Slug
လီဆာ အတွေးလွန်ရာက သတိရလို့ အနောက်ကို လှည့်ကြည့်တော့ မျက်ချေးဗလပျစ်နဲ့ သူမကို ကြည့်နေတဲ့ ဂျီဆူးနဲ့မင်ဂျောင်းဆိုတဲ့ ညီမနှစ်ယောက်ကို တွေ့ရသည်ဂျီဆူးနဲ့မင်ဂျောင်းက ဘူဆန်ကနေတက်လာတဲ့ ညီမနှစ်ယောက်လေ ဂျီဆူးက လီဆာနဲ့ သူငယ်ချင်းမို့လို့ တစ်ခြားမသွားဘဲ လီဆာရဲ့ အိမ်မှာ နေလိုက်တာ"ဘယ်လိုလုပ်မလဲ မင်ဂျောင်း ""စိတ်ကျန်းမာရေးဆေးရုံ ပို့ရုံကလွဲပြီး ညီမတို့က ဘာတတ်နိုင်မှာလဲ အစ်မရာ ""အဲ့တာဆိုလည်း မျက်နှာသစ် အဝတ်အစားလဲတော့ ငါ့ညီမ....နေပူလေ အရူးရင့်လေ ဖြစ်လာမယ် ""ဟ ဘာဖြစ်နေကြတာလဲ နင်တို့ ညီအစ်မနှစ်ယောက်က ""ဘာမှမဖြစ်ဘူးလေ နင်ဘဲ ရူးတော့မယ်ဆိုလို့ "ဂျီဆူးက ခေါင်းကုပ်ရင်း အူကြောင်ကြောင်နဲ့ ပြောလိုက်သည် "ရူးတော့မှာ မဟုတ်ဘူး ရူးနေတာ နင်တို့ညီမနှစ်ယောက်ကို လုပ်သတ်မယ်ဟေ့ "လီဆာက ပြောတော့ ကင်ဂျီဆူးတို့ ညီမနှစ်ယောက်မှာ ရေချိုးခန်းဘက်သို့ ထွက်ပြေးသွားလေသည်ကင်ညီမနှစ်ယောက်လို ပေါတောတောနဲ့တကယ်ပျော်တတ်တဲ့ ဘဝမျိုး ကျွန်မ လိုချင်မိသည်အခုတော့ ကျွန်မ ဘဝက မကြာခင် အကင်ခံရတော့မယ့် ကြက်ကလေးလို ပူလောင်ကြောက်ရွံ့နေရပြီအရူးအမူးစွဲလမ်းပြီး ချစ်နေရက်နဲ့ ဖွင့်မပြောရဲတဲ့ ကိုယ့်ကိုကိုယ် သနားမိတယ် ကိုယ့်ကိုကိုယ် အားမလိုအားမရ ဖြစ်လို့ စိတ်ရှိလက်ရှိသာ အော်လိုက်ရရင် အာခေါင်တင်မက ရင်ကွဲနာကျပြီး သေနိုင်သည်"မနက်စောစော ထမင်းဝိုင်းမှာကွာ လည်လှီးသတ်ခံရမယ့် နွားရုပ်နဲ့ထိုင်နေရတယ်လို့ "ဂျီဆူးရဲ့စကားကြောင့် မင်ဂျောင်း သောက်နေတဲ့ကော်ဖီတွေ သီးကုန်သည် "ဂန်းနာမတွေတော့ သွား ဂျီဆူး ငါ့ကို အသေစနေတဲ့ နင်က မင်္ဂလာဆောင်သွားဖို့ ကားသွားဆေး...မင်ဂျောင်း နင်က မင်္ဂလာဆောင်အတွက် လက်ဖွဲ့သွားဝယ် ""သမီးတော့ လူပေါင်းမှားပြီ မေမေရဲ့ ""ကျက်သရေမရှိ ငှက်ဆိုးထိုးသံနဲ့ဆိုနေပြန်ပြီ""ဟယ် ကျက်သရေမရှိ ဟုတ်လား ကျက်သရေမရှိတာ နင်ဟဲ့ စောစောစီးစီး မိုးမလင်းသေးဘူး မျောက်သေကို ပါးရိုက်ထားတဲ့မျက်နှာနဲ့ ""အဲ့တာ ကိုယ့်feelနဲ့ကိုယ် နင့်လို ပေါင်မုန့်နင်တဲ့အသံနဲ့အော်မနေဘူး "နှစ်ယောက်သား ကားရေဆေးရင်း တစ်ယောက်ကိုတစ်ယောက် ဖဲ့နေကြလေရဲ့ဖြောင်းယမ်းတစ်လမ်းလုံးရဲ့ စိတ်ဝင်စားမှုကို ခံရဆုံး အရာကတော့ Kim မိသားစုအိမ်က မင်္ဂလာပွဲပင် ဖြစ်သည်အဘယ်ကြောင့်ဆိုသော် ကင်မိသားစုအိမ်မှ ကင်ချယ်ယောင်း၊ ကင်ဂျန်းနီ၊ ကင်ဂျီမင်းဆိုသော ပက်ပက်စက်စက် လှသော သူဌေးသမီးလေးတွေကြောင့်ပင် ဖြစ်သည်"ဟဲ့ ချယ်ယောင်း ပွဲကနီးနေပြီ ခုထိ မပြင်မဆင်ဘဲ ဘာလုပ်နေတာလဲ "အခန်းထဲ ကပိုကရိုနဲ့အချိန်ဖြုန်းနေသော ချယ်ယောင်းကို မိခင်ဖြစ်သူက အားမလိုအားမရ ဖြစ်လာလို့ ပြောလိုက်သည်"ဖြေးဖြေးပေါ့ မေမေရယ် တစ်လှမ်းချင်း သွားယူလည်း ဒိီယောင်္ကျားဘဲ အပြေးအလွှား သွားယူလည်း ဒီယောင်္ကျားဘဲ ""မိချယ်ယောင်း ပေါက်ကရမပြောနဲ့ ""လင်တစ်ယောက် ယူရပါတယ် ဇယားတွေကိုရှုပ်လို့ ""မိချယ်ယောင်း "အမေဖြစ်သူက အော်တာနဲ့ ချယ်ယောင်းလည်း ရေချိုးခန်းထဲသို့ အမြန်ပြေးဝင်သွားသည်ရေချိုးခန်းထဲ ပြေးဝင်သွားတဲ့ ချယ်ယောင်းကို ကြည့်ပြီး ဂျီမင်းတို့ စိတ်မကောင်းပေ"ယောင်းအစား စိတ်မကောင်းလိုက်တာ ဂျီမင်းရယ် ""ဒီလိုလုပ်ပါ့လား ကိုယ့်ညီမတစ်သက်လုံး စိတ်ဆင်းမရဲရအောင် သူနဲ့အစ်မ လူချင်းလဲလိုက်ပါ့လား""ဘာ ညည်းမှ အပြောကောင်း ညည်းသာ ယူလိုက်ပါ့လားအေ့ ""အမလေး အစ်မဂျန်းနီရယ် သူ့လိုဗိုက်ပူ ထိပ်ပြောင်ကြီးတော့ မယူပါရစေနဲ့ "ညီအစ်မနှစ်ယောက် အတင်းတုပ်နေစဥ် ခြေသံကြားလို့ ကြည့်လိုက်တော့ suit ဝတ်ထားသော ဗိုက်ပူပူ ထိပ်ပြောင်နဲ့ ဘိုးတော်ကို တွေ့ရလေသည် "အမေကလည်း ဘယ်လိုယောင်္ကျားမျိုး ရှာပေးစားထားတယ်မသိဘူး ""ဟုတ်ပါ့ အစ်မရာ စကားပြောတာ အစ တဏှာအသံကြီးနဲ့ ""ဟဲ့ တိုးတိုးပြောပါ ဂျီမင်းရဲ့ ကြားသွားလိမ့်မယ် ""ကြားကြားပေါ့ ရုပ်ကိုက နွားနှာခေါင်းနဲ့ ဘုရားကျောင်း ဘယ်မှာလဲ မေးမယ့်ရုပ်"ရေချိုးခန်းထဲက ငိုသံကြောင့် ဂျန်းနီတို့ ရင်ထဲမကောင်းဖြစ်နေကြသည်*မင်္ဂလာပွဲကျင်းပရာ ခြံထဲသို့ ဂျီမင်းတစ်ယောက် ပြာပြာသလဲ ဆင်းလာသည် အပေါင်းအသင်းမိတ်ဆွေများကြား ဆောင့်ကြွားကြွားနဲ့ စကားပြောနေသော သတို့သားအနားသို့ ဂျီမင်းကပ်ရပ်လိုက်သည်"ဦး ယန်းဟန်ဆော့ ""အယ် ညီမလေး ဂျီမင်း ""သမီး ပြောစရာရှိလို့ "မျက်နှာသာပေးလိုက်သည်နဲ့ အရိုးရော အသားပါ ဝါးစားမည့်သူလား မပြောတတ် ဂျီမင်း ရဲ့ပခုံးအား ဖက်၍"ညီမလေးက အထူးအဆန်း စကားလာပြောလို့ပါလား လာလေ "အခွင့်အရေးရရင် ရသလို အသားယူတတ်သော ယန်းဟန်ဆော့အပေါ် မကျေနပ်ချက်ကို ဂျီမင်း မျိုသိပ်လိုက်သည်"အစီအစဥ်ကလည်း စတော့မယ် မမယောင်းက ရှက်လို့တဲ့ အပြင်ထွက်မလာဘူး သမီးတို့ကလည်း လက်လျော့လိုက်ပြီမို့လို့ ဦးကဘဲ သွားခေါ်လိုက်တော့ ""အခု သူ ဘယ်မှာလဲ ""အခန်းထဲမှာပေါ့ စောင်ခြုံပြီး ငိုနေလေရဲ့ ""စိတ်မပူနဲ့နော် ကလေးလေး ဦး သူ့ကို သွားချော့လိုက်မယ် ဟုတ်ပြီလား 'ခြေလှမ်းကြဲကြီးတွေနဲ့ အိမ်ထဲကို ဝင်သွားတဲ့ ယန်းဟန်ဆော့ကို ကြည့်ပြီး ဂျီမင်း လက်ဖျောက်တီးကာ ဧည့်သည်တွေကို ဧည့်ခံနေသော သူ့အမေဆီသို့ သွားလိုက်သည်"မေမေ မေမေ မမ ဂျန်းနီ မူးလဲသွားလို့ ""ဟယ် ယောင်္ကျားရေ တော့်သမီး အလတ်မ မူးလဲသွားလို့တဲ့ "မိဘနှစ်ပါးလုံး အိမ်ထဲပြေးဝင်သွားသောကြောင့် ဂျီမင်း အရမ်းပျော်သွားတယ်အိမ်ထဲသို့ရောက်သောအခါ"အမလေး ချယ်ယောင်းရေ ဂျီမင်းရေ ကယ်ပါအုံး ရှင် မယုတ်မာနဲ့နော် ထွက်သွား မေမေရေ ကယ်ကြပါအုံး "ဝုန်းအခန်းထဲက ဆူညံသံတွေကြောင့် ဂျီမင်းတို့ အခန်းထဲသို့ အမြန်ပြေးဝင်သွားကြတယ်
ဂျီမင်းတို့လည်း အခန်းထဲကို အရောက် ဂျန်းနီကလည်း ယန်းဟန်ဆော့ကို ဆောင့်အတွန်း ...အမေတို့ကိုလည်း တွေ့ရော ဂျန်းနီမှာ ကုတင်ပေါ်ကဆင်းပြီး သူ့အမေကို ဖက်ငိုလေသည်"ခွေးသူတောင်းစား "အဖေဖြစ်သူမှာ စိတ်တိုပြီး ယန်းဟန်းဆော့ကို ပိတ်ထိုးလေသည်"ဦးလေး ကျွန်တော် ရှင်းပြ...""ဘာမှရှင်းမပြနဲ့ မင်းပါးစပ်ပိတ်ထား "ခွပ်....."မဟုတ်ဘူး ""ပါးစပ်ပိတ်ထားစမ်း "ခွပ်ယန်းဟန်းဆော့မှာ အောက်ကနေ အဖေကင်ထိုးသမျှ ခံနေရသည်"တော်ပါတော့ ယောင်္ကျားရယ် တစ်ရှက်ကနေ နှစ်ရှက်ဖြစ်နေပါမယ် အပြင်မှာလည်း လူတွေနဲ့ သူတို့ကြားသွားရင် မသင့်တော်ပါဘူးလေ ""တိတ်စမ်း မင်း အဲ့လိုတွေလုပ်လို့ ဒီကောင် အိမ်ပေါ်ထိ တက်စော်ကားရဲတာ ကွာ ညီမတင် မဟုတ်ဘူး အစ်မကိုပါ ကြံတဲ့ခွေးကောင် ""ရှင် လူယုတ်မာ ကျွန်မရဲ့ အစ်မကို "ချယ်ယောင်းကလည်း ကြုံတုန်း ဆွမ်းကြီးဝင်လောင်းလေသည်ထိုစဥ် အိမ်ထဲဝင်လာရင်း ဆူညံဆူညံဖြစ်နေလို့ ချယ်ယောင်းတို့ရဲ့ အဒေါ်ဖြစ်သူ ဘိုယောင်းမှာ အခန်းထဲ ပြေးဝင်လာသည်"ဘာတွေဖြစ်နေကြတာလဲ "ရုတ်ရုတ်သဲသဲဲ ဖြစ်နေတဲ့ အခြေအနေကို ကြည့်ရင်း ဘိုယောင်း ရင်တုန်နေသည်"အဒေါ်...အဒေါ့် လူ....ကြားကောင်းသေးရဲ့လား.... အဒေါ် ချယ်ယောင်း
ဂျီမင်းတို့လည်း အခန်းထဲကို အရောက် ဂျန်းနီကလည်း ယန်းဟန်ဆော့ကို ဆောင့်အတွန်း ...အမေတို့ကိုလည်း တွေ့ရော ဂျန်းနီမှာ ကုတင်ပေါ်ကဆင်းပြီး သူ့အမေကို ဖက်ငိုလေသည်"ခွေးသူတောင်းစား "အဖေဖြစ်သူမှာ စိတ်တိုပြီး ယန်းဟန်းဆော့ကို ပိတ်ထိုးလေသည်"ဦးလေး ကျွန်တော် ရှင်းပြ...""ဘာမှရှင်းမပြနဲ့ မင်းပါးစပ်ပိတ်ထား "ခွပ်....."မဟုတ်ဘူး ""ပါးစပ်ပိတ်ထားစမ်း "ခွပ်ယန်းဟန်းဆော့မှာ အောက်ကနေ အဖေကင်ထိုးသမျှ ခံနေရသည်"တော်ပါတော့ ယောင်္ကျားရယ် တစ်ရှက်ကနေ နှစ်ရှက်ဖြစ်နေပါမယ် အပြင်မှာလည်း လူတွေနဲ့ သူတို့ကြားသွားရင် မသင့်တော်ပါဘူးလေ ""တိတ်စမ်း မင်း အဲ့လိုတွေလုပ်လို့ ဒီကောင် အိမ်ပေါ်ထိ တက်စော်ကားရဲတာ ကွာ ညီမတင် မဟုတ်ဘူး အစ်မကိုပါ ကြံတဲ့ခွေးကောင် ""ရှင် လူယုတ်မာ ကျွန်မရဲ့ အစ်မကို "ချယ်ယောင်းကလည်း ကြုံတုန်း ဆွမ်းကြီးဝင်လောင်းလေသည်ထိုစဉ် အိမ်ထဲဝင်လာရင်း ဆူညံဆူညံဖြစ်နေလို့ ချယ်ယောင်းတို့ရဲ့ အဒေါ်ဖြစ်သူ ဘိုယောင်းမှာ အခန်းထဲ ပြေးဝင်လာသည်"ဘာတွေဖြစ်နေကြတာလဲ "ရုတ်ရုတ်သဲသဲ ဖြစ်နေတဲ့ အခြေအနေကို ကြည့်ရင်း ဘိုယောင်း ရင်တုန်နေသည်"အဒေါ်...အဒေါ့် လူ....ကြားကောင်းသေးရဲ့လား.... အဒေါ် ချယ်ယောင်း
Bạn đang đọc truyện trên: Truyen3h.Co