Truyen3h.Co

What's wrong with my CEO

Part 1 (Unicode)

KimFany059

Jennie မီးသတ်ကား ဆူညံသံတွေကြောင့် အိပ်ရာက နိုးလာသည်

စားပွဲခုံပေါ်က နာရီကို ကြည့်လိုက်တော့ 7နာရီ ခွဲပြီး ဆယ်မိနစ်ရှိနေပြီ....သူမ အလုပ်ကို 8နာရီ သွားရမည်ဆိုတော့ အလုပ်နောက်ကျတော့မှာမို့ Jennie အိပ်ရာက အမြန်ထပြီး ရေချိူ းလိုက်သည်

ထို့နောက် Taxi ငှါးပြီး companyကို လာလေသည်

Companyကို ရောက်တော့ ဓာတ်လှေကားထဲ Irene နဲ့တွေ့လေသည်

"သေစမ်း အလုပ်နောက်ကျမှဘဲ သူနဲ့ ထိပ်တိုက် တွေ့ရတယ်လို့ 💭"

Jennie မကြာခင် Ireneဆီက အပြောခံရမယ်ဆိုတာ သလို့ စိတ်ထဲ မိမိကိုယ်ကိုသာ အပြစ်တင်နေမိသည်

"အိပ်ရာထ နောက်ကျသွားလို့ပါ တောင်းပန်ပါတယ် Miss Bae"

Jennie ခေါင်းငုံ့ပြီး တောင်းပန်လိုက်သည်

ဓာတ်လှေကားလည်း ပွင့်လာရော Ireneကအရင် ဓာတ်လှေကားထဲက ထွက်သွားသည်

Jennieလည်း ဓာတ်လှေကားကနေ ထွက်လာပြီး သူမ စားပွဲဆီသို့ သွားလေသည်

နေ့လည် ထမင်းစားချိန် ရောက်လာသောအခါ

"Jennie ထမင်းစားသွားမယ်လေ "

Nayeonတို့ အလုပ်လုပ်နေတဲ့ Jennieကို ထမင်းစားဖို့ ခေါ်လေသည်

"ငါ အလုပ်မပြီးသေးလို့ နင်တို့အရင် သွားစားလိုက်ပါလား "

"Come on Jennie အလုပ်က ထမင်းစားပြီးလည်း လုပ်လို့ရတာဘဲ "

"ပြီးခါနီးပြီမို့ နင်တို့အရင် သွားစားနော် ခဏနေ ငါလိုက်လာပါမယ် yeriရ "

"Ok ok သွားနှင့်ပြီနော် "

Yeriလည်း Jennieကို ခေါ်မရတာနဲ့ Nayeonနဲ့သာ ထမင်းစား ထွက်သွားလိုက်သည်

Jennieလည်း စာရင်းတွေပြီးအောင် လုပ်ပြီး ထမင်းစားဖို့ ထွက်လာခဲ့သည်

ထမင်းစားခန်းကို သွားရာ လမ်းထောင့်စွန်းတွင် ရုတ်တရက်ရောက်လာတဲ့ Ireneနဲ့ ဝင်တိုက်မိသည်

"Ah...လုပ်ပြန်ပြီ Jennie "

"တောင်းပန်ပါတယ် မမြင်လို့ပါ Miss Bae  "

"အမြဲ တလွဲလုပ်တယ် ရှပ်ပြာနေတာဘဲ ပြီးရင် တောင်းပန်တယ်ဆိုတာချည်း ပြောနေ "

Ireneမှာ Jennieကို ဟောက်ပြီး ထွက်သွားလိုက်သည်

"ငါလည်း ဘာလို့ တစ်ချိန်လုံး ကျားရှေ့ မှောက်ရက်လဲနေတယ်မသိဘူး "

Jennie သူ့ကိုသူ ပြောပြီး ထမင်းစားခန်းဘက်သို့ ထွက်လာခဲ့သည်

ထမင်းစားခန်းထဲတွင် Nayeonမှာ သူမရဲ့ ရည်းစား Jeongyeonနဲ့အတူ ထမင်းစားနေပြီး Yeriမှာတော့ Jennieကို တွေ့လို့ လက်ပြခေါ်လိုက်သည်

"Jennie...."

Jennie လည်း Yeriတို့ စားပွဲတွင် သွားထိုင်လိုက်သည်

"မျက်နှာလည်း မကောင်းပါလား ဘာဖြစ်လာတာလည်း "

Jennie မျက်နှာစူပုပ်ပုပ်ဖြစ်နေတာကို Nayeon သတိထားမိပြီး မေးလိုက်သည်

"ဒီကိုလာတဲ့ လမ်းမှာ Miss Baeနဲ့ ဝင်တိုက်မိလို့ဟေ ငါဟောက်ခံရတာများ...."

"Ash...သူကလည်း ဟောက်မယ်ဆိုတာချည်း စိတ်ထဲ ထားမနေဘဲ ထမင်းသာ သေချာစား "

Yeri အအေးဗူးပေးပြီး Jennie ကို နှစ်သိမ့်ပေးလိုက်သည်

"စာရင်းတွေ အကုန်မှန်တယ် ထင်တာဘဲ ဘုရားသခင်...ကျေးဇူးပြုပြီး Miss Bae chawကို ထပ်မအော်အောင် ကူညီပေးပါ "

Jennie သူမလုပ်ထားတဲ့ စာရင်းတွေကို Ireneဆီ သွားမပို့ခင် အဆူမခံရဖို့ ဆုတောင်းနေသည်

"ငါတု့ိလည်း ဝိုင်းစစ်ပေးတာဘဲ အကုန်မှန်ပါတယ် သူသာ နင့်ကို ထပ်ဆူရင် ငါအလုပ်ထွက်ရ ထွက်ရ သွားဝုန်းပစ်မယ် "

Yeri အကျႌလက်ကို ခေါက်တင်ပြီး ပြောတော့ Jennie သဘောကျကာ သွားဖုံးလေးပေါ်အောင် ပြုံးလေသည်

"Gomawo....နင်တို့က ငါ့ရဲ့ အကောင်းဆုံး သူငယ်ချင်းတွေပါဘဲ "

Jennie သက်ပြင်းချပြီး Irene ရုံးခန်းသို့ သွားလေသည်

Knock knock

"ဝင်ခဲ့ပါ...."

Jennie ရုံးခန်းထဲ ဝင်သွားပြီး

"Miss Bae..... chaw စာရင်းတွေ လုပ်ပြီးလို့ report လာပြတာပါ "

Jennie သူ့လက်ထဲက စာရင်းစာရွက်တွေကို Irene စားပွဲခုံပေါ်သို့ တင်ပေးလိုက်သည်

Ireneမှာ စာရင်းစာရွက်တစ်ရွက်ကို ယူဖတ်လိုက်သည်

"ကျစ် ဘာပြောရမှန်းကို မသိတော့ဘူး"

Irene စာရွက်ကို လွှင့်ပစ်ပြီး မတ်တပ်ရပ်လိုက်သည်

"ဘာ ဘာမှားသွားလို့လည်း Miss Bae"

Jennie ကြောက်ကြောက်နဲ့ မေးလိုက်သည်

"နားထောင် Jennie မင်း အလုပ်လုပ်မယ်ဆို သေချာလုပ်လေ ဘာလို့ ပြီးပြီရော ဖြစ်ကတတ်ဆန်းလုပ်ရတာလည်း သေချာလုပ်ဖို့ မင်းအတွက် ခက်ခဲနေလို့လား "

Irene အော်သံကြောင့် ရုံးခန်းရှေ့ ချောင်းနားထောင်နေတဲ့ Yeriလည်း ဒေါသထွက်ပြီး သူမကို ဆွဲထားတဲ့ Nayeon လက်ကို ဖယ်ကာ ရုံးခန်းထဲ ဝင်လာခဲ့သည်

"Jennieကဘဲ အလုပ်ကို သေချာမလုပ်တာလား Miss Baeကဘဲ အလုပ်ကို သေချာမလုပ်တာလား "

"Yeri မင်းကို ဘယ်သူက အထဲဝင်လာခိုင်းလို့လည်း ငါ့ခွင့်ပြုချက်မရဘဲ  "

"ဟုတ်တယ် chaw ဘယ်သူ့ခွင့်ပြုချက်မှ မယူဘဲ ဝင်လာခဲ့တာက ပြောစရာရှိလို့ဘဲ နေ့တိုင်း Jennie က အလုပ်ကြိုးစားလုပ်နေတာကို Miss Baeင အမြဲမှားတယ်ဘဲ ပြောနေတယ် "

"မင်းရော မင်းသူငယ်ချင်းရောက အရူးတွေဘဲ အလုပ်ကို သေချာမလုပ်တတ်ဘဲ ငါ့ company မှာ ဘာလို့ ခန့်ထားမိတယ်မသိဘူး "

"ကဲ ဒါဆို မှားနေတာတွေ ပြပေးလေ Miss Bae က ဆူတာထက် ဘယ်နေရာ မှားနေတယ်ပြောမှ အရူးတွေဖြစ်တဲ့ chawတို့က သိမှာ "

"Yeri တော်ပြီ မပြောပါနဲ့တော့ "

Yeriနဲ့ Ireneတို့ကြား တိတ်ဆိတ်မှုက ဝင်ရောက်လာသည်

"ဘာလည်း အမှားထောက်ပြလို့မရဘူးမလား.....အမှား ဘယ်ရှာတွေ့မလည်း Miss Bae က Jennieကို အလကားနေရင်း အပြစ်ရှာနေတာကိုး "

"မင်းတို့ နှစ်ယောက်လုံး ငါ့အခန်းထဲက ထွက်သွား "

"ခွင့်ပြုပါအုံး "

Yeri ခေါင်းငုံ့နှုတ်ဆက်ပြီး Jennie လက်ကို ဆွဲကာ အခန်းထဲက ထွက်လာသည်

"Yeri...ဘာလို့ အဲ့လိုပြောတာလည်း ငါ့ကြောင့် နင်ပါ အလကားနေ အလုပ်ထုတ်ခံရနေမယ် "

"ထုတ်လည်း မလုပ်ရုံပေါ့ companyတွေများ ပေါလွန်းလို့...ဟင်း "

"ကဲပါ ငါ့ကို ကူညီပေးလို့ ညစာလိုက်ကျွေးမယ် "

Jennie လည်း အလုပ်ဆင်းတော့ Yeriနဲ့အတူ ညစာသွားစားလေသည်

#tbc

Bạn đang đọc truyện trên: Truyen3h.Co