Part 8 Unicode
Jennie မှန်ရှေ့တွင် သူမ မိဘတွေဝယ်ပေးထားတဲ့ ဂါဝန်လေးကို ဝတ်ပြီး ရပ်ကြည့်နေသည်
Miss Baeတို့ရဲ့ Partyကို သွားဖို့ Jennie ဆုံးဖြတ်လိုက်တယ်လေ......Jisooတို့ကလည်း ပြန်သွားပြီဆိုတော့ Jennie တစ်ယောက် အိမ်မှာ ပျင်းနေတာ
ထို့ကြောင့် Taxiငှားပြီး Miss Bae တို့ အိမ်ကို သွားလိုက်သည်
Partyကို ရောက်တော့ စကတ်တိုတို ဂါဝန်တိုတိုလေးတွေ ဝတ်ထားတဲ့ ကောင်မလေးတွေ အပြင် သားသားနားနားsuit ဝတ်စုံနဲ့ ကောင်လေးတွေကိုပါ တွေ့ရသည်
Jennie partyထဲ ဝင်သွားရင် ဝိုင်သောက်နေကြတဲ့ Yeri တို့ကိုတွေ့ပြီး ပျော်သွားတယ်
"Hey Yeri. ."
"Oh Jennie နင်မလာတော့ဘူး ထင်နေတာ "
"တစ်ယောက်တည်း အိမ်မှာနေရတာ ပျင်းလို့ "
"ပျင်းရင် ရည်းစားလေး ဘာလေးထားလေ ဟိဟိ "
"I don't need a boy Nayeon.... "
"ဒါနဲ့ Minoလည်း ဒီရောက်နေတယ် "
"Humm ဘာလုပ်ရမှာလည်း "
ထိုစဥ် Mr. Bae ရဲ့ အသံကိုကြားရသည် Jennie Partyထဲ Miss Baeကို လိုက်ရှာနေပေမယ့် မတွေ့ရပေ
"ကြည့်ရတာ ငါ့အတွင်းရေးမှူး နဲ့ တူတူရှိနေတာထင်တယ် "
"အားလုံးကို Partyကနေ ကြိုဆိုလိုက်ပါတယ် ........companyအတွက် ကြိုးစားပန်းစား အလုပ်လုပ်ပေးတဲ့ သူအားလုံးကို ကျေးဇူးတင်ပါတယ် ဒါကြောင့် အားလုံး အမောပြေဖို့ အခုလို Party ကျင်းပပေးလိုက်တာပါ .....အားလုံးဘဲ Party time. ...."
Mr. baeရဲ့ စကားလည်းဆုံးရော သီချင်းသံက ထွက်လာပြီး ဝန်ထမ်းအားလုံး ခုန်ပေါက်ကကြသည်
Jennieလည်း Nayeonတို့နဲ့ တူတူကရင်း အာခေါင်ခြောက်လာလို့ သောက်စရာတခုခုသွားရှာလိုက်သည်
လူများစွာကို တွန်းဖယ်ရင်း Jennie တစ်စုံတစ်ယောက်နဲ့ ဝင်တိုက်မိသွားသည်။
ဘယ်သူလည်းလို့ မော့ကြည့်လိုက်သောအခါ
"Jennie.... "
"Miss Bae "
"Jennie မင်း မလာတော့ဘူး ထင်နေတာ "
"စိတ်ပြောင်းသွားလို့ Miss Bae "
"Aww O ok "
Ireneမှာ Jennie ကို ခြေဆုံးခေါင်းဆုံးကြည့်ပြီး တံတွေးမျိုချလေသည် ဂါဝန်အနီရောင်နဲ့ Jennie မှာ တော်တော်လေး hotနေသည် (solo stage ထဲက ဂါဝန်အနီလေးနဲ့ကို မြင်ယောင်ကြည့်ပါ😁)
"အာခေါင်ခြောက်နေလို့ သောက်စရာတခုခုသွားယူလိုက်အုံးမယ် see ya Miss Bae "
Irene ကို နှုတ်ဆက်ပြီး Jennie ထွက်လာခဲ့သည်
Irene လည်း Jennie နောက် လိုက်မလို့လုပ်ပေမယ့် Mr. Bae ကလှမ်းခေါ်သောကြောင့် မလိုက်ဖြစ်လိုက်ပေ
Pool Party အချိန်ကျရောက်လာတော့ အကုန်လုံး ရေကူးဝတ်စုံလဲကာ ရေကူးကန်ထဲ ဆော့ကစားနေကြသည်
Ireneမှာ ဘုရားတပြီး Jennie ကို လိုက်ရှာနေရသည်
"ဒီကလေးမ ရေကူးဝတ်စုံများ လဲထားလားမသိ "
Irene တွေးသလိုဘဲ Jennie အနီရောင် Bikini ကို ဝတ်ပြီး သူ့သူငယ်ချင်းတွေနဲ့ ကခုန်နေသည်
အနားရှိ ကောင်လေးတွေမှာလည်း Jennie ကို ဝါးစားတော့မတတ်ကြည့်နေတာကို Ireneမြင်တော့ စိတ်တိုလာသည်
ထို့ကြောင့် Jennie လက်ကို ဆောင့်ဆွဲပြီး လူရှင်းတဲ့ နေရာဘက်သို့ ခေါ်လာသည်
"Miss Miss Bae ဘာလုပ်တာလည်း "
"ခုန ဂါဝန် ပြန်ဝတ် ဘာလည်း ရေကူးဝတ်စုံနဲ့ လျှောက်သွားနေတာ မရှက်ဘူးလား "
"ဟမ် တခြားမိန်းကလေးတွေလည်း ဝတ်နေကြတာဘဲလေ "
"ကောင်လေးတွေ အားလုံးက မင်းကို စားချင်တဲ့အကြည့်နဲ့ကြည့်နေတာ "
"အဲ့တော့ chaw ဘာလုပ်ရမှာလည်း "
"ဂါဝန်ပြန်ဝတ် "
"နေပါအုံး Miss Bae က ဘာလို့ အရမ်း ဒေါသထွက်နေတာလည်း "
"ဟိုကောင်တွေရဲ့ အကြည့်ကို မကြိုက်လို့ "
ထိုစဥ် Ireneရဲ့ အတွင်းရေးမှူးရောက်လာသည်
"Miss Bae သူနဲ့ ဘာလုပ်နေတာလည်း "
"စကားပြောနေတာလေ မမြင်ဘူးလား "
"မှောင်တဲ့ဘက် ဘာလို့ စကားပြောနေတာလည်း သူများတွေ တစ်မျိူးထင်ကုန်လိမ့်မယ်.....အာ ဘာလည်း သူက Miss Baeကို မြူဆွယ်နေတာလား '
Ireneရဲ့ အတွင်းရေးမှူး စကားကြောင့် Jennie မျက်မှောင်ကြုတ်ကာ
"Excuse me စကားပြောဆင်ခြင်ပါ "
"အောင်မာ attention seeker မက လူကိုပြန်ဟောက်နေတယ် "
"ဘာ "
"Miss Baeဆီက attention ရဖို့ မကြိုးစားနဲ့..... သူက ဒီညကို ငါနဲ့ဖြတ်သန်းမယ်လို့ ကတိပေးထားတာ "
Irene သူမရဲ့အတွင်းရေးမှူး စကားကြောင့် မျက်လုံးပြူးသွားသည်
"ငါ ဘယ်တုံးက "
"အဲ့တာဆိုလည်း နှစ်ယောက်အတူ ပျော်မြူးလိုက်ကြပါအုံး သွားပြီ"
Irene စကားမဆုံးသေး Ireneလက်ကို တွန်းဖယ်ပြီး Jennie ထိုနေရာက ထွက်လာခဲ့သည်
Ireneလည်း Jennieက သူမကို ထားသွားလို့ စိတ်တိုပြီး သူမအတွင်းရေးမှူးကို အော်လိုက်သည်
"နင် ဘာဖြစ်နေတာလည်း "
"ဟို...Miss Bae နား သူ့ကို မမြင်ချင်လို့ပါ "
"မမြင်ချင်ရင် မျက်လုံးမှိတ်ထားလိုက် နင်က ဘာကောင်မမို့ အဲ့လိုလိုက်လုပ်နေရတာလည်း ကိုယ့်အဆင့်ကိုယ်သိ စည်းကျော်မလာနဲ့
"တောင်း တောင်းပန်ပါတယ်..... "
"တောက် "
Irene တောက်ခေါက်ပြီး သူမအတွင်းရေးမှူးကို ထားခဲ့ကာ Jennieကို လိုက်ရှာလေသည်
Party တစ်ခုလုံး Jennieကို မတွေ့လို့ ပြန်သွားသလားဆိုပြီး ခြံရှေ့ Ireneလိုက်ရှာတော့ Jennieကို ပွေ့ချီထားတဲ့Minoကို တွေ့ရတော့ Irene ပိုပြီး ပေါက်ကွဲသွားတယ်
"Song Mino ဒါဘာလုပ်တာလည်း "
Irene အသံကြောင့် Minoလည်း လန့်သွားသည်
"ဟိုဟို သူ မူးနေလို့ သူ့အိမ်ပြန်ပို့ပေးမလို့ "
Irene Minoလက်ထဲက Jennie ကိုကြည့်လိုက်တော့ မူးပြီး အိပ်ပျော်နေတာကို တွေ့ရသည်
"သူ့အိမ် နင်သိလို့လား .....သူ့ကိုပေး ငါ သူ့အိမ်သိတယ် ပြန်လိုက်ပို့ပေးလိုက်မယ် "
"ဟို ရ ရပါတယ် Miss Bae အပန်းကြီး "
"ဘာ အပန်းမှမကြီးဘူး သူ့ကို ငါ့ကားထဲ ထည့်လိုက် "
Irene သူမ ကားတံခါးကို ဖွင့်လိုက်ပေမယ့် Minoက မျက်မှောင်ကြုတ်ကာ Ireneကို ကြည့်နေသည်
"Song Mino နင် အလုပ် ထုတ်ခံချင်လို့လား "
Irene စကားကြောင့် Minoလည်း သက်ပြင်းချပြီး Jennie ကိုကားထဲ ထည့်ပေးလိုက်သည်
Ireneမှာ Minoကိုကျေးဇူးတင်စကား မပြောဘဲ ကားစက်နှိုးကာ မောင်းထွက်လာသည်
"အရက် မသောက်တတ်ဘဲ သောက်တာ အခုတော့ အိပ်ပျော်နေလေရဲ့ တော်သေး ငါလိုက်ရှာမိလို့ မဟုတ်ရင် မတွေးရဲစရာ.... "
Irene လမ်းဘေး ခဏရပ်ပြီး သူမ အပေါ်ဝတ်ကိုချွတ်ကာ ရေကူးဝတ်စုံနဲ့ အိပ်ပျော်နေတဲ့ Jennie ကို ခြုံပေးလေသည်။
ထို့နောက် Jennie အိမ်ဘက်သို့ မောင်းထွက်လာသည်
#Tbc
Bạn đang đọc truyện trên: Truyen3h.Co