Truyen3h.Co

Completed

ေကာင္းခ်ီ ဖုန္းကိုက်စ္က်စ္ပါေအာင္ဆုပ္ကိုင္ထားလ်က္ ေမးေႀကာေတြေထာင္ေနေအာင္အံႀကိတ္ထားသည္။
ထပ္တလဲလဲလာေနေသာ ဖုန္းသံေႀကာင့္ ကိုထက္အိပ္ေနရာမွ လွမ္းႀကည့္လာေသာ္လဲ ဂရုမစိုက္မိ။

ေရာက္ေနတဲ့ ေနရာကို ႀကည့္ျပန္ေတာ့လည္း ေရျပင္က်ယ္က်ယ္နဲ ့လူေနအိမ္မရွိတဲ့ ကမ္းစပ္ေတြသာ။
သိပ္မႀကာခင္မွာမႏၱေလးေရာက္ေတာ့မွာ။
ဒါေပမဲ့ ေကာင္းခ်ီ အိမ္ျပန္ခ်င္ေနပီ။

"သက္ပံု ! သက္ပံု ! ခင္ဗ်ားဗ်ာ"

တိုးတိုးေရရြတ္သံမွာ ႀကိတ္မခဲနိုင္ျဖစ္ေနတဲ့ သေဘာကိုေဆာင္သည္။
မထိခလုတ္စတက္တာသိေပမဲ့ ငါ့ေယာက်ာ္းလို ့ေျပာလိုက္ရင္ကို
လူက နတ္ဝင္သည္ပူးသလိုပဲ ကတုန္ကယင္နဲ ့ေနလို ့ထိုင္လို ့မရခ်င္ေတာ့။

ဒီတခါအိမ္ျပန္ေရာက္ရင္ေတာ့ ငါ့ေယာက်ာ္းဆိုတဲ့ စကားကို မ်က္နွာႀကည့္ပီးအႀကိမ္ႀကိမ္ေခၚခိုင္းမည္ဟု ေတးမွတ္ထားလိုက္သည္။

မႏၱေလးေရာက္ေတာ့ အေတာ္ေလးမိုးခ်ဳပ္ေနပီ။
ဆိုင္ကယ္ ကယ္ရီငွားကာ တည္းေနက်ဘုန္းႀကီးေက်ာင္းကိုသြားရသည္။
ဒီေန ့ညေတာ့ ဘာမွဝယ္လို ့မရေတာ့တာေႀကာင့္ သက္ပံုကိုလြမ္းရင္း
ေစာေစာအိပ္လိုက္သည္။

ဖုန္းကိုျပန္မဆက္ပဲ မႏၱေလးေရာက္ပီဆိုတဲ့အေႀကာင္းမက္ေဆ့သာပို ့လိုက္၏။

အသံေတာ့ေလာေလာဆယ္ဆယ္မႀကားခ်င္ေသး။ကိုယ့္အေႀကာင္းကို ကို
္သာအသိဆံုးမို ့ဖုန္းမဆက္မိေအာင္သာထိန္းထားလိုက္သည္။
ေနာက္မ်ားေတာ့ တစ္ေယာက္ထဲ
ခရီးသြားဆိုရင္ ေကာင္းခ်ီတို ့က sorryပဲ။
ေနာင္တတရားကိုရင္ဝယ္ပိုက္ပီး ေကာင္းခ်ီ အိပ္ေပ်ာ္ေအာင္အိပ္လိုက္တယ္။
ဒါေတာင္အိမ္မက္ထဲမွာ သက္ပံုကို ဖမ္းခ်ဳပ္ပီး
ေခၚစမ္း မနက္ကအတိုင္းလို ့ဇြတ္ေမးေနမိေသးတယ္။

သက္မင္းပံုရဲ့ ေယာက်ာ္းျဖစ္ေနရတာ လြယ္တယ္မ်ားမွတ္ေနလား။
မွတ္သြားေအာင္ တခါေလာက္ေတာ့
lesson ႀကီးႀကီးေပးမွျဖစ္ေတာ့မယ္ ခင္ဗ်ားေတာ့။

-
-
-

"ကိုသက္ ဟိုမွာ ကားလာေနပီဘယ္နားခ်မွာလဲ"

ဆိပ္ကမ္းမွာ ပံုထားတဲ့ ကုန္ေတြကို
ကိုထက္က ကားလာယူပီး တစ္ေခါက္ပီးတစ္ေခါက္သယ္ေနသည္။
အိမ္ေရွ ့မွာ လည္း ခ်စရာေျမေနရာလြတ္မရွိေတာ့။
လမ္းေဘးသြားပံုလို ့ လမ္းသြားလမ္းလာေတြနဲ ့မျဖစ္ ေသး။

"ဒီတိုင္းသာထားလိုက္ေတာ့ ။ ဒါေတြစီပီးမွ ကားေပၚကခ်မယ္ "

ေကာင္းခ်ီကို ေစ်းဝယ္ဖို ့သိန္း၂၀၀ေပးလိုက္တာ။ ရလာတဲ့ ပစၥည္းကနည္းတာမဟုတ္ဘူး။
အျမန္ယာဥ္ေခါင္မိုးအျပည့္ပဲ။
ကားနဲ ့ ငါးေခါက္ေလာက္တိုက္ယူလိုက္ရတာမို ့ဝယ္ခဲ့တဲ့ေကာင္းခ်ီ ေျခတိုေအာင္ တေစ်းလံုးပတ္ဝယ္ခဲ့သလားပဲ ။

"ေကာင္းခ်ီကေရာ ကိုထက္ ။ ခုထိမလာေသးပဲဘာလုပ္ေနတာလဲ"

လက္ထဲ က ေလေဖာင္းမုန္ ့ထုတ္ေတြကို မ ျပီးကားေသာ့လာေပးတဲ့ ကိုထက္ကိုစီးႀကိဳျပီးေမးမိသည္။
ကိုထက္က ကားလာယူပီးကုန္ေတြအေခါက္ေခါက္ သယ္ပီးတဲ့ထိ ေကာင္းခ်ီကအိမ္ကိုေရာက္မလာေသး။
အိမ္ကေန ပစၥည္းေတြခ်ကူးေနတာမို ့
ေတာင္ရြာဆိပ္ကမ္းမွာ ကုန္ခ်ေနတဲ့ေကာင္းခ်ီဆီကို သက္ပံု မသြားျဖစ္ပါ။
သက္ပံုတို ့အိမ္ေနာက္ေဖးကေနဆင္းသြားရင္ ဆိပ္ကမ္းဆိုေပမဲ့ ေက်ာက္ေဆာင္ေတြနဲ ့မို ့အျမန္ယာဥ္က ကပ္မရတာေႀကာင့္ ေတာင္ရြာဖက္ကိုသြားကပ္ရသည္။

"က်ြန္ေတာ္ဒီမွာ သက္ပံု "

ဒူးရင္းသီးႀကီးေပြ ့လို ့ဝင္လာတဲ့ ေကာင္းခ်ီေႀကာင့္ သက္ပံု အႀကည့္တို ့ကိုထက္ဆီမွလြဲဖယ္လိုက္သည္။

"ကားနဲ ့တခါထဲမလိုက္လာပဲနဲ ့ဘာလုိ ့
လမ္းေလ်ွာက္လာတာလဲ"

"ပစၥည္းေတြ ဝိုင္းကူခ်ေပးတဲ့
ကေလးေတြကို လက္ဖက္ရည္လိုက္တိုက္ေနလို ့ပါခင္ဗ်ားရယ္ ။ ကဲ ဒါေတြဘယ္လိုရွင္းႀကမလဲ ။ ကားေပၚမွာ ေရခဲ့ေသတၱာေရာ ပါခဲ့တယ္သက္ပံု အေအးဘူးေတြ ေရခဲစိမ္ရေအာင္ ဝယ္လာလိုက္တာ "

သူဘာသာ ေျပာခ်င္ရာေျပာေနတဲ့ ေကာင္းခ်ီကိုမ်က္ေစာင္းထိုးကာ

"အဲ့ဒါႀကီးကို အရင္ခ်ျပီး ဒါေတြခ်ိတ္ဖို ့
တန္း...ရုိက္အုန္း "

ေလေဖာင္းမုန္ ့ထုတ္ေတြရဲ့ထံုးစံအတိုင္း
ေနရာအေတာ္ယူသည္။

"မခ်ိတ္နဲ ့ေတာ့သက္ပံု အထုတ္လိုက္
ထားလိုက္ အဲ့မုန္ ့ထုတ္ေတြက ခဏနဲ ့ကုန္တယ္။ ေဖာက္ခ်င္ရင္ တထုတ္စီေဖာက္ပီး ျခင္းထဲသြန္ထည့္လိုက္ က်န္တာေတာ့ဒီတိုင္းပဲ ထားေတာ့။ "

"အဲ့ဒါဆိုလဲ ျပီးမွလုပ္ေတာ့မယ္။ ငါတို ့
မုန္ ့မဟုတ္ေတာ့တဲ့တျခားကုန္ေတြအရင္ထည့္ရေအာင္"

အလွကုန္လို ့ေရးထားတဲ့ ဖာထဲမွာ
တြယ္ခ်ိတ္နဲ ့မိတ္ကပ္ဆြဲတဲ့ေဖာ့ကအစပါတယ္။ ေကာင္းခ်ီဘယ္လိုမ်ားရွာက်န္ဝယ္လာသလဲပဲ။
ေအာင္မာ lotionဘူး
၂၀၀၀ပတ္ခ်ာလည္ေလာက္ကေလးေတြေရာ စံုလို ့။

အာခ်ီဘူး၄၀၀ကအစပဲ။

အကုန္လံုးေကာင္တာထဲမွာစီရီထည့္ရင္း
ဒီေလာက္သိေနတဲ့ေယာက်ာ္းကိုမယံုသကၤာလဲျဖစ္မိေသးတယ္။
မုန္ ့ထုတ္ေတြဆိုတာလဲရြာႀကိဳက္
ေစ်းႀကီးတာမဟုတ္ပဲ ၅၀...၁၀၀တန္အစံုပဲ။
နရံကပ္ထားတဲ့ စင္ေတြထဲမွာ ျမသက္တို ့သားမိတေတြက ႀကာညို ့ပုလင္းတို ့...ဆီပုလင္းတို ့ကိုညီညီညာညာ
ထည့္ေနတယ္။
ေဒၚေလးေအးႀကည္က ေခါက္ဆြဲေျခာက္ဖာေတြေဖာက္ပီးျခင္းထဲကို
ထိုင္ရာမထ...ထည့္ေန၏။

ကိုထက္ကေတာ့ အိမ္ေဟာင္းမွာ ဆားအိတ္ေတြထမ္းပီးသြားထပ္ေပးေနတယ္။
အသီးသီးတက္ညီလက္ညီလုပ္လုိက္ေတာ့ ညေနေစာင္းေတာ့ ျပီးသေလာက္နီးပါး ျဖစ္သြားသည္။

"ေဒၚေလးတို ့ျပန္ေတာ့ေလ ။ က်န္တာဆက္လုပ္ထားလိုက္မယ္"

"ေအးေအး အဲ့ဒါဆို ငါတို ့ျပန္ေတာ့မယ္ ။မနက္မွမင္းညီမေတြလႊတ္လိုက္ေတာ့မယ္ "

"ဟုတ္ကဲ့ေဒၚေလး။ ျမသက္ အပ္ခ်ဳပ္စက္အသစ္ဝယ္ခဲ့တယ္။ ေနာက္ရက္ ဟိုဖက္အိမ္မွာ စက္ဆိုင္လာဖြင့္လွည့္ "

"အာ ! သမီးက စက္ခြဲခဲ့ေပမဲ့ မက်ြမ္းက်င္ေသးဘူးကိုေကာင္းရဲ့။ "

ျမသက္စကားေႀကာင့္သက္ပံု ဝင္ေျပာရေတာ့သည္။ သူကိုယ္တိုင္ ဒီဇိုင္နာသင္တန္းတက္ထားပီးသားမို ့ဒီရြာမွာဝတ္တဲ့
အမ်ိဳးသမီးေလးဝတ္တဲ့ဝမ္းဆက္ေတြေလာက္ကေတာ့ မခဲရင္းေပ......

"ဘာမွမျဖစ္ဘူး။ မခ်ဳပ္ရဲေသးလဲ
အကိုလုပ္တက္တယ္။ အကိုက
အစညႇပ္ေပးမယ္ျမသက္က ခ်ဳပ္ေပါ့။ တကယ္လို ့ျမသက္ဘာသာ မလုပ္ခ်င္လဲ
လခနဲ ့လုပ္ေလ။ ေကာင္းခ်ီဝယ္လာတဲ့ အစေတြကို ကေလးဝမ္းဆက္ေတြခ်ဳပ္ေရာင္းလို ့ရတယ္"

သက္ပံုဝင္ေျပာေတာ့ မွျပသနာကေျပလည္သြားေတာ့တယ္။
ျမသက္မွာ အေတြ ့အႀကံဳမွမရွိေသးတာ။
ဘယ္သူက စိတ္ခ်လက္ခ် အထည္အပ္ရဲေသးမွာလဲ။ ဒီေယာက်ာ္းကလုပ္ေပးခ်င္တာပဲရွိတာဘာမွသိတာမဟုတ္ဘူး။

အကုန္ျပန္သြားျပီဆိုမွ ...

"အထည္စေတြက ဘာလို ့ဝယ္လာတာလဲ။ "

ေကာင္းခ်ီ က စပန္ ့စမ်ိဳးစံုအပါအဝင္
ပုဆိုးနဲ ့အိုးခြက္ပန္းကန္ေတြပါ ဝယ္လာသည္မို ့ေမးလိုက္တာျဖစ္သည္။
ကုန္စံုဆိုင္မွာအဲ့ဒါေတြေရာေရာင္းဖို ့လိုအပ္သလားမသိေပမဲ့ ေမာင္ေကာင္းခ်ီကေတာ့ ဘယ္လိုစဥ္းစားျပီးဝယ္ခဲ့သလဲေတြးရမလိုေတာင္ျဖစ္ေနသည္။

အမ်ိဳးသမီးလစဥ္သံုးကအစ ...ရုိးရုိးပါတာမဟုတ္ဘူး။ ေရာင္စံုေနာ္။ တခ်ိဳ ့ဆို အေတာင္ပံေတြဘာေတြနဲ ့။

သူတကယ္ဒီေယာက်ာ္းကို ထိပ္ထုခ်င္ေနျပီ။ ဒါေတြဘယ္လိုေျပာဝယ္လာသလဲဆိုတာ သိေတာင္ သိခ်င္လာျပီ။

"အဲ့ဒါက မႀကာခင္...သီတင္းက်ြတ္ေရာက္ေတာ့မယ္ေလ သက္ပံုရဲ႕"

"ေအးေလ။ သီတင္းက်ြတ္ေရာက္ေတာ့ဘာျဖစ္လဲ။ အက်ၤ ီစ...ဝယ္တာနဲ ့သီတင္းက်ြတ္ေရာက္တာနဲ ့တျခားစီပါကြာ"

ဟင္းခ်ိဳမွဳန္ ့ကိုခ်ိန္ခြင္ထဲထည့္ပီးခ်ိန္ျပီး
အထုတ္ေသးေလးေတြခြဲထုတ္ေနတဲ့ ေကာင္းခ်ီက တကယ္မသိတာလားဆိုတဲ့အၿကည့္နဲ ့ေမာ့ႀကည့္လာတယ္။

"ဘာလဲ အဲ့လိုလာမႀကည့္နဲ ့။ "

"သီတင္းက်ြတ္က်ရင္ မဂၤလာေဆာင္က်တယ္ေလ။ "

"ေအးေလ။ အဲ့ဒါငါလဲသိတာေပါ့"

ျငိမ္ျငိမ္နားမေထာင္ပဲ ျပန္ျပန္ေျပာေနတဲ့ သက္ပံုေႀကာင့္

"ခဏေလးရွင္းျပပါအုံးမယ္...သက္ပံုရာ။"

ထိုင္ေနရာမွ ထလာပီး စင္ေဘးမွာထိုင္ပီး ဘူးေတြခြက္ေတြ စီထည့္ေနတဲ့ သက္ပံုေဘးလာထိုင္၏။

"တေန ့လံုးခင္ဗ်ားနားကပ္ခ်င္လြန္းလို ့
ရူးေတာ့မွာသိလား...ျပီးေတာ့ ေယာက်ာ္းလို ့ေခၚတာကိုလဲႀကားခ်င္ေသးတယ္။"

ပုခံုးသားေတြတခ်က္ဖိကိုက္ရင္းဆိုလာတာေႀကာင့္ သက္ပံုတြန္ ့ခနဲျဖစ္သြား၏။

"ဟို...ဆက္ေျပာေလ။ ငါနားေထာင္ေနတယ္"

တံေတြးေတြ ဇြတ္ျမိဳခ်ကာ စကားလမ္းေႀကာင္းျပန္ေျပာင္းရသည္။
မဟုတ္ရင္ ဒီေနရာမွာပဲ တခုခုျဖစ္သြားနိုင္တယ္။

"အင္း...သီတင္းက်ြတ္ရင္ ဒီရြာေတြရဲ့ထံုးစံက အထူးဖိတ္တာဆိုတာရွိတယ္။မိန္းကေလးေတြဆိုရင္
ဒီလို အက်ၤ ီစေတြနဲ ့။ ေယာက်ာ္းေလးေတြဆိုရင္ အေမႊးခဲေတြနဲ ့ဖိတ္တာ။
ပုဆိုးေတြနဲ ့ပါတိတ္လံုခ်ည္ေတြကက်
ကန္ေတာ့ခံဖိတ္ထားတဲ့ အမ်ိဳးေတြအတြက္ ဒါေတြနဲ ့ကန္ေတာ့တာေပါ့ဗ်ာ။ ဓာတ္ဗူးတို ့ပန္းကန္တို ့ကက် ျပန္လက္ဖြဲ ့ေပးတဲ့သူေတြက ဝယ္က်တာ။ သက္ပံုတာ ရြာထဲကအထည္ဆိုင္ေတြထက္ေလ်ာ့ေပးနိုင္ရင္ ရွိသမ်ွမဂၤလာေဆာင္ ဖိတ္ဖို ့
အက်ၤ ီစ...မွန္သမ်ွခင္ဗ်ားဆီကဝယ္ၾကလိမ့္မယ္ "

"မင္းက အႀကံႀကီးလိုက္တာ ။
မဂၤလာတစ္ေဆာင္ရွိရင္ မင္းလက္ကေျပးမလြတ္ေအာင္လုပ္ထားတယ္ေပါ့ဟုတ္လား"

"ဒါေပါ့ ခင္ဗ်ားေယာက်ာ္းပဲ။ ဒီေလာက္
ကေတာ့ ပါးပါးေလးပဲရွိေသးတာ။
ေနာက္ထပ္ရွိေသးတယ္။ အဲ့ဒါ မဂၤလာေဆာင္ေက်ြးဖို ့"

ေျပာရင္းထ သြားကာ အိမ္ဝင္ေပါက္က
သံပန္းတံခါးကို သြားပိတ္ေန၏။

"အေစာႀကီးရွိေသးတယ္ေလ"

"ေစာလဲ တံခါးမပိတ္ရဘူးလို ့ဘယ္သူေျပာလဲ ။ က်ြန္ေတာ္ခင္ဗ်ားကိုရွင္းျပစရာရွိေသးတယ္ေလ "

ေမွာင္စပ်ိဳးေနပီမို ့အိမ္မႀကီးတံခါးပိတ္လိုက္ေတာ့ အထဲမွာအလင္းေပ်ာက္သြားကာ ဘာမွမျမင္ရေတာ့။

ေခ်ာက္!

လင္းခနဲ ျဖစ္သြားတဲ့မီးေရာင္ေႀကာင့္
မ်က္လံုးေတြကျပာသြား၏။
စံုမွိတ္ပစ္လိုက္တဲ့ အျမင္အာရုံထဲမွာ
ေကာင္းခ်ီက သေဘာတက်ျပံဳးလို ့တဲ့။

"ဒီမွာ မနက္ခင္း ရြာခံေတြကို လက္ဖက္ရည္နဲ ့ကိတ္မုန္ ့နဲ ့ဧည့္ခံတဲ့အျပင္
ရပ္ေဝးရြာေဝးကလာတဲ့ ဧည့္သည္ေတြကိုက် ထမင္းေက်ြးႀကတယ္။ ေစ်းခ်ိဳရင္
ဆန္ဆီဆားအျပင္ ကိတ္မုန္ ့ကအစေရာင္းလို ့ရတယ္။ ျပီးေတာ့
တခါထဲ လက္ဖြဲ ့ခံုမွာလက္ေဆာင္ကမ္းဖို ့ ေဆးလိပ္နဲ ့ေခါင္းေလ်ွာ္ရည္ထုပ္ကအစ ေရာင္းလို ့ရေသးတယ္ဗ်ာ "

စကားဆံုေတာ့ သက္ပံုရဲ့နားသယ္စကို
နမ္းရွဳံ ့လာျပီး ......

"ခင္ဗ်ားကိုလြမ္းလိုက္တာ ..."

"သြားပါခုမွလာမလြမ္းနဲ ့။ ငါဖုန္းေခၚေတာ့မကိုင္ပဲ "

အမွတ္တမဲ့ ရြယ္စူးလားတဲ့ မ်က္ေစာင္းနုနုေႀကာင့္ ေကာင္းခ်ီရင္ဘက္ႀကီးေျဗာင္းဆန္ကုန္လ်ွက္။

"ခင္ဗ်ားဗ်ာ "

ေကာင္းခ်ီရဲ့ မခ်င့္မရဲသံအဆံုးမွာ သက္ပံု မတ္တပ္ထရပ္လိုက္၏။
သူသိတယ္ ဒါဘာကိုရည္ညႊန္းသလဲဆိုတာ။
ဒါေပမဲ့ သက္ပံုေနာက္က်သြား၏။

လက္ေကာက္ဝတ္ကေနအားနဲ ့ဆြဲခ်လိုက္တာမို ့ေကာင္းခ်ီရင္ခြင္ထဲကို ပစ္စလက္ခက္ပစ္က်သည္။

"အား......မင္း"

ျဖစ္လာေတာ့မဲ့ ေဒါသေတြကို ေကာင္းခ်ီက သူနွဳတ္ခမ္းနဲ ့လာတားတယ္။
အရင္ကထပ္ အဆမ်ားစြာက်ြမ္းက်င္လာတဲ့ အနမ္းေတြေႀကာင့္ သက္ပံုခမ်ာ
မနက္ဖန္ သူအသက္ရွိပါေစ ဟု တိတ္တိတ္ေလးဆုေတာင္းေနမိသည္။
မေန ့ကထိ သူေတြးေနတာ သူ ့ေယာက်ာ္းက လိမ္မာယဥ္ေက်းဖိုးသခြားေလးလို ့။

ခုေတာ့ သက္ပံုမွားမွန္းသိသြားပါပီ။
သူ ့ေယာက်ာ္းက က်ားႀကီး ။ က်ားေတာင္ရုိးရုိးက်ားမဟုတ္ဘူး။ ကိုးေတာင္က်ား။



ခ်စ္တဲ့အိမ္စည္။





>>>>>>>><<<<<<<<<






ကောင်းချီ ဖုန်းကိုကျစ်ကျစ်ပါအောင်ဆုပ်ကိုင်ထားလျက် မေးကြောတွေထောင်နေအောင်အံကြိတ်ထားသည်။
ထပ်တလဲလဲလာနေသော ဖုန်းသံကြောင့် ကိုထက်အိပ်နေရာမှ လှမ်းကြည့်လာသော်လဲ ဂရုမစိုက်မိ။

ရောက်နေတဲ့ နေရာကို ကြည့်ပြန်တော့လဲ ရေပြင်ကျယ်ကျယ်နဲ့ လူနေအိမ်မရှိတဲ့ ကမ်းစပ်တွေသာ။
သိပ်မကြာခင်မှာမန္တလေးရောက်တော့မှာ။
ဒါပေမဲ့ ကောင်းချီ အိမ်ပြန်ချင်နေပီ။

"သက်ပုံ ! သက်ပုံ ! ခင်များဗျာ"

တိုးတိုးရေရွတ်သံမှာ ကြိတ်မခဲနိုင်ဖြစ်နေတဲ့ သဘောကိုဆောင်သည်။
မထိခလုတ်စတက်တာသိပေမဲ့ ငါ့ယောကျာ်းလို့ ပြောလိုက်ရင်ကို
လူက နတ်ဝင်သည်ပူးသလိုပဲ ကတုန်ကယင်နဲ့ နေလို့ ထိုင်လို့ မရချင်တော့။

ဒီတခါအိမ်ပြန်ရောက်ရင်တော့ ငါ့ယောကျာ်းဆိုတဲ့ စကားကို မျက်နှာကြည့်ပီးအကြိမ်ကြိမ်ခေါ်ခိုင်းမည်ဟု တေးမှတ်ထားလိုက်သည်။

မန္တလေးရောက်တော့ အတော်လေးမိုးချုပ်နေပီ။
ဆိုင်ကယ် ကယ်ရီငှားကာ တည်းနေကျဘုန်းကြီးကျောင်းကိုသွားရသည်။
ဒီနေ့ ညတော့ ဘာမှဝယ်လို့ မရတော့တာကြောင့် သက်ပုံကိုလွမ်းရင်း
စောစောအိပ်လိုက်သည်။

ဖုန်းကိုပြန်မဆက်ပဲ မန္တလေးရောက်ပီဆိုတဲ့အကြောင်းမက်ဆေ့သာပို့ လိုက်၏။

အသံတော့လောလောဆယ်ဆယ်မကြားချင်သေး။ကိုယ့်အကြောင်းကို ကို
်သာအသိဆုံးမို့ ဖုန်းမဆက်မိအောင်သာထိန်းထားလိုက်သည်။
နောက်များတော့ တစ်ယောက်ထဲ
ခရီးသွားဆိုရင် ကောင်းချီတို့ က sorryပဲ။
နောင်တတရားကိုရင်ဝယ်ပိုက်ပီး ကောင်းချီ အိပ်ပျော်အောင်အိပ်လိုက်တယ်။
ဒါတောင်အိမ်မက်ထဲမှာ သက်ပုံကို ဖမ်းချုပ်ပီး
ခေါ်စမ်း မနက်ကအတိုင်းလို့ ဇွတ်မေးနေမိသေးတယ်။

သက်မင်းပုံရဲ့ ယောကျာ်းဖြစ်နေရတာ လွယ်တယ်များမှတ်နေလား။
မှတ်သွားအောင် တခါလောက်တော့
lesson ကြီးကြီးပေးမှဖြစ်တော့မယ် ခင်များတော့။

-
-
-

"ကိုသက် ဟိုမှာ ကားလာနေပီဘယ်နားချမှာလဲ"

ဆိပ်ကမ်းမှာ ပုံထားတဲ့ ကုန်တွေကို
ကိုထက်က ကားလာယူပီး တစ်ခေါက်ပီးတစ်ခေါက်သယ်နေသည်။
အိမ်ရှေ့ မှာ လဲ ချစရာမြေနေရာလွတ်မရှိတော့။
လမ်းဘေးသွားပုံလို့ လဲ လမ်းသွားလမ်းလာတွေနဲ့ မဖြစ် သေး။

"ဒီတိုင်းသာထားလိုက်တော့ ။ ဒါတွေစီပီးမှ ကားပေါ်ကချမယ် "

ကောင်းချီကို ဈေးဝယ်ဖို့ သိန်း၂၀၀ပေးလိုက်တာ။ ရလာတဲ့ ပစ္စည်းကနည်းတာမဟုတ်ဘူး။
အမြန်ယာဉ်ခေါင်မိုးအပြည့်ပဲ။
ကားနဲ့ ငါးခေါက်လောက်တိုက်ယူလိုက်ရတာမို့ ဝယ်ခဲ့တဲ့ကောင်းချီ ခြေတိုအောင် တဈေးလုံးပတ်ဝယ်ခဲ့သလားပဲ ။

"ကောင်းချီကရော ကိုထက် ။ ခုထိမလာသေးပဲဘာလုပ်နေတာလဲ"

လက်ထဲ က လေဖောင်းမုန့် ထုတ်တွေကို မ ပြီးကားသော့လာပေးတဲ့ ကိုထက်ကိုစီးကြိုပြီးမေးမိသည်။
ကိုထက်က ကားလာယူပီးကုန်တွေအခေါက်ခေါက် သယ်ပီးတဲ့ထိ ကောင်းချီကအိမ်ကိုရောက်မလာသေး။
အိမ်ကနေ ပစ္စည်းတွေချကူးနေတာမို့
တောင်ရွာဆိပ်ကမ်းမှာ ကုန်ချနေတဲ့ကောင်းချီဆီကို သက်ပုံ မသွားဖြစ်ပါ။
သက်ပုံတို့ အိမ်နောက်ဖေးကနေဆင်းသွားရင် ဆိပ်ကမ်းဆိုပေမဲ့ ကျောက်ဆောင်တွေနဲ့ မို့ အမြန်ယာဉ်က ကပ်မရတာကြောင့် တောင်ရွာဖက်ကိုသွားကပ်ရသည်။

"ကျွန်တော်ဒီမှာ သက်ပုံ "

ဒူးရင်းသီးကြီးပွေ့ လို့ ဝင်လာတဲ့ ကောင်းချီကြောင့် သက်ပုံ အကြည့်တို့ ကိုထက်ဆီမှလွဲဖယ်လိုက်သည်။

"ကားနဲ့ တခါထဲမလိုက်လာပဲနဲ့ ဘာလို့
လမ်းလျှောက်လာတာလဲ"

"ပစ္စည်းတွေ ဝိုင်းကူချပေးတဲ့
ကလေးတွေကို လက်ဖက်ရည်လိုက်တိုက်နေလို့ ပါခင်များရယ် ။ ကဲ ဒါတွေဘယ်လိုရှင်းကြမလဲ ။ ကားပေါ်မှာ ရေခဲ့သေတ္တာရော ပါခဲ့တယ်သက်ပုံ အအေးဘူးတွေ ရေခဲစိမ်ရအောင် ဝယ်လာလိုက်တာ "

သူဘာသာ ပြောချင်ရာပြောနေတဲ့ ကောင်းချီကိုမျက်စောင်းထိုးကာ

"အဲ့ဒါကြီးကို အရင်ချပြီး ဒါတွေချိတ်ဖို့
တန်း...ရိုက်အုန်း "

လေဖောင်းမုန့် ထုတ်တွေရဲ့ထုံးစံအတိုင်း
နေရာအတော်ယူသည်။

"မချိတ်နဲ့ တော့သက်ပုံ အထုတ်လိုက်
ထားလိုက် အဲ့မုန့် ထုတ်တွေက ခဏနဲ့ ကုန်တယ်။ ဖောက်ချင်ရင် တထုတ်စီဖောက်ပီး ခြင်းထဲသွန်ထည့်လိုက် ကျန်တာတော့ဒီတိုင်းပဲ ထားတော့။ "

"အဲ့ဒါဆိုလဲ ပြီးမှလုပ်တော့မယ်။ ငါတို့
မုန့် မဟုတ်တော့တဲ့တခြားကုန်တွေအရင်ထည့်ရအောင်"

အလှကုန်လို့ ရေးထားတဲ့ ဖာထဲမှာ
တွယ်ချိတ်နဲ့ မိတ်ကပ်ဆွဲတဲ့ဖော့ကအစပါတယ်။ ကောင်းချီဘယ်လိုများရှာကျန်ဝယ်လာသလဲပဲ။
အောင်မာ lotionဘူး
၂၀၀၀ပတ်ချာလည်လောက်ကလေးတွေရော စုံလို့ ။

အာချီဘူး၄၀၀ကအစပဲ။

အကုန်လုံးကောင်တာထဲမှာစီရီထည့်ရင်း
ဒီလောက်သိနေတဲ့ယောကျာ်းကိုမယုံသင်္ကာလဲဖြစ်မိသေးတယ်။
မုန့် ထုတ်တွေဆိုတာလဲရွာကြိုက်
ဈေးကြီးတာမဟုတ်ပဲ ၅၀...၁၀၀တန်အစုံပဲ။
နရံကပ်ထားတဲ့ စင်တွေထဲမှာ မြသက်တို့ သားမိတတွေက ကြာညို့ ပုလင်းတို့ ...ဆီပုလင်းတို့ ကိုညီညီညာညာ
ထည့်နေတယ်။
ဒေါ်လေးအေးကြည်က ခေါက်ဆွဲခြောက်ဖာတွေဖောက်ပီးခြင်းထဲကို
ထိုင်ရာမထ...ထည့်နေ၏။

ကိုထက်ကတော့ အိမ်ဟောင်းမှာ ဆားအိတ်တွေထမ်းပီးသွားထပ်ပေးနေတယ်။
အသီးသီးတက်ညီလက်ညီလုပ်လိုက်တော့ ညနေစောင်းတော့ ပြီးသလောက်နီးပါး ဖြစ်သွားသည်။

"ဒေါ်လေးတို့ ပြန်တော့လေ ။ ကျန်တာဆက်လုပ်ထားလိုက်မယ်"

"အေးအေး အဲ့ဒါဆို ငါတို့ ပြန်တော့မယ် ။မနက်မှမင်းညီမတွေလွှတ်လိုက်တော့မယ် "

"ဟုတ်ကဲ့ဒေါ်လေး။ မြသက် အပ်ချုပ်စက်အသစ်ဝယ်ခဲ့တယ်။ နောက်ရက် ဟိုဖက်အိမ်မှာ စက်ဆိုင်လာဖွင့်လှည့် "

"အာ ! သမီးက စက်ခွဲခဲ့ပေမဲ့ မကျွမ်းကျင်သေးဘူးကိုကောင်းရဲ့။ "

မြသက်စကားကြောင့်သက်ပုံ ဝင်ပြောရတော့သည်။ သူကိုယ်တိုင် ဒီဇိုင်နာသင်တန်းတက်ထားပီးသားမို့ ဒီရွာမှာဝတ်တဲ့
အမျိုးသမီးလေးဝတ်တဲ့ဝမ်းဆက်တွေလောက်ကတော့ မခဲရင်းပေ......

"ဘာမှမဖြစ်ဘူး။ မချုပ်ရဲသေးလဲ
အကိုလုပ်တက်တယ်။ အကိုက
အစကိုက်ပေးမယ်မြသက်က ချုပ်ပေါ့။ တကယ်လို့ မြသက်ဘာသာ မလုပ်ချင်လဲ
လခနဲ့ လုပ်လေ။ ကောင်းချီဝယ်လာတဲ့ အစတွေကို ကလေးဝမ်းဆက်တွေချုပ်ရောင်းလို့ ရတယ်"

သက်ပုံဝင်ပြောတော့ မှပြသနာကပြေလည်သွားတော့တယ်။
မြသက်မှာ အတွေ့ အကြုံမှမရှိသေးတာ။
ဘယ်သူက စိတ်ချလက်ချ အထည်အပ်ရဲသေးမှာလဲ။ ဒီယောကျာ်းကလုပ်ပေးချင်တာပဲရှိတာဘာမှသိတာမဟုတ်ဘူး။

အကုန်ပြန်သွားပြီဆိုမှ ...

"အထည်စတွေက ဘာလို့ ဝယ်လာတာလဲ။ "

ကောင်းချီ က စပန့် စမျိုးစုံအပါအဝင်
ပုဆိုးနဲ့ အိုးခွက်ပန်းကန်တွေပါ ဝယ်လာသည်မို့ မေးလိုက်တာဖြစ်သည်။
ကုန်စုံဆိုင်မှာအဲ့ဒါတွေရောရောင်းဖို့ လိုအပ်သလားမသိပေမဲ့ မောင်ကောင်းချီကတော့ ဘယ်လိုစဉ်းစားပြီးဝယ်ခဲ့သလဲတွေးရမလိုတောင်ဖြစ်နေသည်။

အမျိုးသမီးလစဉ်သုံးကအစ ...ရိုးရိုးပါတာမဟုတ်ဘူး။ ရောင်စုံနော်။ တချို့ ဆို အတောင်ပံတွေဘာတွေနဲ့ ။

သူတကယ်ဒီယောကျာ်းကို ထိပ်ထုချင်နေပြီ။ ဒါတွေဘယ်လိုပြောဝယ်လာသလဲဆိုတာ သိတောင် သိချင်လာပြီ။

"အဲ့ဒါက မကြာခင်...သီတင်းကျွတ်ရောက်တော့မယ်လေ သက်ပုံကလဲ"

"အေးလေ။ သီတင်းကျွတ်ရောက်တော့ဘာဖြစ်လဲ။ အင်္ကျီစ...ဝယ်တာနဲ့ သီတင်းကျွတ်ရောက်တာနဲ့ တခြားစီပါကွာ"

ဟင်းချိုမှုန့် ကိုချိန်ခွင်ထဲထည့်ပီးချိန်ပြီး
အထုတ်သေးလေးတွေခွဲထုတ်နေတဲ့ ကောင်းချီက တကယ်မသိတာလားဆိုတဲ့အကြည့်နဲ့ မော့ကြည့်လာတယ်။

"ဘာလဲ အဲ့လိုလာမကြည့်နဲ့ ။ "

"သီတင်းကျွတ်ကျရင် မင်္ဂလာဆောင်ကျတယ်လေ။ "

"အေးလေ။ အဲ့ဒါငါလဲသိတာပေါ့"

ငြိမ်ငြိမ်နားမထောင်ပဲ ပြန်ပြန်ပြောနေတဲ့ သက်ပုံကြောင့်

"ခဏလေးရှင်းပြပါအုန်းမယ်...သက်ပုံရာ။"

ထိုင်နေရာမှ ထလာပီး စင်ဘေးမှာထိုင်ပီး ဘူးတွေခွက်တွေ စီထည့်နေတဲ့ သက်ပုံဘေးလာထိုင်၏။

"တနေ့ လုံးခင်များနားကပ်ချင်လွန်းလို့
ရူးတော့မှာသိလား...ပြီးတော့ ယောကျာ်းလို့ ခေါ်တာကိုလဲကြားချင်သေးတယ်။"

ပုခုံးသားတွေတချက်ဖိကိုက်ရင်းဆိုလာတာကြောင့် သက်ပုံတွန့် ခနဲဖြစ်သွား၏။

"ဟို...ဆက်ပြောလေ။ ငါနားထောင်နေတယ်"

တံတွေးတွေ ဇွတ်မြိုချကာ စကားလမ်းကြောင်းပြန်ပြောင်းရသည်။
မဟုတ်ရင် ဒီနေရာမှာပဲ တခုခုဖြစ်သွားနိုင်တယ်။

"အင်း...သီတင်းကျွတ်ရင် ဒီရွာတွေရဲ့ထုံးစံက အထူးဖိတ်တာဆိုတာရှိတယ်။မိန်းကလေးတွေဆိုရင်
ဒီလို အင်္ကျီစတွေနဲ့ ။ ယောကျာ်းလေးတွေဆိုရင် အမွှေးခဲတွေနဲ့ ဖိတ်တာ။
ပုဆိုးတွေနဲ့ ပါတိတ်လုံချည်တွေကကျ
ကန်တော့ခံဖိတ်ထားတဲ့ အမျိုးတွေအတွက် ဒါတွေနဲ့ ကန်တော့တာပေါ့ဗျာ။ ဓာတ်ဗူးတို့ ပန်းကန်တို့ ကကျ ပြန်လက်ဖွဲ့ ပေးတဲ့သူတွေက ဝယ်ကျတာ။ သက်ပုံတာ ရွာထဲကအထည်ဆိုင်တွေထက်လျော့ပေးနိုင်ရင် ရှိသမျှမင်္ဂလာဆောင် ဖိတ်ဖို့ အင်္ကျီစ...မှန်သမျှခင်များဆီကဝယ်လိမ့်မယ် "

"မင်းက အကြံကြီးလိုက်တာ ။
မင်္ဂလာတစ်ဆောင်ရှိရင် မင်းလက်ကပြေးမလွတ်အောင်လုပ်ထားတယ်ပေါ့ဟုတ်လား"

"ဒါပေါ့ ခင်များယောကျာ်းပဲ။ ဒီလောက်
ကတော့ ပါးပါးလေးပဲရှိသေးတာ။
နောက်ထပ်ရှိသေးတယ်။ အဲ့ဒါ မင်္ဂလာဆောင်ကျွေးဖို့ "

ပြောရင်းထ သွားကာ အိမ်ဝင်ပေါက်က
သံပန်းတံခါးကို သွားပိတ်နေ၏။

"အစောကြီးရှိသေးတယ်လေ"

"စောလဲ တံခါးမပိတ်ရဘူးလို့ ဘယ်သူပြောလဲ ။ ကျွန်တော်ခင်များကိုရှင်းပြစရာရှိသေးတယ်လေ "

မှောင်စပျိုးနေပီမို့ အိမ်မကြီးတံခါးပိတ်လိုက်တော့ အထဲမှာအလင်းပျောက်သွားကာ ဘာမှမမြင်ရတော့။

ချောက်!

လင်းကနဲ ဖြစ်သွားတဲ့မီးရောင်ကြောင့်
မျက်လုံးတွေကပြာသွား၏။
စုံမှိတ်ပစ်လိုက်တဲ့ အမြင်အာရုံထဲမှာ
ကောင်းချီက သဘောတကျပြုံးလို့ တဲ့။

"ဒီမှာ မနက်ခင်း ရွာခံတွေကို လက်ဖက်ရည်နဲ့ ကိတ်မုန့် နဲ့ ဧည့်ခံတဲ့အပြင်
ရပ်ဝေးရွာဝေးကလာတဲ့ ဧည့်သည်တွေကိုကျ ထမင်းကျွေးကြတယ်။ ဈေးချိုရင်
ဆန်ဆီဆားအပြင် ကိတ်မုန့် ကအစရောင်းလို့ ရတယ်။ ပြီးတော့
တခါထဲ လက်ဖွဲ့ ခုံမှာလက်ဆောင်ကမ်းဖို့ ဆေးလိပ်နဲ့ ခေါင်းလျှော်ရည်ထုပ်ကအစ ရောင်းလို့ ရသေးတယ်ဗျာ "

စကားဆုံတော့ သက်ပုံရဲ့နားသယ်စကို
နမ်းရှုံ့ ပီး ......

"ခင်များကိုလွမ်းလိုက်တာ ..."

"သွားပါခုမှလာမလွမ်းနဲ့ ။ ငါဖုန်းခေါ်တော့မကိုင်ပဲ "

အမှတ်တမဲ့ ရွယ်စူးလားတဲ့ မျက်စောင်းနုနုကြောင့် ကောင်းချီရင်ဖက်ကြီးဗြောင်းဆန်ကုန်လျှက်။

"ခင်များဗျာ "

ကောင်းချီရဲ့ မချင့်မရဲသံအဆုံးမှာ သက်ပုံ မတ်တပ်ထရပ်လိုက်၏။
သူသိတယ် ဒါဘာကိုရည်ညွှန်းသလဲဆိုတာ။
ဒါပေမဲ့ သက်ပုံနောက်ကျသွား၏။

လက်ကောက်ဝတ်ကနေအားနဲ့ ဆွဲချလိုက်တာမို့ ကောင်းချီရင်ခွင်ထဲကို ပစ်စလက်ခက်ပစ်ကျသည်။

"အား......မင်း"

ဖြစ်လာတော့မဲ့ ဒေါသတွေကို ကောင်းချီက သူနှုတ်ခမ်းနဲ့ လာတားတယ်။
အရင်ကထပ် အဆများစွာကျွမ်းကျင်လာတဲ့ အနမ်းတွေကြောင့် သက်ပုံခမျာ
မနက်ဖန် သူအသက်ရှိပါစေ ဟု တိတ်တိတ်လေးဆုတောင်းနေမိသည်။
မနေ့ ကထိ သူတွေးနေတာ သူ့ ယောကျာ်းက လိမ်မာယဉ်ကျေးဖိုးသခွားလေးလို့ ။

ခုတော့ သက်ပုံမှားမှန်းသိသွားပါပီ။
သူ့ ယောကျာ်းက ကျားကြီး ။ ကျားတောင်ရိုးရိုးကျားမဟုတ်ဘူး။ ကိုးတောင်ကျား။


ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: Truyen3h.Co