Blank Part-2
#unicode
Flashback
South Koreaကို သွားမယ့် လေယာဉ်ပေါ်မှာ Yoong laptop တစ်လုံးနဲ့ အလုပ်မ်ားနေ၏
သူ့ဘေးနားက ခုံက ကလေးမှာ ရုတ်တရက် ထငိုလေသည်။ ပထမမွာတော့ Yoong ငိုနေတဲ့ ကလေးကို လျစ်လျူ ရှုပြီး သူ့အလုပ်ကိုသာ သူဆက်လုပ်နေ၏
ကလေးရဲ့အမေမှာ သူ့ကလေးကို ချော့နေသော်လည်း ကလေးမှာ အငိုမတိတ် .....လေယာဉ်ပေါ်က လူအားလုံးလည်း ကလေးကို အငိုတိတ်အောင် သေချာချော့ဖို့ ကလေးအမေကို ပြောသော်လည်း ကလေးက အငိုမတိတ်သောကြောင့် ကလေးအမေမှာ ဘာမှမလုပ်နိုင်ပေ.....
ရုတ်တရက် Yoongရဲ့ ခုံရှေ့က မိန်းကလေးမှာ ထရပ်လိုက်ပြီး ကလေးဆီကို သွားလိုက်သည်။
ထိုမိန်းကလေးမှာ အသားဖြူ ဖြူ အရပ်ရှည်ရှည်နဲ့ black & white ကို ၀တ်ထားသည်။
သူစိမ်းတစ်ယောက်က သူ့ရှေ့ရောက်လာသောကြောင့် ကလေးမှာ ခဏလောက် အငိုတိတ်သွားသည်။
ဒါပေမယ့် စက္ကန့်အနည်းငယ်လောက် ကြာတော့ ထပ်ငိုပြန်သည်။
"ကလေး ဘာလို့ ငိုနေတာလည်း...."
မိန်းကလေးရဲ့ အသံက ချိုသာလို့ Yoongမွာ လုပ်လက်စ အလုပ်ကို ခဏရပ်ထားပြီး ကလေးနဲ့ သူမကို စိတ်၀င်တစားကြည့်နေ၏
ကလေးက ပြန်မဖြေဘဲ ငိုနေသောကြောင့် မိန်းကလေးမှာ သူ့အိတ်ကပ်ထဲက ချိုချဉ်စုပ်လုံးလေးကို ထုတ်လိုက်သည်။
ချိုချဉ်စုပ်လုံးကိုလည်း မြင်ရော ကလေးမှာ အငိုတိတ်သွားသည်။
"ချိုချဉ် စားချင်တယ် မဟုတ်လား...."
မိန်းကလေးက မေးတော့ ကလေးမှာ ခေါင်းညိတ်ပြ၏
"အဲ့တာဆိုရင် ထပ်မငိုတော့ပါဘူးလို့ Noonaကို ကတိပေး...."
မိန်းကလေးက ပြောပြီး ကလေးနဲ့ လက်သန်းချင်းချိတ်ကာ ကတိပေးတဲ့ သငေ်္ကတလုပ်တော့ Yoongမွာ သဘောကျပြီး ပြုံးမိသွားသည်။
"Good boy...."
ကလေးရဲ့ ဆံပင်ကို လက်နဲ့ဖွပြီး မိန်းကလေးမှာ ပြောလိုက်သည်။
ကလေးက ချိုချဉ်ကို ယူပြီး သူ့အမေအပေါ် သွားထိုင်သည်။ ကလေးအမေမှာ မိန်းကလေးကို ကျေးဇူးတင်သောကြောင့် ကျေးဇူးတင်စကားပြောလိုက်သည်။
"ကျေးဇူးတင်ပါတယ် မိန်းကလေး.. ........"
"Nae ရပါတယ်....."
ကလေးအမေကို နှုတ်ဆက်ပြီး တစ်ဖက်ကို လှည့်လိုက်တော့ Yoongက သူ့ကို စိုက်ကြည့်နေတာကို တွေ့သွားသည်။
သို့သော် ဘာမှမဖြစ်သလို ပုံစံနဲ့ Yoong ကို ပြုံးပြလိုက်သည်။ Yoongလည်း ဘာလုပ်ရမှန်းမသိဘဲ ပြန်ပြုံးပြလိုက်၏
မိန်းကလေး သူ့နေရာသူ ထိုင်လိုက်သော်လည်း Yoongမွာ မမြင်ရတဲ့ သူ့ရှေ့က မိန်းကလေးကိုဘဲ ငေးကြည့်နေမိသည်။
ကလေးကို မငိုအောင် ချော့တဲ့ နည်းလမ်းက လူတိုင်းလုပ်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းဖြစ်သော်လည်း ကလေးငိုတဲ့အချိန်တုံးက ဘယ်သူမွ မချော့ကြ.......ထိုမိန်းကလေးကသာ ချော့ခဲ့သည်။
Yoong ထိုမိန်းကလေး၏ စိတ်နေသဘောထားကို သဘောကျမိသွားတယ်
Korea ကို ရောက်တော့ လေဆိပ်ကနေ အိတ်ကို ဆွဲပြီး ထွက်လာစဉ်
"Krystal....."
"Unnie. ......"
လင်းပိုင်လို စူးရှရှ အသံကြောင့် Yoong ကြည့်လိုက်တော့ လေယာဉ်ပေါ်မှာ တွေ့ခဲ့တဲ့ ကောင်မလေးကို သူ့အမဖြစ်သူက အော်ခေါ်ပြီး ပြေးဖက်နေတာကို တွေ့လိုက်ရသည်။
Yoong သူ့လမ်းသူ ဆက်မသြားဘဲ သူ့အမဆီကို တောက်ပတဲ့အပြုံးတွေနဲ့ ပြေးလာတဲ့ Krystalကို ငေးကြည့်နေမိပြန်သည်။
"Krystal....သူ့နာမည်က Krystalတဲ့လား....."
မိန်းကလေး တစ်ယောက်ကြောင့် အရူးတစ်ယောက်လို ပြုံးမိသွားခြင်းဟာ Yoongဘ၀မွာ ပထမဆုံးအကြိမ်ပါ
~~~~~~~~~~~~ ~~~~~~~~~~~~~
တစ်လကြာပြီးနောက်
Yoong တစ်ယောက် သူပိုင်တဲ့ ကော်ဖီဆိုင်ရဲ့ ပြင်ဆင်မှုတွေကို ပြောင်းလဲဖို့ အလုပ်သမားတွေကို ပြောနေသည်။
"ငါ အပြင်အဆင်တွေနဲ့ ပတ်သက်ပြီး စဉ်းစားထားတာက......"
Yoong စကားပြောတာ ရပ်သြားသောကြောင့် အလုပ်သမားတွေမှာ အူကြောင်ကြောင် ဖြစ်သွားသည်။
Yoongကတော့ ဆိုင်ထဲကို ၀င်လာတဲ့ မိန်းကလေးကို ကြည့်ရင်း ပြောစရာစကားတွေ ရပ်သြား၏
"Mr.Im "
မန်နေဂျာက သူ့နာမည်ကို ခေါ်မှ Yoong ပြန်ပြီး သတိ၀င်လာသည်။
"Hum"
"ကျွန်တော်တို့ အပြင်အဆင်အကြောင်း ပြောနေတာနော်...."
"Humm Sorry ဆက်ပြောရအောင်...."
အလုပ်အကြောင်း ပြောနေပေမယ့် Yoongမွာ မိန်းကလေးကို ခိုးခိုးကြည့်နေ၏
"Ok ဒီလောက်ပါဘဲ....."
Yoong စကားကို လက်စသတ်ပြီး ကောင်တာက ကော်ဖီတစ်ခွက်ယူကာ မိန်းကလေးဆီကို လျှောက်လာသည်။
မိန်းကလေးမှာ ထသွားမယ့် အချိန် Yoongရောက်လာသောကြောင့် ပြန်ထိုင်လိုက်လေသည်။
"မင်းအတွက် ကိုယ့်ရဲ့ လက်ဆောင်...."
မိန်းကလေးရှေ့မှာ ကော်ဖီခွက်ကို ခ်ပေးလိုက်သည်။
မိန်းကလေးမှာ Yoongကို မော့ကြည့်တော့
"ကိုယ်က ဒီဆိုင်ရဲ့ ပိုင်ရှင်ပါ....မင်းနဲ့ ခဏလောက် စကားပြောလို့ရလား "
"ဘာဖြစ်လို့လဲဟင် ကျွန်မ တစ်ခုခုမ်ား အမှားလုပ်မိထားလို့လား...."
"မဟုတ်ပါဘူး....ကိုယ့်ကို မမှတ်မိဘူးလားဟင်....."
"Omm....."
"Humm....ဘယ်လိုပြောရမလည်း.....ကိုယ်တို့ လေယာဉ်ပေါ်မှာ ဆုံဖူးတယ်လေ ...."
Yoongရဲ့ စကားကြောင့် မိန်းကလေးမှာ ပြန်တွေးပြီး သတိရသွားဟန်တူသည်။
"အာ...."
"မင်းရဲ့ နာမည်က Krystal မဟုတ်လား...."
"Nae....ရှင် ဘယ်လိုသိလည်း......."
"အာ....လေဆိပ်မှာ မင်းအမလား မသိဘူး မင်းနာမည်ကို ခေါ်ပြီး ပြေးလာတာကို ငါသတိထားမိလို့....."
"Aww ဟုတ်တယ်.....သူက ကျွန်မရဲ့ အမလေ ....."
Krystal ပြုံးပြီး ပြောလိုက်သည်။
"မင်း ပြုံးရင် အရမ်းလွတာဘဲ......"
Yoongကို မျက်မှောင်ကြုတ်ပြီး Krystal ကြည့်တော့ Yoong စကားလမ်းကြောင်း လွှဲလိုက်သည်။
"ကျွန်တော့်ရဲ့ နာမည်က Im Yoongပါ...."
Yoong သူ့ရဲ့ ကုတ်အကျႌက သူ့ရဲ့ ကဒ်ကိုထုတ်ပြီး Krystal ကို ပေးလိုက်သည်။
Krystal လည်း Yoongပေးတဲ့ ကဒ်ကို ယူလိုက်သည်။
"မင်းရဲ့ ဖုန်းနံပါတ်ကို ပေးနိုင်မလားဟင် ....."
"Ah...ရပါတယ် "
Krystal လည်း Yoongကို သူ့ဖုန်းနံပါတ် ပေးလိုက်သည်။
"Gomawo...."
နွေးထွေးပြီး ဆက်ဆံရေးကောင်းမွန်တဲ့ သူမကို Yoong ထပ်ပြီး သဘောကျ မိသွားပြန်သည်။
~~~~~~~~~~~~~~~~~~~~~~~
Krystal ရေချိုးပြီး ဆံပင် ကို လေမှုတ်နေစဉ် ဖုန်းလာသောကြောင့် ဖုန်းကိုင်လိုက်သည်။
"Hello...."
"Hello Krystalလားဟင်....."
"Nae ......"
"Im Yoongပါ မှတ်မိလားမသိဘူး "
"Aww Nae....မှတ်မိပါတယ်....."
Yoongရဲ့ အသံကို ကြားပြီး သူကိုယ်တိုင်တောင် သူသတိမထားမိဘဲ Krystal ပြုံးမိသွားသည်။
ညတိုင်းလိုလို ဖုန်းပြောရင်း သူတို့တွေ ရင်းနှီးသွားကြ၏
Yoong ဘယ်လောက်ဘဲ အလုပ်ရှုပ်ပါစေ ညရောက်လျှင် အချိန်မှန် Krystal ဆီကို ဖုန်းဆက်သည်။
ဘယ်လောက် ပင်ပန်းနေပါစေ Krystalရဲ့ အသံကြားလိုက်ရလျှင် ပင်ပန်းမှုတွေ ပျောက်သြား၏.....
Krystal သူ့အသံလေးနဲ့ သီချင်းဆိုပြတဲ့ ညဆို Yoongမွာ အိမ်မက်လှလှမက်လေသည်။
Flashback end....
Krystal သူ့အတွေးတွေ ရပ်ပြီး နာရီကို မော့ကြည့်တော့ မနက်သုံးနာရီရှိနေပြီ ....
Yoongမွာတော့ အခုထိ အလုပ်က ပြန်မလာသေး.......
သူမထက် အလုပ်ကို ပိုချစ်သလားဆိုပြီး Yoongကို သံသယ၀င်တဲ့ စိတ်ကို Krystal မုန်းမိသော်လည်း........
Cover photo လုပ်ပေးတဲ့ Author Yamayukoriကို ကျေးဇူးတင်ပါတယ် 😘
#Zawgyi
Flashback
South Koreaကို သွားမယ့် လေယာဉ်ပေါ်မှာ Yoong laptop တစ်လုံးနဲ့ အလုပ်များနေ၏
မိန်းကလေးရဲ့ အသံက ချိုသာလို့ Yoongမှာ လုပ်လက်စ အလုပ်ကို ခဏရပ်ထားပြီး ကလေးနဲ့ သူမကို စိတ်ဝင်တစားကြည့်နေ၏
မိန်းကလေးက ပြောပြီး ကလေးနဲ့ လက်သန်းချင်းချိတ်ကာ ကတိပေးတဲ့ သင်္ကေတလုပ်တော့ Yoongမှာ သဘောကျပြီး ပြုံးမိသွားသည်။
"Good boy...."
"Nae ရပါတယ်....."
မိန်းကလေး သူ့နေရာသူ ထိုင်လိုက်သော်လည်း Yoongမှာ မမြင်ရတဲ့ သူ့ရှေ့က မိန်းကလေးကိုဘဲ ငေးကြည့်နေမိသည်။
ကလေးကို မငိုအောင် ချော့တဲ့ နည်းလမ်းက လူတိုင်းလုပ်နိုင်တဲ့ လွယ်ကူရိုးရှင်းတဲ့ နည်းလမ်းဖြစ်သော်လည်း ကလေးငိုတဲ့အချိန်တုံးက ဘယ်သူမှ မချော့ကြ.......ထိုမိန်းကလေးကသာ ချော့ခဲ့သည်။
"Krystal....."
"Unnie. ......"
Yoong သူ့လမ်းသူ ဆက်မသွားဘဲ သူ့အမဆီကို တောက်ပတဲ့အပြုံးတွေနဲ့ ပြေးလာတဲ့ Krystalကို ငေးကြည့်နေမိပြန်သည်။
မိန်းကလေး တစ်ယောက်ကြောင့် အရူးတစ်ယောက်လို ပြုံးမိသွားခြင်းဟာ Yoongဘ၀မှာ ပထမဆုံးအကြိမ်ပါ
~~~~~~~~~~~~ ~~~~~~~~~~~~~
တစ်လကြာပြီးနောက်
Yoong စကားပြောတာ ရပ်သွားသောကြောင့် အလုပ်သမားတွေမှာ အူကြောင်ကြောင် ဖြစ်သွားသည်။
Yoongကတော့ ဆိုင်ထဲကို ၀င်လာတဲ့ မိန်းကလေးကို ကြည့်ရင်း ပြောစရာစကားတွေ ရပ်သွား၏
"Mr.Im "
"Hum"
အလုပ်အကြောင်း ပြောနေပေမယ့် Yoongမှာ မိန်းကလေးကို ခိုးခိုးကြည့်နေ၏
"Ok ဒီလောက်ပါဘဲ....."
မိန်းကလေးရှေ့မှာ ကော်ဖီခွက်ကို ချပေးလိုက်သည်။
"ဘာဖြစ်လို့လဲဟင် ကျွန်မ တစ်ခုခုများ အမှားလုပ်မိထားလို့လား...."
"Omm....."
"အာ...."
"Nae....ရှင် ဘယ်လိုသိလည်း......."
"မင်း ပြုံးရင် အရမ်းလှတာဘဲ......"
Yoong သူ့ရဲ့ ကုတ်အင်္ကျီက သူ့ရဲ့ ကဒ်ကိုထုတ်ပြီး Krystal ကို ပေးလိုက်သည်။
"Ah...ရပါတယ် "
"Gomawo...."
~~~~~~~~~~~~±~~~~~~~~~~~
"Hello...."
"Hello Krystalလားဟင်....."
"Nae ......"
"Aww Nae....မှတ်မိပါတယ်....."
ဘယ်လောက် ပင်ပန်းနေပါစေ Krystalရဲ့ အသံကြားလိုက်ရလျှင် ပင်ပန်းမှုတွေ ပျောက်သွား၏.....
Krystal သူ့အသံလေးနဲ့ သီချင်းဆိုပြတဲ့ ညဆို Yoongမှာ အိမ်မက်လှလှမက်လေသည်။
Flashback end....
Yoongမှာတော့ အခုထိ အလုပ်က ပြန်မလာသေး.......
Bạn đang đọc truyện trên: Truyen3h.Co