Park 10 Unicode
"သူများနာမည်တွေ လျှောက်မပြောဘဲ မင်းနာမည် ပြောကြည့်ပါလား Jennie "
Ireneရဲ့ စကားကြောင့် Jennie ရုတ်တရက် ရင်ခုန်လာသည်
"ဟင် "
"ငါ့ချစ်သူက Jennie Kimလို့ ပြောလိုက်ပါလား "
Irene ပြောတော့ Jennie ရှက်ပြီး မျက်နှာလေးနီလာသည်
Ireneလည်း ရှက်နေတဲ့ Jennieကို အသည်းယားပြီး Jennie မျက်နှာ အနားကို ဖြည်းဖြည်းချင်း ကပ်သွားချိန်
"ဘယ်နေ့ wedding လည်းဟေ့ "
ရုတ်တရက် ရောက်လာတဲ့ သူမ အမေကြောင့် Irene လန့်သွားလေသည်
"Omma ဘယ်လိုလုပ်ရောက်လာတာလည်း "
"သူငယ်ချင်းနဲ့သွားတွေ့ပြီး ဒီဘက်လမ်းကြုံလို့ သမီးများ ရှိသေးလားလို့ ဝင်လာကြည့်တာ.... အင်း ကြည့်ရတာ သမီး အလုပ်များနေတဲ့ပုံဘဲ "
"O Omma "
"ဒါနဲ့ သမီးက Jennieလား "
Mrs. Bae မှာ Jennieဘက် လှည့်ပြီး Jennie ကို ကြည့်ကာ မေးလိုက်သည်
"ဟုတ် ဟုတ်ပါတယ် "
Jennieပြောပြီး ခေါင်းငုံ့ကာနှုတ်ဆက်လိုက်သည်
"Ireneတစ်ယောက် သမီးကို ကြွေနေတာ မဆန်းပါဘူး သမီးက ချစ်စရာကောင်းပြီး တော်တော်လှတာဘဲ "
"ရှန် "
Mrs. Bae ရဲ့ စကားကြောင့် Jennie အံ့သြသွားသည်
Ireneလည်း အမြန် သူ့အမေပါးစပ်ကို လက်နဲ့လှမ်းကာလိုက်သည်
"Omma ဘာတွေပြောနေတာတုံး ဘာမှမဟုတ်ပါဘူး Jennie စိတ်ထဲမထားနဲ့ "
"ဘာတွေတွန့်ဆုတ်နေတာလည်း ပြောစရာရှိရင်ပြောပစ်ပါလား Irene ရ "
"Omma သမီးကို အရှက်မခွဲပါနဲ့...."
Irene သူမအမေ အနားကပ်ကာ ပြောလိုက်သည်
Mrs. Bae တစ်ယောက် ယခုလို ဖြစ်နေရခြင်းမှာ Irene စကားတွေကြောင့်သာဖြစ်သည်
Flashback
Party မစခင် Irene တစ်ယောက် အိမ်ထဲကနေ ခြံထဲကို ကြည့်ရင်း ဂဏှာ မငြိမ်ဖြစ်နေတာကို Mrs. Bae သတိထားမိနေသည်
"Irene သမီး ဘာတွေဖြစ်နေတာလည်း တစ်ယောက်တည်း အငြိမ်ကိုမနေဘူး "
"ဟို ဟို သမီး သဘောကျနေတဲ့ ကောင်မလေး ဒီကို လာမလာသိချင်လို့ "
"ဘယ်သူများလည်း သူက "
Irene က မိန်းကလေးတွေကိုဘဲ စိတ်ဝင်စားမှန်း Mrs. Bae တို့ Irene အထက်တန်းကျောင်းကတည်းက come out လုပ်ထားလို့ သိနှင့်နေပြီ ဖြစ်သည်
"Companyက ဝန်ထမ်းပါ Jennie တဲ့ "
"ဟုတ်လား တည်ငြိမ်အေးဆေးတဲ့ ငါ့သမီးအချေလေးကို အခုလို ဖြစ်အောင် လုပ်နိုင်တယ်ဆိုတော့ Ommaတော့ တွေ့ချင်လာပြီ "
End of flashback
"ဒါနဲ့ Jennie သမီးရေ ခဏနေကျ မိသားစုညစာစားပွဲရှိတယ် သမီးရော လာခဲ့ပါလား "
Irene တစ်ယောက် သူ့အမေစကားကြောင့် မျက်လုံးထပ်ပြူးရပြန်သည်
"Omma သူ လုပ်စရာအလုပ်တွေ မပြီးသေးဘူးလေ "
"နေပါအုံး ညည်းက Jennieလား ငါက Jennieကိုမေးတာလေ Ireneကဖြေစရာမလိုဘူး "
Mrs. Bae ချေချမှုကြောင့် Irene သက်ပြင်းချမိသည်
"Ashh "
Jennieကတော့ သေချာလေး စဥ်းစားနေတာကို Irene သတိထားမိသည်
"Jennie သမီး... "
"ဟုတ် Mrs. Bae... chaw လာခဲ့ပါမယ် "
Jennie ရဲ့ အဖြေကြောင့် Irene ပါးစပ်အဟောင်းသား ဖြစ်သွားတယ်
"ညစာလိုက်စားပေးလို့ ဝမ်းသာမိပါတယ် ကဲ ကြားလား Irene သမီးကောင်မလေးက omma ကမ်းလှမ်းတာကို လက်ခံလိုက်တယ် .....အလုပ် မြန်မြန်ဆင်းခိုင်းပြီး အဝတ်အစားလဲပြီး ခေါ်ခဲ့တော့ ကဲ Jennie အန်တီသွားပြီနော် ခနနေရင်တွေ့မယ်......"
"ဟူး "
Irene သက်ပြင်းချပြီး Jennie အိမ်ရှေ့ ရပ်စောင့်နေသည်
Jennieကတော့ ညစာစားပွဲအတွက် အဝတ်အစား ရွေးနေသည်
Jennieလည်း အိမ်ထဲက ထွက်လာရော Ireneတစ်ယောက် Jennieကို ကြည့်ရင်း အသက်ရှူဖို့တောင် မေ့နေသည်
"အဟမ်း Miss Bae. ..."
"Aww ရောက်ရောက်လာပြီလား"
Irene မှာ Jennieချောင်းဟန့်သံကြောင့် ရှက်ပြီး စကားတွေ ထစ်နေသည်
"ဟုတ်"
"ဟိုရောက်ရင် ဘာမှမကြောက်နဲ့နော် Appa ကလည်း Ommaကို ကြောက်တယ် နင့်ကို ဘာမှမပြောလောက်ဘူး "
" နည်းနည်းတော့ ရင်ခုန်တယ် "
"ဘာမှမဖြစ်ပါဘူး "
Ireneနဲ့အတူ Jennie လိုက်လာရင်း Jennie ချောင်းဟန့်ပြီး
"Miss Baeမှာ ရည်းစားရှိတယ်လို့ အန်တီကို မပြောပြဘူးလား "
Irene ကားမောင်းရင်း Jennieကို တစ်ချက်လှမ်းကြည့်ပြီး
"ငါ့မှာ ရည်းစားမှ မရှိတာ "
"အတွင်းရေးမှူးကရော "
"သူက ငါ့ရည်းစား မဟုတ်ဘူးလေ Jennieရ "
"ဒါဆို ဘာလို့ ဟိုတလောက ဒိတ်တယ်ပြောတာလည်း "
Jennie မေးခွန်းကြောင့် Irene တိတ်ဆိတ်နေသည်
"နောက်နေ့မှ ရှင်းပြမယ်......"
ဒီလိုနဲ့ Ireneရဲ့ အိမ်သို့ ရောက်လာကြသည်
"Chaw နည်းနည်းကြောက်လာတယ် "
ကားပေါ်ကဆင်းတော့ အိမ်ထဲဝင်ဖို့ Jennie ကြောက်နေသည်
Ireneမှာ Jennieရဲ့ လက်ကို ကိုင်ပြီး
"ဘာမှမကြောက်နဲ့နော် Jennie အားလုံးအဆင်ပြေမှာပါ သွားစို့ "
Jennie လက်ကို တွဲပြီး Irene သူမအိမ်ထဲသို့ ဝင်လာသည်
"Oh Jennie သမီး လာပြီဘဲ ဒီဝတ်စုံလေးနဲ့လှလိုက်တာ "
Mrs. Bae မှာ ထမင်းစားခန်းထဲက ထွက်လာပြီး Jennieကို ဖက်လိုက်သည်
"ကျေးဇူးတင်ပါတယ် Mrs. Bae "
"Mrs. baeလို့ မခေါ်ပါနဲ့ irene လိုဘဲ Ommaလို့ခေါ်ပါ "
Mrs. Bae စကားကြောင့် Ireneရော Jennieပါ နေရခက်သွားသည်
"လာ သမီးလေး သွားစို့ "
Mrs. Bae မှာ Jennieကို ဆွဲခေါ်သွားတော့ Ireneမှာ မျက်မှောင်ကြုတ်ကာ ကျန်ခဲ့သည်
"Wow သမီးအရင်းကျ ဂရုမစိုက်ဘူးတော် "
"Darling..... သူက Jennieတဲ့ ....Ireneပြောတဲ့ ကောင်မလေးလေ "
"Annyeonghasayeo "
Jennieမှာ Mr. Bae ကို ဦးညွှတ်ကာ နှုတ်ဆက်လိုက်သည်
"အေးအေး တွေ့ရတာ ဝမ်းသာပါတယ် "
Ireneမှာ Jennieတော့ သူမ မိသားစုနဲ့နေရခက်မယ် ထင်နေပေမယ့် Jennieကတော့ Mr. Bae တို့နဲ့အတူ စကားပြောရတာ အဆင်ပြေချောမွတ်နေသည်
စကားအတူပြောရင်း ညစာစားပြီးနောက်
"Jennieက တော်တော်လည်း ဗဟုသုတ ပြည့်စုံတာဘဲ စကားပြောရတာ အဆင်ပြေလိုက်တာ Irene ရေ နောက်တစ်ခါ Jennieကို အိမ်ခဏခဏခေါ်လာပေး "
Irene တစ်ယောက် သူ့အဖေကပါ Jennieကို သဘောကျလို့ အံ့သြနေရပြန်သည်
Jennieရဲ့ အိမ်ပြန်လမ်းမှာတော့ နှစ်ယောက်သားတိတ်ဆိတ်နေသည်
Jennieကလည်း Mrs. Bae ပြောတဲ့စကားတွေကို ပြန်တွေးနေပြီး Ireneကလည်း Jennieကို ဘယ်ကနေ စကားစပြောရမလည်း တွေးနေရင်း Jennie အိမ်သို့ ရောက်လာသည်
ထိုစဥ် ရုတ်တရက် မိုးတွေရွာလာသည်
"Humm Miss Bae မိုးတွေအရမ်းသည်းနေတယ် အိမ်ပြန်ရင် အန္တရာယ်များတယ် တစ်ခုခုဖြစ်မှာဆိုးလို့ chaw အိမ်မှာ အိပ်သွားပါလား "
Jennieမှာ သူမ CEOကို စိတ်ပူပြီး ပြောလိုက်သည်
"Oh မင်းက အဲ့လိုပြောမှတော့ ငါ ဘယ်လိုငြင်းလိုက်နိုင်မလည်း "
Irene ပြောပြီး Jennieနဲ့အတူ ကားပေါ်က ဆင်းလာသည်
"Miss Bae လာ flirt နေတာလား "
"အဲ့လိုထင်တာလား အဲ့လိုထင်တယ်ဆိုလည်း ဟုတ်တယ် ".
"ဟွန်း....Miss Baeက ဧည့်ခန်းထဲမှာအိပ် chaw က အိပ်ခန်းထဲ အိပ်မယ် "
"ဟယ် တရားလိုက်တာ ...."
"Chaw က မိန်းကလေးလေ "
"ဟယ် ငါကကျ အခြောက်မကြီးလား ငါလည်း မိန်းကလေးလေ "
"ဒါဆို chawက ဧည့်ခန်းမှာအိပ်မယ် Miss Bae က "
"No ဘာမှဆက်မပြောနဲ့ ငါ မိုးးရွာရင် တစ်ယောက်တည်း မအိပ်ရဲဘူး "
Irene မှာ Jennie လက်ကို တွဲလိုက်သည်
"ဒီတော့ အတူတူအိပ်ရအောင် Jennie "
#TBC
Bạn đang đọc truyện trên: Truyen3h.Co