Final
#Unicode
"Chae. ..Chaeyoung yah နင်...လျိုဝှက်ထားတယ်ဆိုတာ ဘာလည်း..... "
"ငါပြောပြမယ် Jen နင် စိတ်အေးအေးထားပြီး နားထောင်....."
Jennieရဲ့ လက်ကို ကိုင်လိုက်ပြီး Chaeyoung ပြောလိုက်သည်
"တကယ်တော့ နင် ကားမတော်တဆမှုဖြစ်ရတဲ့ အကြောင်းအရင်းရဲ့ တရားခံက Jangsukဘဲ.... "
"ဘာ...."
"အဲ့နေ့က နင် CF စာချုပ်အကြောင်း Jangsukနဲ့ ဆွေးနွေးဖို့ ငါက companyမှာ ရှိနေခဲ့တာ....ဆွေးနွေးပြီးနောက် ငါ သွားပြီ အထင်နဲ့ Jangsukက သူ့တပည့်တွေကို ဖုန်းဆက်ခဲ့တာ နင့်ကို ဆေးထိုးပြီး သူ့ဆီခေါ်လာဖို့....ငါ ဘယ်လိုသိလည်းဆိုတော့ ငါ့ရဲ့ ဘောပင်က သူ့ရုံးခန်းထဲ ကျန်နေခဲ့တာ သတိရပြီး ပြန်သွားယူချိန် သူဖုန်းပြောတာကို ငါကြားခဲ့တာ "
"သူက ဘာလို့ ငါ့ကို ဆေးထိုးရတာလည်း "
"နင်နဲ့အမြန် လက်ထပ်ချင်လို့ အကြံအဖန်လုပ်ဖို့ ကြိုးစားနေတာ..... နင့် အမေကို သူနဲ့ နင့်ကို အမြန်စေ့စပ်ပေးဖို့ နားပူနားဆာလုပ်လို့မရတာနဲ့ ဆေးခတ် သတ်ပစ်တာလည်း သူဘဲ "
"ဘာ....နင့် နင့်မှာ သက်သေရှိလား "
Chaeyoungရဲ့ စကားကြောင့် Jennie လန့်သွားတယ်
"ဒီမှာ...."
Chaeyoung သူမ ဘောင်းဘီအိတ်ထဲက ဘောပင်ကိုထုတ်ပြလေသည်
"ဒီဘောပင်က အသံလည်းသွင်းလို့ရတယ် Jangsukကို မယုံလို့ ငါ ဝယ်ထားမိတာ မှန်သွားတယ် "
Chaeyoungပြောပြီး ဘောပင်ခလုတ်ကိုနှိပ်လိုက်တော့ Jennieကို လုပ်ကြံဖို့ ကြိုးစားနေတဲ့
Jangsukရဲ့ စကားများကို ကြားရလေသည်
"Jennie Kim သူ့အမေအိမ်ကနေ ပြန်လာလိမ့်မယ် လမ်းမှာ မင်းတို့က သူ့ကို တားပြီး ဆေးထိုး ငါ့အိမ်ထဲ ဖမ်းခေါ်လာခဲ့... companyကနေ ပြန်လာပြီး..ငါ စောင့်နေမယ် ကြားလား ... "
Jangsukရဲ့ စကားတွေ ကြားရတော့ Jennie ဒေါသတွေထွက်လာပြီး ခြေဖျားလက်ဖျားတွေ အေးစက်လာသည်
"ပြီးတော့....နင့်အမေ သေဆုံးကြောင်း ဆေးရုံမှာ ကြော်ငြာပြီး နင်သတိမေ့သွားတော့ ဆရာဝန်နဲ့ ငါ စကားပြောဖြစ်တယ် Mrs. Kimက အစာအဆိပ်သင့်သွားတယ်လို့ပြောခဲ့တယ် ဒါကြောင့်မို့ ငါ ဆက်စပ်တွေးမိတော့ Mrs. Kim သေဆုံးရခြင်းကလည်း သူ့ပယောဂ မကင်းဘူးလို့ ငါထင်တယ် Jen. ...."
"တောက် မိုက်ရိုင်းယုတ်မာလိုက်တာ ငါ့အမေက သူ့ကို ယုံကြည်သလောက်......မဟုတ်ရင်တောင် Ommaက သူနဲ့သဘောတူနေတာကို သူက ဘာလို့ လောဘကြီးနေရတာလည်း..... "
"နောက်ကျမှ ပြောပြမိလို့ တောင်းပန်ပါတယ် Jen. ...ငါက နင်ထိခိုက်မှာဆိုးလို့ ပြောသင့်မပြောသင့် ချိန်နေရင်း "
"မဟုတ်တာ နင် အချိန်မှီပြောပေးတာဘဲ တောင်းပန်စရာ မလိုပါဘူး Chaeyoungရယ်....မနက်ဖြန်ကျ သတင်းစာရှင်းလင်းပွဲလုပ်ချင်တယ် စီစဥ်ပေးပါအုံး Chaeyoung. ...."
"ဖြစ်ပါ့မလား Jangsuk သိရင်.... "
"လောလောဆယ် နင့်ဘောပင်က recordingကို ငါဖုန်းနဲ့ အသံသွင်းထားအုံးမယ်.....ငါ သတင်းစာရှင်းလင်းပွဲလုပ်နေချိန် နင်က Jisooကို... မဟုတ်ဘူး ငါ့ကိစ္စကို ငါ ရှင်းရမယ် Jisooကို ဆွဲထည့်လို့မဖြစ်ဘူး ဒါတွေအားလုံးရှင်းပြီးမှ Jisooကို မှားစွပ်စွဲမိလို့ရော Bonaအတွက်ပါ တောင်းပန်ရမယ်...."
"Jen "
"အကယ်၍ ငါ တစ်ခုခုဖြစ်သွားရင်တောင် နင်က ဒီ recordingကို တစ်ကမ္ဘာလုံးသိအောင်လုပ်ပေးပါ..... နော် "
"Jen ဘာတွေပြောနေတာလည်း နင် ဘာမှဖြစ််လို့ မရဘူးလေ "
"ငါ ဘာမှမဖြစ်စေရပါဘူး အကယ်၍လို့ ပြောတာပါ အကယ်၍ "
"ငါ သတင်းစာရှင်းလင်းပွဲလုပ်ပေးမယ် နင်က ဘာမှမဖြစ်စေရဘူးလို့ ကတိပေး "
"ငါ ကတိပေးပါတယ် Chae. ....."
Jennie ရေချိုးခန်းထဲ ရေချိုးနေစဥ် Chaeyoungကတော့ သတင်းထောက်တွေကို ဆက်သွယ်နေသည်
"Hello Chaeyoung shii ဘာကိစ္စများရှိလို့ ကျနော့်ဆီ ဖုန်းခေါ်ရတာလည်း "
"ဟို...Lisa shii ညကြီးဆက်သွယ်ရတာ အားနာပေမယ့်လေ Jisooရဲ့ဖုန်းနံပါတ်လေး ပေးလို့ရမလား "
"Jisoo ဖုန်းနံပါတ် ဟုတ်လား ဘာဖြစ်လို့လည်း Jennie တစ်ခုခုဖြစ်လို့လား"
"မဟုတ်ပါဘူး Jisooကို ပြောစရာရှိလို့ သူ့ဖုန်းနံပါတ်လည်းမသိဘူးဖြစ်လို့ Lisaဆီကို ဖုန်းဆက်အကူအညီတောင်းတာပါ နှောင့်ယှက်သလိုဖြစ်သွားရင် အားနာလိုက်တာ "
"မဟုတ်တာ ရပါတယ် ဒါဆို ကျနော် Message ပို့လိုက်မယ်လေနော် "
"ဟုတ်ကဲ့ ကျေးဇူးတင်ပါတယ် Lisa shii "
The next day!
"အားလုံးကို ကျွန်မ အခုလိုခေါ်ရခြင်း အကြောင်းက ကျွန်မဖြစ်ခဲ့တဲ့ ကားမတော်တဆမှုကို ရှင်းပြချင်လို့ပါ.... "
သတင်းထောက်တွေလည်း Jennieပြောသမျှစကားတွေကို အကုန်ချရေးလေသည်
Jennieလည်း Recordလုပ်ထားသမျှ ဖွင့်ပြတော့ သတင်းထောက်တွေ အားလုံး အံ့သြ သွားကြသည်
"အားလုံးကို ပြောပြခဲ့သလို ကျွန်မရဲ့ CEO ယုတ်မာမှုကြောင့် အပြစ်မဲ့တဲ့အမျိုးသမီးတစ်ဦး အသက်ဆုံးရှုံးခဲ့ရပါတယ် ကျွန်မကြောင့် ကွယ်လွန်သွားတဲ့ Bona ကိုလည်း ဒီကနေ တောင်းပန်ပါတယ် ငြိမ်းချမ်းတဲ့နေရာမှာ အနားယူနေမယ်လို့ ဆုတောင်းမျှော်လင့်ပါတယ်....ပြီးတော့ ကျွန်မကို လုပ်ကြံခဲ့တဲ့ CEOကိုလည်း ကျွန်မရှေ့နေနဲ့အတူ ဒီကနေ တရားစွဲဆိုမယ်ဖြစ်ကြောင်း အသိပေးပါရစေ "
Jennieရဲ့ တိုက်ရိုက်ထုတ်လွှင့်မှုကြောင့် Jangsuk companyက ရှယ်ယာတွေလည်း ဆက်တိုက်ထိုးကျလာသည်
Jennie သတင်းစာရှင်းလင်းပွဲကို ကျင်းပပြီးနောက် သတင်းထောက်တွေကို အရိုအသေပေးကာ ထွက်လာခဲ့သည်
" ငါ့ကို ဒီလိုလုပ်ပြီး အေးဆေးနေရမယ်ထင်နေလား သူ့ကို ကားပေါ်တင်လိုက်ကြ "
Jennie ခန်းမထဲက ထွက်လာလာချင်း Jangsukပေါ်လာပြီး Jennieကို ကားထဲထည့်ဖို့ သူ့တပည့်တွေကို အမိန့်ပေးလိုက်သည်
"ဘာလုပ်တာလည်း လွှတ် Jennie. ...ကယ်ကြပါအုံးရှင် Jennieကို ပြန်ပေးဆွဲသွားလို့ "
Chaeyoung ရဲ့အော်သံကြောင့် သတင်းထောက်တွေ ပြေးထွက်လာပေမယ့် Jangsukကတော့ Jennieကို ကားတင်ပြေးသွားလေသည်
Breaking new
တရားခံ Jangsukက Jennie Kimကို ပြန်ပေးဆွဲသွားခြင်း
Jisoo သတင်းတွေကို ကြည့်ပြီး သက်ပြင်းချမိသည်
Chaeyoungကလည်း သူ့ဆီဖုန်းဆက်ပြီး ကူညီပေးဖို့ တောင်းဆိုနေသည်
တကယ်တမ်း တွေးကြည့်တော့လည်း Jangsuk ယုတ်မာမှုကြောင့် Jennie ဆေးမိပြီး Bonaကို ဝင်တိုက်မိတာလေ .....
ညနေပိုင်း ရောက်သော်လည်း ရဲတွေက Jennieကို အရိပ်အယောင်တောင် ရှာမတွေ့ပေ
ရဲတွေကလည်း လေဆိပ် သဘော်ဆိပ်တွေပါမချန် ပိတ်ထားသောကြောင့် Jangsukက ထွက်ပြေးလို့မရပေ
ဒါကြောင့် တစ်နေရာရာမှာတော့ ရှိရမယ်ဆိုပြီး Jangsukနဲ့ တွေ့ဖူးတဲ့နေရာတစ်ခုကို Jisoo သတိရသွားတယ်
ထို့ကြောင့် ရဲတွေကို အကြောင်းကြားပြီး Jangsukရှိတဲ့နေရာသို့ ထွက်လာခဲ့သည်
"အယုတ်တမာ ငါ့အမေက နင့်ကို ဒီလောက် ယုံကြည်ခဲ့တာကို နင်ကတော့ လုပ်ရက်တယ် "
"အော် နင်နဲ့ အမြန်ဆုံး လက်ထပ်ချင်ပါတယ် ဆို လက်မခံဘူးလေ ဒီတော့ ငါလည်း ပညာပြရတာပေါ့ "
"ခွေးသား "
Jennie ဒေါသထွက်ပြီး အော်တော့ Jangsukမှာ တဟားဟားနဲ့ ရယ်လေသည်
ထို့နောက် ထိုင်ခုံမှာ ကြိုးနဲ့တုပ်ခံရတဲ့ Jennieကို ကြည့်ပြီး
"အော်စမ်း ကြိုက်သလောက် အော် ဘယ်သူမှ မကြားဘူး Jennie Kim "
"ဘယ်သူမှ မကြားဘူး ဆိုတာ သေချာလား "
Jisooရဲ့ အသံကြောင့် Jangsuk လန့်သွားပေမယ့် Jennieကတော့ အရမ်းပျော်သွားတယ်
"မင်း ဒီနေရာကို ဘယ်လို သိတာလည်း "
"ဒီနေရာမှာ ငါတို့ တွေ့ဖူးတာ မေ့နေတာလား Jangsuk "
"Whatever မင်းကောင်မလေးကို သတ်ခဲ့တဲ့ သူကို ဘာလို့ လာကယ်နေတာလည်း "
"ငါ့ကောင်မလေးကို သတ်ခဲ့တာ နင်လေ Jangsuk တကယ့်တရားခံက နင်ဘဲ "
"ကျစ်......ဟုတ်ပြီ ငါ အပြစ်ဝန်ခံမယ် ဟုတ်ပြီလား Jennieနဲ့ ရှင်းစရာရှိလို့ မင်း အပြင်ခဏထွက်ပေး "
" ငါ ချစ်ရတဲ့ ကောင်မလေး တစ်ယောက်ကို ဆုံးရှုံးရပြီးပြီ ထပ်ပြီး Jennie ကို ငါ အဆုံးရှုံး မခံနိုင်ဘူး "
Jisooရဲ့ စကားကြောင့် Jennie အံ့သြသွားတယ်
Jisooက သူမကို ချစ်နေတာတဲ့လား
"ဒီကောင်မတော့ ပြောရခက်လိုက်တာ "
Jangsuk ပြောပြီး သူ့ဘောင်းဘီအိတ်ထဲက ခေါက်ဓားကို ထုတ်လိုက်သည်
"Jisoo သတိထား "
"ခင်ဗျား လက်က ဓားကို အောက်ချလိုက်..... "
ရဲတွေရောက်လာပြီး Jangsukကို သေနတ်နဲ့ ချိန်ကာ ဖမ်းသွားလေသည်
"တော်ပါသေးတယ် ငါတို့ အချိန်မှီရောက်လာလို့ '
Jennieကို ကြိုးဖြေပေးနေတဲ့ Jisooကို ကြည့်ပြီး Lisa ပြောလိုက်သည်
"ဟုတ်ပါ့ စိတ်ပူနေတာ တော်သေးတယ် "
Chaeyoungလည်း Jennie ဘာမှ မဖြစ်တာ မြင်ရမှ သက်ပြင်းချမိသည်
"နင့်ကို အထင်လွဲမိပြီး ငါရိုင်းစိုင်းစွာ ပြုမှုခဲ့တာတွေ အတွက် တောင်းပန်ပါတယ် "
"မဟုတ်တာ ငါကသာ ငါ့အမေကို သတ်ခဲ့တယ်ဆိုပြီး နင့်ကို စွပ်စွဲခဲ့တာ"
"ပြီးတော့ Jennie.... ငါ ဝန်ခံစရာတစ်ခု ရှိတယ် ငါ့အပြုအမူတွေကို သတိထားမိပြီး ငါ သိသွားတာက နင့်ကို ငါ ချစ်မိနေတာဘဲ "
"Chae. ...ကြည့်ရတာ ငါတို့ သူတို့ကို ထားပြီး သွားရအောင် "
Chaeyoungရဲ့လက်ကို Lisa ဆွဲခေါ်ပြီး ထွက်သွားတော့ Jennie လည်း Jisooကို ဖက်လိုက်သည်
"ငါလည်း နင့်ကို စတွေ့ကတည်းက သဘောကျနေမိတာ "
"ဖြစ်ခဲ့သမျှ မေ့ပြီး အစကနေ ပြန်စရအောင် "
Jisooပြောတော့ Jennie ခေါင်းညိတ်ပြလေသည်
#The end
#zawgyi
"ဘာ...."
"ဒီမှာ...."
"Jen "
"Jen ဘာတွေပြောနေတာလည်း နင် ဘာမှဖြစ်လို့ မရဘူးလေ "
"ငါ ကတိပေးပါတယ် Chae. ....."
The next day!
Breaking new
"ခွေးသား "
"Jisoo သတိထား "
#The end
Bạn đang đọc truyện trên: Truyen3h.Co