Truyen3h.Co

What's wrong with my CEO

Part 11 Unicode

KimFany059

Ireneကို Jennie တစ်ယောက် ပြောမရတာနဲ့ကုတင်ပေါ် အတူအိပ်ဖို့ သဘောတူလိုက်သည်

Irene တစ်ယောက် သူမ ချစ်မိနေတဲ့ Jennieနဲ့ တစ်ကုတင်တည်း အိပ်နေရသောကြောင့် အရမ်း ရင်တွေခုန်ပြီး စိတ်လှုပ်ရှားနေသည်

သူမကို ကျောပေးအိပ်နေတဲ့ Jennieရဲ့ နောက်ကျောလေးကို ဖက်ထားချင်လွန်းလို့ Irene အူတွေယားနေသည်။

ဂျိန်း..........ဂျိန်း

မိုးချိန်းသံတွေကြောင့် Jennie ကြောက်ပြီး Ireneကို ကျောပေးထားရာကနေ လှည့်လာသည်

Jennieလည်း သူမဘက် လှည့်လာရော Irene မျက်လုံးအမြန်မှိတ်ပြီး အိပ်ချင်ယောင်ဆောင်နေသည်

"Miss Bae..... Miss Bae အိပ်သွားပြီလား "

Irene မကြားချင်ယောင်ဆောင်ပြီး အိပ်ချင်ယောင်ဆောင်နေချိန် ရုတ်တရက် သူမ ရင်ခွင်ထဲ တိုးဝင်လာတဲ့ Jennieကြောင့် လန့်သွားသည်

"ဘာ ဘာဖြစ်လို့လည်း Jennie "

"အိပ်ပျော်နေတာကို နိုးအောင် လုပ်မိသွားတာလား တောင်းပန်ပါတယ် "

" မ မဟုတ်ပါဘူး ငါက အအိပ်ဆတ်တယ် ခဏခဏ နိုးတတ်တာမို့ တောင်းပန်စရာမလိုပါဘူး အခု ဘာဖြစ်လို့လည်းဟင် "

"မိုးတွေ တအားချိန်းနေတာ chaw ကြောက်လို့ "

ကလေးလေးတစ်ယောက်လို သူမရင်ခွင်ထဲတိုးဝင်လာတဲ့ Jennieကြောင့် Irene ပြုံးမိသွားတယ်

"မိုးချိန်းတာကို ကြောက်တတ်တာလား "

"ဟုတ် "

"ကဲပါ ငါရှိတယ် မကြောက်နဲ့လေနော် "

Jennieကို ဖက်ပြီး Irene နှစ်သိမ့်လိုက်သည်

Jennieကတော့ Irene ရင်ခွင်ထဲ နွေးထွေးမှုကြောင့် အိပ်ပျော်သွားပေမယ့် အိပ်မပျော်နိုင်သူကတော့ Irene

သူမ ရင်ခွင်ထဲ ရောက်နေတဲ့ Jennieကြောင့် နှလုံးခုန်သံတွေ မြန်ပြီး အသက်တောင်ရှူမရ ဖြစ်နေတယ်

"အား အူယားလိုက်တာ..... "

အိပ်ပျော်နေတဲ့ Jennieကို ကြည့်ပြီး Irene စိတ်မထိန်းနိုင်တာနဲ့ Manduနဲ့တူတဲ့ ပါးဖောင်းဖောင်းလေးကို ခိုးနမ်းလိုက်သည်......

Irene နှစ်နှစ်ခြိုက်ခြိုက် အိပ်ပျော်နေတုံး တစ်စုံတစ်ယောက်က သူမကို လှုပ်နိုးနေလို့ ဒေါသထွက်သွားတယ်

"Miss Bae ထတော့လေ "

Jennieရဲ့ ချိုသာတဲ့အသံကြောင့် Irene ထွက်နေတဲ့ ဒေါသတွေပျောက်သွားသည်

"Jennie နင် ဒီကို ဘာလာလုပ်တာလည်း "

"Excuse me Miss Bae! အခုက chaw အိမ်လေ "

"ဟမ် "

Jennie စကားကြောင့် Irene ငုတ်တုတ်ထထိုင်မိသွားတယ်

"ဟင် ငါ ဒီကို ဘာလို့ရောက်နေတာလည်း "

Irene စကားကြောင့် Jennie မျက်မှောင်ကြုတ်ပြီီး

"Miss Bae အတိတ်မေ့တတ်တဲ့ ရောဂါရှိတာလား....မနေ့ညက ရှင် ဒီမှာ အိပ်တာလေ "

"Ah နင့်အိမ်မှာ ညအိပ်တာကို ငါမေ့သွားတယ် sorry ဟီး "

Ireneပြောပြီး ပြန်လှဲအိပ်တော့ Ireneရဲ့ လက်ကို Jennie လှမ်းဆွဲကာ

"မအိပ်နဲ့တော့လေ ထတော့ အလုပ်သွားရမှာကို "

"No အလုပ်မသွားချင်ဘူး .... "

"ကလေးလည်း မဟုတ်ဘဲနဲ့ ဂျီကျမနေနဲ့ အခုထစမ်းပါ "

"Ahh နင်တော်တော် စကားများတယ် ပါးစပ်ပိတ်ပြီး ငါနဲ့လာအိပ် "

Jennie လက်ကို Irene ဆောင့်ဆွဲတော့ Irene ရင်ဘတ်ပေါ် Jennie ပြုတ်ကျသွားသည်

Irene သူမရင်ခွင်ထဲရောက်နေတဲ့ Jennie ကို ဖက်ပြီး ပြန်အိပ်သွားသည်

Irene နိုးလာတော့ Jennie က သူမ ရင်ခွင်ထဲမှာ မရှိတော့ပေ ........

"Humm ခုနက အိမ်မက်မက်နေတာလား....အိမ်မက်မက်နေလည်း အိမ်မက်ကောင်းလေးဘဲ ဟိဟိ...... "

Irene မှာ အိပ်ရာက ထပြီး ရေချိုးခန်းလိုက်ရှာကာ မျက်နှာသစ်လိုက်သည်

ထို့နောက် အခန်းထဲက ထွက်လာတော့..... ဂင်ချီထမင်းကြော် အနံ့လေးရလေသည်

"Wow မွှေးနေတာဘဲ ဗိုက်ဆာလိုက်တာ "

Irene အနံ့ရတဲ့နောက် လိုက်ရှာတော့ မီးဖိုချောင်ထဲ ချက်ပြုတ်ကြော်လှော်နေတဲ့ Jennie ကိုတွေ့ရလေသည်

Jennie အနား Irene တစ်ဖြည်းဖြည်း လျှောက်သွားပြီး အနောက်ကနေ ခါးကို သိုင်းဖက်ပြီး jennie ပခုံးပေါ် မေးတင်လိုက်သည်

Jennieမှာ ထမင်းကြော်ရင်း Irene အပြုအမူကြောင့် လန့်ပြီးတုန်သွားသည်

"လန့်သွားတာလား "

"Ahh Miss Bae နိုးပြီလား "

"အလုပ်မသွားဘူးလား Jennie ဘယ်အချိန်ရှိပြီလည်း အလုပ်ဖြုတ်ခံချင်လို့လား "

"Aww Bossက chaw အိမ်မှာ အိပ်နေတာကို chaw က ဘယ်လိုလုပ် အလုပ်သွားရမှာလည်း "

"အခုလိုကျတော့ နင်နဲ့ငါက ညားခါစ လင်မယားကျနေတာဘဲ "

"အာ ဖယ်ပေးပါ "

Jennie ရှက်ပြီး သူမကို ဖက်ထားတဲ့ Ireneရဲ့ လက်ကို ဖယ်လိုက်သည်

"ဗိုက်ဆာနေပြီ "

"အဆင်သင့်ပါရှင် "

Jennie စားစရာတွေကို စားပွဲပေါ် သေချာတင်ပေးလိုက်သည်

Ireneလည်း Jennie ပြင်ပေးတဲ့ မနက်စာကို နှစ်ခြိုက်စွာ စားလေသည်

Yeriတို့မှာ Jennie တစ်ယောက် အခုထိ အလုပ်မလာသေးလို့ မျှော်နေကြသည်

"Jennie အခုထိ အလုပ်မလာသေးဘူးရော် "

"ဟုတ်ပါ့ ငါ သူ့ကို ဖုန်းဆက်နေတာ ဆယ်ခါရှိပြီ သူ ဖုန်းလည်းမကိုင်ဘူး Yeriရေ "

"သူ ဘာဖြစ်နေတယ်မသိ ခါတိုင်း အဲ့လိုမဟုတ်ပါဘူး "

"သူဖျားနေတာဖြစ်မယ် Yeri "

"Humm Miss Bae လည်း အလုပ်မလာသေးဘူးနော် '

Nayeon စကားကြောင့် Yeriရော Nayeonရော တစ်ခုခုကို တွေးမိပြီး ထအော်လိုက်သည်

"Miss Bae chaw ရေချိုးမလို့ ရှင် ဧည့်ခန်းထဲမှာ ခဏနေပေးလို့ရမလား "

"ဘာလို့လည်း အတူတူရေချိုးမယ်လေ မရဘူးလား...... "

"မရပါဘူး ဘာလို့ ရေအတူတူချိုးရမှာလည်း ".

"အဟင့် ရဘူးကွာ Jennie ကိုယ့်ကို ရေချိုးပေး "

Irene စနောက်ပြီး ပြောတော့ Jennie မျက်မှောင်ကြုတ်ပြီး

"ရဲစခန်း ဖုန်းဆက်ရမလား ပြော "

"စတာ စတာ သေချာချိုးနော် အအေးမိနေမယ်...... ငါ ရုပ်ရှင်ကြည့်ရင်း စောင့်နေမယ် "

Irene ပြောပြီး ဧည့်ခန်းထဲ သွားကာ Tvဖွင့်ကြည့်နေသည်

Irene ရုပ်ရှင်ကြည့်နေရင်း ရုပ်ရှင်ထဲ စုံတွဲတွေ make outလုပ်နေတာ ပါလာတော့ Irene ရှက်ပြီး ချွေးတွေပြန်လာသည်

Tvကို အမြန်ပိတ်ပြီး Irene တစ်ယောက် ထိုင်မရထိုင်မရဖြစ်နေသည်

နာရီကို ကြည့်တော့ Jennie ရေချိုးနေတာ မိနစ်သုံးဆယ်လောက်ရှိနေပြီမို့ တစ်ခုခုဖြစ်နေမလားလို့ စိတ်ပူပြီး Jennie အခန်းဘက်ကို သွားလိုက်သည်

ထို့နောက် အခန်းတံခါးကို Irene အဖွင့်.... Irene မလာလောက်ဘူးအထင်နဲ့ ရေချိုးပြီး ပတ်လာတဲ့ တဘတ်ကို Jennie ဖယ်အချ.....

"ဟင် "

"အား Miss Bae ဘာလာလုပ်တာလည်း "

Jennie သူမရဲ့ naked ခန္ဓာကိုယ်ကို စိုက်ကြည့်နေတဲ့ Irene ကို မြင်ပြီး အော်လိုက်သည်

#Tbc

Bạn đang đọc truyện trên: Truyen3h.Co