Jennie လည်း Ireneပြောတဲ့ အမှားကို ပြန်ရှာဖို့ဘဲ အာရုံစိုက်နေသည်

#TBC

Bạn đang đọc truyện trên: Truyen3h.Co