Young Daddy Part-21
#zawgyi
A Year Later.....
"Uwaaaaaaaa"
Fany ကေလးငုိသံေၾကာင့္ ေျပးလာခဲ့တယ္.....
Veronicaနဲ႔ အတူ ႏုိးလာတဲ့ Ethanကပါ ေရာၿပီး ငိုေနတယ္...
Taeyeon မ႐ွိတဲ့ေနာက္ပုိင္း အရာအားလံုးက ခက္ခဲလာတယ္....
ငုိေနတဲ့ Veronica ကိုခ်ီၿပီး Etahရဲ႕ ပါးစပ္ထဲ မုန္႔ထည့္လုိက္မွ ကေလးေတြ အငုိတိတ္သြားသည္...Fany ထုိအခါမွ စိတ္သက္သာရာရသြားသည္
Taeyeonမွာ လိပ္စာေပးေပးၿပီးေနာက္ လာမယ္ေျပာျပီး အခုထိ ေရာက္မလာေသးေသာေၾကာင့္ သူ႔ကုိမ်ား သစၥာေဖာက္သြားသလားဆုိၿပီး ခံစားေနရ၏
"Ronnieတုိ႔ Daddyက မၾကာခင္ ျပန္လာမွာပါ ....."
Fany သူ႔ကေလးေတြကို ၾကည့္္ၿပီး ေျပာလုိက္သည္....ယခုခ်ိန္မွာ သူ႔ကေလးေတြက သူ႔အတြက္ အားေဆးတစ္ခြက္ပါ
"Daddy က ကေလးတုိ႔နဲ႔အတူ March 9ရက္မွာ ေမြးေန႔ကုိ လာဆင္ႏႊဲမွာပါ "
Taeyeonနဲ႔ အႁမႊာႏွစ္ေယာက္ဟာ ေမြးရက္ခ်င္းတူေနေသာေၾကာင့္ Fany ၀မ္းသာမိသည္
Taeyeonမွာ Fany ကုိ အႏၱရာယ္မ်ားလုိ႕ ဘယ္သူနဲ႕မွ အဆက္အသြယ္ မလုပ္ရဘူးေျပာထားလုိ႔ Fany အားလုံးကုိ အဆက္အသြယ္ ျဖတ္ထားၿပီး တစ္ေယာက္တည္းျဖစ္ေနသည္
ကံေကာင္းတာက ရြာသူရြာသားေတြက သူ႔ကုိ အိမ္နီးခ်င္းသမီးတစ္ေယာက္လုိ ေစာင့္ေ႐ွာက္ေပးၾကသည္....အထူးသျဖင့္ ရြာသူႀကီးသားျဖစ္သူ Nick.....သူတုိ႔မိသားစုကုိ ၾကည့္႐ႈေစာင့္ေ႐ွာက္ေပးၾကသည္
"Miyoung ah...."
Nickေခၚသံကုိ သူမ႐ုတ္တရက္ ၾကားလုိက္ရသည္။
Fany ခဏေတာ့ သူမနာမည္ကို ေျပာင္းထားသည္
"Nick ဘာလည္း...."
ကေလးကုိ ခ်ီရင္း Fany ေအာ္လုိက္သည္
"အားလံုး အဆင္ေျပရဲ႕လား "
Nick သစ္သီးေတာင္းကုိ ကုိင္ရင္း ေမးလိုက္သည္
"Yeah...Ronnieကေတာ့ ဆာလုိ႔ဆုိၿပီး ေအာ္ငုိေနေလရဲ႕...."
Fany ရယ္ၿပီး ေျပာေတာ့ Nick လုိက္ရယ္သည္
"မင္းအတြက္ "
"Nick...ငါတုိ႔ကုိ ဂ႐ုစိုက္ေပးတာနဲ႔ လုံေလာက္ပါၿပီ ဒီလုိလုပ္ေပးစရာမလုိပါဘူး...."
Fany ထုိေကာင္ေလးဆီက ဘာမွမယူခ်င္ေပမယ့္ ႐ုိင္းရာက်မွာဆုိးေသာေၾကာင့္ ယူလုိက္သည္
သူ ရြာကုိ စေရာက္ကတည္းက Nickက အားလံုး ဂ႐ုစုိက္ေပးခဲ့တာေလ
"မင္းေယာကၤ်ား မလာတာ ေတာ္ေတာ္ၾကာၿပီေနာ္....သူမင္းကုိ သစၥာေဖာက္ေနတယ္လုိ႔ မထင္ဘူးလား "
Nick စကားေျကာင့္ Fany ေလးေလးလံလံသက္ျပင္းခ်မိသည္.....သူလည္း Nickလုိ ေတြးေနမိတာေလ
"Sorry..ငါ ကေလးေတြကုိ ေရခ်ိဴးေပးရအုံးမယ္.."
Nick ကုိ ထားခဲ့ၿပီး Fany ထြက္လာခဲ့လုိက္သည္
Nickမွာ Fanyကုိ ၾကည့္ၿပီး သနားေန၏ Taeyeon ကုိလည္း ကေလးေတြနဲ႔ မိန္းမကုိ ပစ္ထားရလားဆုိၿပီး ေဒါသထြက္ေန၏
"မၾကာခင္ မင္းက ငါ့အပုိင္ျဖစ္လာမွာပါ "
Nick ႀကိမ္း၀ါးၿပီး ထြက္လာလုိက္သည္......
At Seoul City
" ကြၽန္ေတာ္တုိ႔ လုပ္ငန္းအတြက္ ယုံၾကည္ၿပီး အခြင့္အေရး ေပးလုိ႔ ေက်းဇူးတင္ပါတယ္ဗ်ာ"
အနက္ေရာင္ ၀တ္စုံနဲ႔ လူငယ္ေလးမွာ သူ႔ရဲ႕ဧည့္သည္နဲ႔ လက္ဆြဲႏႈတ္ဆက္ၿပီး ေျပာေန၏
"Mr.Kimနဲ႔ အလုပ္တြဲလုပ္ခြင့္ရတာ ေကာင္းပါတယ္ တစ္ခုေတာ့ ေျပာခ်င္တယ္ စိတ္မ႐ွိနဲ႔ေနာ္ ကုိယ့္ကုိကုိယ္လည္း ဂ႐ုစုိက္ပါေနာ္...."
Taeyeon သူ႔ဧည့္သည္ထြက္သြားေတာ့ စိတ္ညစ္ညစ္နဲ႔ ထုိင္ခုံေပၚ ပစ္ထုိင္လုိက္ၿပီး အက်ႌၾကယ္သီးသုံးလုံးကုိ မြန္းၾကပ္လြန္းလုိ႔ ျဖဳတ္လုိက္သည္
"I'm Sorry...."
Taeyeon သူ႔မိသားစုနဲ႔႐ုိက္ထားတဲ့ပုံေလးကုိ ၾကည့္ၿပီး ေျပာလုိက္သည္.. ..သူ တစ္ရက္မွ ႏွစ္ႏွစ္ျခဳိက္ျခဳိက္မအိပ္ႏုိင္ေပ.....
Fanyကို သတ္ဖုိ႔ သူ႔အေဖက ႀကိဳးစားေနတဲ့အခ်ိန္ သူက lockerထဲ အပိတ္ခံထားရတယ္ေလ.....
Taeyeon သူ႔ကုိယ္သူ သတ္ေသဖုိ႔ ႀကိဳးစားခ်င္ေပမယ့္ ကေလးေတြနဲ႔ သူ႔မိန္းမကုိ မထားခဲ့ႏုိင္ေပ.....
Mr.Kim ႏုိင္ငံျခားကုိ ပညာသြားသင္ဖုိ႔ ဖိအားေပးခံရၿပီးေနာက္ Taeyeon ဖိအားေတြ တအားမ်ားလာတယ္....သူ႔မိသားစုကုိ လြမ္းလြန္းလု႔ိ ညတုိင္းငုိရျမဲ.....ဖိအားေတြနဲ႔ အိပ္ေရးပ်က္ညေတြ မ်ားလာေတာ့ Taeyeon အဆုတ္အားနည္းလာတယ္....အခု သူကုသမႈ ခံယူေနရတယ္ေလ....
"Ronnie Ethan.. ...Fany...မင္းတုိ႔ကုိ အရမ္းလြမ္းတယ္ကြာ...."
Taeyeon တုိးတုိးေလး ေရရြတ္ၿပီး ဓာတ္ပံုကုိ ၾကည့္လုိက္သည္
Taeyeon ၀ိတ္ေတြေတာ္ေတာ္က်သြားၿပီး မ်က္တြင္းေတြလည္း ခ်ိဳင့္ေန၏.....
" ငါ သူတုိ႔ ကုိ မကာကြယ္ေပးႏုိင္ေတာ့ဘူး ထင္တယ္"
Taeyeon သူ႔လက္ေပၚ က်လာတဲ့ ေသြးေတြကုိ သုတ္လု္ိက္သည္
Taeyeon အရမ္းနာက်င္ခံစားေနရတယ္ေလ...သူ႔မိန္းမနဲ႔ သူ႔ကေလးေတြအတြက္ ဘာမွမလုပ္ေပးႏုိင္ခဲ့ဘူး....
Sooyoungလည္း သူ႔ကုိ ကူညီေပးဖုိ႔ ႀကိဳးစားခဲ့တာကုိ Mr.Kim မိၿပီး ျပင္းျပင္းထန္ထန္ အျပစ္ေပးခဲ့တယ္ေလ....
Sooyoungလည္း အေမွာင္ထဲ ပိတ္ထားခံရၿပီးေနာက္ အေမွာင္ကုိေၾကာက္တဲ့ေရာဂါ ခံစားရၿပီး စိတ္က်မ္းမာေရးေဆး႐ုံသုိ႔ ခဏပုိ႔ထားရသည္
*Knock*
"Come in...."
Taeyeon Jessica ၀င္မလာခင္ သူ႔ေသြးေတြကုိ လက္ကုိင္ပု၀ါနဲ႔ သုတ္လိုက္သည္
သူ႔ရဲ႕ ရည္းစားေဟာင္းမွာ သူ႔အတြက္ ေန႔လည္စာယူလာေပးသည္....
Sica သူ႔ေဘးနား႐ွိေနေပမယ့္ သူ႔စိတ္ေတြက Fanyတုိ႔ဆီမွာပင္.....
"Oh goodness.. ...Taengoo.....နင့္ၾကည့္ရတာ ေတာ္ေတာ္ေလး ေနမေကာင္းေနတာဘဲ....."
Mr.Kimရဲ႕ ခြင့္ျပဳခ်က္ရထားတဲ့ သူမမွာ Taeyeonဆီသုိ႔ အျမန္ေျပးသြားေလသည္
"ငါ သူတုိ႔ကုိ ေတြ႔ခ်င္တယ္..... "
" မၾကာခင္ သူတုိ႔ကုိ ေတြ႔ရမွာပါ ဒါေပမယ့္ ေဆးေသာက္လုိက္အုံး...."
"ငါ တျဖည္းျဖည္း နီးလာၿပီထင္တယ္......."
"႐ူးေၾကာင္ေၾကာင္စကားေတြ မေျပာပါနဲ႔.. ...နင္သူတို႔ကုိ ေတြ႕ရမွာပါ ငါကတိေပးတယ္..... "
Sica ကတိေပးေနေပမယ့္ Taeyeonကေတာ့ ၀မ္းနည္းေနတဲ့ အၾကည့္ေတြနဲ႔ မိသားစု ဓာတ္ပံုကုိ ၾကည့္ေန၏
"ငါ့ကုိ ကူညီပါဟာ..... "
"ကူညီေပးမယ္ ငါတုိ႔နဲ႔အတူေနေပးပါ....."
" ငါ အရာအားလံုး ကတိမေပးႏုိင္ေပမယ့္ သာမန္လူေတြလုိ အသက္ ႐ွဴ ႏုိင္ဖုိ႔ ႀကိဳးစားပါမယ္...."
"Tae နင့္ေဘးမွာ ငါ႐ွိပါတယ္ ငါ .....ကတိေပးတယ္ ဘယ္မွမသြားဘူးလုိ႔ ကတိေပးပါတယ္...."
Taeyeon ႏႈတ္ခမ္းကုိ Sica နမ္းလိုက္ေပမယ့္ Taeyeon လူေသတစ္ေယာက္လုိ မတုံ႔ျပန္ဘဲ ၿငိမ္ေန၏
"Tiffany ငါ့ကုိေစာင့္ေနေပးပါ "
Taeyeonေျပာၿပီး မ်က္လုံးမွိတ္လုိက္သည္
-to be continued
#Unicode
A Year Later.....
"Uwaaaaaaaa"
Fany ကလေးငိုသံကြောင့် ပြေးလာခဲ့တယ်.....
Veronicaနဲ့ အတူ နိုးလာတဲ့ Ethanကပါ ရောပြီး ငိုနေတယ်...
Taeyeon မရှိတဲ့နောက်ပိုင်း အရာအားလုံးက ခက်ခဲလာတယ်....
ငိုနေတဲ့ Veronica ကိုချီပြီး Etahရဲ့ ပါးစပ်ထဲ မုန့်ထည့်လိုက်မှ ကလေးတွေ အငိုတိတ်သွားသည်...Fany ထိုအခါမှ စိတ်သက်သာရာရသွားသည်
Taeyeonမှာ လိပ်စာပေးပေးပြီးနောက် လာမယ်ပြောပြီး အခုထိ ရောက်မလာသေးသောကြောင့် သူ့ကိုများ သစ္စာဖောက်သွားသလားဆိုပြီး ခံစားနေရ၏
"Ronnieတို့ Daddyက မကြာခင် ပြန်လာမှာပါ ....."
Fany သူ့ကလေးတွေကို ကြည့််ပြီး ပြောလိုက်သည်....ယခုချိန်မှာ သူ့ကလေးတွေက သူ့အတွက် အားဆေးတစ်ခွက်ပါ
"Daddy က ကလေးတို့နဲ့အတူ March 9ရက်မှာ မွေးနေ့ကို လာဆင်နွှဲမှာပါ "
Taeyeonနဲ့ အမြွှာနှစ်ယောက်ဟာ မွေးရက်ချင်းတူနေသောကြောင့် Fany ဝမ်းသာမိသည်
Taeyeonမှာ Fany ကို အန္တရာယ်များလို့ ဘယ်သူနဲ့မှ အဆက်အသွယ် မလုပ်ရဘူးပြောထားလို့ Fany အားလုံးကို အဆက်အသွယ် ဖြတ်ထားပြီး တစ်ယောက်တည်းဖြစ်နေသည်
ကံကောင်းတာက ရွာသူရွာသားတွေက သူ့ကို အိမ်နီးချင်းသမီးတစ်ယောက်လို စောင့်ရှောက်ပေးကြသည်....အထူးသဖြင့် ရွာသူကြီးသားဖြစ်သူ Nick.....သူတို့မိသားစုကို ကြည့်ရှုစောင့်ရှောက်ပေးကြသည်
"Miyoung ah...."
Nickခေါ်သံကို သူမရုတ်တရက် ကြားလိုက်ရသည်။
Fany ခဏတော့ သူမနာမည်ကို ပြောင်းထားသည်
"Nick ဘာလည်း...."
ကလေးကို ချီရင်း Fany အော်လိုက်သည်
"အားလုံး အဆင်ပြေရဲ့လား "
Nick သစ်သီးတောင်းကို ကိုင်ရင်း မေးလိုက်သည်
"Yeah...Ronnieကတော့ ဆာလို့ဆိုပြီး အော်ငိုနေလေရဲ့...."
Fany ရယ်ပြီး ပြောတော့ Nick လိုက်ရယ်သည်
"မင်းအတွက် "
"Nick...ငါတို့ကို ဂရုစိုက်ပေးတာနဲ့ လုံလောက်ပါပြီ ဒီလိုလုပ်ပေးစရာမလိုပါဘူး...."
Fany ထိုကောင်လေးဆီက ဘာမှမယူချင်ပေမယ့် ရိုင်းရာကျမှာဆိုးသောကြောင့် ယူလိုက်သည်
သူ ရွာကို စရောက်ကတည်းက Nickက အားလုံး ဂရုစိုက်ပေးခဲ့တာလေ
"မင်းယောင်္ကျား မလာတာ တော်တော်ကြာပြီနော်....သူမင်းကို သစ္စာဖောက်နေတယ်လို့ မထင်ဘူးလား "
Nick စကားကြောင့် Fany လေးလေးလံလံသက်ပြင်းချမိသည်.....သူလည်း Nickလို တွေးနေမိတာလေ
"Sorry..ငါ ကလေးတွေကို ရေချိူးပေးရအုံးမယ်.."
Nick ကို ထားခဲ့ပြီး Fany ထွက်လာခဲ့လိုက်သည်
Nickမှာ Fanyကို ကြည့်ပြီး သနားနေ၏ Taeyeon ကိုလည်း ကလေးတွေနဲ့ မိန်းမကို ပစ်ထားရလားဆိုပြီး ဒေါသထွက်နေ၏
"မကြာခင် မင်းက ငါ့အပိုင်ဖြစ်လာမှာပါ "
Nick ကြိမ်းဝါးပြီး ထွက်လာလိုက်သည်......
At Seoul City
" ကျွန်တော်တို့ လုပ်ငန်းအတွက် ယုံကြည်ပြီး အခွင့်အရေး ပေးလို့ ကျေးဇူးတင်ပါတယ်ဗျာ"
အနက်ရောင် ဝတ်စုံနဲ့ လူငယ်လေးမှာ သူ့ရဲ့ဧည့်သည်နဲ့ လက်ဆွဲနှုတ်ဆက်ပြီး ပြောနေ၏
"Mr.Kimနဲ့ အလုပ်တွဲလုပ်ခွင့်ရတာ ကောင်းပါတယ် တစ်ခုတော့ ပြောချင်တယ် စိတ်မရှိနဲ့နော် ကိုယ့်ကိုကိုယ်လည်း ဂရုစိုက်ပါနော်...."
Taeyeon သူ့ဧည့်သည်ထွက်သွားတော့ စိတ်ညစ်ညစ်နဲ့ ထိုင်ခုံပေါ် ပစ်ထိုင်လိုက်ပြီး အကျႌကြယ်သီးသုံးလုံးကို မွန်းကြပ်လွန်းလို့ ဖြုတ်လိုက်သည်
"I'm Sorry...."
Taeyeon သူ့မိသားစုနဲ့ရိုက်ထားတဲ့ပုံလေးကို ကြည့်ပြီး ပြောလိုက်သည်.. ..သူ တစ်ရက်မှ နှစ်နှစ်ခြိုက်ခြိုက်မအိပ်နိုင်ပေ.....
Fanyကို သတ်ဖို့ သူ့အဖေက ကြိုးစားနေတဲ့အချိန် သူက lockerထဲ အပိတ်ခံထားရတယ်လေ.....
Taeyeon သူ့ကိုယ်သူ သတ်သေဖို့ ကြိုးစားချင်ပေမယ့် ကလေးတွေနဲ့ သူ့မိန်းမကို မထားခဲ့နိုင်ပေ.....
Mr.Kim နိုင်ငံခြားကို ပညာသွားသင်ဖို့ ဖိအားပေးခံရပြီးနောက် Taeyeon ဖိအားတွေ တအားများလာတယ်....သူ့မိသားစုကို လွမ်းလွန်းလု့ိ ညတိုင်းငိုရမြဲ.....ဖိအားတွေနဲ့ အိပ်ရေးပျက်ညတွေ များလာတော့ Taeyeon အဆုတ်အားနည်းလာတယ်....အခု သူကုသမှု ခံယူနေရတယ်လေ....
"Ronnie Ethan.. ...Fany...မင်းတို့ကို အရမ်းလွမ်းတယ်ကွာ...."
Taeyeon တိုးတိုးလေး ရေရွတ်ပြီး ဓာတ်ပုံကို ကြည့်လိုက်သည်
Taeyeon ဝိတ်တွေတော်တော်ကျသွားပြီး မျက်တွင်းတွေလည်း ချိုင့်နေ၏.....
" ငါ သူတို့ ကို မကာကွယ်ပေးနိုင်တော့ဘူး ထင်တယ်"
Taeyeon သူ့လက်ပေါ် ကျလာတဲ့ သွေးတွေကို သုတ်လိုက်သည်
Taeyeon အရမ်းနာကျင်ခံစားနေရတယ်လေ...သူ့မိန်းမနဲ့ သူ့ကလေးတွေအတွက် ဘာမှမလုပ်ပေးနိုင်ခဲ့ဘူး....
Sooyoungလည်း သူ့ကို ကူညီပေးဖို့ ကြိုးစားခဲ့တာကို Mr.Kim မိပြီး ပြင်းပြင်းထန်ထန် အပြစ်ပေးခဲ့တယ်လေ....
Sooyoungလည်း အမှောင်ထဲ ပိတ်ထားခံရပြီးနောက် အမှောင်ကိုကြောက်တဲ့ရောဂါ ခံစားရပြီး စိတ်ကျမ်းမာရေးဆေးရုံသို့ ခဏပို့ထားရသည်
*Knock*
"Come in...."
Taeyeon Jessica ဝင်မလာခင် သူ့သွေးတွေကို လက်ကိုင်ပုဝါနဲ့ သုတ်လိုက်သည်
သူ့ရဲ့ ရည်းစားဟောင်းမှာ သူ့အတွက် နေ့လည်စာယူလာပေးသည်....
Sica သူ့ဘေးနားရှိနေပေမယ့် သူ့စိတ်တွေက Fanyတို့ဆီမှာပင်.....
"Oh goodness.. ...Taengoo.....နင့်ကြည့်ရတာ တော်တော်လေး နေမကောင်းနေတာဘဲ....."
Mr.Kimရဲ့ ခွင့်ပြုချက်ရထားတဲ့ သူမမှာ Taeyeonဆီသို့ အမြန်ပြေးသွားလေသည်
"ငါ သူတို့ကို တွေ့ချင်တယ်..... "
" မကြာခင် သူတို့ကို တွေ့ရမှာပါ ဒါပေမယ့် ဆေးသောက်လိုက်အုံး...."
"ငါ တဖြည်းဖြည်း နီးလာပြီထင်တယ်......."
"ရူးကြောင်ကြောင်စကားတွေ မပြောပါနဲ့.. ...နင်သူတို့ကို တွေ့ရမှာပါ ငါကတိပေးတယ်..... "
Sica ကတိပေးနေပေမယ့် Taeyeonကတော့ ဝမ်းနည်းနေတဲ့ အကြည့်တွေနဲ့ မိသားစု ဓာတ်ပုံကို ကြည့်နေ၏
"ငါ့ကို ကူညီပါဟာ..... "
"ကူညီပေးမယ် ငါတို့နဲ့အတူနေပေးပါ....."
" ငါ အရာအားလုံး ကတိမပေးနိုင်ပေမယ့် သာမန်လူတွေလို အသက် ရှူ နိုင်ဖို့ ကြိုးစားပါမယ်...."
"Tae နင့်ဘေးမှာ ငါရှိပါတယ် ငါ .....ကတိပေးတယ် ဘယ်မှမသွားဘူးလို့ ကတိပေးပါတယ်...."
Taeyeon နှုတ်ခမ်းကို Sica နမ်းလိုက်ပေမယ့် Taeyeon လူသေတစ်ယောက်လို မတုံ့ပြန်ဘဲ ငြိမ်နေ၏
"Tiffany ငါ့ကိုစောင့်နေပေးပါ "
Taeyeonပြောပြီး မျက်လုံးမှိတ်လိုက်သည်
-to be continued
Bạn đang đọc truyện trên: Truyen3h.Co