Part 14
#unicode
သတင်းထောက် မီဒီယာတွေနဲ့ဝေးရာ မြစ်ကမ်းဘေးသို့ Jisoo မောင်းထွက်လာပြီးနောက် တံတားအောက်တွင် ကားရပ်လိုက်သည်
သတိပြန်မရသေးတဲ့ Jennie ကို Jisoo အကြာကြီးစိုက်ကြည့်နေမိသည်
"ငါ ဘာလို့ သူ့ကို ထပ်တလဲလဲ လွှတ်ပေးမိပြီး ကယ်ပေးနေမိတာလည်း....သူ့ကို သတ်ချင်နေတာလား ကာကွယ်ပေးနေလားဆိုတာ ကိုယ့်ကိုကိုယ်တောင် မသိတော့ဘူး.....Jennie မင်းက ဘာမို့လို့ ငါ့ကိုအခုလို ကိုယ့်ကိုကိုယ် သံသယဝင်အောင်လုပ်နိုင်နေရတာလည်း..... "
Jennie ကို ကြည့်ရင်း Jisoo တိုးတိုးလေး ရေရွတ်နေမိသည်.....
စိတ်တွေရှုပ်လာလို့ Jisoo သက်ပြင်းချပြီး မျက်လုံးခဏမှိတ်ထားလိုက်သည်
"အခုလို လုပ်နေတာ ပျော်နေတာလား Jisoo "
Jennieရဲ့ စကားကြောင့် Jennie သတိရလာမှန်း Jisoo သိလိုက်သည်
"အင်း အခုမှ အစဘဲ ရှိသေးတယ် "
"ဘာ...အစဘဲရှိသေးတယ်ဆိုတော့.....မဟုတ်မှလွဲလို့ ငါ့အမေကို သတ်လိုက်တာ နင်လား "
Jennieရဲ့ စကားကြောင့် Jisoo မျက်မှောင်ကြုတ်သွားတယ်
"ဘာ ငါက ဘာလို့ မင့်အမေကို သတ်ရမှာလည်း "
"နင် မဟုတ်ရင် ဘယ်သူလည်း ငါ့ကို သေမလိုမုန်းတာ နင်ကလွဲပြီး ဘယ်သူ ရှိအုံးမှာလည်း"
Jisooကို လက်ညိုးထိုးပြီး Jennie အော်လိုက်သည်
"ဟက် အနည်းဆုံးတော့ မင့်ကို ငါသေမလိုမုန်းတာတော့ သိသားဘဲ... မင်းလည်း မင်းအချစ်ဆုံး အမေကို ဆုံးရှုံးသွားသလို ငါလည်း ငါအချစ်ဆုံးလူကို ဆုံးရှုံးခဲ့တယ်လေ ဘယ်လိုလည်း တူသွားပြီ မဟုတ်လား ကိုယ်ချစ်တဲ့သူကို ဆုံးရှုံးရတဲ့ ခံစားချက်က ဘယ်လိုလည်း အရိုးထဲထိ သေမလို နာကျင်ရတယ် မဟုတ်လား "
"နင်က မကောင်းတဲ့ကောင်မဘဲ စောက်ရူးမ ငါ့အမေက နင့်ကို ဘာလုပ်လို့ အခုလိုလုပ်ရတာလည်း"
"ငါလည်း အဲ့မေးခွန်း ပြန်မေးမယ် Bonaက မင်းကို ဘာလုပ်ခဲ့လို့ မင်းက...."
"ကောင်းပြီ Kim Jisoo. ..နင့်လုပ်ရပ်အတွက် နောင်တရအောင်လုပ်ပြမယ် "
"ဟားဟား ငါလည်း ဒါမျိုးကိုစောင့်နေတာ Miss Jennie "
"နင်ပြောဖူးသလိုပေါ့ ငါ့ဘက်မှာ ပိုက်ဆံသာမက ငါ့ဘက်မှာ လူတွေရော ရှိတယ်ဆိုတာလေ ကျေးဇူးဘဲ နင့်စကားကို သတိရသွားပြီး ကောင်းကောင်းအသုံးချတော့မှာမို့ စောင့်ကြည့်နေ "
ဒိီတစ်ခါတော့ Jennieရဲ့ မျက်ဝန်းထဲ Jisoo တစ်ခါမှမမြင်ဖူးတဲ့ ဒေါသမီးတောက်တွေကို တွေ့နေရသည်
Jennie လည်း ပြောဆိုပြီး ကားပေါ်ကဆင်းသွားတော့ Jisoo ဘာလုပ်ရမှန်းမသိဖြစ်နေတယ်
Jennie ဘာလုပ်မယ်ဆိုတာ Jisoo မခန့်မှန်းတတ်သောကြောင့် ကားစက်နှိုးပြီး တစ်နေရာသို့ ထွက်သွားတယ်
"မင်းဘက်က ပထမဆုံး ငါ့ကို လာရှာမယ်လို့ စိတ်တောင်မကူးခဲ့ဖူးဘူး "
Jangsuk တစ်ယောက် Jisooရှေ့ ဝင်ထိုင်ရင်း ပြောလိုက်သည်
Jangsukကို တွေ့ဖို့ cafeဆိုင်တစ်ခုသို့ Jisoo ဖုန်းဆက်ချိန်းခဲ့တယ်လေ
ယခု ကော်ဖီဆိုင်က ဂျောင်ကျတဲ့တစ်နေရာတွင် Jangsukနဲ့ Jisoo ထိုင်ပြီး စကားပြောနေကြသည်
"အင်း ရှင်ကမ်းလှမ်းထားတာကို စဥ်းစားပြီးလို့...."
"Jennieကို ဆက်မနှောင့်ယှက်တော့ဘူးဆိုရင် ရှေ့နေစာမေးပွဲ အောင်အောင်ကူညီပေးမယ်လို့ ပြောခဲ့တယ်နော် "
Jisooကို စိုက်ကြည့်ပြီး Jangsuk ပြောလိုက်သည်
"အင်း ဟုတ်တယ် ပြီးတော့ နောက်တစ်ခု လုပ်ပေးရမယ် "
"ဘာများလည်း '
"Jennieဆီက ငါ့ကို ကာကွယ်ပေးရမယ် "
Jisooရဲ့ စကားကြောင့် Jangsuk ရယ်လိုက်သည်
"ကာကွယ်ရမယ် ဟုတ်လား အဲ့လိုကာကွယ်ပေးလို့ ငါ့အတွက် ဘာအကျိုးရှိမှာလည်း "
"Jennieကို ရှင့်ဘေးနားမှာ ဆက်ရှိစေချင်ရင် ငါ့ကို ကာကွယ်ပေးပေါ့.....အမေဆုံးသွားလို့ စိတ်ရူးပေါက်နေတဲ့ကလေးမ ရန်ရှာရင် ငါကလည်း ဘာပြန်လုပ်မိမယ်မသိလို့ "
Jisoo ရဲ့ ခြိမ်းခြောက်စကားကြောင့် Jangsuk ရယ်လိုက်သည်။
"ကောင်းပြီ အားလုံးလုပ်ပေးမယ် မင့်စကားမင်းတည်ပါစေ Kim Jisoo "
"Ok. .. "
Jisooကသာ ထိတ်လန့်နေပေမယ့် Jennie စိတ်ထဲမှာတော့ Jisooကိုထိခိုက်အောင် လုပ်ဖို့ စိတ်ကူးမရှိပေ .....
ကားမတော်တဆဖြစ်ခဲ့တုံးက သူမကို ဆေးထိုးခဲ့တဲ့ လူတွေအကြောင်း Jennie ပြန်တွေးနေတယ်
ဘယ်သူက ခိုင်းခဲ့တာလည်း....သူတို့ကြောင့် Jennieနဲ့ Jisoo ဒီလိုရေစက်ဆိုးတွေ ရှိလာခဲ့တာ
Jennie အမှန်တရားကို ရှာဖွေဖို့ ဆုံးဖြတ်လိုက်သည်
"Jen. ..နင် အဆင်ပြေရဲ့လား "
Chaeyoung ရောက်လာပြီး Jennie ဘေးနားဝင်ထိုင်လိုက်သည်
"အင်း ပြေပါတယ်....တွေးစရာလေးတွေရှိနေလို့ "
"တစ်ခုခုဆို ငါ့ကိုပြောနော် Jen "
"မဟုတ်တာ Chaeyoungရယ် နင် ငါ့အတွက်လုပ်ပေးခဲ့တာတွေများနေပြီ....ငါ့ဘေးနားရှိမနေတော့ဘဲ နင် ဖြစ်ချင်တဲ့အရာတွေ လုပ်ဖို့ ကြိုးစားကြည့်ပါလား "
"ဟင့်အင်းးးကျောင်းတုံးက အားပျော့တဲ့ငါ့ကို ကာကွယ်ပေးခဲ့လို့ နင့်ကိုအဆုံးထိ ကာကွယ်ပေးမယ်ဆိုပြီး ငါဆုံးဖြတ်ခဲ့တာ... ဒါကြောင့်မို့လို့ နင့်ကို ကာကွယ်ပေးဖို့ ငါ ကြိုးစားခဲ့တာ ဒါပေမယ့် ငါ့လုပ်ရပ်တွေက မှန်ကန်ရဲ့လား မသိတော့ဘူး "
Chaeyoung သက်ပြင်းချပြီး ပြောတော့ Chaeyoungရဲ့ လက်ကို Jennie ကိုင်လိုက်သည်
"Chae. ...."
"တကယ်တော့... ငါ နင် မသိတဲ့ ကိစ္စတစ်ချို့ကို သိထားတယ် ...ဒါပေမယ့် နင် ထိခိုက်မှာဆိုးလို့ ငါမပြောပြခဲ့တာ...အခု ပြောပြချိန်တန်ပြီ ထင်ပါတယ်...."
#tbc
Chaeyoung သိထားတဲ့ ကိစ္စတစ်ချို့က ဘာဖြစ်မလည်း?
#zawgyi
ဒီတဈခါတော့ Jennieရဲ့ မျက်ဝန်းထဲ Jisoo တစ်ခါမှမမြင်ဖူးတဲ့ ဒေါသမီးတောက်တွေကို တွေ့နေရသည်
"ဘာများလည်း '
"Ok. .. "
"Jen. ..နင် အဆင်ပြေရဲ့လား "
"Chae. ...."
#tbc
Bạn đang đọc truyện trên: Truyen3h.Co