Truyen3h.Co

Young Daddy (Trans)

Young Daddy Part-18

KimFany059

#zawgyi



"Shoot...."








"Artist?"



Taeyeon သူ့အင်္ကျီ​ကော်​လံကို ဆွဲထားတဲ့ သူ့အ​ဖေကို ​ဒေါသထွက်​ပြီး ​အော်​လိုက်​သည်










#TBC

#Unicode

"မင်း လက်ထပ်ဖို့ အဆင်သင့်ဖြစ်ပြီလား.... "
Mr.Kimတစ်ယောက် Taeyeonနဲ့ မျက်နှာချင်းဆိုင်မှာ ထိုင်ပြီး မေးလိုက်သည်

"Dad..ကျွန်တော် ပြောစရာတစ်ခုရှိတယ်..ပြောမှဖြစ်မယ်..."
Taeyeon ဆေးရုံမှာ သူ့ရဲ့ အနာဂတ်မိသားစုကို ကြည့်ပြီး တုန်လှုပ်သွားခဲ့သည်

"Shoot...."
Mr.Kim wine တစ်ခွက်ကို သောက်လိုက်သည်

"အမြွှာလေး နှစ်ယောက် မွေးလာကြပြီးနောက် ကျွန်တော် ကြောက်လာတယ်.....ကျွန်တော့်ဘဝက မျှော်လင့်ချက်တွေ အိမ်မက်တွေ....ဘာမှမရှိသလို ခံစားရတယ်......ကျွန်တော့်ရဲ့ ဆုံးဖြတ်ချက်က မှန်ကန်ပြီး အဓိပ္ပါယ်ရှိလားမရှိလား ကျွန်တော် မသိဘူး..."

"မင်း စိတ်ထဲမှာ တွေးနေတာတွေ ငါသိနေတယ်လို့ ထင်တယ်......Tiffanyနဲ့ ကလေးလေးတွေကို မတွေးပေးနဲ့အုံး.....မင်းဖြစ်နေတဲ့ပြဿ      နာကို အရင်တွေး..."

Mr.Kimမှာလည်း သူ့သားအတွက် တစ်ခုခုကို စီစဉ်ပေးထားပြီးသား ဖြစ်သည်..

သို့သော် Taeyeonမှာ ကလေးရှိနေတယ်ဆိုတဲ့ သတင်းကြားတော့ ရွေးချယ်စရာမရှိပေ....သို့သော် လက်ခံပေးလိုက်ရသည်....

မိဘတိုင်းက ကိုယ့်သားသမီးကို အနာဂတ်မှာ ထွန်းလင်းတောက်ပနေတာဘဲ မြင်ချင်ကြတာလေ.....

"အချိန်တိုင်း တွေးနေမိတာ....ကျွန်တော့်မိသားစုနဲ့ ခဏခွဲနေရမယ်ထင်တယ်....ဒါကလည်း ကလေးတွေ အနာဂတ်အတွက်ပါ.....ဒီတော့ ကျွန်တော်ဖြစ်ချင်တဲ့ artist ဖြစ်အောင် လုပ်မယ်..... "

Taeyeon စကားကြောင့် Mr.Kim မျက်နှာပျက်သွားလေသည်.....သူတွေးထားတာက Taeyeon က သူ့ရဲ့ ကုမ္ပဏီမှာ လာလုပ်မည်လို့တွေးခဲ့တာလေ.....

"Artist?"

"Dad အဲ့တာ ကျွန်တော့်ရဲ့ အိမ်မက်ပါ......အမေ့လိုဘဲ ဒါပေမယ့် "
Mr.Kimရဲ့ မျက်လုံးကို Taeyeon စိုက်ကြည့်လိုက်သည်

"မင်းအမေက ငါနဲ့ လက်ထပ်ဖို့ အတင်းတိုက်တွန်းခံခဲ့ရလို့လား......မင်းအဘိုးက မင်းအမေရဲ့ အိမ်မက်တွေ မျှော်လင့်ချက်တွေကို ဖျက်စီးပစ်တာလေ.......အဲ့တာကို ဘာလို့ ငါ့လာပြောနေတာလည်း....."
Mr.Kim အရက်ထိုင်သောက်နေရာက ထပြီး သူ့သားရှေ့သွားရပ်လိုက်သည်

"အမေ့ကို စိတ်ဓာတ်ကျအောင် လုပ်ပြီး ကင်ဆာပါဖြစ်အောင် လုပ်တာ ဘယ်သူလည်း Dad....အမေပြောသလို ခင်ဗျားက တကယ့်မကောင်းဆိုးဝါးဘဲ.."
Taeyeon သူ့အကျႌကော်လံကို ဆွဲထားတဲ့ သူ့အဖေကို ဒေါသထွက်ပြီး အော်လိုက်သည်

"အေး မင်း အမေရဲ့ မိသားစုက ငါ့အပေါ် အကြွေးတင်နေလို့ သူ့အဖေက မင်းအမေကို ငါနဲ့လက်ထပ်ခိုင်းတာကွ....ငါကလည်း မင်းအမေကို အစကတည်းက မချစ်ခဲ့ဘူး.. ..ငါတကယ် ချစ်တာကMrs.Choi.... Sooyoungရဲ့ အမေဘဲ "
Mr.Kimရဲ့ စကားကြောင့် Taeyeon ရင်ထဲ နာကျင်သွားသည်....

" Sooyoungကိုဘဲ ပေးမှာမဟုတ်ဘူး မင်းက ငါ့သွေးသားဖြစ်လို့ ငါ့အမွေတွေကို မင်းကိုလည်းပေးမှာမို့ ဗရုတ်သုတ်ခတွေ လုပ်မနေနဲ့.. .."
Mr.Kim ပြောပြီး သူ့သားကို တွန်းထည့်လိုက်သည်

Taeyeon မြေပြင်ပေါ်မှာ လဲကျသွားပြီး
"ခင် ခင်ဗျား ဘယ်လိုလုပ်ရက်တာလည်း...."
Mr.Kim အမှန်တိုင်းဝန်ခံပြီး ပြောနေတာတွေကြည့်ပြီး Taeyeon အသံတွေ တုန်လာသည်

"မင်း ပါးစပ်ကို ပိတ်ထားမယ်နော်....Irene ကိုပြောရဲပြောကြည့်....."
Taeyeon အခုတော့ အရာအားလုံး သိသွားလိုက်ရပြီ....ဘာလို့ သူ့အဖေက Sooyoungကိုဘဲ သူ့ထက် ဦးစားပေးဆက်ဆံလည်းဆိုတဲ့အကြောင်းကို.....နောက်ဆုံး သိသွားပြီလေ

"အခုတော့ အားလုံး ရှင်းသွားပြီ....."
Taeyeon မျက်ရည်တွေသုတ်ပြီး ထရပ်လိုက်သည်

"ငါတို့ မိသားစုက အလိမ်အညာတွေပဲ ငါအပာအဝင် Ireneကိုပါ ခင်ဗျားက လိမ်ညာခဲ့တာ.....သနားစရာကောင်းတဲ့ ငါ့အမေ....ခင်ဗျားကြောင့် သူတော်တော်ခံစားခဲ့ရတာ.....ခင်ဗျား ကို မုန်းတယ်  "

Taeyeon သူ့အဖေကို ပြောပြီး တံခါးကို ဆောင့်ပိတ်ကာ ထွက်လာလိုက်သည်

"Kim Taeyeon မင်းက မပြည့်စုံတဲ့ သားပါကွာ...မင်းဆီက ဘာမှမျှော်လင့်မထားလို့ ဘာအနှောင့်အယှက်မှ ဖြစ်မနေဘူး....မင်းက အရူးဘဲ မင်းအဖေကို ဆန့်ကျင်လို့ရလား....ငါ မင်းကို အခွင့်အရေးတွေ အများကြီး ပေးခဲ့ပေမယ့် မင်းက အမြဲ ငါ့ကိုစိတ်ညစ်အောင် စိတ်ပျက်အောင်လုပ်တယ်........Tiffanyနဲ့ ကလေးတွေ အတွက် စိတ်မကောင်းဖြစ်မိတယ်......."
Mr.Kim ဝိုင်တစ်ခွက် ထပ်သောက်ပြီး ပြောလိုက်သည်

"Kim မောင်နှမနှစ်ယောက်နဲ့ သူ့ကလေးတွေ အားလုံးရဲ့ မျိုးရိုးက Kim မဟုတ်ဘူး.. ...တကယ့် ကစားပွဲက အခုမှစမှာ.....i
Mr.Kim ပြတင်းပေါက်မှန်က သူ့ပုံရိပ်ကို ကြည့်ပြီး မဲ့ပြုံးပြုံးလိုက်သည်

Bạn đang đọc truyện trên: Truyen3h.Co