Truyen3h.Co

What's wrong with my CEO

Part 9 Unicode

KimFany059

Jennie နိုးလာတော့ သူမ မနေ့ညက အရှိန်ကြောင့် ခေါင်းကိုက်ဒဏ်ကို ခံစားရသည်

သူမ မျက်လုံးဖွင့်လိုက်တော့ သူမ မြင်နေကျ မျက်နှာကြက် မဟုတ်ဘဲ မရင်းနှီးတဲ့ မျက်နှာကြက်ကို တွေ့ရတော့ အိပ်ရာကနေ အမြန် ထလေသည်

"ငါ ဘယ်ရောက်နေတာလည်း မနေ့ညက ပြန်ပေးဆွဲခံရတာ များလား "

Jennie မနေ့ညက အကြောင်းကို ပြန်စဥ်းစားကြည့်နေတုံး ရုတ်တရက် ရေချိုးဝတ်စုံနဲ့ ရေချိုးခန်းထဲက ထွက်လာတဲ့ Irene ကို မြင်ပြီး အော်လေသည်

"အား......"

Irene ရေချိုးပြီး ဆံပင်သုတ်ရင်း ရေချိုးခန်းထဲက ထွက်အလာ သူမကို ကြည့်ပြီး အော်နေတဲ့ Jennieကို မျက်မှောင်ကြုတ်ကာ ကြည့်လေသည်

Jennie ကုတင်ပေါ်က ဆင်းပြီး ထွက်ပြေးဖို့ လုပ်တော့ Jennieရဲ့လက်ကို Irene လှမ်းဆွဲလိုက်သည်

"Yah ဘယ်သွားမလို့လည်း "

"Chaw chaw ဘယ်ရောက်နေတာလည်း "

"ဘယ်ရောက်ရမှာလည်း ဟိုတယ်မှာပေါ့ "

"ဟင်..........Miss Bae chaw နဲ့ chaw နှစ်ယောက်တည်း ဟို ဟိုတယ်မှာပေါ့..."

Jennieမှာ Ireneနဲ့ နှစ်ယောက်တည်း ဟိုတယ်မှာဆိုလို့ အရမ်းလန့်သွားတယ်

"အေးလေ ဘာဖြစ်လို့လည်း "

"Chawတို့ တစ်ခုခု ဖြစ်သေးလား "

Jennie မေးခွန်းကြောင့် Irene ရယ်ချင်လာတာနဲ့ ရယ်ချလိုက်သည်

"ငါ့နှယ့် ရယ်လိုက်ရတာ မောလို့....မင်းကဖြင့် မူးပြီး အိပ်ပျော်သွားတာ ငါ ကားပါကင်ကနေ ဒီထိ ပွေ့ချီလာရတာ မသိဘူးမလား....ငါ မင်းကို လုပ်ချင်ရင် တစ်ညလုံး လုပ်လို့ရတယ် မင်းကဖြင့် အိပ်နေတာများ ဟောက်တောင်ဟောက်တယ် "

"အာ... မနေ့က နည်းနည်းသောက်လိုက်မိလို့ "

Jennie ရှက်ပြီး သူမခေါင်းကို ပွတ်ရင်း ပြောလိုက်သည်

"နောက်တစ်ခါ ကိုယ့်ကိုကိုယ် မထိန်းနိုင်ရင် မသောက်တာ အကောင်းဆုံးဘဲ....မင်း အရမ်းမူးနေလို့ ငါအိမ်ပြန်ပို့ပေးမယ်တွေးနေတာ ဒါပေမယ့် အိမ်သော့ဘာညာ ငါမသိလို့ ဟိုတယ်ဘဲခေါ်လာခဲ့လိုက်တာ "

"ကျေးဇူးတင်ပါတယ် Miss Bae ဒါဆို chaw ပြန်တော့မယ်နော် "

Jennie ထွက်မသွားခင် Jennie ရဲ့ လက်ကို Irene ဆောင့်ဆွဲပြီး နံရံဘက်တွန်းလိုက်သည်

ထို့နောက် Jennie မျက်လုံးကို Irene စိုက်ကြည့်နေသည်

Jennieလည်း Irene အပြုအမူ​ကြောင့် ထပ်ပြီး လန့်ရပြန်သည်

Jennie ရုန်းပေမယ့် မရ Ireneက တင်းတင်းကြပ်ကြပ်ကို သူမကို ကာထားသည်

"မင်း ဘာတွေလုပ်နေတယ်ဆိုတာရော သိရဲ့လား "

"ဟင် chaw ဘာလုပ်မိလို့လည်း Miss Bae "

"မနေ့က မင်းနဲ့ Mino ပါတီမှာလေ အတူရှိနေတာ "

"သူနဲ့က သူငယ်ချင်းပါ "

"ဘယ်လိုသူငယ်ချင်းမျိုးလို့ အဲ့လောက်ပူးကပ်နေရတာလည်း "

"ဘယ်မှာ ပူးကပ်နေလို့လည်း...ပူးကပ်တော့ရော ဘာဖြစ်သွားလည်း "

"သူ မင်းကို မကောင်းတာ တစ်ခုခုလုပ်သွားမှာ မကြောက်ဘူးလား "

"သူနဲ့က သူငယ်ချင်းပါလို့ ပြောနေတယ်လေ "

"မင်း သူနဲ့ဝေးဝေးနေသင့်တယ် သူက မင်းထင်သလိုမဟုတ်ဘူး "

"Miss Bae က သူ့အကြောင်းလည်းမသိဘဲ ဘာလို့ အဲ့လိုပြောရတာလည်း "

"သူက ငါ့ဝန်ထမ်းလေ သူနဲ့ပတ်သက်တာတွေ ငါ သိတာပေါ့....သူ မင်းကို သဘောကျနေတာတောင် မသိဘူးလား ဟမ် "

"မသိတော့ဘူး ခေါင်းကိုက်နေပါတယ်ဆို မသိဘူး မသိဘူး သွားပြီ "

Jennie ကလေးတစ်ယောက်လို ခေါင်းကိုကိုင်ကာ အော်ပြီး အခန်းထဲက ထွက်သွားလေသည်

Jennie သူမ အိမ်ပြန်ရောက်တော့ သူမကိုယ်သူမ ရိုက်လေသည်

"အရူးမ အရက်မသောက်နိုင်ဘဲ သွားသောက်တာ.......အခု ဘာတွေဖြစ်ကုန်ပြီလည်း တွေ့လား အား Miss Baeနဲ့ နှစ်ယောက်တည်း ဟိုတယ်မှာရှိခဲ့တာတဲ့ Jennie Kimရေ ......တော်သေးတယ် ဘာမှဖြစ်မသွားလို့ ဟူး ဒီနေ့ကလည်း အလုပ်နားရက်မို့တော်သေးတယ် မဟုတ်လို့ကတော့ အလုပ်မတက်လို့ Miss Bae က လစာဖြတ်နေအုံးမှာ.....ကျစ် မနက်ဖြန် အလုပ်ကို ဘယ်လိုသွားရပါ့ "

Jennie တစ်ယောက်တည်း မနေ့ကအကြောင်းတွေ ပြန်တွေးပြီး အလုပ်သွားဖို့ ရှက်နေသည်

Jennie နောက်တစ်နေ့မနက် အလုပ်လာတော့ သူမတို့ ဌာနရှေ့တွင် ကောင်မလေးတစ်ယောက်နဲ့ ဝင်တိုက်မိလေသည်

"Sorryပါ မမြင်လိုက်လို့ "

Jennieမှာ သူမက ဝင်တိုက်မိလို့ ကောင်မလေးကို အားနာပြီး တောင်းပန်စကားပြောလိုက်သည်

"နင့်လို ရှပ်ပြာမကို Ireneက ဘာလို့ အခုထိ အလုပ်ဆက်ခန့်ထားမှန်း စဥ်းစားမရဘူး "

Jennie သူမကို blame လို့ ဘယ်သူလည်း ကြည့်လိုက်တော့ Ireneရဲ့ ရည်းစားဟောင်း ဖြစ်နေသည်

"Aww စကားပြောတာ ရိုင်းလို့ ဒီ companyက ဝန်ထမ်းမဟုတ်လောက်ဘူးထင်နေတာ မှန်သား သိုက်တူးမကိုး "

Jennie သူမကို blameတဲ့ Ireneရဲ့ ရည်းစားဟောင်းကို ပြန်ခနဲ့လိုက်သ​ည်

"ငါက သိုက်တူးမ ဟုတ်ဟုတ်မဟုတ်ဟုတ် နင်နဲ့မဆိုင်ပါဘူး "

"ဟုတ်ပါတယ် မဆိုင်ဘူးမို့ ရှေ့ကဖယ်ပေးပါ chaw က ရှင့်လို အားမနေဘူး အလုပ်လုပ်စရာရှိသေးတယ် "

"ကျစ် Ireneက နင့်လို အမှိုက်ကို ဘာလို့ ဆက်ထားနေတယ်မသိ "

"နေပါအုံး ဘယ်သူ့ကို အမှိုက်လို့ပြောနေတာလည်း "

Companyကို လာတဲ့ Nayeonမှာ သူမသူငယ်ချင်းကို ပြောနေတာကြားတော့ စိတ်တိုပြီး ဝင်ပြောလေသည်

"အမှိုက်အချင်းချင်း စည်းလုံးနေတာ "

"ရှင် ဒီနေရာက ထွက်သွားတာ ကောင်းမယ် Miss Bae သိရင် ရှင့်ကို ကန်ထုတ်လိမ့်မယ် "

Nayeon စကားကြောင့် Irene ရည်းစားဟောင်းမှာ ရယ်လေသည်

"သူလား ငါ့ကိုကန်ထုတ်မှာ ဟားဟားဟား သူက ငါ့ကို အရမ်းချစ်တာဟဲ့ "

ဒီတခါမှာတော့ Jennieတို့မှာ Irene ရည်းစားဟောင်းပြောတာကြားပြီး ရယ်လေသည်

"မင်းတို့ ဒီမှာ ဘာလုပ်နေကြတာလည်း "

Ireneရဲ့ အေးစက်တဲ့အသံကြားတော့ Jennieတို့မှာ အရယ်ရပ်သွားလေသည်

"Miss Bae ရှင့်ရည်းစားရောက်လာတယ် "

Jennie ပြောတော့ Ireneမှာ Jennie ကို မျက်စောင်းထိုးလေသည်

တကယ်တော့ ဆူညံသံတွေကြောင့် Irene ရုံးခန်းထဲက ထွက်လာခဲ့ခြင်း ဖြစ်သည်

"အေးဆေးစကားပြောကြပါအုံး chawတို့ သွားပါအုံးမယ် "

Jennie နဲ့ Nayeonမှာ Ireneကို နှုတ်ဆက်ပြီး သူမတို့ စားပွဲခုံဘက်ကို ထွက်လာခဲ့သည်

Jennieတို့ ထွက်လာတော့ Irene ရုပ်တည်ဖြင့် သူမရည်းစားဟောင်းကို ကြည့်ပြီး

"မင်း ဒီကို ဘာလာလုပ်တာလည်း မင်းနဲ့ထပ်တွေ့စရာမလိုတော့ဘူးလို့ ငါ ပြောပြီးသား မဟုတ်ဘူးလား "

"အချစ်လေးကို လွမ်းလို့ .....တို့ကိုရော မလွမ်းဘူးလား "

"အခုထွ​က်သွားမှာလား ငါ လုံခြုံရေးတွေနဲ့ ဆွဲထုတ်ရမလား Ria "

Irene ဒေါသသံကြောင့် Ria ကြောက်ပြီး ထွက်သွားလေသည်

Lunch စားချိန်တွင် အလုပ်လုပ်နေတဲ့ Jennieဆီ Irene အအေးဗူးလေးနဲ့ ရောက်လာသည်

"ဟိုတစ်ယောက် မင်းကို ထိခိုက်အောင်လုပ်သေးလား "

Irene အအေးဗူးပေးရင်း မေးတော့ Jennie အံ့သြသွားသည်

အခုတလော Irene တစ်ယောက် သူမအပေါ် အရမ်းကောင်းနေတာကို Jennie သတိထားမိသည်

"မလုပ်ပါဘူး "

"တော်သေးတာပေါ့ "

"Miss Bae နေ့လည်စာ မစားဘူးလား "

"မဆာလို့ မစားတော့ဘူး "

"Aww ဒါနဲ့ chawနဲ့ စကားပြောလို့ဖြစ်ပါ့မလား Miss Bae ရဲ့ ကောင်မလေး သဝန်တိုနေမယ် "

"Humm ငါ့ကောင်မလေးက ဘယ်သူလည်း "

"အတွင်းရေးမှူး လေ "

Jennie စကားကြောင့် Irene မျက်မှောင်ကြုတ်သွားပြီး

"သူက ငါ့ကောင်မလေးမှ မဟုတ်တာ "

"Riaရော "

"Yah "

"စတာပါ "

"သူများနာမည်တွေလျှောက်မပြောဘဲ မင်းနာမည်မင်း ပြောကြည့်ပါလား Jennie...... "

Ireneရဲ့ စကားကြောင့် Jennie ရုတ်တရက် ရင်တွေခုန်လာသည်

Irene တစ်ဖက်လှည့်နဲ့ သူမကို ရည်းစားစကားပြောလိုက်တာလား?

#TBC

Bạn đang đọc truyện trên: Truyen3h.Co