Truyen3h.Co

Completed

သေျပကုန္းရြာက အေဒၚႀကီးရဲ့
စကားေႀကာင့္ တနိုင္တပိုင္သိမ္းေပးတဲ့
ပြဲရုံမမည္တဲ့ ပြဲရုံေလးက တံငါကုန္းရြာမွာထင္ေပၚေႀကာ္ႀကားလာပါသည္။
ေကာင္းခ်ီနဲ ့သက္ပံု စန္းဇာတာကေတာ့
အကုန္လံုးမနာလို မရွဳ ့စိမ့္ျဖစ္လာေစေအာင္ လုပ္သမ်ွအလုပ္က ေအာင္ျမင္
လို ့ေနသည္။

ေစတနာအက်ိဳးေပးသည္ဆိုမလား။

သက္ပံု တို ့စလုပ္ခဲ့တဲ့ အလုပ္တိုင္းသည္ သူမ်ားအက်ိဳးကို ျဖစ္ထြန္းေစခ်င္လို ့
လုပ္ေပးရာကေန ကိုယ့္အက်ိဳးေအာင္ခဲ့တာျဖစ္သည္။
ပိုပီးေကာင္းမြန္လာတဲ့ အေျခအေနမွာ
နွမ္းလာပို ့ရင္းျဖစ္ေစ ... ပဲစိမ္းငံု လာပို ့ရင္းျဖစ္ေစ သက္ပံုတို ့ဆီက ေစ်းျပန္ဝယ္သြားႀကတာပင္ျဖစ္သည္။
ပြဲရုံကလည္း ျမတ္သလို ေစ်းဆိုင္ကလညျမတ္ ေနတာမို ့ ဒီအလုပ္က ေတာ္ေတာ္တြက္ေျခကိုက္သည္ ေျပာရမယ္။

"ေကာင္းခ်ီ ဒီတေခါက္ မင္းလိုက္သြားမွာလား"

ေကာင္းခ်ီက ဟိုဖက္ အိမ္ေဟာင္းေလးေရွ ့မွာ ဂိုေထာင္သေဘာမ်ိဳး သြပ္ျပန္ ့အဖီႀကီးႀကီးဆြဲလိုက္သည္။
လာပို ့သမ်ွ ပဲတို ့နွမ္းတို ့က အစက
လုပ္ငန္းေသးေသးပဲ ဆိုပီးေပါ့ေလ်ာ့စြာေတြးထားေပမဲ့ တကယ္တမ္းက် ျမိဳ ့ေလးမွာသိမ္းတဲ့ေစ်းေပးဝယ္တာမို ့ တနယ္လံုး နီးစပ္ရာ သက္ပံုတို ့ဆိုင္ကို တစ္ေယာက္စကားတစ္ေယာက္နားျဖင့္ အမ်ားအျပားလာပို ့ႀကသည္။
ခုဆို မႏၱေလးသြားရင္ အသြားကုန္ကပင္
ကားတစ္စီး အျပည့္ျဖစ္ေနတက္ျပီး
မီးေသြးကလဲ ေဖာက္သည္ပ်က္မွာစိုးေတာ့ မပါမျဖစ္ ေကာင္းခ်ီက တင္နိုင္သေလာက္တင္ေသးသည္။

ေဒၚေလးတို ့က သက္ပံုတို ့လင္မယားကို ေလာဘႀကီးတယ္လို ့တခါတေလ ေျပာတက္ေပမဲ့ သစ္တစ္ပင္ေကာင္း
ငွက္တေသာင္းနားဆိုတာကိုေတာ့ နားလည္သည္ထင္တယ္ စကားအျဖစ္သာေျပာတာ အကုန္လံုး ကိုယ့္အိမ္စီးပြားေရးလိုပဲ ဝိုင္းလုပ္ကူတက္ၾက၏။

မဟုတ္လည္း ေဒၚေလးျမရင္သည္အိမ္မွာလာပီးထမင္းဟင္းခ်က္ျပဳတ္ေပးျပီးတခါထဲစားသြားတက္သည္ေႀကာင့္
ဖိုးသားနဲ ့ျမသက္ရဲ့ လခကေတာ့ အပိုဝင္ေငြလို ျဖစ္ကာ သက္သက္စုထားရုံသာ။
က်န္တာမေျပာနဲ ့ကိုထက္သည္ပင္
အိုးပိုင္အိမ္ပိုင္နဲ ့လစဥ္ ကားေမာင္းတဲ့ ပိုက္ဆံအျပင္ သူ ့မိန္းမမိဝိုင္းကလည္း
သက္ပံုအိမ္မွာ ေစ်းကူေရာင္းတာမို ့မုန္ ့
ဖိုးမွန္မွန္ရသည္။

"လိုက္ေတာ့လိုက္ရမယ္ထင္တယ္။
ဟိုမွာ စာရင္းရွင္းရမဲ ့ေငြမ်ားေနျပီ။ မွာစရာရွိေသးလား။ သက္ပံုဘာလိုအပ္ေသးလဲ "

နွစ္ရက္ျခားတစ္ခါသြားေနတဲ့ လမ္းခရီးကို ဘာထူးျခားလို ့သြားတိုင္းမွာရမွာလဲ။
ဒီေယာက်ာ္းေတာ့ ခုထိသူ ့ကို ကေလးမွတ္ေနသလား။
ေဒါသမပါတဲ့ မ်က္ေစာင္းတခုကိုရြယ္ပီး

"ဘာမွမမွာဘူး အျပန္ မင္းညီ ဖိုးသားအတြက္ ဆိုင္ကယ္တစ္စီးေလာက္ဝယ္ေပးစမ္းပါ။သူ ့ဆိုင္ကယ္သံကို ငါစိတ္ကုန္လြန္းလို ့"

သက္ပံုစကားေႀကာင့္ ေကာင္းခ်ီက
ပဲအိတ္ခြံေတြ စီထပ္ေနရာမွာရယ္သည္။
တကယ္လွတဲ့ အျပံဳးေတြေႀကာင့္ သက္ပံုမွာေငးခနဲ။
ေကာင္းခ်ီက တခါတေလ ထိုသို ့အမွတ္မထင္စြာ သက္ပံုကိုစြဲေဆာင္ေသးသည္။

"ဟုတ္ပါပီဗ်ာ။ သက္ပံုေလး နားညီးတယ္ဆိုမွေတာ့ ေမာင္ဖိုးသားကို တစီးေလာက္ဝယ္ေပးရေတာ့မွာေပါ့"

"မင္းေနာ္ ငါ့ကို ကေလးလို လာမဆက္ဆံနဲ ့ငါမင္းထက္ႀကီးတယ္"

"ဘာႀကီးတာလဲ ဖင္တံုေလးလား"

"ဟာ! ေကာင္းစင္သန္ ့ခ်ီ မင္းေတာ္ေတာ္အရွက္မရိွတဲ့ေကာင္"

စေနာက္ေနမွန္းသိေပမဲ့ သက္ပံုေတာ္ေတာ္ရွက္သြားသည္။
အိမ္ထဲဝင္သြားသည့္တိုင္ေနာက္ေက်ာမလံုသလို ျဖစ္ကာ အေပၚထပ္က မွန္
ေရွ ့မွာ ေနာက္လွည့္ႀကည့္မိတာ အႀကိမ္ႀကိမ္ ။

အဲ့ေနကတည္းက သက္ပံုတစ္ေယာက္ စိတ္ညစ္ေနခဲ့တာဟာ သူ ့ဖင္ေလးႀကီးေနသလားဆိုတာပင္။

-
-
-

" ပြမ္! ပြမ္!"

ကားဟြန္းသံေႀကာင့္ ေစ်းေရာင္းေနတဲ့ဖိုးသား ဖင္တႀကြႀကြ။
ဆိုင္ကယ္ဝယ္လာမယ္ဆိုကတည္းက
ေမ်ွာ္လို ့မပီးနိုင္ေနတဲ့ဖိုးသားကို သနားတာေႀကာင့္

"သြား...သြား ငါဆက္ေရာင္းထားလိုက္မယ္"
ဟုေျပာလိုက္ရသည္ထိပင္။

ဟန္ပင္မေဆာင္နိုင္ခြင့္ျပဳခ်က္လည္းရေရာ အိမ္ေရွ ့ကိုေျပးသြားလိုက္တာမ်ား။

သက္ပံု ေဘာင္ခ်ာျဖတ္ေပး
ပိုက္ဆံရွင္းေပးကို လူရွင္းသည္ထိအေတာ္ႀကာလုပ္ေပးျပီးမွ ေကာင္တာကေနထရသည္။
သက္ပံုအျပင္ေရာက္ေတာ့ ဖိုးသားကဝယ္လာတဲ့ဆိုင္ကယ္ေလးကိုတယုတယႀကည့္လို ့ေနၿပီး ေကာင္းခ်ီက  ဖိုးသားေဘးမွာမတ္တပ္ရပ္ေန၏။

"သက္ပံု "

လူကိုျမင္ေတာ့ ေခၚလာတဲ့ အသံက
လြမ္းဆြတ္မူ ့အျပည့္။
ကိုယ္ကိုတိုင္လည္းလြမ္းေနမိတာမို႔
" အကဲပိုလိုက္တာ တစ္ညအိပ္ထဲပါကြ"လို ့ေတာင္မေျပာရက္။

"ခင္ဗ်ားကို လြမ္းလိုက္တာသက္ပံုရာ "

ခပ္ဖြဖြဖက္လာတဲ့ ပံုခံုးေပၚက လက္တဖက္နဲ ့ငံု ့ႀကည့္လာတဲ့ မ်က္နွာက အျမတ္တနုိး။

"ငါလည္း မင္းကိုလြမ္းတယ္။
အလုပ္ေတြအဆင္ေျပခဲ့လားေကာင္းခ်ီ"

"မေျပစရာလား။ ခင္ဗ်ားေျပာတဲ့အတိုင္း
အိမ္ကယူသြားတဲ့ ပိုက္ဆံနဲ ့ပြဲရုံကရတဲ့ပိုက္ဆံ ကို အကုန္ဘဏ္မွာ အပ္ခဲ့လိုက္ျပီ..."

"အင္း ပြဲရုံက ဒီတေခါက္ဘယ္ေလာက္ရလဲ"

"တစ္ရာေက်ာ္တယ္ သက္ပံုေပးလိုက္တဲ့
သိန္း၈၀နဲ ့ဆို နွစ္ရာေက်ာ္ ။ အဲ့ထဲက ၂၀၀ပဲ အပ္ခဲ့လိုက္တာ ပိုတဲ့ ၁၀သိန္းေက်ာ္ေတာ့ ေစ်းဝယ္ဖို ့သက္သက္ေပးလိုက္တဲ့အထဲ ထည့္လိုက္တယ္"

ေကာင္းခ်ီစကားကို သက္ပံု ေခါင္းညိမ့္ျပကာ

"အင္းပါ မင္းအဆင္ေျပရင္ ျပီးတာပဲ။
ဒီနွစ္ နွမ္းေစ်းေတြေကာင္းသားပဲ ငါတြက္ထားတာထပ္ေတာင္ ပိုေနေသးတယ္။
ကဲပါ အဲ့ဒါေတြညမွေျပာမယ္ မင္းဗိုက္ဆာျပီလားငါထမင္းခူးလိုက္ေတာ့မလို႔"

"မဆာေသးဘူး သက္ပံု.. ညေနေရခ်ိဳးၿပီးမွပဲစားေတာ့မယ္  လမ္းဆံုမွာ ကားနားေတာ့ ကြၽန္ေတာ္ အေအးေသာက္လာလို႔"

မႏၱေလးကုန္ကားထြက္ရင္ အရင္လို
ကာင္းခ်ီနဲ ့ကိုထက္ နွစ္ေယာက္ထဲတင္မဟုတ္ေတာ့ ကုန္တင္ကုန္ခ်လုပ္ဖို ့ေကာင္ေလးနွစ္ေယာက္ကို ငွားေပးထားတာ
မို ့ေငြအိတ္သယ္ရတာကလြဲပီးေကာင္းခ်ီကမပင္ပန္း။
လအေတာ္ႀကာလုပ္ကိုင္ပီးတဲ့ေနာက္မွာ
သက္ပံုဆိုင္က ေရာင္းအားက ေန ့စဥ္တက္လာသလို ေကာင္းခ်ီရဲ့ေဘးေပါက္အလုပ္နဲ ့ပြဲရုံအလုပ္ကပါ ေငြပိုထြက္လာခဲ့ျပီ။
ေစ်းကုန္ျဖည့္ဖို ့နွင့္ဝယ္လိုက္ျခမ္းလိုက္
လုပ္ဖို ့သီးသန္ ့သိန္း၁၀၀ေက်ာ္ဖယ္ထားတဲ့အျပင္ ဘဏ္ထဲေရာက္တာတင္ သိန္းေလးရာေက်ာ္ေနျပီျဖစ္သည္။
ဆိုင္ရဲ့ေရာင္းအားသည္ ရြာဆိုင္ ဆိုေပမဲ့ တနယ္လံုး၏ဝယ္ယူအားေႀကာင့္
တစ္ရက္ကို ၁၅ သိန္း... သိန္း၂၀
ေအာက္က မဆင္း။
အရင္က ပြဲရုံအလုပ္ျဖစ္တဲ့
နွမ္း တို ့ပဲစိမ္းငံု တို ့ကိုေတာင္ လုပ္ငန္းသေဘာကို နားလည္လာေတာ့
လက္မလႊတ္ခ်င္ေတာ့။
ဒါေတာင္ ျမိဳ ့ေလး ေစ်းနဲ ့ေစ်းအျပိဳင္ေကာက္တာ။
ေငြဆိုတာ ရွာတက္ရင္လြယ္သည္။
သက္ပံုေရာေကာင္းခ်ီေရာ
မေသာက္မစားတက္သလို
နွစ္ေယာက္စလံုးဖိဖိစီးစီး ေငြယိုေပါက္မရွိေအာင္လုပ္တက္ေတာ့ လုပ္ငန္းျဖစ္တာမဆန္း။
သက္ပံုက လာသမ်ွေစ်းဝယ္ေနာက္လာမဝယ္ခ်င္ဘူးဆိုတာ မျဖစ္ရေအာင္ ေရာင္းတက္သလိုေကာင္းခ်ီကလည္း
ဘယ္အလုပ္ကပိုက္ဆံရနိုင္မလဲဆိုတာသာႀကည့္တက္သူမို ့ ခ်မ္းသာလာတာျဖစ္သည္။

"ကိုေကာင္း ဒီကိုလာ က်ြန္ေတာ္ ဆိုင္ကယ္စီးသင္ေပးမယ္"

ဆိုင္ကယ္တပတ္ ပတ္စီးလာတဲ့ဖိုးသားက အိမ္ထဲဝင္လာကာ ေကာင္းခ်ီကိုမဲဆြယ္ေနသည္။

"သင္ခ်င္လိုက္သြားေလ"

သူသင္ရမလားဆိုတဲ့ မ်က္နွာေပးေလးနဲ ့
ႀကည့္လာမွေတာ့ဘယ္သူက မလုပ္နဲ ့လို ့ေျပာရက္မလဲ။
ခြင့္ျပဳခ်က္ရေတာ့ သြားေတြေပၚေအာင္
သေဘာတက်ရယ္ျပသြားေသးသည္။
ဖိုးသားေနာက္မွာထိုင္လိုက္သြားတဲ့ေကာင္းခ်ီကို ေငးေနတုန္း ေစ်းဝယ္ျပန္က်လာတာမို ့အိမ္ထဲျပန္ေျပးရျပန္သည္။

ညေနငါးနာရီေက်ာ္ေတာ့ အလုပ္သမားေကာင္မေလးေတြ အိမ္ျပန္ကုန္ႀကျပီျဖစ္သည္။
အရြယ္ေရာက္ခါစ မိန္းမငယ္ေလးေတြမို ့ညအိပ္ညေနေတာ့ ဆိုင္မွာမေနခိုင္းျဖစ္။
မနက္ဆို ငါးေယာက္လံုး အတူတူလာ
ႀကတာမို ့ ေစာေပမဲ့ လူဆိုးလူရမ္းကားမရွိတဲ့ တံငါကုန္းရြာမွာေႀကာက္စရာေတာ့မရွိေပ။
ကိုယ္တစ္ေယာက္ထဲက်န္ေတာ့တာမို ့ ဆိုင္ပိတ္
ဖို ့အိမ္ေရွ ့ထြက္စဥ္ ျမင္လိုက္ရတဲ့
ျမင္ကြင္းေႀကာင့္ သက္ပံုပါးစပ္အေဟာင္းသားျဖစ္သြားေစသည္။

ေကာင္းစင္သန္ ့ခ်ီ ဆိုင္ကယ္ေမွာက္လာေလၿပီ။

ေလွကားထစ္မွာ ငုတ္တုတ္ေလးထိုင္ေနရွာတဲ့ေကာင္းခ်ီမွာ ေခါင္းမွာ သစ္ရြက္ေျခာက္တခ်ိဳ ့က ကပ္လို ့။
ဝတ္သြားတုန္းက အေကာင္း
ျပန္ေရာက္မွ အနားျပဲေနတဲ့ ပုဆိုးမွာလဲဖုန္ေတြကေပလို ့။
ထိုင္ေနလိုက္တာမ်ားကိုယ္ေတာင္မျမင္
ေလာက္ေအာင္စိတ္ပ်က္လက္ပ်က္
ငူတူတူႀကီးျဖစ္ေနသည္။

"ဆိုင္ကယ္ေမွာက္လာတာလား '

ေဘးကေန ကပ္ထိုင္ကာ ေမးေတာ့
မ်က္နွာငယ္ေလးနဲ ့အလန္ ့တႀကားလွည့္ႀကည့္လာသည္။
ႀကီးေကာင္ႀကီးမားနဲ ့ဒါေလးေတာင္
မလုပ္နိုင္ဘူးလားလို႔ ေတာင္မဆူရက္ေအာင္ ေကာင္းစင္သန္႔ခ်ီက သနားစရာေလးျဖစ္ေန၏။

"အင္း"

ခဏပဲ ေမာ့ႀကည့္ပီး မ်က္နွာကျပန္ငံု ့သြားတာမို ့သက္ပံုမွာ ရယ္ခ်င္ပတ္က်ိျဖစ္ရသည္။

သူမလုပ္နိုင္ခဲ့လို ့ေကာင္းခ်ီေလးဝမ္းနည္းေနရွာသည္။

အနည္းငယ္ လက္ဖေနွာင့္ေလးပြန္းေနတာကလြဲပီးႀကီးႀကီးမားဒဏ္ရာ မရွိတာေႀကာင့္သက္ပံု ေကာင္းခ်ီ ဆံပင္ေတြကို
ျမတ္နိုးစြာ ထိုးဖြလိုက္၏။ ျပီးမွ

"မင္းမလုပ္နိုင္လဲ ဘာျဖစ္လဲ။
မႏၱေလးသားငါက ဒီဆိုင္ကယ္စီးတာေလာက္ေတာ့ အေပ်ာ့ပါကြ။ ငါ့ရဲ့ေကာင္းခ်ီေလး ဘယ္သြားခ်င္လဲ ဒီကိုကိုက
ေနရာအစံုဆိုင္ကယ္စီးျပီးလိုက္ပို ့ေပးမယ္ ဟုတ္ၿပီလား"

သက္ပံု စိတ္ေျပေအာင္ စေနာက္လိုက္ေတာ့ ငံု ့ေနတဲ့မ်က္နွာေလးကပုခံုးကိုကြယ္ပီး အနည္းငယ္ေမာ့ကာ ခိုးႀကည့္လာ၏။ ထိုပံုစံေလးကိုပင္အသည္းယားသြားတာမို႔..

"မင္းငါ့ကိုေတာ္ေတာ္အသဲယားေအာင္လုပ္ လူဆိုးေကာင္ "

ဘယ္လိုမွမေနနိုင္ေတာ့ ဆြဲဖက္ေထြးေပြ ့မိတာကိုယ္။
မနိုင္ဝန္ထမ္းသည္ပဲေျပာေျပာ ဒီကိုယ္လံုးႀကီးကို ကေလးတစ္ေယာက္လို
တယုတယ သက္ပံုက သိပ္လုပ္ခ်င္တာ။
တကယ္ကို သူ ့ရဲ့ေကာင္းခ်ီက
တခမ္းတနားခ်စ္ေပးဖို ့တန္တဲ့ကေလး။
သက္ပံုခ်စ္တာနည္းနည္းမွမလြန္ဘူး။

"အေတာ္ေလာက္ခ်စ္ဖို ့ေကာင္း။
ဒီထက္ပိုလာရင္ ငါ အူယားလြန္းလို ့
မင္းကိုဆြဲညစ္သတ္မိေတာ့မယ္"

သူ ့ကိုယ္လံုးႀကီးနဲ ့ဖက္ထားတဲ့အတိုင္းေခြေခါက္မွီႏြဲ ့ေနေတာ့ ဖက္သာထားရတာ သက္ပံုလဲ လြယ္ကူမေနပါ။
ဒါေပမဲ့ ဒီအေနထားကို တကယ္သေဘာက်သည္။

စကားမဆက္ ရင္ခြင္က်ယ္ေအာင္လုပ္တဲ့ေလ့က်င့္ခန္းရွိပါသလား......



ခ်စ္တဲ့အိမ္စည္။






သပြေကုန်းရွာက အဒေါ်ကြီးရဲ့
စကားကြောင့် တနိုင်တပိုင်သိမ်းပေးတဲ့
ပွဲရုံမမည်တဲ့ ပွဲရုံလေးက တံငါကုန်းရွာမှာထင်ပေါ်ကြော်ကြားလာပါသည်။
ကောင်းချီနဲ့ သက်ပုံ စန်းဇာတာကတော့
အကုန်လုံးမနာလို မရှု့ စိမ့်ဖြစ်လာစေအောင် လုပ်သမျှအလုပ်က အောင်မြင်
လို့ နေသည်။

စေတနာအကျိုးပေးသည်ဆိုမလား။

သက်ပုံ တို့ စလုပ်ခဲ့တဲ့ အလုပ်တိုင်းသည် သူများအကျိုးကို ဖြစ်ထွန်းစေချင်လို့
လုပ်ပေးရာကနေ ကိုယ့်အကျိုးအောင်ခဲ့တာဖြစ်သည်။
ပိုပီးကောင်းမွန်လာတဲ့ အခြေအနေမှာ
နှမ်းလာပို့ ရင်းဖြစ်စေ ... ပဲစိမ်းငုံ လာပို့ ရင်းဖြစ်စေ သက်ပုံတို့ ဆီက ဈေးပြန်ဝယ်သွားကြတာပင်ဖြစ်သည်။
ပွဲရုံကလည်း မြတ်သလို ဈေးဆိုင်ကလညမြတ် နေတာမို့  ဒီအလုပ်က တော်တော်တွက်ခြေကိုက်သည် ပြောရမယ်။

"ကောင်းချီ ဒီတခေါက် မင်းလိုက်သွားမှာလား"

ကောင်းချီက ဟိုဖက် အိမ်ဟောင်းလေးရှေ့ မှာ ဂိုထောင်သဘောမျိုး သွပ်ပြန့် အဖီကြီးကြီးဆွဲလိုက်သည်။
လာပို့ သမျှ ပဲတို့ နှမ်းတို့ က အစက
လုပ်ငန်းသေးသေးပဲ ဆိုပီးပေါ့လျော့စွာတွေးထားပေမဲ့ တကယ်တမ်းကျ မြို့ လေးမှာသိမ်းတဲ့ဈေးပေးဝယ်တာမို့  တနယ်လုံး နီးစပ်ရာ သက်ပုံတို့ ဆိုင်ကို တစ်ယောက်စကားတစ်ယောက်နားဖြင့် အများအပြားလာပို့ ကြသည်။
ခုဆို မန္တလေးသွားရင် အသွားကုန်ကပင်
ကားတစ်စီး အပြည့်ဖြစ်နေတက်ပြီး
မီးသွေးကလဲ ဖောက်သည်ပျက်မှာစိုးတော့ မပါမဖြစ် ကောင်းချီက တင်နိုင်သလောက်တင်သေးသည်။

ဒေါ်လေးတို့ က သက်ပုံတို့ လင်မယားကို လောဘကြီးတယ်လို့ တခါတလေ ပြောတက်ပေမဲ့ သစ်တစ်ပင်ကောင်း
ငှက်တသောင်းနားဆိုတာကိုတော့ နားလည်သည်ထင်တယ် စကားအဖြစ်သာပြောတာ အကုန်လုံး ကိုယ့်အိမ်စီးပွားရေးလိုပဲ ဝိုင်းလုပ်ကူတက်ကြ၏။

မဟုတ်လည်း ဒေါ်လေးမြရင်သည်အိမ်မှာလာပီးထမင်းဟင်းချက်ပြုတ်ပေးပြီးတခါထဲစားသွားတက်သည်ကြောင့်
ဖိုးသားနဲ့ မြသက်ရဲ့ လခကတော့ အပိုဝင်ငွေလို ဖြစ်ကာ သက်သက်စုထားရုံသာ။
ကျန်တာမပြောနဲ့ ကိုထက်သည်ပင်
အိုးပိုင်အိမ်ပိုင်နဲ့ လစဉ် ကားမောင်းတဲ့ ပိုက်ဆံအပြင် သူ့ မိန်းမမိဝိုင်းကလည်း
သက်ပုံအိမ်မှာ ဈေးကူရောင်းတာမို့ မုန့်
ဖိုးမှန်မှန်ရသည်။

"လိုက်တော့လိုက်ရမယ်ထင်တယ်။
ဟိုမှာ စာရင်းရှင်းရမဲ့ ငွေများနေပြီ။ မှာစရာရှိသေးလား။ သက်ပုံဘာလိုအပ်သေးလဲ "

နှစ်ရက်ခြားတစ်ခါသွားနေတဲ့ လမ်းခရီးကို ဘာထူးခြားလို့ သွားတိုင်းမှာရမှာလဲ။
ဒီယောကျာ်းတော့ ခုထိသူ့ ကို ကလေးမှတ်နေသလား။
ဒေါသမပါတဲ့ မျက်စောင်းတခုကိုရွယ်ပီး

"ဘာမှမမှာဘူး အပြန် မင်းညီ ဖိုးသားအတွက် ဆိုင်ကယ်တစ်စီးလောက်ဝယ်ပေးစမ်းပါ။သူ့ ဆိုင်ကယ်သံကို ငါစိတ်ကုန်လွန်းလို့ "

သက်ပုံစကားကြောင့် ကောင်းချီက
ပဲအိတ်ခွံတွေ စီထပ်နေရာမှာရယ်သည်။
တကယ်လှတဲ့ အပြုံးတွေကြောင့် သက်ပုံမှာငေးခနဲ။
ကောင်းချီက တခါတလေ ထိုသို့ အမှတ်မထင်စွာ သက်ပုံကိုစွဲဆောင်သေးသည်။

"ဟုတ်ပါပီဗျာ။ သက်ပုံလေး နားညီးတယ်ဆိုမှတော့ မောင်ဖိုးသားကို တစီးလောက်ဝယ်ပေးရတော့မှာပေါ့"

"မင်းနော် ငါ့ကို ကလေးလို လာမဆက်ဆံနဲ့ ငါမင်းထက်ကြီးတယ်"

"ဘာကြီးတာလဲ ဖင်တုံလေးလား"

"ဟာ! ကောင်းစင်သန့် ချီ မင်းတော်တော်အရှက်မရှိတဲ့ကောင်"

စနောက်နေမှန်းသိပေမဲ့ သက်ပုံတော်တော်ရှက်သွားသည်။
အိမ်ထဲဝင်သွားသည့်တိုင်နောက်ကျောမလုံသလို ဖြစ်ကာ အပေါ်ထပ်က မှန်
ရှေ့ မှာ နောက်လှည့်ကြည့်မိတာ အကြိမ်ကြိမ် ။

အဲ့နေကတည်းက သက်ပုံတစ်ယောက် စိတ်ညစ်နေခဲ့တာဟာ သူ့ ဖင်လေးကြီးနေသလားဆိုတာပင်။

-
-
-

" ပွမ်! ပွမ်!"

ကားဟွန်းသံကြောင့် ဈေးရောင်းနေတဲ့ဖိုးသား ဖင်တကြွကြွ။
ဆိုင်ကယ်ဝယ်လာမယ်ဆိုကတည်းက
မျှော်လို့ မပီးနိုင်နေတဲ့ဖိုးသားကို သနားတာကြောင့်

"သွား...သွား ငါဆက်ရောင်းထားလိုက်မယ်"
ဟုပြောလိုက်ရသည်ထိပင်။

ဟန်ပင်မဆောင်နိုင်ခွင့်ပြုချက်လည်းရရော အိမ်ရှေ့ ကိုပြေးသွားလိုက်တာများ။

သက်ပုံ ဘောင်ချာဖြတ်ပေး
ပိုက်ဆံရှင်းပေးကို လူရှင်းသည်ထိအတော်ကြာလုပ်ပေးပြီးမှ ကောင်တာကနေထရသည်။
သက်ပုံအပြင်ရောက်တော့ ဖိုးသားကဝယ်လာတဲ့ဆိုင်ကယ်လေးကိုတယုတယကြည့်လို့ နေပြီး ကောင်းချီက  ဖိုးသားဘေးမှာမတ်တပ်ရပ်နေ၏။

"သက်ပုံ "

လူကိုမြင်တော့ ခေါ်လာတဲ့ အသံက
လွမ်းဆွတ်မူ့ အပြည့်။
ကိုယ်ကိုတိုင်လည်းလွမ်းနေမိတာမို့
" အကဲပိုလိုက်တာ တစ်ညအိပ်ထဲပါကွ"လို့ တောင်မပြောရက်။

"ခင်ဗျားကို လွမ်းလိုက်တာသက်ပုံရာ "

ခပ်ဖွဖွဖက်လာတဲ့ ပုံခုံးပေါ်က လက်တဖက်နဲ့ ငုံ့ ကြည့်လာတဲ့ မျက်နှာက အမြတ်တနိုး။

"ငါလည်း မင်းကိုလွမ်းတယ်။
အလုပ်တွေအဆင်ပြေခဲ့လားကောင်းချီ"

"မပြေစရာလား။ ခင်ဗျားပြောတဲ့အတိုင်း
အိမ်ကယူသွားတဲ့ ပိုက်ဆံနဲ့ ပွဲရုံကရတဲ့ပိုက်ဆံ ကို အကုန်ဘဏ်မှာ အပ်ခဲ့လိုက်ပြီ..."

"အင်း ပွဲရုံက ဒီတခေါက်ဘယ်လောက်ရလဲ"

"တစ်ရာကျော်တယ် သက်ပုံပေးလိုက်တဲ့
သိန်း၈၀နဲ့ ဆို နှစ်ရာကျော် ။ အဲ့ထဲက ၂၀၀ပဲ အပ်ခဲ့လိုက်တာ ပိုတဲ့ ၁၀သိန်းကျော်တော့ ဈေးဝယ်ဖို့ သက်သက်ပေးလိုက်တဲ့အထဲ ထည့်လိုက်တယ်"

ကောင်းချီစကားကို သက်ပုံ ခေါင်းညိမ့်ပြကာ

"အင်းပါ မင်းအဆင်ပြေရင် ပြီးတာပဲ။
ဒီနှစ် နှမ်းဈေးတွေကောင်းသားပဲ ငါတွက်ထားတာထပ်တောင် ပိုနေသေးတယ်။
ကဲပါ အဲ့ဒါတွေညမှပြောမယ် မင်းဗိုက်ဆာပြီလားငါထမင်းခူးလိုက်တော့မလို့"

"မဆာသေးဘူး သက်ပုံ.. ညနေရေချိုးပြီးမှပဲစားတော့မယ်  လမ်းဆုံမှာ ကားနားတော့ ကျွန်တော် အအေးသောက်လာလို့"

မန္တလေးကုန်ကားထွက်ရင် အရင်လို
ကာင်းချီနဲ့ ကိုထက် နှစ်ယောက်ထဲတင်မဟုတ်တော့ ကုန်တင်ကုန်ချလုပ်ဖို့ ကောင်လေးနှစ်ယောက်ကို ငှားပေးထားတာ
မို့ ငွေအိတ်သယ်ရတာကလွဲပီးကောင်းချီကမပင်ပန်း။
လအတော်ကြာလုပ်ကိုင်ပီးတဲ့နောက်မှာ
သက်ပုံဆိုင်က ရောင်းအားက နေ့ စဉ်တက်လာသလို ကောင်းချီရဲ့ဘေးပေါက်အလုပ်နဲ့ ပွဲရုံအလုပ်ကပါ ငွေပိုထွက်လာခဲ့ပြီ။
ဈေးကုန်ဖြည့်ဖို့ နှင့်ဝယ်လိုက်ခြမ်းလိုက်
လုပ်ဖို့ သီးသန့် သိန်း၁၀၀ကျော်ဖယ်ထားတဲ့အပြင် ဘဏ်ထဲရောက်တာတင် သိန်းလေးရာကျော်နေပြီဖြစ်သည်။
ဆိုင်ရဲ့ရောင်းအားသည် ရွာဆိုင် ဆိုပေမဲ့ တနယ်လုံး၏ဝယ်ယူအားကြောင့်
တစ်ရက်ကို ၁၅ သိန်း... သိန်း၂၀
အောက်က မဆင်း။
အရင်က ပွဲရုံအလုပ်ဖြစ်တဲ့
နှမ်း တို့ ပဲစိမ်းငုံ တို့ ကိုတောင် လုပ်ငန်းသဘောကို နားလည်လာတော့
လက်မလွှတ်ချင်တော့။
ဒါတောင် မြို့ လေး ဈေးနဲ့ ဈေးအပြိုင်ကောက်တာ။
ငွေဆိုတာ ရှာတက်ရင်လွယ်သည်။
သက်ပုံရောကောင်းချီရော
မသောက်မစားတက်သလို
နှစ်ယောက်စလုံးဖိဖိစီးစီး ငွေယိုပေါက်မရှိအောင်လုပ်တက်တော့ လုပ်ငန်းဖြစ်တာမဆန်း။
သက်ပုံက လာသမျှဈေးဝယ်နောက်လာမဝယ်ချင်ဘူးဆိုတာ မဖြစ်ရအောင် ရောင်းတက်သလိုကောင်းချီကလည်း
ဘယ်အလုပ်ကပိုက်ဆံရနိုင်မလဲဆိုတာသာကြည့်တက်သူမို့  ချမ်းသာလာတာဖြစ်သည်။

"ကိုကောင်း ဒီကိုလာ ကျွန်တော် ဆိုင်ကယ်စီးသင်ပေးမယ်"

ဆိုင်ကယ်တပတ် ပတ်စီးလာတဲ့ဖိုးသားက အိမ်ထဲဝင်လာကာ ကောင်းချီကိုမဲဆွယ်နေသည်။

"သင်ချင်လိုက်သွားလေ"

သူသင်ရမလားဆိုတဲ့ မျက်နှာပေးလေးနဲ့
ကြည့်လာမှတော့ဘယ်သူက မလုပ်နဲ့ လို့ ပြောရက်မလဲ။
ခွင့်ပြုချက်ရတော့ သွားတွေပေါ်အောင်
သဘောတကျရယ်ပြသွားသေးသည်။
ဖိုးသားနောက်မှာထိုင်လိုက်သွားတဲ့ကောင်းချီကို ငေးနေတုန်း ဈေးဝယ်ပြန်ကျလာတာမို့ အိမ်ထဲပြန်ပြေးရပြန်သည်။

ညနေငါးနာရီကျော်တော့ အလုပ်သမားကောင်မလေးတွေ အိမ်ပြန်ကုန်ကြပြီဖြစ်သည်။
အရွယ်ရောက်ခါစ မိန်းမငယ်လေးတွေမို့ ညအိပ်ညနေတော့ ဆိုင်မှာမနေခိုင်းဖြစ်။
မနက်ဆို ငါးယောက်လုံး အတူတူလာ
ကြတာမို့  စောပေမဲ့ လူဆိုးလူရမ်းကားမရှိတဲ့ တံငါကုန်းရွာမှာကြောက်စရာတော့မရှိပေ။
ကိုယ်တစ်ယောက်ထဲကျန်တော့တာမို့  ဆိုင်ပိတ်
ဖို့ အိမ်ရှေ့ ထွက်စဉ် မြင်လိုက်ရတဲ့
မြင်ကွင်းကြောင့် သက်ပုံပါးစပ်အဟောင်းသားဖြစ်သွားစေသည်။

ကောင်းစင်သန့် ချီ ဆိုင်ကယ်မှောက်လာလေပြီ။

လှေကားထစ်မှာ ငုတ်တုတ်လေးထိုင်နေရှာတဲ့ကောင်းချီမှာ ခေါင်းမှာ သစ်ရွက်ခြောက်တချို့ က ကပ်လို့ ။
ဝတ်သွားတုန်းက အကောင်း
ပြန်ရောက်မှ အနားပြဲနေတဲ့ ပုဆိုးမှာလဲဖုန်တွေကပေလို့ ။
ထိုင်နေလိုက်တာများကိုယ်တောင်မမြင်
လောက်အောင်စိတ်ပျက်လက်ပျက်
ငူတူတူကြီးဖြစ်နေသည်။

"ဆိုင်ကယ်မှောက်လာတာလား '

ဘေးကနေ ကပ်ထိုင်ကာ မေးတော့
မျက်နှာငယ်လေးနဲ့ အလန့် တကြားလှည့်ကြည့်လာသည်။
ကြီးကောင်ကြီးမားနဲ့ ဒါလေးတောင်
မလုပ်နိုင်ဘူးလားလို့ တောင်မဆူရက်အောင် ကောင်းစင်သန့်ချီက သနားစရာလေးဖြစ်နေ၏။

"အင်း"

ခဏပဲ မော့ကြည့်ပီး မျက်နှာကပြန်ငုံ့ သွားတာမို့ သက်ပုံမှာ ရယ်ချင်ပတ်ကျိဖြစ်ရသည်။

သူမလုပ်နိုင်ခဲ့လို့ ကောင်းချီလေးဝမ်းနည်းနေရှာသည်။

အနည်းငယ် လက်ဖနှောင့်လေးပွန်းနေတာကလွဲပီးကြီးကြီးမားဒဏ်ရာ မရှိတာကြောင့်သက်ပုံ ကောင်းချီ ဆံပင်တွေကို
မြတ်နိုးစွာ ထိုးဖွလိုက်၏။ ပြီးမှ

"မင်းမလုပ်နိုင်လဲ ဘာဖြစ်လဲ။
မန္တလေးသားငါက ဒီဆိုင်ကယ်စီးတာလောက်တော့ အပျော့ပါကွ။ ငါ့ရဲ့ကောင်းချီလေး ဘယ်သွားချင်လဲ ဒီကိုကိုက
နေရာအစုံဆိုင်ကယ်စီးပြီးလိုက်ပို့ ပေးမယ် ဟုတ်ပြီလား"

သက်ပုံ စိတ်ပြေအောင် စနောက်လိုက်တော့ ငုံ့ နေတဲ့မျက်နှာလေးကပုခုံးကိုကွယ်ပီး အနည်းငယ်မော့ကာ ခိုးကြည့်လာ၏။ ထိုပုံစံလေးကိုပင်အသည်းယားသွားတာမို့..

"မင်းငါ့ကိုတော်တော်အသဲယားအောင်လုပ် လူဆိုးကောင် "

ဘယ်လိုမှမနေနိုင်တော့ ဆွဲဖက်ထွေးပွေ့ မိတာကိုယ်။
မနိုင်ဝန်ထမ်းသည်ပဲပြောပြော ဒီကိုယ်လုံးကြီးကို ကလေးတစ်ယောက်လို
တယုတယ သက်ပုံက သိပ်လုပ်ချင်တာ။
တကယ်ကို သူ့ ရဲ့ကောင်းချီက
တခမ်းတနားချစ်ပေးဖို့ တန်တဲ့ကလေး။
သက်ပုံချစ်တာနည်းနည်းမှမလွန်ဘူး။

"အတော်လောက်ချစ်ဖို့ ကောင်း။
ဒီထက်ပိုလာရင် ငါ အူယားလွန်းလို့
မင်းကိုဆွဲညစ်သတ်မိတော့မယ်"

သူ့ ကိုယ်လုံးကြီးနဲ့ ဖက်ထားတဲ့အတိုင်းခွေခေါက်မှီနွဲ့ နေတော့ ဖက်သာထားရတာ သက်ပုံလဲ လွယ်ကူမနေပါ။
ဒါပေမဲ့ ဒီအနေထားကို တကယ်သဘောကျသည်။

စကားမဆက် ရင်ခွင်ကျယ်အောင်လုပ်တဲ့လေ့ကျင့်ခန်းရှိပါသလား......



ချစ်တဲ့အိမ်စည်။

Bạn đang đọc truyện trên: Truyen3h.Co