Truyen3h.Co

Completed

ေအာက္ဆီဂ်င္ပိုက္ တပ္ထားရတဲ့ ေကာင္ငယ္ေလးကိုႀကည့္ပီး ဇ  ရင္ထဲက တင္း
ႀကပ္လာတဲ့ခံစားခ်က္က ေျပာျပမျပတက္ေအာင္ပင္။ နွစ္ရက္ရွိပီ လူလူ သတိမရတာ ။  ဘာမွဆက္လုပ္နိုင္စြမ္းမရွိေတာ့တဲ့အေျခအေနမို ့ ဇ  ကိုယ္တိုင္ကလဲ ေျခကုန္လက္ပန္းက်ေန၏။  ေဖေဖကို ဖုန္းဆက္လိုက္ေတာ့ မေန ့ကတည္းက  ေရာက္လာသည္မို ့ တျခားဘာမွ မလုပ္ေတာ့ပဲ လူလူေလးနားမွာပဲ ကပ္ေနျဖစ္သည္။

ကတၱရာလမ္းနဲ ့ရုိက္မိပီး ေခါင္းကြဲ သြားလို ့ ငါးခ်က္ခ်ဳပ္လိုက္ရသည္။ တခုအေျခေနေကာင္းတာက   နံရုိးတေခ်ာင္းက်ိဳးသြားပီး
ညာေျခေထာက္ အရုိးအက္သြားတာပဲျဖစ္ပီး အသက္အႏၱရာယ္ေတာ့ မစိုးရိမ္ရေတာ့ေပ။

"သား ကိုတိုင္း  တခုခုစားလိုက္အုန္း "

ျငိမ္သက္ေနရာမွ ေဖေဖ့အသံႀကားေတာ့ ဇ လွဳပ္လွဳပ္ရွားရွားျဖစ္သြားသည္။

"ေဖေဖ   အမူ ့အေျခအေနထူးေသးလဲ "

" မထူးဘူး ကိုတိုင္း။ လမ္းမွာ တိုက္ပီးထြက္ေျပးသြားတာ ဆိုေတာ့ ကားနံပါတ္မွတ္မိလိုက္တဲ့ သူလဲမရွိဘူး။ ကားတိုက္ခံရတဲ့ နားမွာလဲ CCTV  ရွိတဲ့ ဆိုင္မရွိေတာ့ 
နည္းနည္းခက္ခဲေနတယ္ ။ အသက္အႏၱရာယ္လဲ မစိုးရိမ္ရေတာ့ဘူးဆိုေတာ့
ဒါကိုဒီတိုင္းထားပီး ေဖေဖတို ့ျပန္ရေအာင္ "

ဇ  ေမးေႀကာေတြေထာင္တဲ့အထိ အံႀကိတ္မိသည္။  ဒီတိုင္း အမူ ့ကို ရဲလက္မွာထားခဲ့ဖို ့ မလုပ္ခ်င္ေသာ္လဲ  လူလူ ့ကို ဒီထက္ေကာင္းတဲ့ ေဆးရုံမွာ ျပဖို ့ သူ ျပန္မွျဖစ္မည္။ တိုက္တဲ့ေကာင္ကို ခြင့္မလႊတ္ခ်င္ေပမဲ့  သူ  ေလာေလာဆယ္ဆယ္ေတာ့
လူလူ အျမန္ဆံုးျပန္ေကာင္းဖို ့ကို ေရွးရွု ့ရမည္။

က်ြီ …

တံခါးဖြင့္သံႀကားပီး  ဝင္လာသူက ဟိုေန ့က ကယ္ခဲ့တဲ့ ဆရာဝန္ဦးေလးႀကီး ။ ပီးေတာ့  လူလူ ့ရဲ့ အေဖဆိုေသာသူ။

" ေအာ္  ကိုထြဋ္တင္  ေရာေရာက္ေနတာလား"

"ဟုတ္ကဲ့  ကိုေသာ္တာ ။ က်ြန္ေတာ္ ရဲစခန္းက ခုမွျပန္လာတာ အေျခေနက မထူးပါဘူး။ မ်က္ျမင္သက္ေသမရွိ CCTVကမရွိဆိုေတာ့ နည္းနည္း အခက္ေတြ ့ေနတယ္"

" ဘာပဲေျပာေျပာ အသက္ေဘး ကင္းသြားတာကိုပဲေက်းဇူးတင္ေနပါပီ "

လူႀကီး နွစ္ေယာက္ စကားေျပာေနတာကို နားေထာင္ပီး ဇကေတာ့ ျငိမ္သက္စြာ။

ဦးေသာ္တာ   လူလူေဘး မွာထိုင္ေနတဲ့ ေကာင္ေလးကိုႀကည့္ပီး သူပါ သက္ျပင္းခ်မိသည္။  သား နဲ ့ေတြ ့ဆံု ျခင္းကမေကာင္းခဲ့ေပမဲ့ သူ ေပ်ာ္ပါသည္။ ေလာကမွာ သူ ့ေသြးသား ရွိေနလိမ့္မယ္ဆိုတာ အိမ္မက္ေတာင္မမက္ဘူးေပ။

ျမေလးငံုဆိုေသာ မိန္းကေလးက  သူတို ့အိမ္က အိမ္ေဖာ္ ။ လူငယ္သဘာဝ ခ်စ္ႀကိဳက္မွားယြင္းခဲ့ ေပမဲ့   ဂုဏ္ႀကီးရွင္ အေမက ခြဲ၍ ကြဲခဲ့ႀကသည္။  သူ ့ဘဝမွာ ျမေလးတစ္ေယာက္ကိုပဲ ခ်စ္ခဲ့သည္။  အေမ ပိုက္ဆံေပးပီး နွင္လႊတ္လိုက္တယ္ႀကားပီး သူအရူးမီးဝိုင္း ျဖစ္ခဲ့ပီး လိုက္ရွာေပမဲ့
ျမေလးငံုက ေပ်ာက္ျခင္းမလွေပ်ာက္သြားခဲ့သည္။ 

သားငယ္လက္မွာပတ္ထားတဲ့ နာရီေလးက  ျမေလးကို ခ်စ္သက္လက္ေဆာင္ ေပးခဲ့တဲ့ နာရီေလးပင္။ နာရီ ေတြ ့ရုံနဲ ့ မွတ္မိနိုင္စရာမဟုတ္ေပမဲ့  သူ ကိုယ္တိုင္ တဇိုင္းဆြဲပီး  ေအာ္ဒါမွာအပ္ခဲ့တဲ့ နာရီမို ့လို ့သူသိသည္။  သူ ့ဆီမွာလဲ ျမေလးနဲ ့ဆင္တူ
နာရီေလးတစ္လံုးကလဲ ရွိေနပီးသားမို ့မွားစရာမရွိေပ။  ျပီးေတာ့ ေဆးရုံေရာက္ေရာက္ျခင္း DNAစစ္လိုက္တာမို ့သားကသူ ့သားဆိုတာ ေသခ်ာသြား၏။

" က်ြန္ေတာ္ လူလူ ့ကို ျပန္ေခၚသြားခ်င္တယ္။ "

ဇ ဆိုတဲ့ေကာင္ေလးအသံေႀကာင့္   ဦးေသာ္တာ အေတြးကေနရုန္းထြက္လိုက္သည္။

" ဦးေလးသားကို ဦးေလး  ဆက္ကုပါ့မယ္။  ငါ့တူအေနနဲ ့ ဒီေလာက္ထိ လုပ္ေပးတာကိုပဲ  ဦးေလးအေနနဲ ့ အားနာ ေနတာ"

" ဘယ္ျဖစ္မလဲ  လူလူ က က်ြန္ေတာ့ ခ်စ္သူ  ။ သူျဖစ္သြားရတာလဲ က်ြန္ေတာ့္နဲ ့အတူ သြားရင္းျဖစ္တာ။ အစစအရာရာ အားလံုး  က်ြန္ေတာ္ပဲလုပ္ပါရေစ "

ဇ အသံက တုန္လွဳပ္ လ်က္။

သူ လူလူ ကိုထားပီးမသြားနိုင္။ အေဖက အေဖပဲဆိုေပမဲ့ သူ တို ့က ခုမွေတာ္တာ။ လူလူနဲ ့ဇ နဲ ့ပတ္သတ္တာက ရုိးရုိးတန္းတန္းမွမဟုတ္ေတာ့။ လူလူ ့က သူ ့အပိုင္မို ့လို ့သူ ့မွာသာ ေစာင့္ေရွာက္ပိုင္ခြင့္အျပည့္ရွိသည္။

"သားကိုတိုင္း   မရုိင္းရဘူး"

ေသြးရူးတန္းရူးေျပာလိုက္တဲ့  ကိုတိုင္းေႀကာင့္ ဦးထြဋ္တင္ ဝင္ဟန္ ့လိုက္ရသည္။
ေဒါသထြက္ပီး လြတ္သြားမွာစိုးလို ့အတင္းလဲမဆူရဲ။

"ရပါတယ္ က်ြန္ေတာ္နားလည္တယ္ ကိုထြဋ္တင္ ေျပာပါေစ။  ဒါေပမဲ့ က်ြန္ေတာ့္အေနနဲ ့ေျပာရရင္ သားကို လဲ ခုမွ ပထမဆံုးေတြ ့ရတာဆိုေတာ့  က်ြန္ေတာ္ဖက္ကိုလဲကိုယ္ခ်င္းစာႀကည့္ပါ။ အေဖတစ္ေယာက္အေနနဲ ့ က်ြန္ေတာ္သားအေပၚမွာတာဝန္မေက်ခဲ့ဘူး ။ ဒီတခါေတာ့ က်ြန္ေတာ္ တက္စြမ္းသေလာက္ ျပဳစုခ်င္ပါတယ္ ။ သားကို ျဖစ္နိုင္ရင္ က်ြန္ေတာ္နဲ ့ထားခဲ့ေစခ်င္တယ္"

ဦးေသာ္တာ အေနနဲ ့ေျပာရရင္ သူလဲမွန္တယ္။ ကိုတိုင္းဖက္ကိုႀကည့္ရင္ ကိုယ့္သားကို မို ့ ကိုယ္သာအသိဆံုး။ လူလူဆိုတဲ့ကေလးကို သားဘယ္ေလာက္ေတာင္စြဲလမ္းလဲဆိုတာ သိသည္မို ့

"ကိုေသာ္တာ ဖက္ကို ႀကည့္ရင္လဲမွန္ပါတယ္။ ဒါေပမဲ့  က်ြန္ေတာ့္သား က လူလူ
ေလးအေပၚမွာ  ေစာင့္ေရွာက္ေပးလာတဲ့နွစ္ေတြနဲ ့ထားခဲ့တဲ့ေမတၱာေတြကိုလဲျပန္ႀကည့္ေပးပါ။ သားအေနနဲ ့ ေယာက်ာ္းေလးတစ္ေယာက္နဲ ့ ခ်စ္သူေတြျဖစ္ေနတယ္ဆိုတုန္းကလဲ နွေျမာခဲ့ေပမဲ့ မတားခဲ့ဘူးဘူး။
လူလူ ဆိုတာ မိဘ မရွိခဲ့တဲ့ကေလး ။ က်ြန္ေတာ္ အေနနဲ ့ႀကည့္မယ္ဆိုရင္ သားကို လူလူ ့ထက္ ပိုသင့္ေတာ္တဲ့မိန္းကေလးေတြ
ႀကိဳက္တဲ့သူနဲ ့ေပးစားလို ့ရတယ္။ ဒါေပမဲ့ သားသေဘာက်တဲ့ ကေလးကို က်ြန္ေတာ္တို ့တခါမွ ေမတၱာမပ်က္ခဲ့ဘူး  ။ အဲ့ဒါေတြေထာက္ထားပီး ျပန္စဥ္းစားေစခ်င္ပါတယ္။ ဒီလို လုပ္ပါ့လား  မနက္ဖန္ ေစာင့္ႀကည့္မယ္။  သတိမရေသးရင္ က်ြန္ေတို ့ေခၚသြားမယ္။ သတိရရင္ေတာ့ လူ လူ
သေဘာထားကို အရင္ေမးႀကည့္
က်တာေပါ့ "

ဦးေသာ္တာ အသာေခါင္းညိမ့္ျပမိသည္။
သူ ့အေနနဲ ့ဖေအ ဆိုေပမဲ့ ေသြးသားေတာ္စပ္မူ ့ပဲရွိတယ္ တျခားဘာမွ တာဝန္ဝတၱရားဘာတခုမွ မရွိခဲ့တာမို ့ အခြင့္ထူးခံျဖစ္ဖို ့မေမ်ွာ္လင့္ရဲပါဘူး။ 
သားရဲ့ ဆံုးျဖတ္ခ်က္ကို လိုက္နာဖို ့ကလြဲပီး
ဘာရွိေတာ့မွာလဲ။

ကုတင္ေပၚက  ပတ္တီးေတြနဲ ့ သားကို
ႀကည့္ပီး အျမန္ဆံုးသက္သာပါေစေတာ့လို ့ဆုေတာင္းမိတာအခါခါ။

-
-
-
-

ေနာက္တေန ့မနက္ထိ လူလူ သတိလံုးဝမရေသး။ ဇ အေနနဲ ့ ေန ့ခင္းထိ ေစာင့္လို ့မွ သတိမရေသးရင္ သူျပန္ေခၚသြားဖို ့အဆင္သင့္ျဖစ္ေနသည္။ ဦးေသာ္တာကေတာ့  လူလူ ေဘးမွာ ညိမ္သက္စြာ ထိုင္ႀကည့္ေနသည္။ အေျခအေနက လံုးဝ မ်က္လွည့္ျပလိုက္သလို ပဲ။ ကံတရားက အားငယ္ေနတဲ့ လူလူ  ့ကို အေဖတစ္ေယာက္ေပးခဲ့ေပမဲ့ ေတြ ့ဆံုပံုက လံုးဝ မလွေပ။

ဦးေသာ္တာ သားလက္ကေလးကို
တယုတယ ကိုင္ႀကည့္မိသည္။ မေျပမလည္မ်ား ႀကီးျပင္းခဲ့လို ့လားမသိ သားေလးက ေသးလိုက္တာ။  နာရီေလးသာ မဝတ္ထားရင္ လမ္းမွာေတြ ့ရင္ေတာင္ သူ ့သားဆိုတာ သိမွာမဟုတ္ေပ။
ျမေလးငံု ရဲ့ ရုပ္ေလးနဲ ့တူသည္မို ့သားက ခ်စ္ဖို ့ေကာင္းသည္။ တခ်ိန္ကလဲ ျမေလးငံုဆိုတဲ့ ေကာင္မေလးက သူ ျမတ္နိုးေလာက္ေအာင္
လွခဲ့တာပင္။

"ဟင္း "

ညီးညဴ သံေလးနဲ ့အတူ လွဳပ္ခတ္သြားတဲ့ လက္ေခ်ာင္းေလး။

"သား …သားေလး  ေဖေဖ့ ကိုျမင္လား"

အဝတ္အစားသိမ္းေနရာမွ ဦးေသာ္တာ
အသံေႀကာင့္ ဇ အေျပး ကုတင္ေဘးကို သြားမိသည္။ 

"လူလူ  လူလူေလး  ကိုယ့္အသံႀကားလား"

တဖ်တ္ဖ်တ္ခတ္ေနတဲ့ မ်က္ေတာင္ေတြက ေကာင္းေကာင္းမဖြင့္နိုင္ပဲျဖစ္ေနပီး မ်က္နွာေလးက နာက်င္မူ ့ေႀကာင့္ရွဳ ံ ့မဲ့ေန  ၏။   သူ လာတာျမင္ေတာ့ ဦးေသာ္တာက ေဘးကပ္ေပးသည္မို ့အားမနာနိုင္ပဲ အတင္းဝင္တိုးထိုင္မိသည္။ 

ဦးထြဋ္တင္ကေတာ့ သူ ့သားကိုႀကည့္ပီး ဦးေသာ္တာကို အားနာသြားသည္။ သို ့ေသာ္လဲ လူလူသတိရလာပီမို ့ ဆရာဝန္ကို သာေျပးေခၚလိုက္သည္။

" လူလူေလး  လူလူ"

ဇ အသံႀကားလို ့လား ဒါမွမဟုတ္ သူ ့ဘာသာပဲ သတိရလာလို ့လားမသိ တျဖည္းျဖည္းမ်က္လံုးေလးပြင့္လာ၏။ 
ျပဴးေႀကာင္ေႀကာင္ေလးႀကည့္ေနတဲ့ လူလူေလးေႀကာင့္ ဇ လက္ကေလးကို
ဂရုတစိုက္ကိုင္ပီး

"သက္သာလား ဘယ္နားနာေနလဲ  ။ ကိုယ္ေတာင္းပန္ပါတယ္ ကေလးရယ္။ ကိုယ္သာ  ကားရပ္မေပးရင္ ခုလို ျဖစ္မွာမဟုတ္ဘူး   "

ဇ တတြတ္တြတ္ေတာင္းပန္မိသည္ထိ လူလူ ့အေပၚမွာ အပစ္မကင္းသလို ခံစားေနရသည္။

" အကိုႀကီးက ဘယ္သူလဲ"

"ဟင္! "

ေခါင္းေလး ကိုင္ပီးငိုေတာ့မလို  မ်က္နွာေလးနဲ ့ေမးလာတဲ့ လူလူ ့ေႀကာင့္ ဇ ကမၻာႀကီးရပ္တန္ ့သြားသလို။

"ဘယ္သူလဲဟင္ က်ြန္ေတာ္ ဘယ္ေရာက္ေနတာလဲ က်ြတ္ က်ြတ္ ေခါင္းေတြ အရမ္းကိုက္ေနတာပဲ "

"ဦးေလး လူလူ ့ကို ႀကည့္ပါအုန္း။ ဘာျဖစ္လို ့က်ြန္ေတာ္ကို မမွတ္မိတာလဲ "

ဇ ေသြးရူးတန္းရူး ဦးေသာ္တာ ကို ေျပာမိသည္။ လူလူ က ဘာလို ့သူ ့ကိုမမွတ္မိတာလဲ။

"သား ကိုတိုင္းဘာျဖစ္တာလဲ "

ဆရာဝန္ေတြနဲ ့ဝင္လာတဲ့ ေဖေဖ့ကို ဇ အားကိုးတႀကီး

"ေဖေဖ  လုပ္ပါအုန္း လူလူ ကသားကို သတိမရေတာ့ဘူး"

ခ်စ္တဲ့အိမ္စည္။

>>>>>>>>><<<<<<<<

အောက်ဆီဂျင်ပိုက် တပ်ထားရတဲ့ ကောင်ငယ်လေးကိုကြည့်ပီး ဇ  ရင်ထဲက တင်း
ကြပ်လာတဲ့ခံစားချက်က ပြောပြမပြတက်အောင်ပင်။ နှစ်ရက်ရှိပီ လူလူ သတိမရတာ ။  ဘာမှဆက်လုပ်နိုင်စွမ်းမရှိတော့တဲ့အခြေအနေမို့  ဇ  ကိုယ်တိုင်ကလဲ ခြေကုန်လက်ပန်းကျနေ၏။  ဖေဖေကို ဖုန်းဆက်လိုက်တော့ မနေ့ ကတည်းက  ရောက်လာသည်မို့  တခြားဘာမှ မလုပ်တော့ပဲ လူလူလေးနားမှာပဲ ကပ်နေဖြစ်သည်။

ကတ္တရာလမ်းနဲ့ ရိုက်မိပီး ခေါင်းကွဲ သွားလို့  ငါးချက်ချုပ်လိုက်ရသည်။ တခုအခြေနေကောင်းတာက   နံရိုးတချောင်းကျိုးသွားပီး
ညာခြေထောက် အရိုးအက်သွားတာပဲဖြစ်ပီး အသက်အန္တရာယ်တော့ မစိုးရိမ်ရတော့ပေ။

"သား ကိုတိုင်း  တခုခုစားလိုက်အုန်း "

ငြိမ်သက်နေရာမှ ဖေဖေ့အသံကြားတော့ ဇ လှုပ်လှုပ်ရှားရှားဖြစ်သွားသည်။

"ဖေဖေ   အမူ့ အခြေအနေထူးသေးလဲ "

" မထူးဘူး ကိုတိုင်း။ လမ်းမှာ တိုက်ပီးထွက်ပြေးသွားတာ ဆိုတော့ ကားနံပါတ်မှတ်မိလိုက်တဲ့ သူလဲမရှိဘူး။ ကားတိုက်ခံရတဲ့ နားမှာလဲ CCTV  ရှိတဲ့ ဆိုင်မရှိတော့ 
နည်းနည်းခက်ခဲနေတယ် ။ အသက်အန္တရာယ်လဲ မစိုးရိမ်ရတော့ဘူးဆိုတော့
ဒါကိုဒီတိုင်းထားပီး ဖေဖေတို့ ပြန်ရအောင် "

ဇ  မေးကြောတွေထောင်တဲ့အထိ အံကြိတ်မိသည်။  ဒီတိုင်း အမူ့ ကို ရဲလက်မှာထားခဲ့ဖို့  မလုပ်ချင်သော်လဲ  လူလူ့ ကို ဒီထက်ကောင်းတဲ့ ဆေးရုံမှာ ပြဖို့  သူ ပြန်မှဖြစ်မည်။ တိုက်တဲ့ကောင်ကို ခွင့်မလွှတ်ချင်ပေမဲ့  သူ  လောလောဆယ်ဆယ်တော့
လူလူ အမြန်ဆုံးပြန်ကောင်းဖို့ ကို ရှေးရှု့ ရမည်။

ကျွီ …

တံခါးဖွင့်သံကြားပီး  ဝင်လာသူက ဟိုနေ့ က ကယ်ခဲ့တဲ့ ဆရာဝန်ဦးလေးကြီး ။ ပီးတော့  လူလူ့ ရဲ့ အဖေဆိုသောသူ။

" အော်  ကိုထွဋ်တင်  ရောရောက်နေတာလား"

"ဟုတ်ကဲ့  ကိုသော်တာ ။ ကျွန်တော် ရဲစခန်းက ခုမှပြန်လာတာ အခြေနေက မထူးပါဘူး။ မျက်မြင်သက်သေမရှိ CCTVကမရှိဆိုတော့ နည်းနည်း အခက်တွေ့ နေတယ်"

" ဘာပဲပြောပြော အသက်ဘေး ကင်းသွားတာကိုပဲကျေးဇူးတင်နေပါပီ "

လူကြီး နှစ်ယောက် စကားပြောနေတာကို နားထောင်ပီး ဇကတော့ ငြိမ်သက်စွာ။

ဦးသော်တာ   လူလူဘေး မှာထိုင်နေတဲ့ ကောင်လေးကိုကြည့်ပီး သူပါ သက်ပြင်းချမိသည်။  သား နဲ့ တွေ့ ဆုံ ခြင်းကမကောင်းခဲ့ပေမဲ့ သူ ပျော်ပါသည်။ လောကမှာ သူ့ သွေးသား ရှိနေလိမ့်မယ်ဆိုတာ အိမ်မက်တောင်မမက်ဘူးပေ။

မြလေးငုံဆိုသော မိန်းကလေးက  သူတို့ အိမ်က အိမ်ဖော် ။ လူငယ်သဘာဝ ချစ်ကြိုက်မှားယွင်းခဲ့ ပေမဲ့   ဂုဏ်ကြီးရှင် အမေက ခွဲ၍ ကွဲခဲ့ကြသည်။  သူ့ ဘဝမှာ မြလေးတစ်ယောက်ကိုပဲ ချစ်ခဲ့သည်။  အမေ ပိုက်ဆံပေးပီး နှင်လွှတ်လိုက်တယ်ကြားပီး သူအရူးမီးဝိုင်း ဖြစ်ခဲ့ပီး လိုက်ရှာပေမဲ့
မြလေးငုံက ပျောက်ခြင်းမလှပျောက်သွားခဲ့သည်။ 

သားငယ်လက်မှာပတ်ထားတဲ့ နာရီလေးက  မြလေးကို ချစ်သက်လက်ဆောင် ပေးခဲ့တဲ့ နာရီလေးပင်။ နာရီ တွေ့ ရုံနဲ့  မှတ်မိနိုင်စရာမဟုတ်ပေမဲ့  သူ ကိုယ်တိုင် တဇိုင်းဆွဲပီး  အော်ဒါမှာအပ်ခဲ့တဲ့ နာရီမို့ လို့ သူသိသည်။  သူ့ ဆီမှာလဲ မြလေးနဲ့ ဆင်တူ
နာရီလေးတစ်လုံးကလဲ ရှိနေပီးသားမို့ မှားစရာမရှိပေ။  ပြီးတော့ ဆေးရုံရောက်ရောက်ခြင်း DNAစစ်လိုက်တာမို့ သားကသူ့ သားဆိုတာ သေချာသွား၏။

" ကျွန်တော် လူလူ့ ကို ပြန်ခေါ်သွားချင်တယ်။ "

ဇ ဆိုတဲ့ကောင်လေးအသံကြောင့်   ဦးသော်တာ အတွေးကနေရုန်းထွက်လိုက်သည်။

" ဦးလေးသားကို ဦးလေး  ဆက်ကုပါ့မယ်။  ငါ့တူအနေနဲ့  ဒီလောက်ထိ လုပ်ပေးတာကိုပဲ  ဦးလေးအနေနဲ့  အားနာ နေတာ"

" ဘယ်ဖြစ်မလဲ  လူလူ က ကျွန်တော့ ချစ်သူ  ။ သူဖြစ်သွားရတာလဲ ကျွန်တော့်နဲ့ အတူ သွားရင်းဖြစ်တာ။ အစစအရာရာ အားလုံး  ကျွန်တော်ပဲလုပ်ပါရစေ "

ဇ အသံက တုန်လှုပ် လျက်။

သူ လူလူ ကိုထားပီးမသွားနိုင်။ အဖေက အဖေပဲဆိုပေမဲ့ သူ တို့ က ခုမှတော်တာ။ လူလူနဲ့ ဇ နဲ့ ပတ်သတ်တာက ရိုးရိုးတန်းတန်းမှမဟုတ်တော့။ လူလူ့ က သူ့ အပိုင်မို့ လို့ သူ့ မှာသာ စောင့်ရှောက်ပိုင်ခွင့်အပြည့်ရှိသည်။

"သားကိုတိုင်း   မရိုင်းရဘူး"

သွေးရူးတန်းရူးပြောလိုက်တဲ့  ကိုတိုင်းကြောင့် ဦးထွဋ်တင် ဝင်ဟန့် လိုက်ရသည်။
ဒေါသထွက်ပီး လွတ်သွားမှာစိုးလို့ အတင်းလဲမဆူရဲ။

"ရပါတယ် ကျွန်တော်နားလည်တယ် ကိုထွဋ်တင် ပြောပါစေ။  ဒါပေမဲ့ ကျွန်တော့်အနေနဲ့ ပြောရရင် သားကို လဲ ခုမှ ပထမဆုံးတွေ့ ရတာဆိုတော့  ကျွန်တော်ဖက်ကိုလဲကိုယ်ချင်းစာကြည့်ပါ။ အဖေတစ်ယောက်အနေနဲ့  ကျွန်တော်သားအပေါ်မှာတာဝန်မကျေခဲ့ဘူး ။ ဒီတခါတော့ ကျွန်တော် တက်စွမ်းသလောက် ပြုစုချင်ပါတယ် ။ သားကို ဖြစ်နိုင်ရင် ကျွန်တော်နဲ့ ထားခဲ့စေချင်တယ်"

ဦးသော်တာ အနေနဲ့ ပြောရရင် သူလဲမှန်တယ်။ ကိုတိုင်းဖက်ကိုကြည့်ရင် ကိုယ့်သားကို မို့  ကိုယ်သာအသိဆုံး။ လူလူဆိုတဲ့ကလေးကို သားဘယ်လောက်တောင်စွဲလမ်းလဲဆိုတာ သိသည်မို့

"ကိုသော်တာ ဖက်ကို ကြည့်ရင်လဲမှန်ပါတယ်။ ဒါပေမဲ့  ကျွန်တော့်သား က လူလူ
လေးအပေါ်မှာ  စောင့်ရှောက်ပေးလာတဲ့နှစ်တွေနဲ့ ထားခဲ့တဲ့မေတ္တာတွေကိုလဲပြန်ကြည့်ပေးပါ။ သားအနေနဲ့  ယောကျာ်းလေးတစ်ယောက်နဲ့  ချစ်သူတွေဖြစ်နေတယ်ဆိုတုန်းကလဲ နှမြောခဲ့ပေမဲ့ မတားခဲ့ဘူးဘူး။
လူလူ ဆိုတာ မိဘ မရှိခဲ့တဲ့ကလေး ။ ကျွန်တော် အနေနဲ့ ကြည့်မယ်ဆိုရင် သားကို လူလူ့ ထက် ပိုသင့်တော်တဲ့မိန်းကလေးတွေ
ကြိုက်တဲ့သူနဲ့ ပေးစားလို့ ရတယ်။ ဒါပေမဲ့ သားသဘောကျတဲ့ ကလေးကို ကျွန်တော်တို့ တခါမှ မေတ္တာမပျက်ခဲ့ဘူး  ။ အဲ့ဒါတွေထောက်ထားပီး ပြန်စဉ်းစားစေချင်ပါတယ်။ ဒီလို လုပ်ပါ့လား  မနက်ဖန် စောင့်ကြည့်မယ်။  သတိမရသေးရင် ကျွန်တေို့ ခေါ်သွားမယ်။ သတိရရင်တော့ လူ လူ
သဘောထားကို အရင်မေးကြည့်
ကျတာပေါ့ "

ဦးသော်တာ အသာခေါင်းညိမ့်ပြမိသည်။
သူ့ အနေနဲ့ ဖအေ ဆိုပေမဲ့ သွေးသားတော်စပ်မူ့ ပဲရှိတယ် တခြားဘာမှ တာဝန်ဝတ္တရားဘာတခုမှ မရှိခဲ့တာမို့  အခွင့်ထူးခံဖြစ်ဖို့ မမျှော်လင့်ရဲပါဘူး။ 
သားရဲ့ ဆုံးဖြတ်ချက်ကို လိုက်နာဖို့ ကလွဲပီး
ဘာရှိတော့မှာလဲ။

ကုတင်ပေါ်က  ပတ်တီးတွေနဲ့  သားကို
ကြည့်ပီး အမြန်ဆုံးသက်သာပါစေတော့လို့ ဆုတောင်းမိတာအခါခါ။

-
-
-
-

နောက်တနေ့ မနက်ထိ လူလူ သတိလုံးဝမရသေး။ ဇ အနေနဲ့  နေ့ ခင်းထိ စောင့်လို့ မှ သတိမရသေးရင် သူပြန်ခေါ်သွားဖို့ အဆင်သင့်ဖြစ်နေသည်။ ဦးသော်တာကတော့  လူလူ ဘေးမှာ ညိမ်သက်စွာ ထိုင်ကြည့်နေသည်။ အခြေအနေက လုံးဝ မျက်လှည့်ပြလိုက်သလို ပဲ။ ကံတရားက အားငယ်နေတဲ့ လူလူ့ကို အဖေတစ်ယောက်ပေးခဲ့ပေမဲ့ တွေ့ ဆုံပုံက လုံးဝ မလှပေ။

ဦးသော်တာ သားလက်ကလေးကို
တယုတယ ကိုင်ကြည့်မိသည်။ မပြေမလည်များ ကြီးပြင်းခဲ့လို့ လားမသိ သားလေးက သေးလိုက်တာ။  နာရီလေးသာ မဝတ်ထားရင် လမ်းမှာတွေ့ ရင်တောင် သူ့ သားဆိုတာ သိမှာမဟုတ်ပေ။
မြလေးငုံ ရဲ့ ရုပ်လေးနဲ့ တူသည်မို့ သားက ချစ်ဖို့ ကောင်းသည်။ တချိန်ကလဲ မြလေးငုံဆိုတဲ့ ကောင်မလေးက သူ မြတ်နိုးလောက်အောင်
လှခဲ့တာပင်။

"ဟင်း "

ညီးညူ သံလေးနဲ့ အတူ လှုပ်ခတ်သွားတဲ့ လက်ချောင်းလေး။

"သား …သားလေး  ဖေဖေ့ ကိုမြင်လား"

အဝတ်အစားသိမ်းနေရာမှ ဦးသော်တာ
အသံကြောင့် ဇ အပြေး ကုတင်ဘေးကို သွားမိသည်။ 

"လူလူ  လူလူလေး  ကိုယ့်အသံကြားလား"

တဖျတ်ဖျတ်ခတ်နေတဲ့ မျက်တောင်တွေက ကောင်းကောင်းမဖွင့်နိုင်ပဲဖြစ်နေပီး မျက်နှာလေးက နာကျင်မူ့ ကြောင့်ရှုံ့ မဲ့နေ  ၏။   သူ လာတာမြင်တော့ ဦးသော်တာက ဘေးကပ်ပေးသည်မို့ အားမနာနိုင်ပဲ အတင်းဝင်တိုးထိုင်မိသည်။ 

ဦးထွဋ်တင်ကတော့ သူ့ သားကိုကြည့်ပီး ဦးသော်တာကို အားနာသွားသည်။ သို့ သော်လဲ လူလူသတိရလာပီမို့  ဆရာဝန်ကို သာပြေးခေါ်လိုက်သည်။

" လူလူလေး  လူလူ"

ဇ အသံကြားလို့ လား ဒါမှမဟုတ် သူ့ ဘာသာပဲ သတိရလာလို့ လားမသိ တဖြည်းဖြည်းမျက်လုံးလေးပွင့်လာ၏။ 
ပြူးကြောင်ကြောင်လေးကြည့်နေတဲ့ လူလူလေးကြောင့် ဇ လက်ကလေးကို
ဂရုတစိုက်ကိုင်ပီး

"သက်သာလား ဘယ်နားနာနေလဲ  ။ ကိုယ်တောင်းပန်ပါတယ် ကလေးရယ်။ ကိုယ်သာ  ကားရပ်မပေးရင် ခုလို ဖြစ်မှာမဟုတ်ဘူး   "

ဇ တတွတ်တွတ်တောင်းပန်မိသည်ထိ လူလူ့ အပေါ်မှာ အပစ်မကင်းသလို ခံစားနေရသည်။

" အကိုကြီးက ဘယ်သူလဲ"

"ဟင်! "

ခေါင်းလေး ကိုင်ပီးငိုတော့မလို  မျက်နှာလေးနဲ့ မေးလာတဲ့ လူလူ့ ကြောင့် ဇ ကမ္ဘာကြီးရပ်တန့် သွားသလို။

"ဘယ်သူလဲဟင် ကျွန်တော် ဘယ်ရောက်နေတာလဲ ကျွတ် ကျွတ် ခေါင်းတွေ အရမ်းကိုက်နေတာပဲ "

"ဦးလေး လူလူ့ ကို ကြည့်ပါအုန်း။ ဘာဖြစ်လို့ ကျွန်တော်ကို မမှတ်မိတာလဲ "

ဇ သွေးရူးတန်းရူး ဦးသော်တာ ကို ပြောမိသည်။ လူလူ က ဘာလို့ သူ့ ကိုမမှတ်မိတာလဲ။

"သား ကိုတိုင်းဘာဖြစ်တာလဲ "

ဆရာဝန်တွေနဲ့ ဝင်လာတဲ့ ဖေဖေ့ကို ဇ အားကိုးတကြီး

"ဖေဖေ  လုပ်ပါအုန်း လူလူ ကသားကို သတိမရတော့ဘူး"

ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: Truyen3h.Co