Truyen3h.Co

Accident

Part 2

KimFany059

#Unicode

"Bona. ...Bonaရော ငါ့သမီးလေးရော...."

ဆေးရုံထဲ အော်ဟစ်ပြီးဝင်လာတဲ့ Bona အမေကြောင့် Jisoo ခွဲစိတ်ခန်းရှေ့ ထိုင်နေရာက ထလာခဲ့သည်

"Omar. ..."

Jisooကိုလည်းတွေ့ရော Bonaအမေမှာ ပြေးဖက်ပြီး ငိုလေသည်

"အခုထိတော့ ခွဲစိတ်ခန်းထဲက ဆရာဝန်ရော ထွက်မလာသေးဘူး Omar. .."

"ဘယ်လိုဖြစ်ရတာလည်း သမီးလေးရယ် အဖြစ်ဆိုးလိုက်တာ "

Bona အမေမှာ ထိုင်ရက်ငိုချတော့ Jisooလည်း Bona အမေကိုဆွဲထူရသည်

"Omar ထပါ...."

ထိုစဥ် ခွဲစိတ်ခန်းထဲက ဆရာဝန်တွေထွက်လာတော့ Bonaရဲ့ အမေမှာ Jisooကို တွန်းလွှတ်ပြီး ဆရာဝန်တွေဆီ ပြေးသွားလေသည်

"ဆရာ...ဆရာ ကျွန်မ သမီးလေးရော...သမီးလေးရဲ့အခြေအနေက"

"သူ ဒီဆေးရုံကိုမရောက်ခင် လမ်းမှာကတည်းက နှလုံးခုန်ရပ်သွားခဲ့တာပါ....ကျွန်တော်တို့ အစွမ်းကုန်ကြိုးစားကယ်ခဲ့ပေမယ့်....တောင်းပန်ပါတယ် အချိန်မမှီလိုက်ပါဘူး "

"မဟုတ်ဘူး....."

ဆရာဝန်တွေမှာ တောင်းပန်ပြီး ထွက်သွားတော့ Jisoo ဒူးထောက်ရက်သားလဲကျသွားတယ်

လေးနှစ်နီးပါးတွဲလာခဲ့ပြီး လက်ထပ်ဖို့အထိ ရည်ရွယ်ထားခဲ့တဲ့ သူမတို့ အိမ်မက်လေးဟာ  မှန်တစ်ချပ်လို ကွဲအက်သွားခဲ့ပြီလေ

မှန်ကွဲစတွေကို ကောက်ပြီး ပြုပြင်လေလေ လက်ကိုထိခိုက်စေပြီး သွေးတွေထွက်လာစေသလို.....Bona မသေသေးဘူးဆိုပြီး တွေးနေခြင်းကလည်း Jisooစိတ်ကို ထိခိုက်စေသည်

Jisoo မငိုမိအောင်ထိန်းထားပေမယ့် အံကိုကြိတ်ထားပေမယ့် မျက်ရည်တွေက ပါးပြင်ပေါ် စီးကျလာသည်

"Jisooရယ်....Bonaလေး..."

Bonaအမေမှာ Jisoo ကို ဖက်ပြီး ငိုလေသည်

"Chaw အမှားပါ.... Chawသာ မအိပ်ခဲ့ရင်...Chaw သာ သူနဲ့လိုက်သွားခဲ့ရင် အခုလိုဖြစ်မှာ မဟုတ်ဘူး... "

Jisooက ပြောပြီး ငိုတော့ Bonaအမေမှာ Jisooရဲ့ နောက်ကျောလေးကို ပုတ်ပေးပြီး နှစ်သိမ့်ပေးသည်

"မဟုတ်တာ သမီးလည်း စာလေ့လာရတာနဲ့ ပင်ပန်းမှာပေါ့ သမီးအပြစ်မဟုတ်ပါဘူး Jisooရယ်...Bonaလေးက အခု ပိုကောင်းတဲ့နေရာကို ရောက်သွားပြီမို့လို့ သူနာကျင်မှုတွေ မခံစားရတော့ဘူး Jisooရဲ့ ဒါမို့လို့ သမီးလည်း ကိုယ့်ကိုယ် အပြစ်မတင်ပါနဲ့ကွယ်..."

"Chaw မပါဘဲ သူတစ်ယောက်တည်း ထွက်သွားရက်တယ်...."

"ငါ့ကိုထားမသွားပါနဲ့...."

ခြောက်အက်အက်အသံတစ်သံကြောင့် Jennie ဝုန်းခနဲ လန့်နိုးလာသည်

ဘေးဘီကိုကြည့်တော့ သူမကိုကျောပေးကာ ကော်ဖီဖျော်နေတဲ့ Chaeyoungကို တွေ့လိုက်ရပြီး ဆေးရုံပေါ်ရောက်နေမှန်း Jennie သတိထားမိသည်

ဘာတွေဖြစ်ခဲ့လည်းဆိုတာ Jennie စဥ်းစားရင်း တစ်ခုခုကို သတိရလာပြီး ခေါင်းတွေထိုးကိုက်လာသည် 

"အားးးးး"

Jennie အော်သံကြောင့် Chaeyoung လန့်ပြီး ကော်ဖီဖျော်ရာမှ ရပ်လိုက်သည်

"Jennie ....သတိရလာပြီလား... "

Chaeyoung သူမဘေးနားကို ရောက်လာတော့ Jennieမှာ Chaeyoungရဲ့ လက်ကို လှမ်းကိုင်လိုက်သည်

"Chaeyoung ငါ...ငါ "

"ဘာဖြစ်လို့လည်း Jennie ရေသောက်ချင်လို့လား "

"မဟုတ်ဘူး Chaeyoung. ...ငါ မနေ့ညက လူတစ်ယောက်ကို ကားနဲ့တိုက်မိသွားတယ်....ငါ...."

Jennieမှာ ကြောက်လန့်တကြားတုန်တုန်ရီရီနဲ့ပြောတော့ Chaeyoungမှာ Jennieရဲ့ လက်ကိုဆုပ်ကိုင်လိုက်သည်

"မဟုတ်ပါဘူး နင် ဘယ်သူ့ကိုမှ ဝင်မတိုက်ပါဘူး...."

"ငါတိုက်ခဲ့တယ် Chaeyoung. ..ငါ ရှင်းရှင်းလင်းလင်း မှတ်မိတယ်..."

"ညည်းမတိုက်ခဲ့ပါဘူး Jennie Kimရဲ့ "

Mrs. Kim ဝင်လာတော့ Chaeyoungမှာ Mrs. Kimကို နှုတ်ဆက်လိုက်သည်

"ဘယ်သူမှ ဒီကိစ္စအတွက် ညည်းကို အပြစ်တင်မှာ မဟုတ်ဘူး Jennie Kim. ..."

"အပြစ်တင်မှာ မဟုတ်ဘူး ဟုတ်လား...Omar ဘာကိုပြောချင်တာလည်း"

"ညည်း ကားနဲ့ဝင်တိုက်ခဲ့တဲ့ ကောင်မလေးက ပွဲချင်းပြီးသေသွားပြီ..."

Mrs. Kimရဲ့ စကားကြောင့် Jennieမှာ ပိုပြီး အပြစ်ရှိသလိုခံစားလာရပြီး မျက်ရည်တွေ စီးကျလာသည်

"ဒါပေမယ့် ဒီမအေက အားလုံးကို clearဖြစ်အောင် လုပ်ပြီးပြီမို့ မနက်ဖြန် သတင်းစာရှင်းလင်းပွဲမှာ လှလှပပလေးတက်ဖို့သာ ပြင်ထား "

Mrs. Kimမှာ စာအိတ်နဲ့ Jennieကို ပစ်ပေါက်ပြီး ထွက်သွားတော့ Chaeyoungမှာ အခန်းတံခါးလိုက်ပိတ်လိုက်သည်

"Chaeyoung. ...ငါ့ကို တစ်ခုကူညီပေးပါလား ငါ ဝင်တိုက်ခဲ့တဲ့ ကောင်မလေးက ဘယ်သူလည်းဆိုတာ ရှာပေးပါလားဟင် "

"ကောင်းပြီ ငါရှာပေးမယ် ဒါပေမယ့် တစ်ခုတော့ ကတိပေး....မနက်ဖြန် သတင်းစာရှင်းလင်းပွဲရှိလို့ နင် ဒီနေ့ ဘာမှမလုပ်ဘဲ အေးဆေးအနားယူပါမယ်လို့...."

"ငါ ကတိပေးပါတယ် Chaeyoung. ..တကယ် ကတိ..."

Chaeyoungလည်း ဖုန်းဆက်ဖို့ အပြင်ခဏထွက်သွားတော့ Jennie ငုတ်တုတ်ထိုင်ပြီး ပြတင်းပေါက်အပြင်ဘက်ကို ငေးကြည့်နေမိသည်

စိတ်တွေမွန်းကြပ်လာလို့ ဆေးရုံခေါင်မိုးထပ်ပေါ်သို့ Jennie သွားလိုက်ပြီး ကောင်းကင်ပေါ်က ကြယ်တွေကို ရပ်ကြည့်နေမိသည်

"မတော်တဆဖြစ်ပြီး နင့်ကိုသေစေခဲ့မိလို့ တောင်းပန်ပါတယ်...အခုဆို နင်ကောင်းကင်ဘုံမှာရှိနေမှာပေါ့နော် "

Jennie ကောင်းကင်ကိုကြည့်ရင်း အပြစ်ရှိတဲ့ စိတ်နဲ့ Bonaကို တောင်းပန်စကားဆိုနေသည်

"Jennie Kim. ...နောက်ဆုံးတော့ မင်းကို ငါတွေ့ပြီဘဲ...."

Jisoo သူမကောက်ရခဲ့တဲ့ ဖုန်းကို ဆေးရုံကအပြန် ဖွင့်ကြည့်ခဲ့မိသည်

ဖုန်းထဲက ဓာတ်ပုံတွေကြောင့် ဒီဖုန်းပိုင်ရှင် Bonaကို ကားနဲ့တိုက်ခဲ့တဲ့သူက Jennieမှန်းသိပြီး Private ဆေးရုံမှန်သမျှဆီ လိုက်ရှာရင်း နောက်ဆုံးတော့ Jennieရှိတဲ့ ဆေးရုံကို ရှာတွေ့ခဲ့တယ်လေ

တိုက်တိုက်ဆိုင်ဆိုင် Jennieက ဆေးရုံခန်းထဲက ထွက်လာပြီး ဆေးရုံခေါင်မိုးထပ်ပေါ်သို့ သွားတာကို Jisooမြင်ပြီး လှပတဲ့အသည်းပုံနှုတ်ခမ်းဟာ Devil smileအဖြစ် ပြောင်းလဲသွားတယ်

ကျွီ....

ခေါင်းမိုးထပ်တံခါးဖွင့်သံကြောင့် Jennie လှည့်ကြည့်တော့ သူမကို အသည်းပုံနှုတ်ခမ်းလေးနဲ့ပြုံးပြနေတဲ့ ကောင်မလေးကိုတွေ့လိုက်ရသည်

"Jennie Kim မဟုတ်လား...."

ထိုကောင်မလေးက သူမနာမည်သိနေလို့ Jennie အံ့သြသွားတယ်

"ငါ့နာမည်သိနေတော့....ငါ့ fanများလား..."

Jennie စိတ်ထဲကနေ တွေးလိုက်မိသည်

"ဟုတ်...."

"ဘာလို့ ဆေးရုံကို ရောက်နေတာလည်းဟင်...."

"အာ ဟို ကားမတော်တဆမှုကြောင့်ရောက်လာတာ "

Jennie စိတ်ကို တည်တည်ငြိမ်ငြိမ်နဲ့ထားပြီး Jisooမေးခွန်းကို ဖြေလိုက်သည်

"တကယ်ဘဲ ကားမတော်တဆမှုလား "

Jisooရဲ့ မေးခွန်းကြောင့် Jennie အေးခဲသွားသလို ဖြစ်သွားတယ်

ဒီကားမတော်တဆမှုကို Chaeyoungနဲ့ သူ့အမေဘဲသိတာလေ...

"အပြင်မှာ အေးလို့ ကျွန်မ အထဲဝင်တော့မယ်နော် "

"မင်း ကားနဲ့တိုက်ခဲ့တဲ့ ကောင်မလေး....သေသွားပြီနော် "

Jennie ထိုနေရာက ထွက်သွားမယ့် ခြေလှမ်းတွေဟာ Jisoo စကားကြောင့် ရပ်တန့်သွားတယ်

"ရှင် ဘာတွေပြောနေတာလည်း ကျွန်မ မသိဘူး "

Jennieက ငြင်းတော့ Jisooမှာ Jennieဆီ လျှောက်လာပြီး လည်ပင်းကို လက်နှစ်ဖက်နဲ့ဆွဲညှစ်လေသည်

"အား ဘာလုပ်တာလည်းလွှတ် "

Jennieက ရုန်းပေမယ့် Jisooမှာ အားထပ်ထည့်ပြီး ပိုညှစ်ထားသည်

"မသိဘူးဆို သိအောင်လုပ်ပေးမယ်....သေခြင်းတရားက ဘာလည်းဆိုတာ မင်းသိအောင်လုပ်ပေးမယ် "

Jisoo အော်လိုက်ပြီး Jennieကို နံရံဘက်ဆောင့်တွန်းလိုက်သည်

ထို့နောက် လဲကျသွားတဲ့ Jennie ပေါ်တက်ခွပြီး အားနဲ့လည်ပင်းကိုဆက်ညှစ်ရာ....အားနည်းနေတဲ့ Jennie တစ်ယောက် အသက်ရှုမဝဖြစ်ပြီး သတိမေ့သွားလေသည်

"ချီးဘဲ....ငါ....ငါဘာလို့ မင်းလိုမလုပ်ရက်တာလည်း "

Jennieအပေါ်ကနေ Jisoo ဖယ်လိုက်ပြီး Jennieကို မသတ်နိုင်လို့ ကိုယ့်ကိုကိုယ် ကျိန်ဆဲလိုက်သည်

ခေါင်းမိုးထပ်ကနေ အမြန်ဆင်းပြီး သူနာပြုတွေဆီ Jisoo သွားလိုက်သည်

"ဒီမှာရှင့်..... ခေါင်းမိုးထပ်မှာ လူနာတစ်ယောက် လဲကျနေလို့ သွားကြည့်ပေးပါအုံး "

သူနာပြုတွေလည်း Jisooစကားကြောင့် ပြေးသွားကြတော့ Jisooလည်း ဆေးရုံကနေထွက်လာခဲ့သည်

"တောင်းပန်ပါတယ် Bona. ..."

Jisoo ကောင်းကင်ပေါ်မော့ကြည့်ရင်း သူမမျက်ရည်တွေကို သုတ်လိုက်သည်

#tbc

#zawgyi

"Bona. ...Bonaေရာ ငါ့သမီးေလးေရာ...."

ေဆး႐ုံထဲ ေအာ္ဟစ္ၿပီးဝင္လာတဲ့ Bona အေမေၾကာင့္ Jisoo ခြဲစိတ္ခန္းေရွ႕ ထိုင္ေနရာက ထလာခဲ့သည္

"Omar. ..."

Jisooကိုလည္းေတြ႕ေရာ Bonaအေမမွာ ေျပးဖက္ၿပီး ငိုေလသည္

"အခုထိေတာ့ ခြဲစိတ္ခန္းထဲက ဆရာဝန္ေရာ ထြက္မလာေသးဘူး Omar. .."

"ဘယ္လိုျဖစ္ရတာလည္း သမီးေလးရယ္ အျဖစ္ဆိုးလိုက္တာ "

Bona အေမမွာ ထိုင္ရက္ငိုခ်ေတာ့ Jisooလည္း Bona အေမကိုဆြဲထူရသည္

"Omar ထပါ...."

ထိုစဥ္ ခြဲစိတ္ခန္းထဲက ဆရာဝန္ေတြထြက္လာေတာ့ Bonaရဲ႕ အေမမွာ Jisooကို တြန္းလႊတ္ၿပီး ဆရာဝန္ေတြဆီ ေျပးသြားေလသည္

"ဆရာ...ဆရာ ကြၽန္မ သမီးေလးေရာ...သမီးေလးရဲ႕အေျခအေနက"

"သူ ဒီေဆး႐ုံကိုမေရာက္ခင္ လမ္းမွာကတည္းက ႏွလုံးခုန္ရပ္သြားခဲ့တာပါ....ကြၽန္ေတာ္တို႔ အစြမ္းကုန္ႀကိဳးစားကယ္ခဲ့ေပမယ့္....ေတာင္းပန္ပါတယ္ အခ်ိန္မမွီလိုက္ပါဘူး "

"မဟုတ္ဘူး....."

ဆရာဝန္ေတြမွာ ေတာင္းပန္ၿပီး ထြက္သြားေတာ့ Jisoo ဒူးေထာက္ရက္သားလဲက်သြားတယ္

ေလးႏွစ္နီးပါးတြဲလာခဲ့ၿပီး လက္ထပ္ဖို႔အထိ ရည္႐ြယ္ထားခဲ့တဲ့ သူမတို႔ အိမ္မက္ေလးဟာ  မွန္တစ္ခ်ပ္လို ကြဲအက္သြားခဲ့ၿပီေလ

မွန္ကြဲစေတြကို ေကာက္ၿပီး ျပဳျပင္ေလေလ လက္ကိုထိခိုက္ေစၿပီး ေသြးေတြထြက္လာေစသလို.....Bona မေသေသးဘူးဆိုၿပီး ေတြးေနျခင္းကလည္း Jisooစိတ္ကို ထိခိုက္ေစသည္

Jisoo မငိုမိေအာင္ထိန္းထားေပမယ့္ အံကိုႀကိတ္ထားေပမယ့္ မ်က္ရည္ေတြက ပါးျပင္ေပၚ စီးက်လာသည္

"Jisooရယ္....Bonaေလး..."

Bonaအေမမွာ Jisoo ကို ဖက္ၿပီး ငိုေလသည္

"Chaw အမွားပါ.... Chawသာ မအိပ္ခဲ့ရင္...Chaw သာ သူနဲ႕လိုက္သြားခဲ့ရင္ အခုလိုျဖစ္မွာ မဟုတ္ဘူး... "

Jisooက ေျပာၿပီး ငိုေတာ့ Bonaအေမမွာ Jisooရဲ႕ ေနာက္ေက်ာေလးကို ပုတ္ေပးၿပီး ႏွစ္သိမ့္ေပးသည္

"မဟုတ္တာ သမီးလည္း စာေလ့လာရတာနဲ႕ ပင္ပန္းမွာေပါ့ သမီးအျပစ္မဟုတ္ပါဘူး Jisooရယ္...Bonaေလးက အခု ပိုေကာင္းတဲ့ေနရာကို ေရာက္သြားၿပီမို႔လို႔ သူနာက်င္မႈေတြ မခံစားရေတာ့ဘူး Jisooရဲ႕ ဒါမို႔လို႔ သမီးလည္း ကိုယ့္ကိုယ္ အျပစ္မတင္ပါနဲ႕ကြယ္..."

"Chaw မပါဘဲ သူတစ္ေယာက္တည္း ထြက္သြားရက္တယ္...."

"ငါ့ကိုထားမသြားပါနဲ႕...."

ေျခာက္အက္အက္အသံတစ္သံေၾကာင့္ Jennie ဝုန္းခနဲ လန့္နိုးလာသည္

ေဘးဘီကိုၾကည့္ေတာ့ သူမကိုေက်ာေပးကာ ေကာ္ဖီေဖ်ာ္ေနတဲ့ Chaeyoungကို ေတြ႕လိုက္ရၿပီး ေဆး႐ုံေပၚေရာက္ေနမွန္း Jennie သတိထားမိသည္

ဘာေတြျဖစ္ခဲ့လည္းဆိုတာ Jennie စဥ္းစားရင္း တစ္ခုခုကို သတိရလာၿပီး ေခါင္းေတြထိုးကိုက္လာသည္ 

"အားးးးး"

Jennie ေအာ္သံေၾကာင့္ Chaeyoung လန့္ၿပီး ေကာ္ဖီေဖ်ာ္ရာမွ ရပ္လိုက္သည္

"Jennie ....သတိရလာၿပီလား... "

Chaeyoung သူမေဘးနားကို ေရာက္လာေတာ့ Jennieမွာ Chaeyoungရဲ႕ လက္ကို လွမ္းကိုင္လိုက္သည္

"Chaeyoung ငါ...ငါ "

"ဘာျဖစ္လို႔လည္း Jennie ေရေသာက္ခ်င္လို႔လား "

"မဟုတ္ဘူး Chaeyoung. ...ငါ မေန႕ညက လူတစ္ေယာက္ကို ကားနဲ႕တိုက္မိသြားတယ္....ငါ...."

Jennieမွာ ေၾကာက္လန့္တၾကားတုန္တုန္ရီရီနဲ႕ေျပာေတာ့ Chaeyoungမွာ Jennieရဲ႕ လက္ကိုဆုပ္ကိုင္လိုက္သည္

"မဟုတ္ပါဘူး နင္ ဘယ္သူ႕ကိုမွ ဝင္မတိုက္ပါဘူး...."

"ငါတိုက္ခဲ့တယ္ Chaeyoung. ..ငါ ရွင္းရွင္းလင္းလင္း မွတ္မိတယ္..."

"ညည္းမတိုက္ခဲ့ပါဘူး Jennie Kimရဲ႕ "

Mrs. Kim ဝင္လာေတာ့ Chaeyoungမွာ Mrs. Kimကို ႏႈတ္ဆက္လိုက္သည္

"ဘယ္သူမွ ဒီကိစၥအတြက္ ညည္းကို အျပစ္တင္မွာ မဟုတ္ဘူး Jennie Kim. ..."

"အျပစ္တင္မွာ မဟုတ္ဘူး ဟုတ္လား...Omar ဘာကိုေျပာခ်င္တာလည္း"

"ညည္း ကားနဲ႕ဝင္တိုက္ခဲ့တဲ့ ေကာင္မေလးက ပြဲခ်င္းၿပီးေသသြားၿပီ..."

Mrs. Kimရဲ႕ စကားေၾကာင့္ Jennieမွာ ပိုၿပီး အျပစ္ရွိသလိုခံစားလာရၿပီး မ်က္ရည္ေတြ စီးက်လာသည္

"ဒါေပမယ့္ ဒီမေအက အားလုံးကို clearျဖစ္ေအာင္ လုပ္ၿပီးၿပီမို႔ မနက္ျဖန္ သတင္းစာရွင္းလင္းပြဲမွာ လွလွပပေလးတက္ဖို႔သာ ျပင္ထား "

Mrs. Kimမွာ စာအိတ္နဲ႕ Jennieကို ပစ္ေပါက္ၿပီး ထြက္သြားေတာ့ Chaeyoungမွာ အခန္းတံခါးလိုက္ပိတ္လိုက္သည္

"Chaeyoung. ...ငါ့ကို တစ္ခုကူညီေပးပါလား ငါ ဝင္တိုက္ခဲ့တဲ့ ေကာင္မေလးက ဘယ္သူလည္းဆိုတာ ရွာေပးပါလားဟင္ "

"ေကာင္းၿပီ ငါရွာေပးမယ္ ဒါေပမယ့္ တစ္ခုေတာ့ ကတိေပး....မနက္ျဖန္ သတင္းစာရွင္းလင္းပြဲရွိလို႔ နင္ ဒီေန႕ ဘာမွမလုပ္ဘဲ ေအးေဆးအနားယူပါမယ္လို႔...."

"ငါ ကတိေပးပါတယ္ Chaeyoung. ..တကယ္ ကတိ..."

Chaeyoungလည္း ဖုန္းဆက္ဖို႔ အျပင္ခဏထြက္သြားေတာ့ Jennie ငုတ္တုတ္ထိုင္ၿပီး ျပတင္းေပါက္အျပင္ဘက္ကို ေငးၾကည့္ေနမိသည္

စိတ္ေတြမြန္းၾကပ္လာလို႔ ေဆး႐ုံေခါင္မိုးထပ္ေပၚသို႔ Jennie သြားလိုက္ၿပီး ေကာင္းကင္ေပၚက ၾကယ္ေတြကို ရပ္ၾကည့္ေနမိသည္

"မေတာ္တဆျဖစ္ၿပီး နင့္ကိုေသေစခဲ့မိလို႔ ေတာင္းပန္ပါတယ္...အခုဆို နင္ေကာင္းကင္ဘုံမွာရွိေနမွာေပါ့ေနာ္ "

Jennie ေကာင္းကင္ကိုၾကည့္ရင္း အျပစ္ရွိတဲ့ စိတ္နဲ႕ Bonaကို ေတာင္းပန္စကားဆိုေနသည္

"Jennie Kim. ...ေနာက္ဆုံးေတာ့ မင္းကို ငါေတြ႕ၿပီဘဲ...."

Jisoo သူမေကာက္ရခဲ့တဲ့ ဖုန္းကို ေဆး႐ုံကအျပန္ ဖြင့္ၾကည့္ခဲ့မိသည္

ဖုန္းထဲက ဓာတ္ပုံေတြေၾကာင့္ ဒီဖုန္းပိုင္ရွင္ Bonaကို ကားနဲ႕တိုက္ခဲ့တဲ့သူက Jennieမွန္းသိၿပီး Private ေဆး႐ုံမွန္သမွ်ဆီ လိုက္ရွာရင္း ေနာက္ဆုံးေတာ့ Jennieရွိတဲ့ ေဆး႐ုံကို ရွာေတြ႕ခဲ့တယ္ေလ

တိုက္တိုက္ဆိုင္ဆိုင္ Jennieက ေဆး႐ုံခန္းထဲက ထြက္လာၿပီး ေဆး႐ုံေခါင္မိုးထပ္ေပၚသို႔ သြားတာကို Jisooျမင္ၿပီး လွပတဲ့အသည္းပုံႏႈတ္ခမ္းဟာ Devil smileအျဖစ္ ေျပာင္းလဲသြားတယ္

ကြၽီ....

ေခါင္းမိုးထပ္တံခါးဖြင့္သံေၾကာင့္ Jennie လွည့္ၾကည့္ေတာ့ သူမကို အသည္းပုံႏႈတ္ခမ္းေလးနဲ႕ၿပဳံးျပေနတဲ့ ေကာင္မေလးကိုေတြ႕လိုက္ရသည္

"Jennie Kim မဟုတ္လား...."

ထိုေကာင္မေလးက သူမနာမည္သိေနလို႔ Jennie အံ့ၾသသြားတယ္

"ငါ့နာမည္သိေနေတာ့....ငါ့ fanမ်ားလား..."

Jennie စိတ္ထဲကေန ေတြးလိုက္မိသည္

"ဟုတ္...."

"ဘာလို႔ ေဆး႐ုံကို ေရာက္ေနတာလည္းဟင္...."

"အာ ဟို ကားမေတာ္တဆမႈေၾကာင့္ေရာက္လာတာ "

Jennie စိတ္ကို တည္တည္ၿငိမ္ၿငိမ္နဲ႕ထားၿပီး Jisooေမးခြန္းကို ေျဖလိုက္သည္

"တကယ္ဘဲ ကားမေတာ္တဆမႈလား "

Jisooရဲ႕ ေမးခြန္းေၾကာင့္ Jennie ေအးခဲသြားသလို ျဖစ္သြားတယ္

ဒီကားမေတာ္တဆမႈကို Chaeyoungနဲ႕ သူ႕အေမဘဲသိတာေလ...

"အျပင္မွာ ေအးလို႔ ကြၽန္မ အထဲဝင္ေတာ့မယ္ေနာ္ "

"မင္း ကားနဲ႕တိုက္ခဲ့တဲ့ ေကာင္မေလး....ေသသြားၿပီေနာ္ "

Jennie ထိုေနရာက ထြက္သြားမယ့္ ေျခလွမ္းေတြဟာ Jisoo စကားေၾကာင့္ ရပ္တန့္သြားတယ္

"ရွင္ ဘာေတြေျပာေနတာလည္း ကြၽန္မ မသိဘူး "

Jennieက ျငင္းေတာ့ Jisooမွာ Jennieဆီ ေလွ်ာက္လာၿပီး လည္ပင္းကို လက္ႏွစ္ဖက္နဲ႕ဆြဲညွစ္ေလသည္

"အား ဘာလုပ္တာလည္းလႊတ္ "

Jennieက ႐ုန္းေပမယ့္ Jisooမွာ အားထပ္ထည့္ၿပီး ပိုညွစ္ထားသည္

"မသိဘူးဆို သိေအာင္လုပ္ေပးမယ္....ေသျခင္းတရားက ဘာလည္းဆိုတာ မင္းသိေအာင္လုပ္ေပးမယ္ "

Jisoo ေအာ္လိုက္ၿပီး Jennieကို နံရံဘက္ေဆာင့္တြန္းလိုက္သည္

ထို႔ေနာက္ လဲက်သြားတဲ့ Jennie ေပၚတက္ခြၿပီး အားနဲ႕လည္ပင္းကိုဆက္ညွစ္ရာ....အားနည္းေနတဲ့ Jennie တစ္ေယာက္ အသက္ရႈမဝျဖစ္ၿပီး သတိေမ့သြားေလသည္

"ခ်ီးဘဲ....ငါ....ငါဘာလို႔ မင္းလိုမလုပ္ရက္တာလည္း "

Jennieအေပၚကေန Jisoo ဖယ္လိုက္ၿပီး Jennieကို မသတ္နိုင္လို႔ ကိုယ့္ကိုကိုယ္ က်ိန္ဆဲလိုက္သည္

ေခါင္းမိုးထပ္ကေန အျမန္ဆင္းၿပီး သူနာျပဳေတြဆီ Jisoo သြားလိုက္သည္

"ဒီမွာရွင့္..... ေခါင္းမိုးထပ္မွာ လူနာတစ္ေယာက္ လဲက်ေနလို႔ သြားၾကည့္ေပးပါအုံး "

သူနာျပဳေတြလည္း Jisooစကားေၾကာင့္ ေျပးသြားၾကေတာ့ Jisooလည္း ေဆး႐ုံကေနထြက္လာခဲ့သည္

"ေတာင္းပန္ပါတယ္ Bona. ..."

Jisoo ေကာင္းကင္ေပၚေမာ့ၾကည့္ရင္း သူမမ်က္ရည္ေတြကို သုတ္လိုက္သည္

#tbc

Bạn đang đọc truyện trên: Truyen3h.Co