Part 7 Unicode
Irene အလုပ်လုပ်နေတုံး တံခါးခေါက်သံကြောင့် ချောင်းဟန့်ပြီး
"ဝင်ခဲ့ပါ...."
ဝင်လာသူက တစ်ခြားမဟုတ် သူမရဲ့ အတွင်းရေးမှူးပင် ဖြစ်သည်
အခုတလော အတွင်းရေးမှူးကြည့်ရတာ ခြေလှမ်းမမှန် မူပျက်ကာ Ireneကိုဘဲ တစ်ချိန်လုံး ကပ်နေသလို ခံစာနေရသည်
"ဘာဖြစ်လို့လည်း.... "
"ဟို ဟို Miss Bae. ...ကျွန်မနဲ့ နေ့လည်စာ စားချင်လားလို့ "
"နေ့လည်စာ အတူစားရမယ် ဟုတ်လား "
Ireneမှာ တကယ်လားဆိုပြီး မျက်ခုံးပင့်ကာ သူမ အတွင်းရေးမှူးကို ကြည့်လိုက်သည်
"Jennieက ဘယ်လိုမိန်းကလေးမျိုးလည်းဆိုတာ ပြောပြမယ်လေ "
အတွင်းရေးမှူးမှာ Irene တစ်ယောက် သူမနဲ့ နေ့လည်စာ အတူစားဖို့ အကြောင်းဖန်နေသည်
Jennie ရဲ့ နာမည်လည်း ကြားရော Irene တစ်ယောက် အတွင်းရေးမှူး နဲ့ နေ့လည်စာ စားရင် Jennieများ မနက်ကလို သဝန်တိုသွားမလားလို့ တွေးမိသွားတယ်
"Okလေ သွားစားကြမယ် "
Ireneတို့ ရုံးခန်းက ထွက်လာစဥ် Jennieကတော့ paperပုံး တစ်ခုကို မနိုင်မနင်းနဲ့ မလာတာကို တွေ့ရသည်
အတွင်းရေးမှူးမှာ မဲ့ပြုံးပြုံးပြီး Jennieကို ဝင်တိုက်လိုက်သည်
Jennie ပစ်လဲသွားတော့ Ireneမှာ သူမ အတွင်းရေးမှူးကို မျက်မှောင်ကြုတ်ကာ ကြည့်လိုက်သည်
"Ash လူတစ်ယောက်လုံး လာတာ မမြင်ဘူးလား "
Jennie ရန်ထောင်ပြီး မော့ကြည့်တော့ Ireneနဲ့ သူမ အတွင်းရေးမှူး ကို တွေ့ရလေသည်
"Oh sorry မမြင်လိုက်လို့ "
"Attention ရှာတာ လျှော့ပြီး မျက်မှန်ပါဝါ သွားရှာလိုက်အုံး"
Jennie မှာ အတွင်းရေးမှူးက သူမကို တမင် ဝင်တိုက်တာ သိလို့ ခနဲ့စကားပြောလိုက်သည်
အတွင်းရေးမှူးမှာ အနာထိပြီး စပ်သွားတော့ Jennieကို ရိုက်ဖို့ လက်ရွယ်လေသည်
Ireneကဘဲ အတွင်းရေးမှူး လက်ကို လှမ်းဆွဲပြီး
"ဒီလောက်နဲ့ တော်သင့်ပြီ နေ့လည်စာ သွားစားကြစို့ "
အခြေအနေကို ရပ်ကြည့်နေကြတဲ့ ဝန်ထမ်းတွေထဲက တစ်ယောက်မှ
"Miss Baeနဲ့ သူက တွဲနေတာလားဗျာ့ "
"ဟုတ်တယ်ဆိုရင်ရော မင်းတို့အလုပ်လား......ကိုယ့်အလုပ်ကိုယ်လုပ်ကြ လျှာမရှည်နဲ့ "
Irene ဟောက်လိုက်တော့ ဝန်ထမ်းတွေလည်း သူ့နေရာသူ သွားကြလေသည်
"သွားကြစို့ Bae. ..."
အတွင်းရေးမှူးမှာ Irene လက်ကို ကောက်တွဲလိုက်သည်
Ireneတို့လည်း ထွက်သွားရော Nayeonမှာ မျက်နှာကို ရှုံ့မဲ့ပြီး
"Miss Baeကလည်း တွဲစရာရှားလို့ ကလပ်က stripperနဲ့ တွဲရတယ်လို့ "
Nayeon စကားကြောင့် Jennieမှာ အံ့သြသွားသည်
"ဟယ် ဟုတ်လို့လား "
"အမလေး K clubကို ရောက်ဖူးတဲ့သူတိုင်း သိတယ်...နင်သာ ကျောက်တုံးအောက်ထဲနေနေ အလုပ်နဲ့အိမ် အိမ်နဲ့အလုပ်ဘဲ .....လောကကြီး ဘာဖြစ်နေလည်းတောင် သိရဲ့လား "
"ဘာဖြစ်ဖြစ် i Don't care "
"Jennie. ...ကိုယ်တို့ နေ့လည်စာ သွားစားရအောင် "
ရုတ်တရက် Mino ရောက်လာပြီး Jennieကို နေ့လည်စာ သွားစားဖို့ ခေါ်လေသည်
Nayeonမှာ Devil smileနဲ့ Jennieကို ကြည့်တော့ Jennie မစနဲ့ဆိုပြီး Nayeonကို လက်ခလယ်ထောင်ပြလိုက်သည်
Irene company အရှေ့ကို ရောက်တော့ သူမလက်ကို တွဲထားတဲ့ အတွင်းရေးမှူး လက်ကို ဖြုတ်လိုက်သည်
"Bae ဘာလို့ဖြုတ်တာလည်း "
"ဘာ Baeလည်း ငါတို့က တွဲနေတာမှမဟုတ်တာ "
"ခုနက ဟုတ်တယ်ဆိုရင်ရောလို့ ပြောတယ်လေ "
"အဲ့တာ ငါ ဟန်ဆောင်လိုက်တာ "
"ဒါပေမယ့် "
"ဒီမှာ နားထောင် နင်က ငါ့အတွင်းရေးမှူး ငါက နင့် သူဌေး ငါ နေ့လည်စာ လိုက်စားဖို့ သဘောတူတာ ည်း Jennieအကြောင်း ပြောပြမယ်လို့ နင် ပြောလို့ အဲ့တော့ စည်းကျော်မလာနဲ့ "
Irene သတိပေးတော့ အတွင်းရေးမှူးလည်း လန့်သွားပြီး တောင်းပန်လိုက်သည်
နေ့လည်စာ အတူစားရင်း အတွင်းရေးမှူးပြောတဲ့ Jennieရဲ့ မကောင်းတဲ့လုပ်ကြံဇာတ်လမ်းတွေ နားထောင်ပြီး Irene ရယ်ချင်စိတ်ကို မနည်းထိန်းထားရသည်
သို့သော်လည်း သူမရဲ့ ရယ်ချင်စိတ်က စားသောက်ဆိုင်ထဲ အတူ ရယ်မောပြီး ဝင်လာတဲ့ Jennieနဲ့ Minoတို့ကို မြင်လို့ ပျောက်သွားလေသည်
Ireneချက်ချင်း မျက်နှာထားတင်းသွားသည်
"စားပြီးရင် သွားမယ် "
"တို့ စားလို့မပြီးသေးဘူးလေ "
ထမင်းစားလို့မပြီးသေးတဲ့ အတွင်းရေးမှူး စကားကြောင့် Ireneသူမ အတွင်းရေးမှူးကို တစ်ယောက်တည်း ထားခဲ့လေသည်
"အဲ့တာဆို တစ်ယောက်တည်း စား "
Jennieကို သဝန်တိုအောင်လုပ်မယ့် Irene တစ်ယောက် အဆုံးမှာတော့ သူဘဲ သဝန်တိုပြီး စိတ်တိုနေရသည်
Irene မျက်မှောင်ကြုတ်ပြီး အလုပ်လုပ်နေတုံး သူမ အမေဆီက ဖုန်းဝင်လာသည်
"Hello Omma "
"ည Partyအတွက် အိမ်ကိုစောစော ပြန်လာခဲ့နော်"
"Chaw အလုပ်များနေတယ် Omma "
"Partyတော့ လာမယ်မလား "
"အလုပ်ပြီးရင် လာခဲ့မယ်လေ "
Irene ပြောပြီး ဖုန်းချလိုက်သည်
အလုပ်ကိုဘဲ အာရုံစိုက်လုပ်နေရင်း နာရီကို ရုတ်တရက် ကြည့်မိတော့ လေးနာရီထိုးနေပြီ.....
ညကျ partyရှိလို့ဆိုပြီး ဝန်ထမ်းတွေကို Irene မနက်ကတည်းက စောစောပြန်ခိုင်းထားသည်မို့ အားလုံးပြန်သွားလောက်ပြီ ထင်ပြီး Ireneလည်း အလုပ်ကို လက်စသတ်ကာ ရုံးခန်းက ထွက်လာလိုက်သည်
သို့သော်လည်း အိမ်မပြန်သေးဘဲ အလုပ်လုပ်နေသူ တစ်ယောက်ရှိသည်
"Jennie မင်း အိမ်မပြန်သေးဘူးလား "
Jennieလည်း Irene အသံကြောင့် မော့ကြည့်လိုက်သည်
"ဟုတ် အလုပ်တွေမပြီးသေးလို့ လက်စသတ်နေတာပါ Miss Bae "
"မနက်ဖြန်မှ လုပ်လည်းရတာဘဲ "
"ရပါတယ် "
"Partyကို မသွားဘူးလား "
"Humm သွားမယ် မသွားဘူးက မသေချာသေးဘူး "
"ဘာလို့လည်း မနေ့က တစ်ယောက်နဲ့ချိန်းထားလို့လား "
Irene ပြောတဲ့စကားကို Jennie နားမလည်ပေ
"ဘာပြောတာလည်းဟင် "
"မနေ့က မင်းကို ကားပေါ်ခေါ်တင်သွားတဲ့တစ်ယောက်လေ "
"အာ....Jiyoung Oppaလား....ဟင် ဒါနဲ့ Miss Bae က ဘယ်လိုသိတာလည်း ဟာ Chawကို stalkနေတာလား "
ထိုအခါမှ Ireneတစ်ယောက် သူမ စိတ်လွတ်ပြီး ပြောမိပြောရာ ပြောထွက်သွားတာကို သတိရသွားသည်
"ဟို ဟို မဟုတ်ပါဘူး အလုပ်သမားတစ်ယောက်က လာပြောပြလို့သိတာ "
"Aww "
"ဒါဆို မင်းက Partyကို မလာဘူးပေါ့ "
Irene စကားလမ်းကြောင်း လွှဲလိုက်သည်
"Not sure. ..Miss Bae ပြန်လိုက်တော့လေ Partyနောက်ကျနေမယ် "
"Ok bye တအားနောက်ကျတဲ့ထိ မလုပ်နဲ့....... မီတာခကုန်တယ် "
Ireneလည်း သက်ပြင်းချပြီး Companyကနေ ထွက်လာသည်
#Tbc
Bạn đang đọc truyện trên: Truyen3h.Co