Truyen3h.Co

Completed

တစ္လႀကာပီးသည့္ေနာက္……

" ဒီေလာက္ေအးေနတာကို ဘာထြက္လုပ္ေနတာလဲ လူလူ ။ "

မာေက်ာေနေပမဲ့ ႀကင္နာေႏြးေထြးမူ ့ရွိတဲ့
အသံေႀကာင့္  လူငယ္ဦး ေနာက္လွည့္ႀကည့္လိုက္သည္။

အနက္ေရာင္ ဆြယ္တာ အထူႀကီးဝတ္ထားတဲ့ ထုိလူက သန္မာထြားႀကိဳင္းပီး
အရပ္ရွည္သည္။ အိမ္ထဲကေနထြက္ကတည္း ကိုင္ေဆာင္လာတဲ့ အျပာေရာင္ မာဖလာေလး ကို  လူငယ္ဦး လည္ပင္းလာေရာက္ပတ္ေပးလာပီး …။

"ႀကည့္စမ္းေအးစက္ေနတာပဲ ။ ေနာက္တခါ အေစာႀကီးထပီး အျပင္ထြက္မထိုင္နဲ ့။
ဒီေလာက္နွင္းေတြက်ေနတာကို ဘာထြက္ထြက္လုပ္မွန္းမသိဘူး"

ထို ့လူ ့၏ ပြစိပြစိ စကားေတြေႀကာင့္ လူငယ္ဦး နွုတ္ခမ္းေတြ အျပင္ထြက္လာသည္ထိ စူတင္းသြား၏။ ေဆးရုံကတည္းက မမွတ္မိတဲ့ ထိုသူက သူ ့အိမ္ကိုလဲ မျပန္ပဲ လူငယ္ဦးတို ့အိမ္မွာပဲ လာေနတာ တလေတာင္ျပည့္ေတာ့မယ္။ ဟိုဟာမလုပ္ရဒီဟာမလုပ္ရ ခ်ဳပ္ခ်ယ္တက္လြန္းလို ့လူငယ္ဦးနဲ ့သိပ္မတည့္ခ်င္ေပမဲ့ အေဖဆိုတဲ့ သူထပ္စာရင္ ထိုသူနဲ ့ပိုရင္းနီးေနသလို လဲခံစားရေသးသည္။ အရုိးအက္သြားတဲ့ ေျခေထာက္သည္လဲ ခုထိ ပက္တီးစည္းထားရတုန္းမို ့ ထိုသူရဲ့ အသားယူတာကိုလဲ လူငယ္ဦး မေက်နပ္ေပမဲ့ ေရခ်ိဳးေပးတာကအစ ျငိမ္သက္စြာခံေနရတုန္း။

" အခ်ိန္တိုင္းဟိုဟာမလုပ္ရဘူး ဒီဟာ မလုပ္ရဘူးနဲ ့လိုက္မခ်ဳပ္ခ်ယ္ပါနဲ ့ ။ က်ြန္ေတာ့္ဘာသာ အေစာႀကီးနိုးေနလို ့ အျပင္ထြက္ထိုင္တာ အဲ့ဒါ ဘာျဖစ္လဲ"

ရွဳ ့တင္းတင္းလုပ္ေနတဲ့ ရုပ္ေလးေႀကာင့္
ဇ  တခ်က္အံႀကိတ္လိုက္ပီး…

"လူလူ မင္းခုတေလာ ေနမေကာင္းလို ့အလို လိုက္ထားတာကို အရမ္းဆိုးလာတာပဲ။ ထ  အိမ္ထဲဝင္မယ္ ။ ေနာက္တခါ ကိုယ့္စကားနားမေထာင္ပဲ ခုလို ေအးေအးႀကီးထဲ ထြက္ထိုင္ေနရင္ ဟိုတေန ့ကလို နွုတ္ခမ္းေတြ ေပါက္သြားေအာင္ ဖက္နမ္းပစ္မယ္"

လူလူ မေက်မနပ္ ထိုလူ ့ကို မ်က္ေစာင္းထိုးလိုက္ေပမဲ့ ပါးေတြနီလာေအာင္ထိ ရွက္ရြံ ့သြားသည္။
အဲ့ဒီေန ့က လက္ရဲဇက္ရဲ နဲ ့ထိုလူက
ေဆးတိုက္တာ မေသာက္လို ့ဂ်ီက်ေနတဲ့ လူငယ္ဦးကို ဇြတ္ဖက္နမ္းလိုက္သည္။

နမ္းရုံေလာက္ပဲဆို ပူထူေနေအာင္ ရွက္စရာမလိုေပမဲ့ သမီးရည္းစားေတြလို
က်ြမ္းက်င္စြာ လူငယ္ဦးနွုတ္ခမ္းေတြကို နမ္းလိုက္တာပင္ျဖစ္သည္။  တစ္ရက္တိတိ
အခန္းထဲက မထြက္ပဲ ေရွာင္ေနခဲ့ ေပမဲ့
မ်က္နွာေျပာင္တဲ့ ထိုသူက အတင္း လိုက္လိုက္ပတ္သတ္သည္မို ့မေခၚခ်င္လဲ ေခၚေနရသည္။

" ပလုတ္တုတ္ႀကီး! "

မလွဳတ္တငုတ္ လုပ္ေနတဲ့ လူလူ ့ကို ဇစိတ္မရွည္ေတာ့တာေႀကာင့္ ဆြဲေပြ ့ခ်ီလိုက္သည္။

" ဘာလုပ္တာလဲ ခုျပန္ခ်ေပး"

"တိတ္စမ္း လူလူ ။ ကိုယ့္ေဒါသကို လာမဆြနဲ ့။ ဘယ္ေလာက္ပဲ အတိတ္ေမ့တယ္ေျပာေျပာ မင္းရည္းစားကငါ  ငါ့ရည္းစားကလဲ မင္းပဲ။ ကိုယ့္ခ်စ္သူတစ္ေယာက္လံုးကို သူစိမ္းတစ္ေယာက္လို ဆက္ဆံေနတာကို ငါသည္းခံေနလို ့ေရာင့္တင္မလာနဲ ့။ မင္းေျပာေတာ့ ငါ့ကို ေသတဲ့ထိ ခ်စ္သြားမွာပါဆို ။ အဲ့ဒါ အလိမ္အညာေတြ"

ေဒါသတႀကီးေျပာေနတဲ့ ထိုသူက စိတ္ဆိုးေနတာေတာင္ ေခ်ာေနေသးသည္။ သို ့ေသာ္လဲ ကိုယ့္ကို အလိမ္အညာလို ့ေျပာတာေတာ့ လူငယ္ဦး လက္မခံနိုင္ပါ။

"ဒီမွာ က်ြန္ေတာ္ကိုပဲ လာဆူမေနနဲ ့။
ခင္မ်ားကေရာ ေနမေကာင္းျဖစ္ေနတဲ့
က်ြန္ေတာ့္ကို ဘယ္နွစ္ခါေလာက္နုနုညံ့ညံ့
ဆက္ဆံေပးဖူးလဲ။ အခ်ိန္တိုင္းေအာ္ေနတာပဲမို ့လား။ တကယ္ဆို ခင္မ်ားကမွ
ခ်စ္တယ္ဆိုပီးအျပစ္မရွိအျပစ္ရွာေနတဲ့
လူယုတ္မာႀကီး"

"လူလူ မင္းေတာ္ေတာ့ေနာ္"

ေပြ ့ခ်ီထားရက္နဲ ့သူျပိဳင္ကိုယ္ျပိဳင္ေအာ္ေနတာမို ့ အိမ္ထဲ သြားဖို ့ကို ဇ ကိုယ္တိုင္ေမ့ေန၏။

"မေတာ္နိုင္ဘူး ။ အေကာင္ႀကီးတယ္ဆိုပီး လာ အနိုင္မက်င့္နဲ ့။ လူငယ္ဦးတဲ့ တစ္ဦးတယ္ရွိတယ္"

စူပုတ္တည္တင္းေနတဲ့ မ်က္နွာကို စူးစိုက္ႀကည့္ပီး ဇ စိတ္ေလ်ာ့လိုက္သည္။
သူ ့ဖက္ကသာစိတ္ေလ်ာ့လိုက္တာ
လူလူကေတာ့ မ်က္ေမွာင္ကုတ္ကာ သူ ့ကို ႀကည့္ေနတုန္း။ 

"မ်က္နွာထားကို ျပင္လိုက္လူလူ ။ မဟုတ္ရင္ မင္းကို လႊတ္ခ်မိေတာ့မယ္"

"ဟြန္ ့…"

ေျပာလိုက္ေတာ့ ဟြန္ ့ကနဲ ့ေနေအာင္လုပ္ပီး မ်က္ေစာင္းထိုးသြားေသးသည္။ ထိုပိုစံေလးကိုႀကည့္ပီး ဇ ရင္ထဲ ရြစိထိုးလာ၏။
ဟိုအရင္ကတည္းက ဟြန္ ့ဆိုတဲ့ ပံုစံေလးလုပ္ပီး မ်က္ေမွာင္ေလးကုတ္ျပတိုင္း အူယားလြန္းလို ့ ဇ  ဖက္နမ္းေနႀက။ ခုေတာ့
ကိုယ့္ရည္းစားကိုအစကျပန္ပိုးေနရသလိုပဲ။ နမ္းတာေလးေတာင္ စိတ္ေကာက္တက္သည္မို ့ဇ အေနနဲ ့တခါေလ ေပါက္ကြဲပစ္လိုက္ခ်င္သည္ထိ စိတ္တိုရသည္။

" အထဲသြားမယ္ ။ ေအးေနပီ။ ေနာက္ကို
ကိုယ္မပါပဲ အျပင္ထြက္မထိုင္နဲ ့။ အေအးမိရင္ ကိုယ္ပဲ စိတ္ပူေနရမွာ "

" အပိုေတြ ။ ေဖေဖ ရွိေသးတယ္ဆိုတာ သတိရအုန္း"

" မင္းအေဖက ပိုင္သာပိုင္တာ မဆိုင္ေတာ့ဘူး။ မင္းနဲ ့ငါနဲ ့ဘယ္အေျခေနရွိတယ္ဆိုတာေမ ့ေနတယ္ဆိုရင္ ျပန္ အစေဖာ္ေပးရမလားလူလူ။"

"ျဖန္း! … အရွက္မရွိတဲ့ လူႀကီး"

ရင္ဖက္ကိုလွမ္းရုိက္ပီးဇ ကိုလံုးဝ မႀကည့္ေတာ့သည္ေႀကာင့္ ထပ္ စလိုက္သည္။

" အဲ့ဒီအရွက္မရွိတဲ့ လူႀကီးက မင္းေမ့ေနတယ္ဆိုေပမဲ့ ေရမေရာတဲ့ မင္းလင္ေလ"

"……"

ေက်နပ္ေအာင္ အသားယူလိုက္ေတာ့ လံုးဝ လူလူတို ့အသံထြက္မလာေတာ့။

နီရဲေနတဲ့ နားရြက္ဖ်ားေလးနဲ ့လူလူက
ခုထိ မ်က္နွာ လႊဲထားတုန္းမို ့ဇ ျပံဳးလိုက္ပီး အိမ္ထဲျပန္ေခၚလာခဲ့သည္။

" သားငယ္ အိမ္ေရွ ့ထြက္ထိုင္ျပန္ပီလား"

အေပၚထပ္က ဆင္းလာတဲ့ ဦးေသာ္တာဦးသည္ဇ  ေပြ ့ခ်ီလာတဲ့ သားကိုႀကည့္ပီးေျပာလိုက္သည္။

"ဟုတ္တယ္ဦးေလး။ လူလူ ခုတေလာအရမ္းဆိုးလာတယ္။ ေျပာစကားလဲနားမေထာင္ဘူး။ "

ဇ  ထမင္းစားပြဲမွာ ခ်ပီး သူကအရင္ဦးေအာင္တိုင္လိုက္သည္။

"မဟုတ္ဘူး ေဖေဖ သားအေစာႀကီးနိုးလို ့ခနထြက္ထိုင္တာပါ။ "

ေျပာပီးေခါင္းငံု ့သြားတဲ့ သားက ခုထိ
သူ ့ကိုစိမ္းသက္ေနတုန္း။ လူငယ္ဦးဆိုတဲ့ နာမည္ကို သူကိုယ္တိုင္ေပးခဲ့ပီး သားကို
သူ ့သားဆိုတာသာ ေျပာပီး အိမ္ေခၚလာခဲ့သည္။ သားေကာင္ေလးကို ေတာ့ အားနာေပမဲ့  သားေဇာ နဲ ့သူမတရားလုပ္ထားသလို ျဖစ္ေနေပမဲ့ မသိခ်င္ေယာင္ေဆာင္ထားမိသည္။

" ကိုထြဋ္တင္ ဖုန္းဆက္တယ္ ။ မင္း သူ ့ဖုန္းကို မကိုင္ဘူးဆို "

အိမ္ေဖာ္ေကာင္မေလး လာခ်ေပးတဲ့ လက္ဖက္ရည္ပန္းကန္ကို အေႀကာင္းမဲ့ ေငးပီး ဇ  ေခါင္းညိမ့္ျပလိုက္သည္။
ေဖေဖ့ဆီက ဖုန္းလာတိုင္း ဇ မကိုင္ျဖစ္တာေတာင္ႀကာပီ။ ေဖေဖပင္ပန္းမွန္းသိေပမဲ့ ဇ  လူလူ ့ကိုထားပီး မျပန္နိုင္ေပ။

" မင္း အေမ ေနမေကာင္းလို ့ေဆးရုံတင္ထားရတယ္တဲ့ ျမန္ျမန္ျပန္လာခဲ့ဖို ့ေစာေစာက ဖုန္းဆက္လာတယ္ ကုိတိုင္း။ ဦးေလးအေနနဲ ့ ျပန္ပါလို ့မေျပာခ်င္ေပမဲ့ ျပန္သင့္တယ္လို ့ေတာ့ အႀကံေပးခ်င္တယ္"

"ေမေမ  ေမေမ ဘာျဖစ္တာတဲ့လဲ "

ဇ ဦးေသာ္တာကို အထိတ္တလန္ ့ေမးမိသည္။ လူလူ ကားတိုက္ခံရပီးကတည္းက ေဆးရုံေဆးခန္းကို ေႀကာက္ရြံ ့ေနသည္မို ့
ဇ အသံက အနည္းငယ္တုန္ရင္ ေနသည္။

" လူႀကီးေရာဂါ ေနမွာပါ သိပ္စိုးရိမ္စရာမလို ပါဘူး။ ဒါေပမဲ့ လူလူက သက္သာေနပီပဲ သား အိမ္ကိုေတာ့ ခနျပန္ႀကည့္သင့္တယ္ လို ့ဦးေလးအေနနဲ ့ေျပာခ်င္တယ္"

ဇ  လူလူ ့ကို ႀကည့္ပီး ေတြေဝသြားသည္။လူလူ က ဇြန္းနဲ ့ ထမင္းေႀကာ္ပန္းကန္ေလးကို မစားပဲထိုးေမႊေန၏။  
ေမေမ ့ဆီကိုလဲျပန္ခ်င္သည္။ လူ လူ ့ကိုလဲ မထားရက္ခဲ့နိုင္။
လူလူ အတိတ္ျပန္သတိရရင္သိပ္ေကာင္းမွာပဲ ခုေတာ့ ……

"ဟုတ္ က်ြန္ေတာ္ လူလူနဲ ့တိုင္ပင္လိုက္ပါအုန္းမယ္ "

"အင္း ဦးေလးေဆးခန္းသြားေတာ့မယ္ ။
မင္းလိုအပ္တာရွိရင္ဖုန္းဆက္လိုက္"

ေျပာပီး ထထြက္သြားတဲ့ ဦးေသာ္တာက တမင္ေရွာင္ထြက္ေပးသြားမွန္းဇ သိသည္။
ထို ့ေႀကာင့္ လူလူ ့လက္ေလးကို ညင္သာစြာ ဆုတ္ကိုင္လိုက္ပီး

"လူလူေလး ကိုယ္ မျပန္မျဖစ္ျပန္ရေတာ့မယ္။ မင္းႀကားတဲ့ အတိုင္းပဲ ကိုယ့္အေမေနမေကာင္းဘူးတဲ့ ။ အဲ့ဒါ…"

ဇ တဝက္တပ်က္ ရပ္သြားပီး လူလူ ့ကို
ေငးရင္းသက္ျပင္းခ်လိုက္သည္။ သူ မေျပာခ်င္ေပမဲ့ ေျပာရေတာ့မည္။
လူလူျငင္းမယ္ဆိုတာသိေပမဲ့လဲ

"အဲ့ဒါ ေႀကာင့္ ကိုယ္နဲ ့အတူ ျပန္လိုက္ခဲ့ခ်င္လား "

ခ်စ္တဲ့အိမ္စည္။

[မန္ ့ေလး ေတြကို Reply မျပန္ျဖစ္ေပမဲ့ ဖတ္ျဖစ္ပါတယ္။ အရင္လို ရြစိထိုးပီး ေျပာသမ်ွ  ေပ်ာ္ေပ်ာ္ပါးပါး စကားျပန္ခ်င္ေပမဲ့ စိတ္အေျခေနရမေကာင္းတာေရာ wifiကပ္သံုးေနရတာေရာေႀကာင့္ မျပန္ျဖစ္တာပါ။  ပီးေတာ့ ဇ  ကို အပိုင္း၄၀ေလာက္ ဇာတ္သိမ္းေတာ့မွာ ဆိုတဲ့ အေႀကာင္းေလးေျပာခ်င္ပါတယ္။  ဇ  ကိုပီးသြားလို ့ မေပ်ာ္တဲ့သူေလးေတြရွိရင္လဲ သီးသန္ ့Extra ေရးပါ့မယ္ဆိုတာရယ္ ေနာက္ပီး မေရးရရင္မေပ်ာ္တဲ့ မအိမ္စည္က ခုတေလာ သိပ္ခ်စ္စရာေကာင္းတဲ့ Semeေပါက္စေလးတစ္ေယာက္ကို ႀကိတ္ပီး ပံုေဖာ္ေနတာရယ္ကို အသိေပးခ်င္လို ့။

ျပီးေတာ့ …

အတက္နိုင္ဆံုး ဂရုစိုက္ဖို ့လဲ မွာခ်င္တယ္။
မအိမ္စည္က ရြာမွာေနရတဲ့ သူမို ့ေအးခ်မ္းေနေပမဲ့ ျမိဳ ့ေတြမွာ ေနတဲ့ ကေလးေတြကို တကယ္စိတ္ပူပါတယ္။

ရြာဖက္က နယ္ဖက္က လူေတြ ေနသာသလို ေနတယ္လို ့ မေတြးေစခ်င္ဘူး။
တသားထဲ တစိတ္ထဲမို ့ထပ္တူ တက္နိုင္တဲ့ဖက္ကေန ပါဝင္ လွဳပ္ရွားေနတယ္ ဆိုတာကို သိေစခ်င္တယ္။

အေရးေတာ္ပံုေအာင္ေတာ့မွာမို ့ခနေလာက္ပဲ သည္းခံေပးပါ။


>>>>>>>>>>>><<<<<<<<<<<<




တစ်လကြာပီးသည့်နောက်……

" ဒီလောက်အေးနေတာကို ဘာထွက်လုပ်နေတာလဲ လူလူ ။ "

မာကျောနေပေမဲ့ ကြင်နာနွေးထွေးမူ့ ရှိတဲ့
အသံကြောင့်  လူငယ်ဦး နောက်လှည့်ကြည့်လိုက်သည်။

အနက်ရောင် ဆွယ်တာ အထူကြီးဝတ်ထားတဲ့ ထိုလူက သန်မာထွားကြိုင်းပီး
အရပ်ရှည်သည်။ အိမ်ထဲကနေထွက်ကတည်း ကိုင်ဆောင်လာတဲ့ အပြာရောင် မာဖလာလေး ကို  လူငယ်ဦး လည်ပင်းလာရောက်ပတ်ပေးလာပီး …။

"ကြည့်စမ်းအေးစက်နေတာပဲ ။ နောက်တခါ အစောကြီးထပီး အပြင်ထွက်မထိုင်နဲ့ ။
ဒီလောက်နှင်းတွေကျနေတာကို ဘာထွက်ထွက်လုပ်မှန်းမသိဘူး"

ထို့ လူ့ ၏ ပွစိပွစိ စကားတွေကြောင့် လူငယ်ဦး နှုတ်ခမ်းတွေ အပြင်ထွက်လာသည်ထိ စူတင်းသွား၏။ ဆေးရုံကတည်းက မမှတ်မိတဲ့ ထိုသူက သူ့ အိမ်ကိုလဲ မပြန်ပဲ လူငယ်ဦးတို့ အိမ်မှာပဲ လာနေတာ တလတောင်ပြည့်တော့မယ်။ ဟိုဟာမလုပ်ရဒီဟာမလုပ်ရ ချုပ်ချယ်တက်လွန်းလို့ လူငယ်ဦးနဲ့ သိပ်မတည့်ချင်ပေမဲ့ အဖေဆိုတဲ့ သူထပ်စာရင် ထိုသူနဲ့ ပိုရင်းနီးနေသလို လဲခံစားရသေးသည်။ အရိုးအက်သွားတဲ့ ခြေထောက်သည်လဲ ခုထိ ပက်တီးစည်းထားရတုန်းမို့  ထိုသူရဲ့ အသားယူတာကိုလဲ လူငယ်ဦး မကျေနပ်ပေမဲ့ ရေချိုးပေးတာကအစ ငြိမ်သက်စွာခံနေရတုန်း။

" အချိန်တိုင်းဟိုဟာမလုပ်ရဘူး ဒီဟာ မလုပ်ရဘူးနဲ့ လိုက်မချုပ်ချယ်ပါနဲ့  ။ ကျွန်တော့်ဘာသာ အစောကြီးနိုးနေလို့  အပြင်ထွက်ထိုင်တာ အဲ့ဒါ ဘာဖြစ်လဲ"

ရှု့ တင်းတင်းလုပ်နေတဲ့ ရုပ်လေးကြောင့်
ဇ  တချက်အံကြိတ်လိုက်ပီး…

"လူလူ မင်းခုတလော နေမကောင်းလို့ အလို လိုက်ထားတာကို အရမ်းဆိုးလာတာပဲ။ ထ  အိမ်ထဲဝင်မယ် ။ နောက်တခါ ကိုယ့်စကားနားမထောင်ပဲ ခုလို အေးအေးကြီးထဲ ထွက်ထိုင်နေရင် ဟိုတနေ့ ကလို နှုတ်ခမ်းတွေ ပေါက်သွားအောင် ဖက်နမ်းပစ်မယ်"

လူလူ မကျေမနပ် ထိုလူ့ ကို မျက်စောင်းထိုးလိုက်ပေမဲ့ ပါးတွေနီလာအောင်ထိ ရှက်ရွံ့ သွားသည်။
အဲ့ဒီနေ့ က လက်ရဲဇက်ရဲ နဲ့ ထိုလူက
ဆေးတိုက်တာ မသောက်လို့ ဂျီကျနေတဲ့ လူငယ်ဦးကို ဇွတ်ဖက်နမ်းလိုက်သည်။

နမ်းရုံလောက်ပဲဆို ပူထူနေအောင် ရှက်စရာမလိုပေမဲ့ သမီးရည်းစားတွေလို
ကျွမ်းကျင်စွာ လူငယ်ဦးနှုတ်ခမ်းတွေကို နမ်းလိုက်တာပင်ဖြစ်သည်။  တစ်ရက်တိတိ
အခန်းထဲက မထွက်ပဲ ရှောင်နေခဲ့ ပေမဲ့
မျက်နှာပြောင်တဲ့ ထိုသူက အတင်း လိုက်လိုက်ပတ်သတ်သည်မို့ မခေါ်ချင်လဲ ခေါ်နေရသည်။

" ပလုတ်တုတ်ကြီး! "

မလှုတ်တငုတ် လုပ်နေတဲ့ လူလူ့ ကို ဇစိင်ရှည်တော့တာကြောင့် ဆွဲပွေ့ ချီလိုက်သည်။

" ဘာလုပ်တာလဲ ခုပြန်ချပေး"

"တိတ်စမ်း လူလူ ။ ကိုယ့်ဒေါသကို လာမဆွနဲ့ ။ ဘယ်လောက်ပဲ အတိတ်မေ့တယ်ပြောပြော မင်းရည်းစားကငါ  ငါ့ရည်းစားကလဲ မင်းပဲ။ ကိုယ့်ချစ်သူတစ်ယောက်လုံးကို သူစိမ်းတစ်ယောက်လို ဆက်ဆံနေတာကို ငါသည်းခံနေလို့ ရောင့်တင်မလာနဲ့ ။ မင်းပြောတော့ ငါ့ကို သေတဲ့ထိ ချစ်သွားမှာပါဆို ။ အဲ့ဒါ အလိမ်အညာတွေ"

ဒေါသတကြီးပြောနေတဲ့ ထိုသူက စိတ်ဆိုးနေတာတောင် ချောနေသေးသည်။ သို့ သော်လဲ ကိုယ့်ကို အလိမ်အညာလို့ ပြောတာတော့ လူငယ်ဦး လက်မခံနိုင်ပါ။

"ဒီမှာ ကျွန်တော်ကိုပဲ လာဆူမနေနဲ့ ။
ခင်များကရော နေမကောင်းဖြစ်နေတဲ့
ကျွန်တော့်ကို ဘယ်နှစ်ခါလောက်နုနုညံ့ညံ့
ဆက်ဆံပေးဖူးလဲ။ အချိန်တိုင်းအော်နေတာပဲမို့ လား။ တကယ်ဆို ခင်များကမှ
ချစ်တယ်ဆိုပီးအပြစ်မရှိအပြစ်ရှာနေတဲ့
လူယုတ်မာကြီး"

"လူလူ မင်းတော်တော့နော်"

ပွေ့ ချီထားရက်နဲ့ သူပြိုင်ကိုယ်ပြိုင်အော်နေတာမို့  အိမ်ထဲ သွားဖို့ ကို ဇ ကိုယ်တိုင်မေ့နေ၏။

"မတော်နိုင်ဘူး ။ အကောင်ကြီးတယ်ဆိုပီး လာ အနိုင်မကျင့်နဲ့ ။ လူငယ်ဦးတဲ့ တစ်ဦးတယ်ရှိတယ်"

စူပုတ်တည်တင်းနေတဲ့ မျက်နှာကို စူးစိုက်ကြည့်ပီး ဇ စိတ်လျော့လိုက်သည်။
သူ့ ဖက်ကသာစိတ်လျော့လိုက်တာ
လူလူကတော့ မျက်မှောင်ကုတ်ကာ သူ့ ကို ကြည့်နေတုန်း။ 

"မျက်နှာထားကို ပြင်လိုက်လူလူ ။ မဟုတ်ရင် မင်းကို လွှတ်ချမိတော့မယ်"

"ဟွန့် …"

ပြောလိုက်တော့ ဟွန့် ကနဲ့ နေအောင်လုပ်ပီး မျက်စောင်းထိုးသွားသေးသည်။ ထိုပိုစံလေးကိုကြည့်ပီး ဇ ရင်ထဲ ရွစိထိုးလာ၏။
ဟိုအရင်ကတည်းက ဟွန့် ဆိုတဲ့ ပုံစံလေးလုပ်ပီး မျက်မှောင်လေးကုတ်ပြတိုင်း အူယားလွန်းလို့  ဇ  ဖက်နမ်းနေကြ။ ခုတော့
ကိုယ့်ရည်းစားကိုအစကပြန်ပိုးနေရသလိုပဲ။ နမ်းတာလေးတောင် စိတ်ကောက်တက်သည်မို့ ဇ အနေနဲ့ တခါလေ ပေါက်ကွဲပစ်လိုက်ချင်သည်ထိ စိတ်တိုရသည်။

" အထဲသွားမယ် ။ အေးနေပီ။ နောက်ကို
ကိုယ်မပါပဲ အပြင်ထွက်မထိုင်နဲ့ ။ အအေးမိရင် ကိုယ်ပဲ စိတ်ပူနေရမှာ "

" အပိုတွေ ။ ဖေဖေ ရှိသေးတယ်ဆိုတာ သတိရအုန်း"

" မင်းအဖေက ပိုင်သာပိုင်တာ မဆိုင်တော့ဘူး။ မင်းနဲ့ ငါနဲ့ ဘယ်အခြေနေရှိတယ်ဆိုတာမေ့ နေတယ်ဆိုရင် ပြန် အစဖော်ပေးရမလားလူလူ။"

"ဖြန်း! … အရှက်မရှိတဲ့ လူကြီး"

ရင်ဖက်ကိုလှမ်းရိုက်ပီးဇ ကိုလုံးဝ မကြည့်တော့သည်ကြောင့် ထပ် စလိုက်သည်။

" အဲ့ဒီအရှက်မရှိတဲ့ လူကြီးက မင်းမေ့နေတယ်ဆိုပေမဲ့ ရေမရောတဲ့ မင်းလင်လေ"

"……"

ကျေနပ်အောင် အသားယူလိုက်တော့ လုံးဝ လူလူတို့ အသံထွက်မလာတော့။

နီရဲနေတဲ့ နားရွက်ဖျားလေးနဲ့ လူလူက
ခုထိ မျက်နှာ လွှဲထားတုန်းမို့ ဇ ပြုံးလိုက်ပီး အိမ်ထဲပြန်ခေါ်လာခဲ့သည်။

" သားငယ် အိမ်ရှေ့ ထွက်ထိုင်ပြန်ပီလား"

အပေါ်ထပ်က ဆင်းလာတဲ့ ဦးသော်တာဦးသည်ဇ  ပွေ့ ချီလာတဲ့ သားကိုကြည့်ပီးပြောလိုက်သည်။

"ဟုတ်တယ်ဦးလေး။ လူလူ ခုတလောအရမ်းဆိုးလာတယ်။ ပြောစကားလဲနားမထောင်ဘူး။ "

ဇ  ထမင်းစားပွဲမှာ ချပီး သူကအရင်ဦးအောင်တိုင်လိုက်သည်။

"မဟုတ်ဘူး ဖေဖေ သားအစောကြီးနိုးလို့ ခနထွက်ထိုင်တာပါ။ "

ပြောပီးခေါင်းငုံ့ သွားတဲ့ သားက ခုထိ
သူ့ ကိုစိမ်းသက်နေတုန်း။ လူငယ်ဦးဆိုတဲ့ နာမည်ကို သူကိုယ်တိုင်ပေးခဲ့ပီး သားကို
သူ့ သားဆိုတာသာ ပြောပီး အိမ်ခေါ်လာခဲ့သည်။ သားကောင်လေးကို တော့ အားနာပေမဲ့  သားဇော နဲ့ သူမတရားလုပ်ထားသလို ဖြစ်နေပေမဲ့ မသိချင်ယောင်ဆောင်ထားမိသည်။

" ကိုထွဋ်တင် ဖုန်းဆက်တယ် ။ မင်း သူ့ ဖုန်းကို မကိုင်ဘူးဆို "

အိမ်ဖော်ကောင်မလေး လာချပေးတဲ့ လက်ဖက်ရည်ပန်းကန်ကို အကြောင်းမဲ့ ငေးပီး ဇ  ခေါင်းညိမ့်ပြလိုက်သည်။
ဖေဖေ့ဆီက ဖုန်းလာတိုင်း ဇ မကိုင်ဖြစ်တာတောင်ကြာပီ။ ဖေဖေပင်ပန်းမှန်းသိပေမဲ့ ဇ  လူလူ့ ကိုထားပီး မပြန်နိုင်ပေ။

" မင်း အမေ နေမကောင်းလို့ ဆေးရုံတင်ထားရတယ်တဲ့ မြန်မြန်ပြန်လာခဲ့ဖို့ စောစောက ဖုန်းဆက်လာတယ် ကိုတိုင်း။ ဦးလေးအနေနဲ့  ပြန်ပါလို့ မပြောချင်ပေမဲ့ ပြန်သင့်တယ်လို့ တော့ အကြံပေးချင်တယ်"

"မေမေ  မေမေ ဘာဖြစ်တာတဲ့လဲ "

ဇ ဦးသော်တာကို အထိတ်တလန့် မေးမိသည်။ လူလူ ကားတိုက်ခံရပီးကတည်းက ဆေးရုံဆေးခန်းကို ကြောက်ရွံ့ နေသည်မို့
ဇ အသံက အနည်းငယ်တုန်ရင် နေသည်။

" လူကြီးရောဂါ နေမှာပါ သိပ်စိုးရိမ်စရာမလို ပါဘူး။ ဒါပေမဲ့ လူလူက သက်သာနေပီပဲ သား အိမ်ကိုတော့ ခနပြန်ကြည့်သင့်တယ် လို့ ဦးလေးအနေနဲ့ ပြောချင်တယ်"

ဇ  လူလူ့ ကို ကြည့်ပီး တွေဝေသွားသည်။လူလူ က ဇွန်းနဲ့  ထမင်းကြော်ပန်းကန်လေးကို မစားပဲထိုးမွှေနေ၏။  
မေမေ့ ဆီကိုလဲပြန်ချင်သည်။ လူ လူ့ ကိုလဲ မထားရက်ခဲ့နိုင်။
လူလူ အတိတ်ပြန်သတိရရင်သိပ်ကောင်းမှာပဲ ခုတော့ ……

"ဟုတ် ကျွန်တော် လူလူနဲ့ တိုင်ပင်လိုက်ပါအုန်းမယ် "

"အင်း ဦးလေးဆေးခန်းသွားတော့မယ် ။
မင်းလိုအပ်တာရှိရင်ဖုန်းဆက်လိုက်"

ပြောပီး ထထွက်သွားတဲ့ ဦးသော်တာက တမင်ရှောင်ထွက်ပေးသွားမှန်းဇ သိသည်။
ထို့ ကြောင့် လူလူ့ လက်လေးကို ညင်သာစွာ ဆုတ်ကိုင်လိုက်ပီး

"လူလူလေး ကိုယ် မပြန်မဖြစ်ပြန်ရတော့မယ်။ မင်းကြားတဲ့ အတိုင်းပဲ ကိုယ့်အမေနေမကောင်းဘူးတဲ့ ။ အဲ့ဒါ…"

ဇ တဝက်တပျက် ရပ်သွားပီး လူလူ့ ကို
ငေးရင်းသက်ပြင်းချလိုက်သည်။ သူ မပြောချင်ပေမဲ့ ပြောရတော့မည်။
လူလူငြင်းမယ်ဆိုတာသိပေမဲ့လဲ

"အဲ့ဒါ ကြောင့် ကိုယ်နဲ့ အတူ ပြန်လိုက်ခဲ့ချင်လား "

ချစ်တဲ့အိမ်စည်။

[မန့် လေး တွေကို Reply မပြန်ဖြစ်ပေမဲ့ ဖတ်ဖြစ်ပါတယ်။ အရင်လို ရွစိထိုးပီး ပြောသမျှ  ပျော်ပျော်ပါးပါး စကားပြန်ချင်ပေမဲ့ စိတ်အခြေနေရမကောင်းတာရော wifiကပ်သုံးနေရတာရောကြောင့် မပြန်ဖြစ်တာပါ။  ပီးတော့ ဇ  ကို အပိုင်း၄၀လောက် ဇာတ်သိမ်းတော့မှာ ဆိုတဲ့ အကြောင်းလေးပြောချင်ပါတယ်။  ဇ  ကိုပီးသွားလို့  မပျော်တဲ့သူလေးတွေရှိရင်လဲ သီးသန့် Extra ရေးပါ့မယ်ဆိုတာရယ် နောက်ပီး မရေးရရင်မပျော်တဲ့ မအိမ်စည်က ခုတလော သိပ်ချစ်စရာကောင်းတဲ့ Semeပေါက်စလေးတစ်ယောက်ကို ကြိတ်ပီး ပုံဖော်နေတာရယ်ကို အသိပေးချင်လို့ ။

ပြီးတော့ …

အတက်နိုင်ဆုံး ဂရုစိုက်ဖို့ လဲ မှာချင်တယ်။
မအိမ်စည်က ရွာမှာနေရတဲ့ သူမို့ အေးချမ်းနေပေမဲ့ မြို့ တွေမှာ နေတဲ့ ကလေးတွေကို တကယ်စိတ်ပူပါတယ်။

ရွာဖက်က နယ်ဖက်က လူတွေ နေသာသလို နေတယ်လို့  မတွေးစေချင်ဘူး။
တသားထဲ တစိတ်ထဲမို့ ထပ်တူ တက်နိုင်တဲ့ဖက်ကနေ ပါဝင် လှုပ်ရှားနေတယ် ဆိုတာကို သိစေချင်တယ်။

အရေးတော်ပုံအောင်တော့မှာမို့ ခနလောက်ပဲ သည်းခံပေးပါ။

Bạn đang đọc truyện trên: Truyen3h.Co