Truyen3h.Co

Slug

နှင်းဆီတဲ့......

အိပ်ရာက နိုးနိုးချင်း ခေါင်းထဲအရင်ရောက်လာတာ အတွေးထဲအရင်ရောက်လာခြင်းက နှင်းဆီဆိုတဲ့ ဖြစ်တည်မှုပင်

မျက်နှာသစ် သွားတိုက်ခြင်း မလုပ်နိုင်သေးဘဲ စားပွဲခုံပေါ်က ဖိတ်စာပန်းရောင်လေးဘေးနားက စီးကရက်တိုလေးကို ယူကာ အခန်းထဲက ထွက်လာလိုက်သည်

ဂျောင်ဝူယောင်းနဲ့ ကင်ချယ်ယောင်းတို့၏ မင်္ဂလာ ဧည့်ခံပွဲ....

ဝရန်တာတွင် ဆေးလိပ်မီးညှိပြီး ဖွာရင်း ခြံထဲက နှင်းဆီပန်းအိုးကို
အကြည့်ရောက်မိသွားတယ်

အင်း နှင်းဆီ...နှင်းဆီ...ဆူးတွေနဲ့ နာကျင်စေတာဘဲ

မနက်စောစောထခြင်းက ယခုကဲ့သို့ စိတ်ကိုထိခိုက်နာကျင်စေမှန်း ကြိုသိခဲ့လျှင်  ကလေးဘဝကတည်းက  အိပ်ရာနောက်ကျမှ ထတတ်သူ တစ်ဦးဖြစ်အောင် လီဆာ လေ့ကျင့်ခဲ့မိမှာအမှန်

ရင်ထဲမှာ ဘာမှမရှိတော့သလို လစ်ဟာနေသည် ဤအရာကို ​ကြေကွဲခြင်းလို့ ဝေဒနါလို့ ခေါ်ပါသလား

ဒီဖိတ်စာကို လာပို့ကတည်းက လက်မခံခဲ့ဖို့ကောင်းတယ်

အခုတော့ ကိုယ့်ဒုက္ခကို မီးထွန်းရှာလိုက်ပြီလေ

မသွားလို့ကမဖြစ် လာခဲ့ပါမယ်လို့ ကတိကပေးထားသေးတယ်ကိုး

မိုက်မဲလိုက်တာ လာလီဆာရယ်

ကိုယ့်ကိုကိုယ် အပြစ်တင်လိုက်မိပြီ

အချိန်ကြာလာရင် မေ့သွားမှာပါလေ

အင်း...အချိန်တန်ရင် အချိန်ကြာရင် မေ့သွားမယ်ဆိုပေမယ့် ခြံထဲက နှင်းဆီပန်းအိုးကိုလည်း မြင်ရော လီဆာ အရုပ်ကြိုးပျက်ဖြစ်သွားသည်

နှင်းဆီ...နှင်းဆီကို ကျွန်မ အရမ်းသဘောကျတယ် ကျွန်မ သဘောကျသလိုဘဲ သူကလည်း သဘောကျတယ်

ကျွန်မ အရူးအမူးသဘောကျသလို သူကလည်း သဘောကျတာ

အဲ့ဒီနေ့ကပေါ့.....

လီဆာရဲ့ ကားလေး ပျက်သွားလို့ ဝပ်ရှော့ဆိုင်မှာ အပ်ပြီး ဘတ်စ်စကားစီးဖို့ ကားမှတ်တိုင်ကို လီဆာ လျှောက်လာတယ်

ကားမှတ်တိုင်မှာ ကားစောင့်ခရီးသည်များကြားက လီဆာသဘောကျရတဲ့ နှင်းဆီပန်းရနံ့လေး
ပေါ်ထွက်လာသဖြင့် ရနံ့ရရာကို လှည့်ပတ်ကြည့်လိုက်သည်

အားပါးပါး ဆံပင်လေးကို ဖားလျားချထားပြီး ရွှေအိုရောင်ဆံပင်အထက်မှာ နှင်းဆီနီနီလေးကလည်း နေရာယူထားလေရဲ့ လှပပြီးကျက်သရေရှိလှတဲ့ သူ့ကို အားမနာတမ်းကြည့်နေသူ လီဆာကို သူ ရှက်လို့ထင်ပါရဲ့ မျက်စောင်းထိုးပစ်လိုက်သည်

ထိုအခါမှ လီဆာလည်း ချက်ချင်း အကြည့်လွှဲပစ်လိုက်သည်

မနေနိုင် မထိုင်နိုင် လီဆာ ပြန်ကြည့်တော့ ထိုကောင်မလေးကို မမြင်ရတော့ပေ..ကောင်မလေးက ထီးနဲ့ သူ့ကို ကာထားတာကိုး

ဘတ်စ်ကားရောက်လာတော့ ထိုကောင်မလေးက ပြေးတက်သဖြင့် လီဆာမှာ ဖယ်ပေးလိုက်ရသေးသည်

ကား​ဆရာကလည်း ဝေါခနဲ မောင်းထွက်သွားသောကြောင့် လီဆာ နေရာယူချိန်မရ တံခါးပေါက်ဝက တန်းကို ကျစ်ကျစ်ပါအောင် ဆုပ်ကိုင်ထားမိသည်

"အို..ဒုက္ခပါပဲ ဒီထီးကလည်း"

ဖွင့်လျက်ပါလာတဲ့ထီးကို ကားပြတင်းပေါက်ကနေ အပြင်ထုတ်လျှက် သူ ကြိုးစားပြီး ပိတ်ရှာသည်

"ဘီယာလိုက်တိုက်ရင် ပိတ်ပေးမယ်ဟေ့ "

"ဖုန်းနံပါတ်ပေးမှ ပိတ်ပေးဖို့ စဥ်းစားပေးမယ် "

"ဆွဲထားကြပါဟ လူရော ထီးပါလွင့်သွားမယ် "

နှင်းဆီကောင်မလေးက အစခံနေရလို့ ရှက်​ပြီး ဒေါသထွက်နေပုံရသည် အံကကြိတ်ထားသေး၏

ကားမှတ်တိုင်ကိုလည်း ရောက်ရော ကရောကပါး ပြေးဆင်းသွားလေသည်

တစ်ကားလုံးက လူတွေက ရယ်မောနေကြပေမယ့် လီဆာကတော့ သူ့ကို ဝင်တိုက်ပြီး ဆင်းသွားတဲ့ ကောင်မလေးကို လိုက်ငေးနေမိသည်

ဝင်တိုက်မိပြီး ပြုတ်ကျသွားတဲ့ နှင်းဆီပန်းကို တွေ့တော့ လီဆာ ကောက်ယူလိုက်သည်

ထိုကောင်မလေးကတော့ ကားပေါ်ကို တစ်ချက်လှမ်းကြည့်ပြီး လီဆာကို မျက်စောင်းထိုးလိုက်သေးသည်

လီဆာမှာ အိမ်ပြန်ရောက်တော့ ထိုနှင်းဆီပန်းလေးကို အိတ်ထဲထည့်ပြီး ကြိုးလေးနဲ့အိတ်ကို ချည်လိုက်သည်

ကားလည်း ပြန်ကောင်းသွားပြီမို့လို့ လီဆာ သူ့ရဲ့ အလုပ်ဖြစ်တဲ့ တက္ကစီမောင်းခြင်းကို ပြန်လည်လုပ်ကိုင်ပြီလေ

ကြိုးနဲ့ချည်ထားတဲ့ နှင်းဆီအိတ်ကလေးကို ကားထဲမှာ လီဆာ ချိတ်ဆွဲထားလိုက်တယ်

"ကားစမောင်းတဲ့နေ့မှာဘဲ ဧည့်သည်တွေရပြီဟေ့"

လီဆာ သူ့ကားကို တားတဲ့ဧည့်သည်တွေရှေ့ ကားရပ်လိုက်သည်

ကားထဲဝင်လာတဲ့ ဧည့်သည်တွေကို လှည့်နှုတ်ဆက်တော့

"အယ် ရင်ခုန်နှင်းဆီ...."

ဘတ်စ်ကားပေါ် တွေ့ခဲ့တဲ့ နှင်းဆီလေးကို ပြန်တွေ့ရပြီး လီဆာအရမ်းပျော်သွားတယ်

"ကားဒရိုင်ဘာက မိန်းကလေးဟ "

"ရင်ခုန်နှင်းဆီတဲ့ မမချယ်ယောင်းရေ ဇယားတွေလား "

"ပါးစပ်ပိတ်ထား ဂျီမင်း....."

နှင်းဆီခေါ် ချယ်ယောင်းဆိုတဲ့ ကောင်မလေးမှာ ရှက်နေတာရော ဘတ်စ်ကားပေါ်က ကိစ္စတွေပြန်သတိရပြီး သူ့ညီမကို ငေါက်လိုက်တယ်

လီဆာကတော့ ရှက်ယမ်းယမ်းနေတဲ့ကောင်မလေးကို ကြည့်ပြီး ရင်ခုန် သဘောကျနေလေရဲ့

နှင်းဆီပန်းလေးက နှင်းဆီကိုခေါ်လာခဲ့တာဘဲ...

#tbc

hello long time no seeပါ ကျနော် one shotလေးတွေ မရေးဖြစ်တာ အတော်ကြာရောပေါ့ ပြန်tryကြည့်တာပါ အားပေးကြပါအုံး ကျေးဇူးပါ

#zawgyi

ႏွင္းဆီတဲ့......

အိပ္ရာက နိုးနိုးခ်င္း ေခါင္းထဲအရင္ေရာက္လာတာ အေတြးထဲအရင္ေရာက္လာျခင္းက ႏွင္းဆီဆိုတဲ့ ျဖစ္တည္မႈပင္

မ်က္ႏွာသစ္ သြားတိုက္ျခင္း မလုပ္နိုင္ေသးဘဲ စားပြဲခုံေပၚက ဖိတ္စာပန္းေရာင္ေလးေဘးနားက စီးကရက္တိုေလးကို ယူကာ အခန္းထဲက ထြက္လာလိုက္သည္

ေဂ်ာင္ဝူေယာင္းနဲ႕ ကင္ခ်ယ္ေယာင္းတို႔၏ မဂၤလာ ဧည့္ခံပြဲ....

ဝရန္တာတြင္ ေဆးလိပ္မီးညွိၿပီး ဖြာရင္း ၿခံထဲက ႏွင္းဆီပန္းအိုးကို
အၾကည့္ေရာက္မိသြားတယ္

အင္း ႏွင္းဆီ...ႏွင္းဆီ...ဆူးေတြနဲ႕ နာက်င္ေစတာဘဲ

မနက္ေစာေစာထျခင္းက ယခုကဲ့သို႔ စိတ္ကိုထိခိုက္နာက်င္ေစမွန္း ႀကိဳသိခဲ့လွ်င္  ကေလးဘဝကတည္းက  အိပ္ရာေနာက္က်မွ ထတတ္သူ တစ္ဦးျဖစ္ေအာင္ လီဆာ ေလ့က်င့္ခဲ့မိမွာအမွန္

ရင္ထဲမွာ ဘာမွမရွိေတာ့သလို လစ္ဟာေနသည္ ဤအရာကို ေၾကကြဲျခင္းလို႔ ေဝဒနါလို႔ ေခၚပါသလား

ဒီဖိတ္စာကို လာပို႔ကတည္းက လက္မခံခဲ့ဖို႔ေကာင္းတယ္

အခုေတာ့ ကိုယ့္ဒုကၡကို မီးထြန္းရွာလိုက္ၿပီေလ

မသြားလို႔ကမျဖစ္ လာခဲ့ပါမယ္လို႔ ကတိကေပးထားေသးတယ္ကိုး

မိုက္မဲလိုက္တာ လာလီဆာရယ္

ကိုယ့္ကိုကိုယ္ အျပစ္တင္လိုက္မိၿပီ

အခ်ိန္ၾကာလာရင္ ေမ့သြားမွာပါေလ

အင္း...အခ်ိန္တန္ရင္ အခ်ိန္ၾကာရင္ ေမ့သြားမယ္ဆိုေပမယ့္ ၿခံထဲက ႏွင္းဆီပန္းအိုးကိုလည္း ျမင္ေရာ လီဆာ အ႐ုပ္ႀကိဳးပ်က္ျဖစ္သြားသည္

ႏွင္းဆီ...ႏွင္းဆီကို ကြၽန္မ အရမ္းသေဘာက်တယ္ ကြၽန္မ သေဘာက်သလိုဘဲ သူကလည္း သေဘာက်တယ္

ကြၽန္မ အ႐ူးအမူးသေဘာက်သလို သူကလည္း သေဘာက်တာ

အဲ့ဒီေန႕ကေပါ့.....

လီဆာရဲ႕ ကားေလး ပ်က္သြားလို႔ ဝပ္ေရွာ့ဆိုင္မွာ အပ္ၿပီး ဘတ္စ္စကားစီးဖို႔ ကားမွတ္တိုင္ကို လီဆာ ေလွ်ာက္လာတယ္

ကားမွတ္တိုင္မွာ ကားေစာင့္ခရီးသည္မ်ားၾကားက လီဆာသေဘာက်ရတဲ့ ႏွင္းဆီပန္းရနံ႕ေလး
ေပၚထြက္လာသျဖင့္ ရနံ႕ရရာကို လွည့္ပတ္ၾကည့္လိုက္သည္

အားပါးပါး ဆံပင္ေလးကို ဖားလ်ားခ်ထားၿပီး ေ႐ႊအိုေရာင္ဆံပင္အထက္မွာ ႏွင္းဆီနီနီေလးကလည္း ေနရာယူထားေလရဲ႕ လွပၿပီးက်က္သေရရွိလွတဲ့ သူ႕ကို အားမနာတမ္းၾကည့္ေနသူ လီဆာကို သူ ရွက္လို႔ထင္ပါရဲ႕ မ်က္ေစာင္းထိုးပစ္လိုက္သည္

ထိုအခါမွ လီဆာလည္း ခ်က္ခ်င္း အၾကည့္လႊဲပစ္လိုက္သည္

မေနနိုင္ မထိုင္နိုင္ လီဆာ ျပန္ၾကည့္ေတာ့ ထိုေကာင္မေလးကို မျမင္ရေတာ့ေပ..ေကာင္မေလးက ထီးနဲ႕ သူ႕ကို ကာထားတာကိုး

ဘတ္စ္ကားေရာက္လာေတာ့ ထိုေကာင္မေလးက ေျပးတက္သျဖင့္ လီဆာမွာ ဖယ္ေပးလိုက္ရေသးသည္

ကားဆရာကလည္း ေဝါခနဲ ေမာင္းထြက္သြားေသာေၾကာင့္ လီဆာ ေနရာယူခ်ိန္မရ တံခါးေပါက္ဝက တန္းကို က်စ္က်စ္ပါေအာင္ ဆုပ္ကိုင္ထားမိသည္

"အို..ဒုကၡပါပဲ ဒီထီးကလည္း"

ဖြင့္လ်က္ပါလာတဲ့ထီးကို ကားျပတင္းေပါက္ကေန အျပင္ထုတ္လွ်က္ သူ ႀကိဳးစားၿပီး ပိတ္ရွာသည္

"ဘီယာလိုက္တိုက္ရင္ ပိတ္ေပးမယ္ေဟ့ "

"ဖုန္းနံပါတ္ေပးမွ ပိတ္ေပးဖို႔ စဥ္းစားေပးမယ္ "

"ဆြဲထားၾကပါဟ လူေရာ ထီးပါလြင့္သြားမယ္ "

ႏွင္းဆီေကာင္မေလးက အစခံေနရလို႔ ရွက္ၿပီး ေဒါသထြက္ေနပုံရသည္ အံကႀကိတ္ထားေသး၏

ကားမွတ္တိုင္ကိုလည္း ေရာက္ေရာ ကေရာကပါး ေျပးဆင္းသြားေလသည္

တစ္ကားလုံးက လူေတြက ရယ္ေမာေနၾကေပမယ့္ လီဆာကေတာ့ သူ႕ကို ဝင္တိုက္ၿပီး ဆင္းသြားတဲ့ ေကာင္မေလးကို လိုက္ေငးေနမိသည္

ဝင္တိုက္မိၿပီး ျပဳတ္က်သြားတဲ့ ႏွင္းဆီပန္းကို ေတြ႕ေတာ့ လီဆာ ေကာက္ယူလိုက္သည္

ထိုေကာင္မေလးကေတာ့ ကားေပၚကို တစ္ခ်က္လွမ္းၾကည့္ၿပီး လီဆာကို မ်က္ေစာင္းထိုးလိုက္ေသးသည္

လီဆာမွာ အိမ္ျပန္ေရာက္ေတာ့ ထိုႏွင္းဆီပန္းေလးကို အိတ္ထဲထည့္ၿပီး ႀကိဳးေလးနဲ႕အိတ္ကို ခ်ည္လိုက္သည္

ကားလည္း ျပန္ေကာင္းသြားၿပီမို႔လို႔ လီဆာ သူ႕ရဲ႕ အလုပ္ျဖစ္တဲ့ တကၠစီေမာင္းျခင္းကို ျပန္လည္လုပ္ကိုင္ၿပီေလ

ႀကိဳးနဲ႕ခ်ည္ထားတဲ့ ႏွင္းဆီအိတ္ကေလးကို ကားထဲမွာ လီဆာ ခ်ိတ္ဆြဲထားလိုက္တယ္

"ကားစေမာင္းတဲ့ေန႕မွာဘဲ ဧည့္သည္ေတြရၿပီေဟ့"

လီဆာ သူ႕ကားကို တားတဲ့ဧည့္သည္ေတြေရွ႕ ကားရပ္လိုက္သည္

ကားထဲဝင္လာတဲ့ ဧည့္သည္ေတြကို လွည့္ႏႈတ္ဆက္ေတာ့

"အယ္ ရင္ခုန္ႏွင္းဆီ...."

ဘတ္စ္ကားေပၚ ေတြ႕ခဲ့တဲ့ ႏွင္းဆီေလးကို ျပန္ေတြ႕ရၿပီး လီဆာအရမ္းေပ်ာ္သြားတယ္

"ကားဒရိုင္ဘာက မိန္းကေလးဟ "

"ရင္ခုန္ႏွင္းဆီတဲ့ မမခ်ယ္ေယာင္းေရ ဇယားေတြလား "

"ပါးစပ္ပိတ္ထား ဂ်ီမင္း....."

ႏွင္းဆီေခၚ ခ်ယ္ေယာင္းဆိုတဲ့ ေကာင္မေလးမွာ ရွက္ေနတာေရာ ဘတ္စ္ကားေပၚက ကိစၥေတြျပန္သတိရၿပီး သူ႕ညီမကို ေငါက္လိုက္တယ္

လီဆာကေတာ့ ရွက္ယမ္းယမ္းေနတဲ့ေကာင္မေလးကို ၾကည့္ၿပီး ရင္ခုန္ သေဘာက်ေနေလရဲ႕

ႏွင္းဆီပန္းေလးက ႏွင္းဆီကိုေခၚလာခဲ့တာဘဲ...

#tbc

Bạn đang đọc truyện trên: Truyen3h.Co