Part 3 Unicode
အချိန်ကား ညရှစ်နာရီထိုးချေပြီ။
Irene တစ်ယောက် စာရင်းတွေပြန်စစ်ရင်း အလုပ်ဆင်းချိန်တောင် ကျော်နေပြီ...
သူမရဲ့ အတွင်းရေးမှူးနဲ့ ဝန်ထမ်းတွေမှာလည်း အလုပ်ဆင်းချိန်ကျော်လို့ ပြန်သွားကြလေသည်
Irene နာရီကိုကြည့်ပြီး အကြောဆန့်လိုက်သည်
ဗိုက်ဆာလာတာနဲ့ Irene သူမ ရုံးခန်းထဲက ထွက်လာပြီး အလုပ်ရဲ့ mini kitchenထဲသို့ ဝင်လာသည်
(ရုပ်ရှင်တွေထဲလေ ကော်ဖီလက်ဖက်ရည်ဖျော်သောက်တဲ့နေရာ😁😁 ဘာရေးရမှန်းမသိလို့)
Coffeeဖျော်နေတဲ့ မထင်မှတ်ထားရသူ Jennieကို တွေ့လိုက်ရလို့ Irene အံ့သြသွားသည်.....
"အခုထိ အိမ်မပြန်ဘဲ ဘာလုပ်နေတာလည်း💭"
Irene စိတ်ထဲ တွေးလိုက်မိသည်
"မင်း ဒီမှာ ဘာလုပ်နေတာလည်း Jennie "
Irene ရဲ့ အသံကြောင့် Jennie လန့်ပြီးတုန်သွားသည်
"ဟို chaw မနက်ဖြန်မတိုင်ခင် ဒီနေ့ stcok တေွအ ပြီးလုပ်ချင်လို့ပါ "
Jennie သူမကို စိုက်ကြည့်နေတဲ့ Ireneကို ကြည့်ပြီး ပြောလိုက်သည်
"ဘာလို့လည်း...ဒီနေ့အပြီးလုပ်ပြီး မနက်ဖြန်ကျ အေးဆေးနေချင်လို့လား "
"မဟုတ်ပါဘူး အဲ့လိုမပြောမိပါဘူးနော်.....ဒီနေ့အလုပ် ဒီနေ့အပြီးလုပ်ထားမှပေါ့ ပြီးကျ Miss Baeက မနက်ဖြန်ရောက်ရင် တခြားအလုပ်တွေခိုင်းရင် ခိုင်းနေမှာလေ....အာ "
Ireneကို အပြစ်တင်မိသလို ဖြစ်သွားလို့ Jennie သတိထားမိပြီး သူ့ပါးစပ်ကိုသူ လက်နဲ့ရိုက်လိုက်သည်
"မင်းက အလုပ်မလုပ်ဘဲ companyကို လာပြီး အချောင်နေချင်တာလား...ဟမ် "
Irene အော်တော့ Jennie ကြောက်ပြီး ခေါင်းငုံ့ထားမိသည်.....
"မင်းကို အလုပ်ဖြုတ်ချင်စိတ်ပေါက်လာအောင် မလုပ်နဲ့ Jennie "
Irene စင်ပေါက ပေါင်မုန့်ကို ယူပြီး ထွက်သွားလေသည်
"အား Jennie အရူးမရဲ့ နင် ဘာဖြစ်နေတာတုံး သူသာ အလုပ်ဖြုတ်ရင် အလုပ်လက်မဲ့ဘဝနဲ့ နင်နေရတော့မယ် "
Jennie နံရံကို ခေါင်းနဲ့တိုက်ပြီး သူ့ကိုယ်သူ ကျိန်ဆဲလိုက်မိသည်
Ireneမှာလည်း သူမရုံးခန်းတံခါးကို ဝုန်းခနဲစောင့်ပိတ်ပြီး
"သူ့ကိုယ်သူ ဘာထင်နေလည်း မသိ ငါ့လိုCEOကို တစ်ခွန်းမကျန် ပြန်ပြောနေတယ် respect မရှိလိုက်တာ တကယ်ဘဲ ..."
Ireneပြောပြီး ပြတင်းပေါက်အပြင်ကို လှမ်းကြည့်လိုက်တော့ သူမကို မျက်နှာငယ်လေးနဲ့ ကြည့်နေတဲ့ Jennieကို တွေ့ရသည်....
Irene လည်း အမြင်ကတ်တာနဲ့ Jennieကို မျက်စောင်းတွေလှိမ့်ထိုးပစ်တော့ Jennieမှာ ဇက်ကလေးပုပြီး သူမနေရာသို့ ပြန်သွားလေသည်
နောက်တစ်နေ့ မနက် Jennie အလုပ်လာတော့ ဌာနထဲက လူတွေအားလုံးငြိမ်သက်နေကြသည်
"Wae ဘာလို့ ငြိမ်နေကြတာလည်း "
"ရုံးခန်းထဲမှာ Miss Baeနဲ့ Mino စကားများထားလို့...Miss Bae စိတ်အခြေအနေမကောင်းလို့ ငါတို့ငြိမ်နေရတယ် "
Jennieရဲ့ မေးခွန်းကို Yeri အသံတိုးတိုးလေးနဲ့ ဖြေလိုက်သည်
"Mino...Minoက ဘာလုပ်မိလို့လည်း မဟုတ်ဘူးလေ Minoက ဝန်ထမ်းကောင်းပါဟ သူ့အလုပ်သူ သေချာလုပ်တာကို "
"ငါလည်းမသိဘူးလေ "
ထိုစဥ် ရုံးခန်းထဲမှ Irene အသံကြီး ဟိန်းခနဲထွက်လာသည်
"Jennie Kim အလုပ်ရောက်ပြီဆို ရုံးခန်းထဲ ကြွခဲ့ပါအုံး "
Irene အသံနက်ကြီးကြောင့် Jennie လိပ်ပြာလွှင့်သွားသလို ခံစားရသည်
Jennie အမြန်ဘဲ သူမအိတ်ကို စားပွဲခုံတွင် တင်ပြီး Irene ရုံးခန်းသို့ သွားလေသည်
"Yes....Miss Bae "
"မနေ့က မင်းကို အပြီးလုပ်ခိုင်းထားတဲ့ Fileရော ဘယ်မှာလည်း "
Irene မျက်မှောင်ကြုတ်ကာ Jennieကို မေးလိုက်သည်
"မနေ့ကဘဲ Miss Baeကို ပေးလိုက်ပြီလေ "
"No...မင်း မပေးပါဘူး ...ဘယ်မှာလည်း အဲ့ file....."
"မနေ့ကဘဲ လချုပ်စာရင်းတွေနဲ့အတူ ပေးလိုက်တယ်လေ "
"အဲ့တာဆို ဘယ်မှာလည်း.... မင်းပေးထားတယ်ဆို ဒီမှာရှိရမယ်လေ ဘယ်မှာလည်း "
Jennie မနေ့ကဘဲ လချုပ်စာရင်းတွေနဲ့အတူ fileကို Ireneဆီ လာပေးခဲ့တာကို မပေးဘူးလို့ Ireneက ဇွတ်ငြင်းနေတာနဲ့ ဒေါသထွက်လာသည်
"အဲ့တာတော့ chawက ဘယ်လိုသိမလည်း Miss Baeကဘဲ အဲ့ fileတွေကို သိမ်းတာလေ ကိုယ့်ဘာသာကိုယ် ထားချင်တဲ့နေရာထားပြီး မတွေ့တာကို chawကို အပြစ်လာမတင်ပါနဲ့ "
"ဘာ ငါ့ကိုပြန်ပြောတယ် ဟုတ်လား ထွက်သွားစမ်း "
"ဟုတ် ထွက်သွားမှာပါ သူများကို အပြစ်မပြောခင် use your eyes carefully Miss Bae...."
Jennie ဒေါသထိန်းမရတာနဲ့ Ireneကို ပြောပြီး ရုံးခန်းထဲက ထွက်လာခဲ့သည်
"သူ ငါ့ကို ပေးခဲ့တယ်ဆို fileက ဘယ်မှာလည်း..... "
Irene fileကို လိုက်ရှာရင်း စားပွဲခုံအောက်တွင် တွေ့ရသည်
"အာ စားပွဲခုံအောက် ပြုတ်ကျနေတာကိုး ....အဲ့တာကြောင့် ငါရှာမတွေ့တာ....ဒါပေမယ့်....ငါ Minoကို စိတ်တိုတာနဲ့ Jennieကို သွားမဲမိနေတာ......ပြန်တောင်းပန်မှပါ....."
Jennieအပေါ သူမလွန်သွားမှန်းသိလို့ တောင်းပန်ဖို့ Irene စဥ်းစားလိုက်သည်
#tbc
Bạn đang đọc truyện trên: Truyen3h.Co