Part 6 Unicode
"Jiyong Oppa. ...."
Jennieမှာ မတွေ့တာကြာတဲ့ သူ့စီနီယာ Jiyongကို တွေ့ရလို့ ပျော်ပြီး ဖက်လိုက်သည်
"Oppa ဘယ်တုံးက seoul ကို ပြန်ရောက်တာလည်း ကြည့်အုံး chawကိုလည်း အကြောင်းမကြားဘူး "
"Shuu. ...စကားဆက်မပြောနဲ့တော့ Oppa မင်းကို တစ်နေရာ ခေါ်သွားစရာရှိလို့"
Jennieရဲ့ နှုတ်ခမ်းအပေါ် Jiyong သူ့လက်ညိုးလေးတင်ပြီး ပြောလိုက်သည်
Jennieလည်း Jiyongရဲ့ ကားပေါ်သို့ တက်လိုက်သည်
"Oppa ဘယ်ချိန်ကတည်းက ပြန်ရောက်နေတယ်ဆိုတာ ခုထိ chawကို မပြောသေးဘူးနော် "
Jiyongက မဖြေဘဲ ပြုံးပြီး ကားကိုသာ မောင်းနေလို့ Jennie မျက်မှောင်ကြုတ်ကာ
"Oppa chawမေးတာကို အဖက်လုပ်ဖြေပါအုံး "
"အိမ်ကိုရောက်ရင် ဖြေပါမယ် လူဆိုးမရ "
နောက်ဆုံးတော့ Jiyong တစ်ယောက် Jennie မေးခွန်းကို ပြန်ဖြေလိုက်သည်
"Umm okk "
နာရီအနည်းငယ်ကြာပြီးနောက် Jennieတို့ တစ်နေရာရာကိုရောက်သွားကြသည်...Jiyongပြောတဲ့ အိမ်ဆိုတဲ့ နေရာဖြစ်နိုင်သည်
Jennie ကားပေါ်က ဆင်းပြီး Jiyongခေါ်ရာ လိုက်သွားသည်
Jiyong အိမ်တံခါးဖွင့်လိုက်သောအခါ
"Suprise...... "
"Jisoo Lisa.... Rosé#
Jennie သူမရှေ့မှာ မြင်ရတဲ့ သူတွေကြောင့် အရမ်းပျော်သွားပြီး ပြေးဖက်လိုက်သည်
"ငါ့ ညီမလေးကို လွမ်းနေတာ "
Jisooတစ်ယောက် Jennieကို ပြန်ဖက်ပြီး ပြောလိုက်သည်
"Jennieက အရင်ကထက် ပိုလှလာတာဘဲ"
Jennieကို ဖက်ပြီး Rosé ပြောလိုက်သည်
"No No wifeyကသာ ပိုလှလာတာ "
"Ewwoee "
Lisaတစ်ယောက် သူမရှေ့ flirt နေတဲ့ Jennieတို့ကို ကြည့်ပြီး အော်လိုက်သည်
"Dara Noonaက နင့်အတွက် နင်ကြိုက်တဲ့ ဟင်းတွေချက်ပေးထားတယ် Jennie '
"ဝါး ဗိုက်ဆာနေတာနဲ့အတော်ဘဲ အလုပ်မှာ ဘာမှမစားခဲ့ရဘူး "
"စားကြစို့ "
Jennie တို့ Dinner စားကြစဥ်
"နင်တို့ အားလုံးနော် ဒီကို လာတာ ငါ့လည်းမပြောဘူး "
"Jisooက ဖုန်းဆက်လို့လေ သူ့အမတို့ လင်မယားနဲ့အတူ နိုင်ငံခြားကနေ ဒီကို ခဏပြန်လာမယ်ဆိုပြီး "
Rosé Lisaနဲ့ Jisooရယ် Jennieတို့က ငယ်ကတည်းက ပေါင်းလာတဲ့ သူငယ်ချင်းတွေပါ
Jisooရဲ့ အမကတော့ Daraဖြစ်ပြီး Jiyongကတော့ Daraနဲ့ နီးစပ်ချင်လို့ Jisooတို့ကို လာရောခဲ့တဲ့ စီနီယာတစ်ယောက် ဖြစ်ခဲ့သည်
ကျောင်းတွေပြီးတော့ Daraက jiyongနဲ့ လက်ထပ်ပြီး Jisooကိုပါ ခေါ်ပြီး နိုင်ငံခြား ထွက်သွားခဲ့သည်
Lisaကတော့ သူမ မွေးရပ်မြေ ထိုင်းနိုင်ငံမှာ သူမအဖေရဲ့ စားသောက်ဆိုင်ကို ဦးစီးနေသည်
Roséကတော့ traveller လုပ်ပြီး တစ်နိုင်ငံပြီး တစ်နိုင်ငံ ပတ်နေသူဖြစ်နေသည်
ကျောင်းပြီးနောက် အသီးသီးနေရာကွဲသွားကြပြီးမှ ခုလို လူစုံတက်စုံပြန်တွေ့ရလို့ Jennie အရမ်းပျော်နေသည်
Meanwhile
"အဲ့ကောင်က ဘယ်သူလည်း ဘာလို့ Jennie က သူ့ကိုတွေ့တော့ ပျော်သွားရတာလည်း သူတို့ ဘယ်ကို သွားကြတာလည်း ငါ အဲ့အကြောင်းကို မတွေးဘဲကို မနေနိုင်ဘူး shit "
Irene တစ်ယောက် ကုတင်ပေါ် လူးလှိမ့်ရင်း အိပ်မပျော်ဖြစ်နေသည်....
နောက်တစ်နေ့ မနက် Irene အလုပ်ကိုလာတော့ Yeriတို့ကို တွေ့ရပေမယ့် Jennieကို မတွေ့ရပေ
" အလုပ်ကို မလာနိုင်သေးရအောင် အခုထိ မနေ့ကကောင်နဲ့အတူ ရှိနေတာလား💭"
Ireneတွေးပြီး အံကိုကြိတ်ကာ သူမ ရုံးခန်းထဲ ဝင်သွားသည်
မနေ့က အသောက်လွန်ပြီး Jennie တစ်ယောက် ထုံးစံအတိုင်း အလုပ်နောက်ကျပြန်သည်
Jennie အလုပ်ကို ရောက်တော့ Yeriနဲ့ Nayeonက သူမကို မနှုတ်ဆက်ဘဲ နှစ်ယောက်တည်း စကားပြောနေကြသည်
"နင်တို့နော် ငါမပါဘဲ နှစ်ယောက်တည်း စကားတွေပြောနေလိုက် ငါ့တောင် ဂရုမစိုက်တော့ဘူးလား "
Jennie စကားကြောင့် Yeri ပြုံးပြီး
"အာ မဟုတ်ပါဘူး ညကျ Miss Bae ရဲ့ Part တက်ဖို့ Bikini ရွေးနေတာ "
Yeri စကားကြောင့် Jennie မျက်လုံးပြူးသွားသည်
"ဘာ Bikini ဟုတ်လား "
"အင်းလေ Pool partyပါ လုပ်မှာလို့ သတင်းကြားတယ် အဲ့တာမို့ ရွေးနေကြတာ နင်ရော ဘာBikini ဝတ်မှာလည်း "
Nayeon မေးတော့ Jennie လက်ကာပြပြီး
"Bikini ဝတ်ဖို့ မပြောနဲ့ သူ့ partyကို တက်ဖို့တောင် သေချာမတွေးရသေးဘူး Miss Baeရောက်ပြီမလား သူလုပ်ခိုင်းထားတဲ့ စာရင်းတွေ သွားပေးလိုက်အုံးမယ် တော်ကြာ နောက်ကျလို့ ဆူနေမှာဆိုးလို့ "
Jennie သူမ အံဆွဲထဲက fileကို ယူပြီး အဆူခံရမှာဆိုးလို့ တံခါးမခေါက်မိဘဲ အမြန် Ireneရဲ့ ရုံးခန်းထဲ ဝင်သွားသည်
Jennieတစ်ယောက် တံခါးပေါက်မှာတင် ဝင်ရမလား ထွက်ရမလား ဝေခွဲမရ ဖြစ်သွားသည်
အဘယ်ကြောင့်ဆိုသော် Ireneရဲ့ အတွင်းရေးမှူးက Irene ပခုံးကို နှိပ်ပေးရင်း အီစီကလီလုပ်နေသောကြောင့် ဖြစ်သည်
Irene တစ်ယောက် Jennieကိုလည်း မြင်ရော ချောင်းဟန့်လိုက်သည်
"တံခါးခေါက်ရကောင်းမှန်း မသိဘူးလား "
"Chaw လောသွားလို့ပါ မနေ့က ခိုင်းထားတဲ့ စာရင်းတွေလာပေးတာပါ Miss Bae "
"စားပွဲပေါ် တင်သွားလိုက်....."
Jennie fileကို စားပွဲပေါ် တင်ပြီး ပါးစပ်ကနေ လွှတ်ခနဲထွက်သွားသော စကားလုံးကား
"အတွင်းရေးမှူးက ဘာလို့ Miss Baeကို နှိပ်ပေးနေရတာလည်း "
"Fileပေးဖို့လာတာမလား မေးခွန်းအပိုမပေးဘဲ ထွက်သွား "
Irene သွေးအေးအေးနဲ့ပြောလိုက်သည်
Jennie လည်း စိတ်တိုပြီး တံခါးကို ဝုန်းခနဲ ဆောင့်ပိတ်ကာ ထွက်သွားသည်
တကယ်တော့ Irene တစ်ယောက် စာရင်းတွေ ကြည့်နေတုံး ဇက်ကြောတွေ တက်နေခဲ့သည်
ထိုအချိန်မှာ အတွင်းရေးမှူးက ရောက်လာပြီး နှိပ်ပေးရမလား မေးလို့ Irene လက်ခံခဲ့ခြင်း ဖြစ်သည်
Jennie တစ်ယောက် သဝန်တိုနေတာကို ကြည့်ပြီး Irene စိတ်ထဲ သဘောကျနေမိသည်
"Miss Bae... Jennieက ရှင့်ဆီက Attention လိုချင်တာထင်တယ် "
"May Be"
Irene တစ်ယောက် Jennieပေးတဲ့ fileကို ယူစစ်ရင်း ပြန်ဖြေလိုက်သည်
"သူ့ကို သတိထားနော် သူက မကောင်းတဲ့မိန်းမ ညတိုင်း clubသွားပြီး ဘဲတကာနဲ့ အီနေတာ "
သူမရဲ့ အတွင်းရေးမှူး စကားကြောင့် Irene ရယ်ချင်စိတ်ကို ထိန်းထားရသည်
သူမရဲ့ အတွင်းရေးမှူ လျှောက်ပြောနေမှန်း Irene သိတယ်လေ ဘာလို့ဆို Jennie တစ်ယောက် ညခုနှစ်နာရီကျော်အထိ ဒီမှာအမြဲ အလုပ်လုပ်နေတာ Irene အသိဆုံး......
"မင်း ဘယ်လိုသိတာလည်း "
"Spy လုပ်တဲ့နေရာမှာ ကျွန်မ တော်တယ်လေ "
"အင်း နှိပ်ပေးတာ ရပ်ပြီး ထွက်သွားတော့ "
Irene သူမအတွင်းရေးမှူးရဲ့ အပိုစကားတွေ ထပ်မကြားချင်လို့ အတွင်းရေးမှူးကို နှင်ထုတ်လိုက်သည်
#TBC
Bạn đang đọc truyện trên: Truyen3h.Co