Truyen3h.Co

Young Daddy (Trans)

Young Daddy Part-9

KimFany059

#zawgyi

ရက္​သတၱပတ္​​ေလာက္​ၾကာ​ေတာ့ Taenyတုိ႔ က​​ေလးအ​ေျခအ​ေနသိရဖုိ႔ ဆရာ၀န္​ဆီသြားစစ္​ၾကတယ္​

က​ေလးရဲ႕ အ​ေျခအ​ေနကုိ သိၿပီး​ေနာက္​ က​ေလးကုိ အရမ္​း​ေတြ႔ခ်င္​လုိ႔ က​ေလးမိဘႏွစ္​​ေယာက္​မွာ စိတ္​လႈပ္​ရွားကာ က​ေလးထြက္​လာမယ္​့အခ်ိန္​ မ​ေစာင္​့ႏုိင္​​ေတာ့​ေပ...

က​ေလးအ​ေဖမွာ စိတ္​လႈပ္​႐ွားစြာနဲ႔ ဗိုက္​က​ေလးကုိင္​ၿပီး က​ေလးနဲ႔စကား​ေျပာတုိင္​း က​ေလးအ​ေမမွာ သားအဖႏွစ္​​ေယာက္​ရဲ႕ ခ်စ္​စရာအျပဳအမူကုိၾကည္​့ၿပီး ျပံဳးကာ ဂုဏ္​ယူ​ေန၏

​ေက်ာင္​းက အက်ယ္​ခ်ဲ့တတ္​တဲ့ သတင္​း​ေတြလည္​း Taeyeon ဂ႐ုမစုိက္​ဘဲ ​ေက်ာင္​းကုိ သြားတယ္​.....အနည္​းဆုံး​ေတာ့ သူ႔​ေဘးမွာ သူ႔သူငယ္​ခ်င္​း Yoong ႐ွိ​ေသးတယ္​​ေလ

Sicaက​ေတာ့ Donghaeနဲ႔ တြဲ​ေနရင္​း သူ႔ရည္​းစား​ေဟာင္​းကုိ ဘယ္​လုိျပန္​ယူရမလည္​းဆုိၿပီး ​ေတြး​ေတာ​ေန၏

"ဟုိတ​ေန႔က မင္​းကုိ ​ေငြလႊဲ​ေပးလုိက္​တယ္​​ေနာ္​ ရလား....."

Ex couple မွာ သူတုိ႔ရဲ႕ လ်ိဳ႕၀ွက္​​ေနရာမွာ ဘယ္​သူမွမသိ​ေအာင္​ ​ေတြ႔​ေနၾကသည္​ ......​ေတြ႔ရတဲ့ အ​ေၾကာင္​းအရင္​းမွာ Sica နဲ႔ သူ႔ညီမ အသုံးစရိ​တ္​ကုိ Taeyeon အခုထိ ​ေထာက္​ပ့ံ​ေပး​ေန​ေသာ​ေၾကာင္​့ျဖစ္​သည္​။ သူတုိ႔ ခဏခဏ​ေတြ႔တာကုိ​ေတာ့ Fany မသိ​ေပ

"Gomawo Tae...."
Sicaမွာ​ေတာ့ အခုလုိ ပုိက္​ဆံယူရလုိ႔ ႐ွက္​ၿပီး ​ေခါင္​းငုံ႔ကာ ​ေျပာလုိက္​သည္​ ....သူတုိ႔ လမ္​းခြဲခဲ့လည္​း သူ႔ရည္​းစား​ေဟာင္​း​ေပၚ မွီခုိရ​ေသာ​ေၾကာင္​့ ​ေရြးခ်ယ္​စရာမ႐ွိ​ေပ....

"ရပါတယ္​....မင္​းမွာ ​ေျပာစရာမ႐ွိဘူးဆုိရင္​ ငါ ျပန္​​ေတာ့မယ္​ ....."
Taeyeon လက္​ျပႏႈတ္​ဆက္​လုိက္​​ေပမယ္​့ Sicaမွာ မ်က္​ရည္​ အ၀ိုင္​းသားနဲ႔ သူ႔ရည္​းစား​ေဟာင္​းလက္​ကို လွမ္​းဆြဲလုိက္​တယ္​

"ငါ နင္​့ကုိ အခုထိ ခ်စ္​​ေန​ေသးတယ္​...."
Sica သူ႔အခ်စ္​ကုိ မ႐ွက္​ဘဲ ၀န္​ခံလုိက္​သည္​

"Please ငါတုိ႔ႏွစ္​​ေယာက္​အတြက္​ ခက္​ခဲ​ေအာင္​ မလုပ္​ပါနဲ႔​ေတာ့....ငါ့ကုိ သြားခြင္​့​ေပးပါ...."

Sica လက္​မလႊတ္​ဘဲ တင္​းတင္​းၾကပ္​ၾကပ္​ ဆုပ္​ကုိင္​လုိက္​သည္​

"Please.. .... ငါ့ထက္​​ေကာင္​းတဲ့သူနဲ႔ ​ေတြ႔မွာပါ....."
Sicaရဲ႕ ပခုံးကုိ ပုတ္​ၿပီး Taeyeon ​ေျပာကာ လွည္​့ထြက္​သြားတယ္​

Sicaက​ေတာ့ ဒူး​ေထာက္​ရက္​သား ငုိ​ေႂကြး​ေန၏

Meanwhile

"Miss Hwangက အခုထိ ငါတုိ႔ဆီကုိ ဖုန္​းျပန္​မ​ေခၚဘူးလား Mail​ေရာ ျပန္​မပုိ႔ဘူးလား...."
Sooyoung သူ႔အတြင္​း​ေရးမွဴ းကုိ ​ေမးလုိက္​သည္​

"သူ႔သူငယ္​ခ်င္​းက​ေတာ့ Miss Hwangက တစ္နွစ္​ေ​​​လာက္ ​ခရီးထြက္​သြားတယ္​လုိ႔ ​ေျပာပါတယ္​ "
အတြင္​း​ေရးမွဴ းမွာ ခ်က္​ခ်င္​းျပန္​​ေျဖလုိက္​သည္​။

"Ok...ငါ သူ႔ကုိ သြား​ေတြ႔ရမယ္​....မင္​းသြားလုိ႔ရႁပီ..."
Sooyoung သူ႔အတြင္​း​ေရးမွဴ းကုိ ထြက္​သြားခုိင္​းလုိက္​သည္​

"တစ္​ႏွစ္​​ေလာက္​ အနားယူၿပီး ခရီးသြားတယ္​ ဟုတ္​လား...."
Sooyoung မွာ သူ႔စာ​ေရးဆရာမက ဘာအ​ေၾကာင္​းျပခ်က္​မွ မ​ေပးဘဲ အနားယူ​ေနလုိ႔ အ့ံျသ​ေနတယ္​

"သူ ​ေနမ​ေကာင္​းလုိ႔မ်ားလား....."
Sooyoung တစ္​​ေယာက္​ အ​ေျဖ႐ွာ​ေန၏

Sooyoung မွာ သူတုိ႔​ေနာက္​ဆုံး​ေတြ႔ခဲ့တဲ့ Fanyရဲ႕ လွပတဲ့ အျပံဳး​ေလးကုိ မ​ေမ့ႏုိင္​ဘဲျဖစ္​​ေနတယ္​
(Author note -Fanyက သူ႔မိန္​းမဆုိတာ Sooyoung ကုိ Taeyeon​ အၾကံဥာဏ္​ေတာင္းတုံးက ​​ေျပာမျပရ​ေသးပါဘူး)

At Tiffany's Apartment

"ငါ ျပန္​​ေရာက္​ၿပီ....."
Taeyeon အိမ္​ထဲ ၀င္​လာၿပီး ဖိနပ္​ခြၽတ္​ကာ Fanyကို ၾကည္​့လုိက္​သည္​။

Fany မွာ ပီဇာစားရင္​း Taeyeon ကုိ လွမ္​းၾကည္​့သည္​။

"မင္​း ​ေတာ္​​ေတာ္​စားႏုိင္​တာဘဲ...."
Taeyeon သူ႔မိန္​းမ ​ေတာ္​​ေတာ္​စားႏုိင္​လုိ႔ အ့ံျသ​ေန​ေပမယ္​့ အစားပုံမွန္​စားလို႔​ေတာ့ ၀မ္​းသာ​ေနတယ္​

"႐ုတ္​တရက္​ႀကီး က​ေလးက ပီဇာစားခ်င္​တယ္​​ ​ေျပာလုိ႔....ဒါနဲ႔ နင္​့စိတ္​ထဲ ငါ၀လာၿပီလုိ႔ ထင္​လား"
Fany လက္​တစ္​ဖက္​က ပီဇာကုိကုိင္​ကာ ႏႈတ္​ခမ္​းစူၿပီး ​ေမးလုိက္​သည္​။ ​

Fanyကုိၾကည္​့ၿပီး  Taeyeon ရယ္​လုိက္​သည္​။

"မင္​းကုိ ၾကည္​့ရတာ ခ်စ္​စရာပင္​ကြင္​း​ေလးနဲ႔ တူတယ္​ ....."
Taeyeon စလုိက္​ၿပီး သူ႔မိန္​းမ​ေဘးနား ၀င္​ထုိင္​ကာ ပီဇာတစ္​ခုကုိ လွမ္​းယူလုိက္​သည္​။

"နင္​က် ပိန္​ပိန္​လာတယ္​...."
Taeyeonရဲ႕ ပါး​ေဖာင္​း​ေဖာင္​း​ေလးကုိ လက္​နဲ႔ဆိတ္​ကာ ​ေျပာလုိက္​တယ္​...Taeyeonက​ေတာ့ မနာတဲ့အျပင္​ ပုိ​ေတာင္​ခ်စ္​မိသြား​ေသး....

"ငါ အိပ္​ပ်က္​ည​ေတြ မ်ားလုိ႔ပါ အိမ္​​ျပန္​​ေရာက္​ရင္​​ေတာင္​ မအိပ္​ႏုိင္​ဘူး က​ေလးအ​ေၾကာင္​း​ေတြး​ေနတာ...."
Taeyeon ​ေျပာၿပီး ပီဇာကုိ စားလုိက္​သည္​။

"က​ေလးကလည္​း နင္​့ကုိ သတိရ​ေနတာ....ဒီညဒီမွာ အိပ္​ႏုိင္​မလား"
Fany မွာ သူ႔အၾကံကုိ လက္​ခံမလားဆုိႁပီး ​ေမ်ွာ္​လင္​့​ေန၏ ...ဒီည သူ႔သူငယ္​ခ်င္​း Yuriကို တျခားတစ္​​ေနရာ သြားအိပ္​ခုိင္​းတယ္​​ေလ...သနားစရာ​ေကာင္​းတဲ့ yuriမွာ သူ႔သူငယ္​ခ်င္​းအိမ္​ကုိ သြားအိပ္​ရ​ေလသည္​။

"Ms.Kwon က​ေရာ "
Taeyeon ​ေမးလုိက္​သည္​။

"သူက ဒီည သူ႔သူငယ္​ခ်င္​းအိမ္​မွာ အိပ္​မွာတဲ့...."
Fany လိမ္​​ေျပာလုိက္​သည္​။

"ၿပီး​ေတာ့ ဒီမွာ ငါတစ္​​ေယာက္​တည္​း​ေလ...သိတဲ့အတုိင္​း တစ္​ခုခုဆုိ အဆင္​မ​ေျပဘူး မ​ေပါ့မပါးနဲ႔ဆုိ​ေတာ့...."

"Okay...."

'Yes သူ လက္​ခံလိုက္​ၿပီ "

'ငါ ​ေကာ္​​ေဇာ​ေပၚမွာ အိပ္​မယ္​​ေနာ္​ ....."

"အရင္​ကက် ငါနဲ႔အတူ​ေတာင္​ ​ေနခဲ့ၿပီး ဘာလုိ႔အခုမွ......"

"မနက္​ဆုိ ငါ့မွာ ဒုက​ၡ​ေရာက္​​ေနတာ မင္​းမွမသိတာ....."
Taeyeonရဲ႕ စကားကုိ အဓိပၸါယ္​​ေပါက္​ၿပီး Fany ႐ွက္​ကာ ​ေခါင္​းငုံ႔ထား၏

"Haha စတာပါကြာ......"

'I hate you....'
Fany မ်က္​​ေစာင္​းထုိးကာ ​ေျပာလုိက္​သည္​

"ငါတုိ႔က​ေလးက​ေတာ့ ငါ့ကုိမမုန္​းဘူးမလား"
Taeyeon ​ေျပာင္​ျပၿပီး အ၀တ္​လဲဖုိ႔ အခန္​းထဲ ၀င္​သြားတယ္​

"က​ေလးစုတ္​​ေလး....."
Fany ရယ္​လုိက္​ၿပီး ပီဇာကုိ ဆက္​စားလုိက္​သည္​

#Tbc

#Unicode

ရက်သတ္တပတ်လောက်ကြာတော့ Taenyတို့ ကလေးအခြေအနေသိရဖို့ ဆရာဝန်ဆီသွားစစ်ကြတယ်

ကလေးရဲ့ အခြေအနေကို သိပြီးနောက် ကလေးကို အရမ်းတွေ့ချင်လို့ ကလေးမိဘနှစ်ယောက်မှာ စိတ်လှုပ်ရှားကာ ကလေးထွက်လာမယ့်အချိန် မစောင့်နိုင်တော့ပေ...

ကလေးအဖေမှာ စိတ်လှုပ်ရှားစွာနဲ့ ဗိုက်ကလေးကိုင်ပြီး ကလေးနဲ့စကားပြောတိုင်း ကလေးအမေမှာ သားအဖနှစ်ယောက်ရဲ့ ချစ်စရာအပြုအမူကိုကြည့်ပြီး ပြုံးကာ ဂုဏ်ယူနေ၏

ကျောင်းက အကျယ်ချဲ့တတ်တဲ့ သတင်းတွေလည်း Taeyeon ဂရုမစိုက်ဘဲ ကျောင်းကို သွားတယ်.....အနည်းဆုံးတော့ သူ့ဘေးမှာ သူ့သူငယ်ချင်း Yoong ရှိသေးတယ်လေ

Sicaကတော့ Donghaeနဲ့ တွဲနေရင်း သူ့ရည်းစားဟောင်းကို ဘယ်လိုပြန်ယူရမလည်းဆိုပြီး တွေးတောနေ၏

"ဟိုတနေ့က မင်းကို ငွေလွှဲပေးလိုက်တယ်နော် ရလား....."

Ex couple မှာ သူတို့ရဲ့ လျို့ဝှက်နေရာမှာ ဘယ်သူမှမသိအောင် တွေ့နေကြသည် ......တွေ့ရတဲ့ အကြောင်းအရင်းမှာ Sica နဲ့ သူ့ညီမ အသုံးစရိတ်ကို Taeyeon အခုထိ ထောက်ပံ့ပေးနေသောကြောင့်ဖြစ်သည်။ သူတို့ ခဏခဏတွေ့တာကိုတော့ Fany မသိပေ

"Gomawo Tae...."
Sicaမှာတော့ အခုလို ပိုက်ဆံယူရလို့ ရှက်ပြီး ခေါင်းငုံ့ကာ ပြောလိုက်သည် ....သူတို့ လမ်းခွဲခဲ့လည်း သူ့ရည်းစားဟောင်းပေါ် မှီခိုရသောကြောင့် ရွေးချယ်စရာမရှိပေ....

"ရပါတယ်....မင်းမှာ ပြောစရာမရှိဘူးဆိုရင် ငါ ပြန်တော့မယ် ....."
Taeyeon လက်ပြနှုတ်ဆက်လိုက်ပေမယ့် Sicaမှာ မျက်ရည် အဝိုင်းသားနဲ့ သူ့ရည်းစားဟောင်းလက်ကို လှမ်းဆွဲလိုက်တယ်

"ငါ နင့်ကို အခုထိ ချစ်နေသေးတယ်...."
Sica သူ့အချစ်ကို မရှက်ဘဲ ဝန်ခံလိုက်သည်

"Please ငါတို့နှစ်ယောက်အတွက် ခက်ခဲအောင် မလုပ်ပါနဲ့တော့....ငါ့ကို သွားခွင့်ပေးပါ...."

Sica လက်မလွှတ်ဘဲ တင်းတင်းကြပ်ကြပ် ဆုပ်ကိုင်လိုက်သည်

"Please.. .... ငါ့ထက်ကောင်းတဲ့သူနဲ့ တွေ့မှာပါ....."
Sicaရဲ့ ပခုံးကို ပုတ်ပြီး Taeyeon ပြောကာ လှည့်ထွက်သွားတယ်

Sicaကတော့ ဒူးထောက်ရက်သား ငိုကြွေးနေ၏

Meanwhile

"Miss Hwangက အခုထိ ငါတို့ဆီကို ဖုန်းပြန်မခေါ်ဘူးလား Mailရော ပြန်မပို့ဘူးလား...."
Sooyoung သူ့အတွင်းရေးမှူ းကို မေးလိုက်သည်

"သူ့သူငယ်ချင်းကတော့ Miss Hwangက တစ်နှစ်လောက် ခရီးထွက်သွားတယ်လို့ ပြောပါတယ် "
အတွင်းရေးမှူ းမှာ ချက်ချင်းပြန်ဖြေလိုက်သည်။

"Ok...ငါ သူ့ကို သွားတွေ့ရမယ်....မင်းသွားလို့ရပြီ..."
Sooyoung သူ့အတွင်းရေးမှူ းကို ထွက်သွားခိုင်းလိုက်သည်

"တစ်နှစ်လောက် အနားယူပြီး ခရီးသွားတယ် ဟုတ်လား...."
Sooyoung မှာ သူ့စာရေးဆရာမက ဘာအကြောင်းပြချက်မှ မပေးဘဲ အနားယူနေလို့ အံ့သြနေတယ်

"သူ နေမကောင်းလို့များလား....."
Sooyoung တစ်ယောက် အဖြေရှာနေ၏

Sooyoung မှာ သူတို့နောက်ဆုံးတွေ့ခဲ့တဲ့ Fanyရဲ့ လှပတဲ့ အပြုံးလေးကို မမေ့နိုင်ဘဲဖြစ်နေတယ်
(Author note -Fanyက သူ့မိန်းမဆိုတာ Sooyoung ကို Taeyeon အကြံဉာဏ်တောင်းတုံးက ပြောမပြရသေးပါဘူး)

At Tiffany's Apartment

"ငါ ပြန်ရောက်ပြီ....."
Taeyeon အိမ်ထဲ ဝင်လာပြီး ဖိနပ်ချွတ်ကာ Fanyကို ကြည့်လိုက်သည်။

Fany မှာ ပီဇာစားရင်း Taeyeon ကို လှမ်းကြည့်သည်။

"မင်း တော်တော်စားနိုင်တာဘဲ...."
Taeyeon သူ့မိန်းမ တော်တော်စားနိုင်လို့ အံ့သြနေပေမယ့် အစားပုံမှန်စားလို့တော့ ဝမ်းသာနေတယ်

"ရုတ်တရက်ကြီး ကလေးက ပီဇာစားချင်တယ် ပြောလို့....ဒါနဲ့ နင့်စိတ်ထဲ ငါဝလာပြီလို့ ထင်လား"
Fany လက်တစ်ဖက်က ပီဇာကိုကိုင်ကာ နှုတ်ခမ်းစူပြီး မေးလိုက်သည်။

Fanyကိုကြည့်ပြီး  Taeyeon ရယ်လိုက်သည်။

"မင်းကို ကြည့်ရတာ ချစ်စရာပင်ကွင်းလေးနဲ့ တူတယ် ....."
Taeyeon စလိုက်ပြီး သူ့မိန်းမဘေးနား ဝင်ထိုင်ကာ ပီဇာတစ်ခုကို လှမ်းယူလိုက်သည်။

"နင်ကျ ပိန်ပိန်လာတယ်...."
Taeyeonရဲ့ ပါးဖောင်းဖောင်းလေးကို လက်နဲ့ဆိတ်ကာ ပြောလိုက်တယ်...Taeyeonကတော့ မနာတဲ့အပြင် ပိုတောင်ချစ်မိသွားသေး....

"ငါ အိပ်ပျက်ညတွေ များလို့ပါ အိမ်ပြန်ရောက်ရင်တောင် မအိပ်နိုင်ဘူး ကလေးအကြောင်းတွေးနေတာ...."
Taeyeon ပြောပြီး ပီဇာကို စားလိုက်သည်။

"ကလေးကလည်း နင့်ကို သတိရနေတာ....ဒီညဒီမှာ အိပ်နိုင်မလား"
Fany မှာ သူ့အကြံကို လက်ခံမလားဆိုပြီး မျှော်လင့်နေ၏ ...ဒီည သူ့သူငယ်ချင်း Yuriကို တခြားတစ်နေရာ သွားအိပ်ခိုင်းတယ်လေ...သနားစရာကောင်းတဲ့ yuriမှာ သူ့သူငယ်ချင်းအိမ်ကို သွားအိပ်ရလေသည်။

"Ms.Kwon ကရော "
Taeyeon မေးလိုက်သည်။

"သူက ဒီည သူ့သူငယ်ချင်းအိမ်မှာ အိပ်မှာတဲ့...."
Fany လိမ်ပြောလိုက်သည်။

"ပြီးတော့ ဒီမှာ ငါတစ်ယောက်တည်းလေ...သိတဲ့အတိုင်း တစ်ခုခုဆို အဆင်မပြေဘူး မပေါ့မပါးနဲ့ဆိုတော့...."

"Okay...."

'Yes သူ လက်ခံလိုက်ပြီ "

'ငါ ကော်ဇောပေါ်မှာ အိပ်မယ်နော် ....."

"အရင်ကကျ ငါနဲ့အတူတောင် နေခဲ့ပြီး ဘာလို့အခုမှ......"

"မနက်ဆို ငါ့မှာ ဒုက္ခရောက်နေတာ မင်းမှမသိတာ....."
Taeyeonရဲ့ စကားကို အဓိပ္ပါယ်ပေါက်ပြီး Fany ရှက်ကာ ခေါင်းငုံ့ထား၏

"Haha စတာပါကွာ......"

'I hate you....'
Fany မျက်စောင်းထိုးကာ ပြောလိုက်သည်

"ငါတို့ကလေးကတော့ ငါ့ကိုမမုန်းဘူးမလား"
Taeyeon ပြောင်ပြပြီး အဝတ်လဲဖို့ အခန်းထဲ ဝင်သွားတယ်

"ကလေးစုတ်လေး....."
Fany ရယ်လိုက်ပြီး ပီဇာကို ဆက်စားလိုက်သည်

Bạn đang đọc truyện trên: Truyen3h.Co