Truyen3h.Co

Completed

" နိုးေနျပီလား ...သက္ပံု "

အိပ္ယာထပ္မွာ ေခြေခါက္အိပ္ေနေသးတဲ့ သက္ပံုတစ္ေယာက္ ေကာင္းခ်ီအသံႀကားေတာ့ မ်က္နွာကို မျမင္ရေအာင္ေဘးက ေခါင္းအံုးကို ယူကြယ္လိုက္သည္။

"စိတ္မေျပေသးဘူးလား...သက္ပံုရယ္။
က်ြန္ေတာ့္ကိုတေန ့လံုးစိတ္ဆိုးေနရတာ
မပင္ပန္းဘူးလား"

ကုတင္ေပၚကို ေကာင္းခ်ီဝင္ထိုင္ရင္းဆိုလိုက္သည္။
မနက္အေစာႀကီး ေကာင္းခ်ီ အိပ္ယာနိုးေတာ့ သက္ပံုက သူ ့ရင္ခြင္ထဲမွာ။
မေန ့ကဘာေတြပဲျဖစ္ခဲ့ျဖစ္ခဲ့ ဒီေန ့ေတာ့သက္ပံုေက်နပ္ေအာင္ သူေျပာင္းလဲေပးဖို ့ေတြးထားျပီးသား။

"သက္ပံု... ကေလးေလးလို ခ်င္တယ္ဆို။အဲ့လို မ်က္နွာႀကီးကြယ္ထားရင္
စကားဘယ္လိုေျပာမလဲ။ ဖယ္လိုက္ပါအုန္းခင္ဗ်ားရယ္။ "

နုညံ့ညင္သာတဲ့ ေကာင္းခ်ီစကားတို ့
ေႀကာင့္ သက္ပံု ကြယ္ဝွက္ထားတဲ့ ေခါင္းအုန္းကို ဖယ္ခြာျပီး လက္နဲ ့ေပြ ့ဖက္ထားလိုက္သည္။

"က်ြန္ေတာ္ တို ့နွစ္ေယာက္ ပိုက္ဆံစုျပီးရင္ သက္ပံုလိုခ်င္တဲ့ ကေလးေလးတစ္ေယာက္ယူႀကမယ္ေနာ္ "

"မင္းစိတ္္မပါရင္ လုပ္ေပးစရာမလိုဘူး"

ေခါင္းမာသူေလးသက္ပံုက တခါတေလ
မာန္မာနကလည္းႀကီးေသးသည္မို ့......

"စိတ္ပါပါတယ္ခင္ဗ်ားရယ္။
ခင္ဗ်ားကိုလည္းခ်စ္မယ္။ ခင္ဗ်ားေလာက္ႀကီးမဟုတ္ေပမဲ့ ရလာမဲ့ကေလးကိုလဲ
ခ်စ္မွာပါဗ်ာ"

လံုးလံုးလ်ားလ်ားအေလ်ာ့ေပးလိုက္တာမဟုတ္ေပမဲ့ ဒါဟာ ေကာင္းခ်ီလုပ္ေပးနိုင္တာထက္ပိုေနေသးသည္မို ့သက္ပံုေက်နပ္သြား၏။
ေတာ္ေသးသည္။ ပိစိေလးေလာက္ပဲ
ခ်စ္နိုင္မွာလို ့မေျပာလို ့။

"ျပီးေရာ။ "

"ဒါဆို သက္ပံုစိတ္ဆိုးေျပသြားပီလားဟင္"

"က်စ္! မင္းတအားတံုးတာပဲ။
လာငါ့ဆီကို "

ရင္ဖြင့္ကာလက္ကမ္း ေပးလိုက္မိသည္ထိ သက္ပံု မူယာမာယာမမ်ားနိုင္ေတာ့ပီ။
ေကာင္းခ်ီကိုေနာက္တခါစိတ္မေကာက္
ဖို ့ကိုယ့္ကိုကိုယ္ ျဖည့္ေတြးထားသည္။
မေခ်ာ့တက္သူသည္ ေခ်ာ့ဖို ့အေရးတစ္ရက္ႀကာေအာင္ နည္းလမ္း စဥ္းစားရသည္ေႀကာင့္ အေခ်ာ့ခံဖို ့စိတ္မရွည္ေတာ့။

"ေနာက္ကို အရမ္းႀကီးႀကာေအာင္စိတ္မဆိုးပါနဲ ့သက္ပံုရယ္။ က်ြန္ေတာ္တကယ္ဝမ္းနည္းလို ့ပါ။ "

ရင္ဘတ္ေပၚကိုေခါင္းတင္ရင္း ေျပာလာတဲ့ေကာင္းခ်ီ ကိုေထြးေပြ ့ရင္း...

"မသိဘူး။ မင္းဘာလို ့ငါစိတ္ေကာက္မွန္းသိရက္နဲ ့ခ်က္ျခင္းမေခ်ာ့လဲ "

" ေခ်ာ့ပါတယ္ခင္ဗ်ားရယ္။
က်ြန္ေတာ္ စကားေတြအမ်ားႀကီးမေျပာတက္တာ ခ်စ္တဲ့သက္ပံုေလးလည္းသိရက္နဲ ့။"

"မသိဘူး။ မင္းေခ်ာ့ဖို ့အေရး ငါေစာင့္ေနရတာ feelငုတ္တယ္။ ေနာက္တခါ ငါမင္းကို စိတ္မေကာက္ေတာ့ဘူး။
စိတ္ပဲဆိုးပစ္လိုက္ေတာ့မယ္။ "

"အင္း သက္ပံုေလး သေဘာ"

ဖက္ထားတဲ့ သက္ပံုလက္ေမာင္းကို ျပန္ဖက္ရင္း ေကာင္းခ်ီေျပာလာေတာ့ သက္ပံုက အခ်စ္ပိုရသည္။

လိမ္မာတဲ့ ေယာက်ာ္းကိုရထားေပမဲ့
မေခ်ာ့တက္တာေတာ့ အဆင္မေျပေသး။

"ေကာင္းခ်ီ ငါမေန ့ညက အေပါ့သြားေတာ့ ... ဟိုဖက္ျခံဖက္က မိန္းမႀကီးတစ္ေယာက္ကိုေတြ ့တယ္။ "

"အဲ့ဖက္က လူမွမေနတာ ။သက္ပံု အိပ္ခ်င္မူးတူးနဲ ့အျမင္မွားတာေနမွာပါ...ေနာက္ကို ညမိုးခ်ဳပ္ရင္ တစ္ေယာက္ထဲမသြားနဲ ့က်ြန္ေတာ္ကို နွဳိး "

အယံုႀကည္မရွိတာလား ဘာလားမသိတဲ့
ေကာင္းခ်ီေႀကာင့္ သက္ပံုေရွ ့ဆက္မေျပာမိ။ ေသခ်ာတာေတာ့ မေန ့ညက
သက္ပံုေတြ ့လိုက္တာလံုးဝ လူမဟုတ္ဘူးဆိုတာပဲ။
ျပန္ေျပလည္ခါစ ဆိုေတာ့ နွစ္ေယာက္သား ေတာ္ေတာ္နဲ ့အိပ္ဟာထဲက မထျဖစ္။
ဘာရယ္မဟုတ္တဲ့ စကားေတြက တညေလးခြဲလိုက္တာနဲ ့ေျပာစရာစကားမကုန္နိုင္ေတာ့။
အတူတူခ်စ္ႀကည္နူးေနခ်င္ေသးေပမဲ့ လက္လုပ္မွ ပါးစပ္စားရမဲ့ဘဝေတြမို ့...

"ေကာင္းခ်ီ ထရေအာင္ ဖယ္ေတာ့"

"မထပါေသးနဲ ့အုံး။ က်ြန္ေတာ္ခင္ဗ်ားကို လြမ္းေနတာမေျပေသးဘူး"

"ေတာ္ပီကြာ ထေတာ့ ။ မင္း ဒီေန ့
ျမိဳ ့ေလးကို ကိုထက္နဲ ့လိုက္မွာမို ့လား။ ငါးေျခာက္ေတြကို ေသခ်ာကားဂိတ္ကို ပို ့ခဲ့ေနာ္။ ႀကားလား ငါမွာေနတာေတြ "

အင္းအဲမလုပ္ပဲ ရင္ဖက္ေပၚကေန မထခ်င္ေနတဲ့ ေကာင္းခ်ီက သက္ပံု စကားေတြကို မႀကားခ်င္ေယာင္ေဆာင္ေန၏။

"ကိုေကာင္း ကိုေကာင္း ။ ျမိဳ ့ေလးသြားမွာဆို က်ြန္ေတာ္ေရာက္ေနျပီေနာ္ "

"က်စ္ ! "

အိမ္ေရွ ့က ကိုထက္ေအာ္သံေႀကာင့္
အလိုမက်သံက ခ်က္ျခင္းထြက္လာ၏။
ေကာင္းခ်ီ ဘယ္တုန္းက စိတ္မရွည္ျဖစ္ဘူးလို ့လဲ။ အံ့ႀသစရာ

"သက္ပံု က်ြန္ေတာ္ကို ခ်စ္တယ္လို ့ေျပာအုန္း "

ေခါင္းေမာ့ပီးေမးလာတဲ့ မ်က္နွာ က
မေျပာရင္ မသြားဘူးလို ့ဆံုးျဖတ္ထားဟန္။ မ်က္ခံုးေတြက တြန္ ့လို ့။
စူးစိုက္ၿပီးႀကည့္ေနတဲ့ အႀကည့္ရဲရဲတုန္းက ဟိုးလြန္ခဲ့ေသာ သံုးနွစ္ေက်ာ္က
ေကာင္းခ်ီ ေပါက္စေလးအတိုင္းပဲ။
သမီးရည္းစားအတိုင္းတာထက္ေက်ာ္လြန္ေနတဲ့ ပတ္သတ္မူ ့မ်ိဳးကို ဒီကေလးေမ့ေနသလား။
အသားမက်ေသးတဲ့ အႀကည့္တို ့ေႀကာင့္ရင္ထဲမွာ ကတုန္ကရင္ျဖစ္သြား၏။
ေကာင္းခ်ီက သက္ပံုအတြက္ကေတာ့ ဘယ္ေတာ့မွ ရုိးမသြားတဲ့ တံငါကုန္းရြာသားေလးပင္။

"ခ်စ္ပါ့ ခ်စ္ပါ့။ ထေတာ့။ ဟိုမွာ ကိုထက္ေစာင့္ေနတာ အားနာစရာ ။"

"အင္းပါ။ အျပင္မွာ ထမင္းခ်က္ထားျပီးျပီ။ ဟင္းကေတာ့ မေန ့က ဝက္သားျပဳတ္ေက်ာ္ေလး ျပန္ေႏြးစားလိုက္ေတာ့။
ေလ်ွာက္မခ်က္ေတာ့နဲ ့ေနာ္။ အပူေလာင္လိမ့္မယ္။ ခနေန ျမသက္အေဖာ္လာေနေပးလိမ့္မယ္။ ဖိုးသားနဲ ့ေပါင္းျပီးေရဆိပ္ေလ်ွာက္သြားမေဆာ့နဲ ့ေနာ္။ "

မႀကာခဏ ႀကားေလ့ရွိေသာ အမွာစကားတို ့က အလြတ္ရေနေပမဲ့ ေကာင္းခ်ီအလိုက် လိမ္လိမ္မာမာနားေထာင္ေပးလိုက္သည္။

ေႏြးေထြးသြားတဲ့ ပါးျပင္တဖက္နဲ ့အတူ
ေပါ့ပါးတဲ့ခႏၶာကိုယ္က ေကာင္းခ်ီဆြဲထူျခင္းခံလိုက္ရသည္။
ႀကမ္းျပင္ေပၚေျခခ်လိုက္တာနဲ ့သြက္လက္ျမန္ဆန္စြာပင္ ေကာင္းခ်ီက အိပ္ယာသိမ္းေန၏။ ထပ္တိုးလာတဲ့
အေသးအမႊားေလးေတြကအစ ပန္းနုေရာင္ ေလးေတြမို ့ အခန္းသည္ ေယာက်ာ္းေလးနွစ္ေယာက္ေနတဲ့ပံုမေပၚပဲ
မိန္းကေလးတစ္ေယာက္အခန္းကဲ့သို ့ျဖစ္ေနေလသည္။
သို ့ေပမဲ့ သက္ပံုသေဘာက်သည္။
ေယာက်ာ္းေလးလည္းပန္းေရာင္ႀကိဳက္တက္သည္မို ့ပန္းေရာင္ နွစ္သက္ျခင္းအေပၚ ရွက္ရြံ ့ျခင္းအလ််င္းမရွိ။
ျဖည့္ဆည္းေပးတက္သူကလဲ
ျမိဳ ့ေလးတစ္ေခါက္သြားတိုင္း ပန္းေရာင္နဲ ့ပါတ္သတ္တာ တခုကေတာ့ပါသည္။
အေခ်ာမသတ္ထားတဲ့ အုတ္ႀကမ္းအိမ္ငယ္သည္ တျဖည္းျဖည္းနဲ ့ပန္းနုေရာင္
လြင္ျပင္ျဖစ္လာမွာ ကိုျမင္ေယာင္ရင္း
သက္ပံု ျပံဳးမိျပန္သည္။

"အျပန္ဘာဝယ္ခဲ့ရအုန္းမွာလဲ "

သပ္ရပ္သြားတဲ့ အိပ္ယာသည္
ေကာင္းခ်ီ လက္ထဲ ေရာက္မွ ပိုပီး
ေခါက္ေႀကာင္းညီ၏။
စိတ္ရွည္တက္လြန္းသူသည္ ေစာင္ေခါက္ရင္ေတာင္ အပိုအလို အစြန္းတစမထြက္ေစရ။ မညီမျခင္းအႀကိမ္ႀကိမ္ျပန္ေခါက္တက္ေသး၏။

"အျပန္ သလဲသီးပင္ဝယ္ခဲ့ေပး။ "

"အာ ...ဟုတ္သားပဲ ။ သက္ပံုအတြက္ စိုက္ေပးမယ္ေျပာထားတာ ေမ့ေတာ့မလို ့"

"အင္း ကားကို ဂရုစိုက္ေမာင္းခိုင္းေနာ္...ကိုထက္ကို။ မုိးကာယူသြားအုန္း။ ေလမိုးရာသီဆိုေတာ့ အျပန္က် ဒုကၡေရာက္လိမ့္မယ္ "

"ဟုတ္ကဲ့ပါ။ လာပါဦး ခဏဖက္ထားအုန္းမယ္ "

ႀကမ္းတမ္းတဲ့ လက္ဖဝါးေတြနဲ ့ဆြဲဖက္လိုက္ေတာ့ သက္ပံုက ေကာင္းခ်ီရင္ခြင္ထဲမွာေထြးခနဲ။ ဇြတ္တရြတ္လုပ္လိုက္တာလို ့အျပစ္မဆိုနိုင္ပါ။

ျပန္တည့္ကာစမွာေပၚလာတဲ့ အလုပ္တို ့ကို မုန္းသည္။
ိပိုက္ဆံမရွိပဲ ဘာမွလုပ္မရတဲ့ သမုဒၵရာဝမ္းတစ္ထြာကိုလည္း မုန္းသည္။
ခ်ြင္းခ်က္အေနနဲ ့ ေယာက်ာ္းျဖစ္သူ
ေကာင္းခ်ီကိုေတာ့ ခ်စ္သည္။

ေကာင္းခ်ီ ျမိဳ ့ေလးကို သြားသည့္တိုင္
အိ္္မ္မွာ လုပ္စရာမရွိပဲ ေယာင္ေတာင္ေတာင္ျဖစ္ေနသည္။
တစ္အိမ္လံုးဖုန္တမွဳန္မရွိေအာင္ သန္ ့ေရွးေရးလုပ္ထားတဲ့ ေကာင္းခ်ီေႀကာင့္ လုပ္စရာအလုပ္တခုေတာင္မရွိ။
ေဝဆာေနတဲ့ ဘုရားစင္မွာလဲ ပန္းအျပည့္အျပင္ မနက္ခင္းဘုရားဆြမ္းေတာ္နဲ ့
ဆီမီးေရခ်မ္းက ကပ္ျပီးသား။

စိတ္မပါလက္မပါ ႀကက္ဥပလာတာကို
ပါးစပ္ထဲထိုးသြင္းေနစဥ္ ခပ္က်ယ္က်ယ္ဆိုင္ကယ္သံက လူမျမင္ရေသးဘူး
နားထဲတိုးဝင္လာ၏။

"ကိုသက္ ...မနက္စာခုမွစားတာလား။ ဒီမွာ အေမက ေန ့ခင္းစာ စားရေအာင္ ပရစ္ေႀကာ္ေပးခိုင္းလိုက္လို ့"

ဖိုးသားက
ဆိုင္ကယ္ေပၚက မဆင္းခင္ကတည္းက
ေအာ္ျပီးေျပာလာ၏

လက္ထဲက ပန္းကန္လံုးေလးထဲမွာလဲ
ပရစ္ေႀကာ္ဆိုတဲ့ အမဲေရာင္အေကာင္ေလးေတြက ေျခကားယားလက္ကားယားနဲ ့။

"အိမ္ထဲေရာက္မွ ေျပာတာမဟုတ္ဘူး။
အေဝးကတည္းက ေအာ္လာမွေတာ့ မင္းအသံက တရြာလံုးမႀကားခ်င္မွအဆံုး"

"ဟီး ... ကိုသက္ကိုေတြ ့ေတာ့
ေက်ြးခ်င္ေဇာ အားႀကီးသြားတယ္။ "

အျဖဴေရာင္အျပံဳးမ်ားနဲ ့ဖိုးသားကို
ႀကည့္ကာ မနိုင္ဘူးဆိုတဲ့ သေဘာနဲ ့
ေခါင္းရမ္းျပလိုက္သည္။

"ကိုေကာင္းေရာ "

"ျမိဳ ့ေလးသြားတယ္။ အာ တခါထဲ ေႀကာင္အိမ္ထဲသြားထည့္ေခ်။ ငါမစားရဲဘူး"

အူယားလာတာေႀကာင့္ သက္ပံုတစ္ေယာက္ အတင္းဖိုးသားကို သြားသိမ္းခိုင္းရသည္။
သူတကယ္မစားရဲ။
မ်က္လံုးျပဴးျပဴးပရစ္ေလးေတြျမင္ေတာ့
ညက အေဒၚႀကီးကိုသြားသတိရသည္။

"ဖိုးသား ျမန္ျမန္သိမ္းပီး လာခဲ့။
ငါေမးစရာရွိလို ့"

"အင္း ဘာေမးမလို ့လဲ "

ေႀကာင္အိမ္တံခါးကို ပိတ္ပီး အနားမွာလာထိုင္တဲ့ ဖိုးသားက သက္ပံုေသာက္လက္စ ဖန္ကဲလက္ဖက္ရည္ခြက္ေလးကိုယူေသာက္ရင္းေျပာလာ၏။
ေျပာရမဲ့သူေတြမဟုတ္တာေႀကာင့္ စည္းကမ္းမဲ့လိုက္တာဆိုတဲ့ မႀကိဳက္တဲ့စိတ္ေတာ့မဝင္မိ။
စားလက္စ ပလာတာပန္းကန္ပါတိုးေပးရင္း

"ဟုိဖက္ျခံက သရဲေျခာက္တက္လား"

"ဘယ္ဖက္ျခံလဲ"

ပလာတာတဖဲ့ကို ပဲနဲ ့ပူးကာ ပါးစပ္ထဲထည့္ရင္း မအူမလယ္ ေမးလာေတာ့ ေျပာရမွာစိတ္မရွည္ေတာ့။

"ထားေတာ့ဘာမွမဟုတ္ေတာ့ဘူး "

"အြန္း...ကိုသက္သိလား ။ ဟိုဖက္ေတာင္ရြာက အုပ္ႀကီးသမီး သူဇာခ်ိဳဆိုတဲ့အမက ကိုေကာင္းကို ေမးေနတာ။
ေကာင္းေကာင္းရြာျပန္ေရာက္ေနတယ္ဆိုတဲ့။ အားရင္ အိမ္လည္လာခဲ့အုန္းတဲ့။
အဲ့အမက မႏၱေလးမွာ ေက်ာင္းတက္ေနတာ ခုအလည္ျပန္ေရာက္ေနတာ "

ဖိုးသားက စားရင္း ကေလးပီပီ သိသမ်ွေျပာျပေန၏။
နားေထာင္ရတဲ့ သက္ပံုကေတာ့
ရင္ထဲမွာမီးလိုပူေနသည္မို ့...

"မင္းအကိုနဲ ့အသိေတြလား"

"ရွစ္တန္း...ကိုးတန္း...ေလာက္တုန္းကေတာ့ ကိုေကာင္းနဲ ့အဲ့အမက ဘာလိုလို ျဖစ္ခဲ့ဘူးတယ္လို ့ေတာ့ ရြာထဲမွာေျပာသံႀကားဘူးတာပဲ ။ က်န္တာေတာ့ က်ြန္ေတာ္ဘာမွမသိတက္ဘူး "

ဖိုးသားရဲ့ က်န္တာဘာမွမသိဘူးဆိုတဲ့စကားကို သက္ပံု မႀကားမိေတာ့။
နားထဲမွာ ပဲ့တင္ေနတဲ့ အသံက
အဲ့အမနဲ ့ဘာလိုလိုျဖစ္ခဲ့ဘူးတယ္ဆိုတဲ့စကားပင္။

လာပါေစအုန္း ေကာင္းခ်ီ အျပန္
မင္းနဲ ့ငါနဲ ့ေတြ ့မယ္။

ခ်စ္တဲ့အိမ္စည္။


>>>>>>>><<<<<<<



" နိုးနေပြီလား ...သက်ပုံ "

အိပ်ယာထပ်မှာ ခွေခေါက်အိပ်နေသေးတဲ့ သက်ပုံတစ်ယောက် ကောင်းချီအသံကြားတော့ မျက်နှာကို မမြင်ရအောင်ဘေးက ခေါင်းအုံးကို ယူကွယ်လိုက်သည်။

"စိတ်မပြေသေးဘူးလား...သက်ပုံရယ်။
ကျွန်တော့်ကိုတနေ့ လုံးစိတ်ဆိုးနေရတာ
မပင်ပန်းဘူးလား"

ကုတင်ပေါ်ကို ကောင်းချီဝင်ထိုင်ရင်းဆိုလိုက်သည်။
မနက်အစောကြီး ကောင်းချီ အိပ်ယာနိုးတော့ သက်ပုံက သူ့ ရင်ခွင်ထဲမှာ။
မနေ့ ကဘာတွေပဲဖြစ်ခဲ့ဖြစ်ခဲ့ ဒီနေ့ တော့သက်ပုံကျေနပ်အောင် သူပြောင်းလဲပေးဖို့ တွေးထားပြီးသား။

"သက်ပုံ... ကလေးလေးလို ချင်တယ်ဆို။အဲ့လို မျက်နှာကြီးကွယ်ထားရင်
စကားဘယ်လိုပြောမလဲ။ ဖယ်လိုက်ပါအုန်းခင်များရယ်။ "

နုညံ့ညင်သာတဲ့ ကောင်းချီစကားတို့
ကြောင့် သက်ပုံ ကွယ်ဝှက်ထားတဲ့ ခေါင်းအုန်းကို ဖယ်ခွာပြီး လက်နဲ့ ပွေ့ ဖက်ထားလိုက်သည်။

"ကျွန်တော် တို့ နှစ်ယောက် ပိုက်ဆံစုပြီးရင် သက်ပုံလိုချင်တဲ့ ကလေးလေးတစ်ယောက်ယူကြမယ်နော် "

"မင်းစိတ်မပါရင် လုပ်ပေးစရာမလိုဘူး"

ခေါင်းမာသူလေးသက်ပုံက တခါတလေ
မာန်မာနကလဲကြီးသေးသည်မို့ ......

"စိတ်ပါပါတယ်ခင်များရယ်။
ခင်များကိုလဲချစ်မယ်။ ခင်များလောက်ကြီးမဟုတ်ပေမဲ့ ရလာမဲ့ကလေးကိုလဲ
ချစ်မှာပါဗျာ"

လုံးလုံးလျားလျားအလျော့ပေးလိုက်တာမဟုတ်ပေမဲ့ ဒါဟာ ကောင်းချီလုပ်ပေးနိုင်တာထက်ပိုနေသေးသည်မို့ သက်ပုံကျေနပ်သွား၏။
တော်သေးသည်။ ပိစိလေးလောက်ပဲ
ချစ်နိုင်မှာလို့ မပြောလို့ ။

"ပြီးရော။ "

"ဒါဆို သက်ပုံစိတ်ဆိုးပြေသွားပီလားဟင်"

"ကျစ်! မင်းတအားတုံးတာပဲ။
လာငါ့ဆီကို "

ရင်ဖွင့်ကာလက်ကမ်း ပေးလိုက်မိသည်ထိ သက်ပုံ မူယာမာယာမများနိုင်တော့ပီ။
ကောင်းချီကိုနောက်တခါစိတ်မကောက်
ဖို့ ကိုယ့်ကိုကိုယ် ဖြည့်တွေးထားသည်။
မချော့တက်သူသည် ချော့ဖို့ အရေးတရက်ကြာအောင် နည်းလမ်း စဉ်းစားရသည်ကြောင့် အချော့ခံဖို့ စိတ်မရှည်တော့။

"နောက်ကို အရမ်းကြီးကြာအောင်စိတ်မဆိုးပါနဲ့ သက်ပုံရယ်။ ကျွန်တော်တကယ်ဝမ်းနည်းလို့ ပါ။ "

ရင်ဖက်ပေါ်ကိုခေါင်းတင်ရင်း ပြောလာတဲ့ကောင်းချီ ကိုထွေးပွေ့ ရင်း...

"မသိဘူး။ မင်းဘာလို့ ငါစိတ်ကောက်မှန်းသိရက်နဲ့ ချက်ခြင်းမချော့လဲ "

" ချော့ပါတယ်ခင်များရယ်။
ကျွန်တော် စကားတွေအများကြီးမပြောတက်တာ ချစ်တဲ့သက်ပုံလေးလဲသိရက်နဲ့ ။"

"မသိဘူး။ မင်းချော့ဖို့ အရေး ငါစောင့်နေရတာ feelငုတ်တယ်။ နောက်တခါ ငါမင်းကို စိတ်မကောက်တော့ဘူး။
စိတ်ပဲဆိုးပစ်လိုက်တော့မယ်။ "

"အင်း သက်ပုံလေး သဘော"

ဖက်ထားတဲ့ သက်ပုံလက်မောင်းကို ပြန်ဖက်ရင်း ကောင်းချီပြောလာတော့ သက်ပုံက အချစ်ပိုရသည်။

လိမ်မာတဲ့ ယောကျာ်းကိုရထားပေမဲ့
မချော့တက်တာတော့ အဆင်မပြေသေး။

"ကောင်းချီ ငါမနေ့ ညက အပေါ့သွားတော့ ... ဟိုဖက်ခြံဖက်က မိန်းမကြီးတစ်ယောက်ကိုတွေ့ တယ်။ "

"အဲ့ဖက်က လူမှမနေတာ ။သက်ပုံ အိပ်ချင်မူးတူးနဲ့ အမြင်မှားတာနေမှာပါ...နောက်ကို ညမိုးချုပ်ရင် တစ်ယောက်ထဲမသွားနဲ့ ကျွန်တော်ကို နှိုး "

အယုံကြည်မရှိတာလား ဘာလားမသိတဲ့
ကောင်းချီကြောင့် သက်ပုံရှေ့ ဆက်မပြောမိ။ သေချာတာတော့ မနေ့ ညက
သက်ပုံတွေ့ လိုက်တာလုံးဝ လူမဟုတ်ဘူးဆိုတာပဲ။
ပြန်ပြေလည်ခါစ ဆိုတော့ နှစ်ယောက်သား တော်တော်နဲ့ အိပ်ဟာထဲက မထဖြစ်။
ဘာရယ်မဟုတ်တဲ့ စကားတွေက တညလေးခွဲလိုက်တာနဲ့ ပြောစရာစကားမကုန်နိုင်တော့။
အတူတူချစ်ကြည်နူးနေချင်သေးပေမဲ့ လက်လုပ်မှ ပါးစပ်စားရမဲ့ဘဝတွေမို့ ...

"ကောင်းချီ ထရအောင် ဖယ်တော့"

"မထပါသေးနဲ့ အုန်း။ ကျွန်တော်ခင်များကို လွမ်းနေတာမပြေသေးဘူး"

"တော်ပီကွာ ထတော့ ။ မင်း ဒီနေ့
မြို့ လေးကို ကိုထက်နဲ့ လိုက်မှာမို့ လား။ ငါးခြောက်တွေကို သေချာကားဂိတ်ကို ပို့ ခဲ့နော်။ ကြားလား ငါမှာနေတာတွေ "

အင်းအဲမလုပ်ပဲ ရင်ဖက်ပေါ်ကနေ မထချင်နေတဲ့ ကောင်းချီက သက်ပုံ စကားတွေကို မကြားချင်ယောင်ဆောင်နေ၏။

"ကိုကောင်း ကိုကောင်း ။ မြို့ လေးသွားမှာဆို ကျွန်တော်ရောက်နေပြီနော် "

"ကျစ် ! "

အိမ်ရှေ့ က ကိုထက်အော်သံကြောင့်
အလိုမကျသံက ချက်ခြင်းထွက်လာ၏။
ကောင်းချီ ဘယ်တုန်းက စိတ်မရှည်ဖြစ်ဘူးလို့ လဲ။ အံ့သြစရာ

"သက်ပုံ ကျွန်တော်ကို ချစ်တယ်လို့ ပြောအုန်း "

ခေါင်းမော့ပီးမေးလာတဲ့ မျက်နှာ က
မပြောရင် မသွားဘူးလို့ ဆုံးဖြတ်ထားဟန်။ မျက်ခုံးတွေက တွန့် လို့ ။
စူးစိုက်ပြီးကြည့်နေတဲ့ အကြည့်ရဲရဲတုန်းက ဟိုးလွန်ခဲ့သော သုံးနှစ်ကျော်က
ကောင်းချီ ပေါက်စလေးအတိုင်းပဲ။
သမီးရည်းစားအတိုင်းတာထက်ကျော်လွန်နေတဲ့ ပတ်သတ်မူ့ မျိုးကို ဒီကလေးမေ့နေသလား။
အသားမကျသေးတဲ့ အကြည့်တို့ ကြောင့်ရင်ထဲမှာ ကတုန်ကရင်ဖြစ်သွား၏။
ကောင်းချီက သက်ပုံအတွက်ကတော့ ဘယ်တော့မှ ရိုးမသွားတဲ့ တံငါကုန်းရွာသားလေးပင်။

"ချစ်ပါ့ ချစ်ပါ့။ ထတော့။ ဟိုမှာ ကိုထက်စောင့်နေတာ အားနာစရာ ။"

"အင်းပါ။ အပြင်မှာ ထမင်းချက်ထားပြီးပြီ။ ဟင်းကတော့ မနေ့ က ဝက်သားပြုတ်ကျော်လေး ပြန်နွေးစားလိုက်တော့။
လျှောက်မချက်တော့နဲ့ နော်။ အပူလောင်လိမ့်မယ်။ ခနနေ မြသက်အဖော်လာနေပေးလိမ့်မယ်။ ဖိုးသားနဲ့ ပေါင်းပြီးရေဆိပ်လျှောက်သွားမဆော့နဲ့ နော်။ "

မကြာခဏ ကြားလေ့ရှိသော အမှာစကားတို့ က အလွတ်ရနေပေမဲ့ ကောင်းချီအလိုကျ လိမ်လိမ်မာမာနားထောင်ပေးလိုက်သည်။

နွေးထွေးသွားတဲ့ ပါးပြင်တဖက်နဲ့ အတူ
ပေါ့ပါးတဲ့ခန္ဓာကိုယ်က ကောင်းချီဆွဲထူခြင်းခံလိုက်ရသည်။
ကြမ်းပြင်ပေါ်ခြေချလိုက်တာနဲ့ သွက်လက်မြန်ဆန်စွာပင် ကောင်းချီက အိပ်ယာသိမ်းနေ၏။ ထပ်တိုးလာတဲ့
အသေးအမွှားလေးတွေကအစ ပန်းနုရောင် လေးတွေမို့ အခန်းသည် ယောကျာ်းလေးနှစ်ယောက်နေတဲ့ပုံမပေါ်ပဲ
မိန်းကလေးတစ်ယောက်အခန်းကဲ့သို့ ဖြစ်နေလေသည်။
သို့ ပေမဲ့ သက်ပုံသဘောကျသည်။
ယောကျာ်းလေးလဲပန်းရောင်ကြိုက်တက်သည်မို့ ပန်းရောင် နှစ်သက်ခြင်းအပေါ် ရှက်ရွံ့ ခြင်းအလျင်းမရှိ။
ဖြည့်ဆည်းပေးတက်သူကလဲ
မြို့ လေးတစ်ခေါက်သွားတိုင်း ပန်းရောင်နဲ့ ပါတ်သတ်တာ တခုကတော့ပါသည်။
အချောမသတ်ထားတဲ့ အုတ်ကြမ်းအိမ်ငယ်သည် တဖြည်းဖြည်းနဲ့ ပန်းနုရောင်
လွင်ပြင်ဖြစ်လာမှာ ကိုမြင်ယောင်ရင်း
သက်ပုံ ပြုံးမိပြန်သည်။

"အပြန်ဘာဝယ်ခဲ့ရအုန်းမှာလဲ "

သပ်ရပ်သွားတဲ့ အိပ်ယာသည်
ကောင်းချီ လက်ထဲ ရောက်မှ ပိုပီး
ခေါက်ကြောင်းညီ၏။
စိတ်ရှည်တက်လွန်းသူသည် စောင်ခေါက်ရင်တောင် အပိုအလို အစွန်းတစမထွက်စေရ။ မညီမခြင်းအကြိမ်ကြိမ်ပြန်ခေါက်တက်သေး၏။

"အပြန် သလဲသီးပင်ဝယ်ခဲ့ပေး။ "

"အာ ...ဟုတ်သားပဲ ။ သက်ပုံအတွက် စိုက်ပေးမယ်ပြောထားတာ မေ့တော့မလို့ "

"အင်း ကားကို ဂရုစိုက်မောင်းခိုင်းနော်...ကိုထက်ကို။ မိုးကာယူသွားအုန်း။ လေမိုးရာသီဆိုတော့ အပြန်ကျ ဒုက္ခရောက်လိမ့်မယ် "

"ဟုတ်ကဲ့ပါ။ လာပါအုန်း ခနဖက်ထားအုန်းမယ် "

ကြမ်းတမ်းတဲ့ လက်ဖဝါးတွေနဲ့ ဆွဲဖက်လိုက်တော့ သက်ပုံက ကောင်းချီရင်ခွင်ထဲမှာထွေးကနဲ။ ဇွတ်တရွတ်လုပ်လိုက်တာလို့ အပြစ်မဆိုနိုင်ပါ။

ပြန်တည့်ကာစမှာပေါ်လာတဲ့ အလုပ်တို့ ကို မုန်းသည်။
ိပိုက်ဆံမရှိပဲ ဘာမှလုပ်မရတဲ့ သမုဒ္ဒရာဝမ်းတစ်ထွာကိုလဲ မုန်းသည်။
ချွင်းချက်အနေနဲ့ ယောကျာ်းဖြစ်သူ
ကောင်းချီကိုတော့ ချစ်သည်။

ကောင်းချီ မြို့ လေးကို သွားသည့်တိုင်
အိ်မ်မှာ လုပ်စရာမရှိပဲ ယောင်တောင်တောင်ဖြစ်နေသည်။
တအိမ်လုံးဖုန်တမှုန်မရှိအောင် သန့် ရှေးရေးလုပ်ထားတဲ့ ကောင်းချီကြောင့် လုပ်စရာအလုပ်တခုတောင်မရှိ။
ဝေဆာနေတဲ့ ဘုရားစင်မှာလဲ ပန်းအပြည့်အပြင် မနက်ခင်းဘုရားဆွမ်းတော်နဲ့
ဆီမီးရေချမ်းက ကပ်ပြီးသား။

စိတ်မပါလက်မပါ ကြက်ဥပလာတာကို
ပါးစပ်ထဲထိုးသွင်းနေစဉ် ခပ်ကျယ်ကျယ်ဆိုင်ကယ်သံက လူမမြင်ရသေးဘူး
နားထဲတိုးဝင်လာ၏။

"ကိုသက် ...မနက်စာခုမှစားတာလား။ ဒီမှာ အမေက နေ့ ခင်းစာ စားရအောင် ပရစ်ကြော်ပေးခိုင်းလိုက်လို့ "

ဖိုးသားက
ဆိုင်ကယ်ပေါ်က မဆင်းခင်ကတည်းက
အော်ပြီးပြောလာ၏

လက်ထဲက ပန်းကန်လုံးလေးထဲမှာလဲ
ပရစ်ကြော်ဆိုတဲ့ အမဲရောင်အကောင်လေးတွေက ခြေကားယားလက်ကားယားနဲ့ ။

"အိမ်ထဲရောက်မှ ပြောတာမဟုတ်ဘူး။
အဝေးကတည်းက အော်လာမှတော့ မင်းအသံက တရွာလုံးမကြားချင်မှအဆုံး"

"ဟီး ... ကိုသက်ကိုတွေ့ တော့
ကျွေးချင်ဇော အားကြီးသွားတယ်။ "

အဖြူရောင်အပြုံးများနဲ့ ဖိုးသားကို
ကြည့်ကာ မနိုင်ဘူးဆိုတဲ့ သဘောနဲ့
ခေါင်းရမ်းပြလိုက်သည်။

"ကိုကောင်းရော "

"မြို့ လေးသွားတယ်။ အာ တခါထဲ ကြောင်အိမ်ထဲသွားထည့်ချေ။ ငါမစားရဲဘူး"

အူယားလာတာကြောင့် သက်ပုံတစ်ယောက် အတင်းဖိုးသားကို သွားသိမ်းခိုင်းရသည်။
သူတကယ်မစားရဲ။
မျက်လုံးပြူးပြူးပရစ်လေးတွေမြင်တော့
ညက အဒေါ်ကြီးကိုသွားသတိရသည်။

"ဖိုးသား မြန်မြန်သိမ်းပီး လာခဲ့အုန်း။
ငါမေးစရာရှိလို့ "

"အင်း ဘာမေးမလို့ လဲ "

ကြောင်အိမ်တံခါးကို ပိတ်ပီး အနားမှာလာထိုင်တဲ့ ဖိုးသားက သက်ပုံသောက်လက်စ ဖန်ကဲလက်ဖက်ရည်ခွက်လေးကိုယူသောက်ရင်းပြောလာ၏။
ပြောရမဲ့သူတွေမဟုတ်တာကြောင့် စည်းကမ်းမဲ့လိုက်တာဆိုတဲ့ မကြိုက်တဲ့စိတ်တော့မဝင်မိ။
စားလက်စ ပလာတာပန်းကန်ပါတိုးပေးရင်း

"ဟိုဖက်ခြံက သရဲခြောက်တက်လား"

"ဘယ်ဖက်ခြံလဲ"

ပလာတာတဖဲ့ကို ပဲနဲ့ ပူးကာ ပါးစပ်ထဲထည့်ရင်း မအူမလယ် မေးလာတော့ ပြောရမှာစိတ်မရှည်တော့။

"ထားတော့ဘာမှမဟုတ်တော့ဘူး "

"အွန်း...ကိုသက်သိလား ။ ဟိုဖက်တောင်ရွာက အုပ်ကြီးသမီး သူဇာချိုဆိုတဲ့အမက ကိုကောင်းကို မေးနေတာ။
ကောင်းကောင်းရွာပြန်ရောက်နေတယ်ဆိုတဲ့။ အားရင် အိမ်လည်လာခဲ့အုန်းတဲ့။
အဲ့အမက မန္တလေးမှာ ကျောင်းတက်နေတာ ခုအလည်ပြန်ရောက်နေတာ "

ဖိုးသားက စားရင်း ကလေးပီပီ သိသမျှပြောပြနေ၏။
နားထောင်ရတဲ့ သက်ပုံကတော့
ရင်ထဲမှာမီးလိုပူနေသည်မို့ ...

"မင်းအကိုနဲ့ အသိတွေလား"

"ရှစ်တန်း...ကိုးတန်း...လောက်တုန်းကတော့ ကိုကောင်းနဲ့ အဲ့အမက ဘာလိုလို ဖြစ်ခဲ့ဘူးတယ်လို့ တော့ ရွာထဲမှာပြောသံကြားဘူးတာပဲ ။ ကျန်တာတော့ ကျွန်တော်ဘာမှမသိတက်ဘူး "

ဖိုးသားရဲ့ ကျန်တာဘာမှမသိဘူးဆိုတဲ့စကားကို သက်ပုံ မကြားမိတော့။
နားထဲမှာ ပဲ့တင်နေတဲ့ အသံက
အဲ့အမနဲ့ ဘာလိုလိုဖြစ်ခဲ့ဘူးတယ်ဆိုတဲ့စကားပင်။

လာပါစေအုန်း ကောင်းချီ အပြန်
မင်းနဲ့ ငါနဲ့ တွေ့ မယ်။

ချစ်တဲ့အိမ်စည်။
















Bạn đang đọc truyện trên: Truyen3h.Co