Part 1
#unicode
"နေပါအုံး ညည်းက ပြောင်းလဲသွားပြီဘဲ အရင်လို ငါ့စကားကို တစ်သွေမသိမ်းနားမထောင်တော့ဘူး "
သူမကို ပြောဆိုနေတဲ့ သူမရဲ့အမေကို Jennie မျက််ရည်တွေ သုတ်ရင်း လှမ်းကြည့်လိုက်သည်
"ဟင့်အင်း Omarက သမီးနေရာမှာ မဟုတ်သ၍ သမီး ခံစားနေရတာတွေကို နားလည်နိုင်မှာ မဟုတ်ဘူး....သမီး ဒါမျိုး မလုပ်နိုင်ဘူး Omarလို မဖြစ်ချင်ဘူး "
ဖြန်း!
Jennie ရဲ့ စကားလည်းဆုံးရော Ms. Kimရဲ့ လက်ဝါးဟာ Jennie မျက်နှာပေါ်ကျရောက်လာသည်
"ညည်းကို အမြင့်ပျံသန်းနိုင်ဖို့ ငါကအတောင်ပံတပ်ပေးထားတာကို ညည်းက ဦးနှောက်မရှိလိုက်တာ"
"တစ်နေ့တော့ Omar နားလည်နိုင်မှာပါ ခုတော့ Omar စိတ်ထဲ ပိုက်ဆံကိုဘဲ ငတ်မွတ်နေတော့ သမီးဘက်ကို ဖြည့်တွေးနိုင်မှာ မဟုတ်ဘူး "
Jennie သူမအမေကို ပြောပြီး အိမ်ထဲကနေထွက်လာခဲ့သည်
ဘောင်းဘီအိတ်ကပ်ထဲက ကားသော့ကို နှိုက်ယူပြီး သူမကားထဲ Jennie ဝင်လိုက်သည်
သူမနဲ့ သူမအမေကြားက ပြဿနာတွေကို စဥ်းစားရင်း စိတ်ညစ်လာလို့ Jennie သက်ပြင်းချလိုက်သည်
ဘာလို့များ Perfect star Jennie Kimဆိုတဲ့ သူများထိန်းချုပ်တာခံရပြီး မပျော်ရွှင်ရတဲ့လမ်းကြောင်းကို ရွေးချယ်ခဲ့မိလည်းဆိုတာ Jennie စဥ်းစားမရတော့ပေ
Jennie ကားစက်နှိုးပြီး သူမအမေအိမ်ကနေ ထွက်လာခဲ့တယ်
ထို့နောက် လူရှင်းတဲ့ လမ်းဘေးတစ်နေရာတွင် ကားရပ်လိုက်ပြီး ကားပေါ်ကဆင်းလိုက်သည်
ထို့နောက် ဘောင်းဘီအိတ်ထဲက ဆေးလိပ်ဗူးကိုထုတ်ပြီး ဆေးလိပ်တစ်လိပ်ကို နှုတ်ခမ်းဝတွင် တေ့လိုက်တယ်
ထိုစဥ် ရုတ်တရက် ကားတစ်စီးက Jennieဘေးနားရောက်လာပြီး ထိုကားပေါ်က လူနှစ်ယောက်ဆင်းလာသည်
တစ်ယောက်က Jennieကို ချုပ်ပြီး သေနတ်နဲ့ လည်ပင်းကိုထောက်လိုက်သည်
"မလှုပ်နဲ့ လှုပ်ရင် ကျည်ဆံက မင်းလည်ပင်းထဲဖောက်ဝင်သွားမယ်...."
"ဘာလုပ်တာလည်း..."
"ပါးစပ်ဟစမ်း ဒါကိုသောက်.... "
နောက်တစ်ယောက်ကတော့ သူ့လက်ထဲက ပုလင်းကိုဖွင့်ပြီး Jennieကို အတင်းတိုက်ဖို့ ကြိုးစားနေသည်
"သောက်စမ်း...."
Jennie မသောက်ဘဲ ပါးစပ်ကိုတင်းတင်းစေ့ထားတော့ ထိုတစ်ယောက်မှာ Jennieရဲ့ ဗိုက်ကို လက်သီးနဲ့ ထိုးချသည်
အား...!
Jennie နာလို့ အော်လိုက်မိတော့ ပုလင်းထဲကအရည်တွေကို Jennie ပါးကိုဖြစ်ညှစ်ကိုင်ပြီး ပါးစပ်ထဲလောင်းချလိုက်သည်
Jennie အော်ပြီး အကူအညီတောင်းချင်သော်လည်း ည၁၀ နာရီ ကျော်ပြီမို့ ဖြတ်သွားဖြတ်လာတွေက ရှားသည်....
သူမအမေလုပ်ခိုင်းတာလား ဒါမှမဟုတ် သူမ ရဲ့ အောင်မြင်နေတဲ့ career ကို ဖျက်စီးချင်တဲ့သူတွေ လက်ချက်လားဆိုတာ Jennie တွေးမရပေ
ထိုစဥ် ရုတ်တရက် လေပြင်းထန်စွာတိုက်သောကြောင့် Jennieကို ချုပ်ထားတဲ့ တစ်ယောက်နဲ့ဆေးတိုက်တဲ့တစ်ယောက်မှာ ဖုန်တွေမဝင်အောင် ကာရင်း အလစ်တွင် Jennie သူမကိုချူပ်ထားတဲ့ သူရဲ့လက်ကနေ ရုန်းပြီး ထွက်ပြေးလာသည်
"ဟိုကောင်မ ရပ်စမ်း..."
Jennieမှာ ဒယိန်းဒယိုင်နဲ့ ပြေးပြီး ကားပေါ်တက်ကာ ကားစက်နှိုးလိုက်သည်
"သူ ကားနဲ့ထွက်ပြေးသွားပြီ လိုက်စမ်း "
Jennie ကားမောင်းရင်း Chaeyoungရဲ့ဖုန်းနံပါတ်ကို မှန်အောင်ရိုက်နေရသည်
ခုန အတင်းတိုက်ခံရတဲ့ဆေးတွေကြောင့် Jennie အမြင်အာရုံတွေဝေဝါးလာတယ်လေ
"နင် ဘယ်မှာလည်း.... "
ရုတ်တရက် လေတွေတိုက်ပြီး မိုးရွာလာသောကြောင့် Jisoo ထီးတစ်ချောင်းကိုင်ပြီး တိုက်ခန်းရှေ့တွင် ရပ်ကာ ဖုန်းပြောနေသည်
"စတိုးဆိုင်မှာ ခေါက်ဆွဲပြုတ်ဝယ်နေတာမို့ စိတ်မပူပါနဲ့ Jisoo. .."
ကောင်မလေးမှာ တစ်ဖက်က ဝန်ထမ်းကို ပိုက်ဆံရှင်းရင်း Jisoo ဖုန်းကိုပြန်ဖြေနေသည်
"ဘာလို့ ငါ့ကိုမနှိုးရတာလည်း "
"နင်က နှစ်နှစ်ခြိုက်ခြိုက်အိပ်ပျော်နေတော့ မနှိုးရက်လို့...."
မိုးက ရုတ်တရက် သည်းထန်စွာရွာသွန်းမှုကြောင့် လမ်းမပေါ်က မီးတိုင်တွေရဲ့မီးတွေဟာ ပြတ်တောက်သွားသည်
"အခု ဘယ်ရောက်နေပြီလည်း မီးကပြတ်သွားပြီ ဂရုစိုက်လာအုံး "
"ငါ တိုက်ခန်းရှေ့ ရောက်နေပါပြီ အချစ်ရ..."
Jisoo သူမချစ်သူစကားကြောင့် လှမ်းကြည့်တော့ တိုက်ခန်းနဲ့မျက်နှာချင်းဆိုင်က ပလက်ဖောင်းပေါ်ကနေ သူမကိုလက်ပြနေတဲ့ သူမချစ်သူကို တွေ့မှ ပြုံးနိုင်သွားသည်
"ငါလာခဲ့မယ် နင်ထွက်မလာနဲ့တော့ အဲ့မှာဘဲရပ်နေနော် မိုးရေစိုမှာဆိုးလို့ "
"ကောင်းပြီ Bona. .."
"Hello. ..."
"Chae. ..ငါ့ကို ကယ်ပါ...."
Jennieမှာ Chaeyoungက ဖုန်းကိုင်လို့ ဝမ်းသာအားရဖြစ်သွားပေမယ့် သူမရှေ့ ရုတ်တရက်ပေါ်လာတဲ့ ကုန်တင်ကားကြောင့် တစ်ဖက်ကိုရှောင်လိုက်စဥ် ကောင်မလေးတစ်ယောက်ကို ဝင်တိုက်မိသွားလေသည်
ဒုန်း!
ကြီးမားတဲ့ အသံကြောင့် တစ်ဖက်က Chaeyoungမှာ အရမ်းလန့်သွားတယ်
"Jennie. ..Hey. ..နင်အဆင်ပြေလား Hello "
သို့သော်လည်း Jennieဆီက အဖြေပြန်မရပေ
ကုန်တင်ကားမောင်းတဲ့ ဒရိုင်ဘာမှာ ကားပေါ်ကအမြန်ဆင်းပြီး Jennieကားဆီ ပြေးလာသည်
"ကောင်မလေး အဆင်ပြေရဲ့လား...."
Jennie မျက်လုံးကို အားယူကာဖွင့်ပြီး
"ကျွန်မက လေအိတ်ကြောင့် အဆင်ပြေပါတယ် ဟို...ကျွန်မ ကောင်မလေးတစ်ယောက်ကို တိုက်မိသွားတယ်ထင်တယ် သူအဆင်ပြေလားကြည့်ပေးပါအုံး "
"Bona. ......"
Jisoo လက်ထဲက ထီးကိုလွှတ်ချပြီး သွေးအိုင်ထဲ လဲကျနေတဲ့သူမချစ်သူဆီ ပြေးသွားလေသည်
"ကယ်ကြပါအုံး ဆေးရုံကားခေါ်ပေးကြပါ Bona. ...သတိထားပါအုံး Bona မျက်လုံး ဖွင့်ကြည့်ပါအုံး Bona "
ကုန်တင်ကားမောင်းတဲ့သူမှာ ဆေးရုံကားကို ဖုန်းဆက်ခေါ်လေသည်
ဆေးရုံကားရောက်လာပြီး Bonaကို တစ်စီး Jennieကို တစ်စီး အသီးသီးတင်ခေါ်သွားကြသည်
Jisooမှာ Bona ပါတဲ့ ကားပေါ်မတက်ခင် သက်သေယူဖို့ Jennie ကားနား သွားကြည့်တော့ အက်ကွဲနေတဲ့ ဖုန်းတစ်လုံးကို တွေ့ရလေသည်
Jisoo ဘယ်သူမှ မသိအောင် အမြန်ကောက်ယူပြီး အိတ်ကပ်ထဲ ထည့်လိုက်သည်
"မင်း ဘယ်သူဘဲ ဖြစ်ဖြစ် Bonaကို ခုလိုဖြစ်အောင်လုပ်ခဲ့လို့ ပြန်ပေးဆပ်ရမယ် "
Jisoo ကြိမ်းဝါးပြီး ဆေးရုံကားပေါ် တက်သွားသည်
နာမည်ကြီး စူပါစတားတစ်ယောက်ဖြစ်တဲ့ Jennie Kim မတော်တဆအမှုကြောင့် သူမဘဝကြီးပြောင်းလဲသွားမလား
Law ကျောင်းသူတစ်ယောက်ဖြစ်တဲ့ Kim Jisoo ...သူမချစ်သူ သေဆုံးမှုဟာ Jennie Kimကြောင့်လို့ အပြစ်တင်ရင်း လက်စားချေဖို့ ကြိုးစားရာကနေ ဘာဆက်ဖြစ်လာမလည်း.....
To be continued
Annyeong. ..Jensoo fic မရေးတာကြာလို့ အခု ideaရထားတာလေး တစ်ပုဒ်ချရေးထားပါတယ် စောင့်ဖတ်ပေးကြပါအုံး အားလုံးဘဲ ဂရုစိုက်ကြပါနော်
#Zawgyi
"ေနပါအုံး ညည္းက ေျပာင္းလဲသြားၿပီဘဲ အရင္လို ငါ့စကားကို တစ္ေသြမသိမ္းနားမေထာင္ေတာ့ဘူး "
သူမကို ေျပာဆိုေနတဲ့ သူမရဲ႕အေမကို Jennie မ်က္္ရည္ေတြ သုတ္ရင္း လွမ္းၾကည့္လိုက္သည္
"ဟင့္အင္း Omarက သမီးေနရာမွာ မဟုတ္သ၍ သမီး ခံစားေနရတာေတြကို နားလည္နိုင္မွာ မဟုတ္ဘူး....သမီး ဒါမ်ိဳး မလုပ္နိုင္ဘူး Omarလို မျဖစ္ခ်င္ဘူး "
ျဖန္း!
Jennie ရဲ႕ စကားလည္းဆုံးေရာ Ms. Kimရဲ႕ လက္ဝါးဟာ Jennie မ်က္ႏွာေပၚက်ေရာက္လာသည္
"ညည္းကို အျမင့္ပ်ံသန္းနိုင္ဖို႔ ငါကအေတာင္ပံတပ္ေပးထားတာကို ညည္းက ဦးႏွောက္မရွိလိုက္တာ"
"တစ္ေန႕ေတာ့ Omar နားလည္နိုင္မွာပါ ခုေတာ့ Omar စိတ္ထဲ ပိုက္ဆံကိုဘဲ ငတ္မြတ္ေနေတာ့ သမီးဘက္ကို ျဖည့္ေတြးနိုင္မွာ မဟုတ္ဘူး "
Jennie သူမအေမကို ေျပာၿပီး အိမ္ထဲကေနထြက္လာခဲ့သည္
ေဘာင္းဘီအိတ္ကပ္ထဲက ကားေသာ့ကို ႏွိုက္ယူၿပီး သူမကားထဲ Jennie ဝင္လိုက္သည္
သူမနဲ႕ သူမအေမၾကားက ျပႆနာေတြကို စဥ္းစားရင္း စိတ္ညစ္လာလို႔ Jennie သက္ျပင္းခ်လိဳက္သည္
ဘာလို႔မ်ား Perfect star Jennie Kimဆိုတဲ့ သူမ်ားထိန္းခ်ဳပ္တာခံရၿပီး မေပ်ာ္႐ႊင္ရတဲ့လမ္းေၾကာင္းကို ေ႐ြးခ်ယ္ခဲ့မိလည္းဆိုတာ Jennie စဥ္းစားမရေတာ့ေပ
Jennie ကားစက္ႏွိုးၿပီး သူမအေမအိမ္ကေန ထြက္လာခဲ့တယ္
ထို႔ေနာက္ လူရွင္းတဲ့ လမ္းေဘးတစ္ေနရာတြင္ ကားရပ္လိုက္ၿပီး ကားေပၚကဆင္းလိုက္သည္
ထို႔ေနာက္ ေဘာင္းဘီအိတ္ထဲက ေဆးလိပ္ဗူးကိုထုတ္ၿပီး ေဆးလိပ္တစ္လိပ္ကို ႏႈတ္ခမ္းဝတြင္ ေတ့လိုက္တယ္
ထိုစဥ္ ႐ုတ္တရက္ ကားတစ္စီးက Jennieေဘးနားေရာက္လာၿပီး ထိုကားေပၚက လူႏွစ္ေယာက္ဆင္းလာသည္
တစ္ေယာက္က Jennieကို ခ်ဳပ္ၿပီး ေသနတ္နဲ႕ လည္ပင္းကိုေထာက္လိုက္သည္
"မလႈပ္နဲ႕ လႈပ္ရင္ က်ည္ဆံက မင္းလည္ပင္းထဲေဖာက္ဝင္သြားမယ္...."
"ဘာလုပ္တာလည္း..."
"ပါးစပ္ဟစမ္း ဒါကိုေသာက္.... "
ေနာက္တစ္ေယာက္ကေတာ့ သူ႕လက္ထဲက ပုလင္းကိုဖြင့္ၿပီး Jennieကို အတင္းတိုက္ဖို႔ ႀကိဳးစားေနသည္
"ေသာက္စမ္း...."
Jennie မေသာက္ဘဲ ပါးစပ္ကိုတင္းတင္းေစ့ထားေတာ့ ထိုတစ္ေယာက္မွာ Jennieရဲ႕ ဗိုက္ကို လက္သီးနဲ႕ ထိုးခ်သည္
အား...!
Jennie နာလို႔ ေအာ္လိုက္မိေတာ့ ပုလင္းထဲကအရည္ေတြကို Jennie ပါးကိုျဖစ္ညွစ္ကိုင္ၿပီး ပါးစပ္ထဲေလာင္းခ်လိဳက္သည္
Jennie ေအာ္ၿပီး အကူအညီေတာင္းခ်င္ေသာ္လည္း ည၁၀ နာရီ ေက်ာ္ၿပီမို႔ ျဖတ္သြားျဖတ္လာေတြက ရွားသည္....
သူမအေမလုပ္ခိုင္းတာလား ဒါမွမဟုတ္ သူမ ရဲ႕ ေအာင္ျမင္ေနတဲ့ career ကို ဖ်က္စီးခ်င္တဲ့သူေတြ လက္ခ်က္လားဆိုတာ Jennie ေတြးမရေပ
ထိုစဥ္ ႐ုတ္တရက္ ေလျပင္းထန္စြာတိုက္ေသာေၾကာင့္ Jennieကို ခ်ဳပ္ထားတဲ့ တစ္ေယာက္နဲ႕ေဆးတိုက္တဲ့တစ္ေယာက္မွာ ဖုန္ေတြမဝင္ေအာင္ ကာရင္း အလစ္တြင္ Jennie သူမကိုခ်ဴပ္ထားတဲ့ သူရဲ႕လက္ကေန ႐ုန္းၿပီး ထြက္ေျပးလာသည္
"ဟိုေကာင္မ ရပ္စမ္း..."
Jennieမွာ ဒယိန္းဒယိုင္နဲ႕ ေျပးၿပီး ကားေပၚတက္ကာ ကားစက္ႏွိုးလိုက္သည္
"သူ ကားနဲ႕ထြက္ေျပးသြားၿပီ လိုက္စမ္း "
Jennie ကားေမာင္းရင္း Chaeyoungရဲ႕ဖုန္းနံပါတ္ကို မွန္ေအာင္ရိုက္ေနရသည္
ခုန အတင္းတိုက္ခံရတဲ့ေဆးေတြေၾကာင့္ Jennie အျမင္အာ႐ုံေတြေဝဝါးလာတယ္ေလ
"နင္ ဘယ္မွာလည္း.... "
႐ုတ္တရက္ ေလေတြတိုက္ၿပီး မိုး႐ြာလာေသာေၾကာင့္ Jisoo ထီးတစ္ေခ်ာင္းကိုင္ၿပီး တိုက္ခန္းေရွ႕တြင္ ရပ္ကာ ဖုန္းေျပာေနသည္
"စတိုးဆိုင္မွာ ေခါက္ဆြဲျပဳတ္ဝယ္ေနတာမို႔ စိတ္မပူပါနဲ႕ Jisoo. .."
ေကာင္မေလးမွာ တစ္ဖက္က ဝန္ထမ္းကို ပိုက္ဆံရွင္းရင္း Jisoo ဖုန္းကိုျပန္ေျဖေနသည္
"ဘာလို႔ ငါ့ကိုမႏွိုးရတာလည္း "
"နင္က ႏွစ္ႏွစ္ၿခိဳက္ၿခိဳက္အိပ္ေပ်ာ္ေနေတာ့ မႏွိုးရက္လို႔...."
မိုးက ႐ုတ္တရက္ သည္းထန္စြာ႐ြာသြန္းမႈေၾကာင့္ လမ္းမေပၚက မီးတိုင္ေတြရဲ႕မီးေတြဟာ ျပတ္ေတာက္သြားသည္
"အခု ဘယ္ေရာက္ေနၿပီလည္း မီးကျပတ္သြားၿပီ ဂ႐ုစိုက္လာအုံး "
"ငါ တိုက္ခန္းေရွ႕ ေရာက္ေနပါၿပီ အခ်စ္ရ..."
Jisoo သူမခ်စ္သူစကားေၾကာင့္ လွမ္းၾကည့္ေတာ့ တိုက္ခန္းနဲ႕မ်က္ႏွာခ်င္းဆိုင္က ပလက္ေဖာင္းေပၚကေန သူမကိုလက္ျပေနတဲ့ သူမခ်စ္သူကို ေတြ႕မွ ၿပဳံးနိုင္သြားသည္
"ငါလာခဲ့မယ္ နင္ထြက္မလာနဲ႕ေတာ့ အဲ့မွာဘဲရပ္ေနေနာ္ မိုးေရစိုမွာဆိုးလို႔ "
"ေကာင္းၿပီ Bona. .."
"Hello. ..."
"Chae. ..ငါ့ကို ကယ္ပါ...."
Jennieမွာ Chaeyoungက ဖုန္းကိုင္လို႔ ဝမ္းသာအားရျဖစ္သြားေပမယ့္ သူမေရွ႕ ႐ုတ္တရက္ေပၚလာတဲ့ ကုန္တင္ကားေၾကာင့္ တစ္ဖက္ကိုေရွာင္လိုက္စဥ္ ေကာင္မေလးတစ္ေယာက္ကို ဝင္တိုက္မိသြားေလသည္
ဒုန္း!
ႀကီးမားတဲ့ အသံေၾကာင့္ တစ္ဖက္က Chaeyoungမွာ အရမ္းလန့္သြားတယ္
"Jennie. ..Hey. ..နင္အဆင္ေျပလား Hello "
သို႔ေသာ္လည္း Jennieဆီက အေျဖျပန္မရေပ
ကုန္တင္ကားေမာင္းတဲ့ ဒရိုင္ဘာမွာ ကားေပၚကအျမန္ဆင္းၿပီး Jennieကားဆီ ေျပးလာသည္
"ေကာင္မေလး အဆင္ေျပရဲ႕လား...."
Jennie မ်က္လုံးကို အားယူကာဖြင့္ၿပီး
"ကြၽန္မက ေလအိတ္ေၾကာင့္ အဆင္ေျပပါတယ္ ဟို...ကြၽန္မ ေကာင္မေလးတစ္ေယာက္ကို တိုက္မိသြားတယ္ထင္တယ္ သူအဆင္ေျပလားၾကည့္ေပးပါအုံး "
"Bona. ......"
Jisoo လက္ထဲက ထီးကိုလႊတ္ခ်ၿပီး ေသြးအိုင္ထဲ လဲက်ေနတဲ့သူမခ်စ္သူဆီ ေျပးသြားေလသည္
"ကယ္ၾကပါအုံး ေဆး႐ုံကားေခၚေပးၾကပါ Bona. ...သတိထားပါအုံး Bona မ်က္လုံး ဖြင့္ၾကည့္ပါအုံး Bona "
ကုန္တင္ကားေမာင္းတဲ့သူမွာ ေဆး႐ုံကားကို ဖုန္းဆက္ေခၚေလသည္
ေဆး႐ုံကားေရာက္လာၿပီး Bonaကို တစ္စီး Jennieကို တစ္စီး အသီးသီးတင္ေခၚသြားၾကသည္
Jisooမွာ Bona ပါတဲ့ ကားေပၚမတက္ခင္ သက္ေသယူဖို႔ Jennie ကားနား သြားၾကည့္ေတာ့ အက္ကြဲေနတဲ့ ဖုန္းတစ္လုံးကို ေတြ႕ရေလသည္
Jisoo ဘယ္သူမွ မသိေအာင္ အျမန္ေကာက္ယူၿပီး အိတ္ကပ္ထဲ ထည့္လိုက္သည္
"မင္း ဘယ္သူဘဲ ျဖစ္ျဖစ္ Bonaကို ခုလိုျဖစ္ေအာင္လုပ္ခဲ့လို႔ ျပန္ေပးဆပ္ရမယ္ "
Jisoo ႀကိမ္းဝါးၿပီး ေဆး႐ုံကားေပၚ တက္သြားသည္
နာမည္ႀကီး စူပါစတားတစ္ေယာက္ျဖစ္တဲ့ Jennie Kim မေတာ္တဆအမႈေၾကာင့္ သူမဘဝႀကီးေျပာင္းလဲသြားမလား
Law ေက်ာင္းသူတစ္ေယာက္ျဖစ္တဲ့ Kim Jisoo ...သူမခ်စ္သူ ေသဆုံးမႈဟာ Jennie Kimေၾကာင့္လို႔ အျပစ္တင္ရင္း လက္စားေခ်ဖိဳ႕ ႀကိဳးစားရာကေန ဘာဆက္ျဖစ္လာမလည္း.....
To be continued
Annyeong. ..Jensoo fic မေရးတာၾကာလို႔ အခု ideaရထားတာေလး တစ္ပုဒ္ခ်ေရးထားပါတယ္ ေစာင့္ဖတ္ေပးၾကပါအုံး အားလုံးဘဲ ဂ႐ုစိုက္ၾကပါေနာ္
Bạn đang đọc truyện trên: Truyen3h.Co