Blank Part- 3
#Unicode
Krystal မနက်စာပြင်ရင်း တံခါးဖွင့်သံကြားလို့ ကြည့်လိုက်တော့ Yoong က အိမ်ပြန်ရောက်လာသည်။
"ရှင် ပြန်လာပြီလား....."
Krystal လုပ်လက်စ အလုပ်ကို ရပ်ပြီး Yoongကို သွားကြိုသည်။
"အင်း...."
Yoong ပင်ပန်းနေတဲ့ အသံနဲ့ ပြန်ဖြေလိုက်သည်။
"ရှင် အဆင်ပြေရဲ့လား......"
"အင်း....."
Krystalကို မကြည့်ဘဲ Yoong သူ့အခန်းထဲကို ၀င်သွားတယ် ...Yoong ရဲ့ အပြုအမူကြောင့် Kryatal ရင်ထဲတစ်မျိူ းကြီး ဖြစ်သြားပေမယ့် စိတ်လျော့ပြီး အခန်းထဲကို လိုက်၀င်သွားသည်။
အခန်းထဲကိုရောက်တော့ ကုတင်ပေါ် မှောက်လျက်ကြီး အိပ်နေတဲ့ Yoongကို တွေ့လိုက်ရသည်။
Krystalလည်း တံခါးကို ဖြည်းဖြည်းလေး ပိတ်လိုက်သည်။ထို့နောက် ကုတင်ပေါ် ထိုင်လိုက်ပြီး
"ပင်ပန်းနေတာလား...."
Yoong ရဲ့ ဆံပင်လေးကို လက်နဲ့ ဖွရင်း Krystal မေးလိုက်သည်။
"Inn...."
Yoong မျက်လုံးမဖွင့်ဘဲ ပြန်ဖြေလိုက်သည်။
Krystal သူ့ဆံပင်လေးတွေကို လက်နဲ့ ဖြပေးရင် Yoong အရမ်း သဘောကျသည်။
Krystalရဲ့ လက်မောင်းပေါ်မှာ Yoong အိပ်ချင်ပေမယ့် မအိပ်နိုင်ပေ
"ဒါဆို ခဏလောက်နားလိုက်နော်......."
Krystalရဲ့ ပေါင်ပေါ် Yoong ခေါင်းတင်ပြီး မျက်လုံးမှိတ်ကာ
"ကိုယ် နားလို့မရဘူး......"
"ဘာလို့လည်း....တစ်ညလုံး ရှင်အလုပ်လုပ်ထားတာလေ ဘာလို့ ပြန်သွားရအုံးမှာလည်း....."
Krystal သူမကိုယ်တိုင်တောင် သတိမထားမိဘဲ မေးလိုက်သည်။
အဲ့မေးခွန်းက သူမအတွက် မဟုတ်ပါဘူး သူမယောင်္ကျားအတွက်ပါ.....အမြဲတမ်း သူမယောင်္ကျားက အလုပ်တွေနဲ့ ပင်ပန်းနေတာမျိူ း မမြင်ချင်ခဲ့ဘူး
Yoong သူ့မိန်းမရဲ့ မျက်နှာကို ကိုင်လိုက်ပြီး
"Kry....ဒါက အလုပ်လေ....မင်း အလုပ်အကြောင်း ဘာမွမသိပါဘူးကြာ.. ."
"မသိဘူး ရှင့်အလုပ်ကို မုန်းတယ်....."
Krystal သူ့ပါးပေါ်ကို မျက်ရည်တွေ ကျမလာခင် ပေါင်ပေါ်က Yoongကို ဖယ်ပြီး ထရပ်လိုက်သည်။
"ဒါတွေက မင်းအတွက်ပါ....ကိုယ်ကြိုးစားနေတာတွေ အားလုံး မင်းအတွက်ပါ...."
"အဲ့တာတွေ မလိုအပ်ဘူး....ကျွန်မရဲ့ ဘေးနားမှာ ရှင်ရှိနေရင် ပြည့်စုံပြီ......"
Yoong အိပ်ရာမွ ထလိုက်ပြီး Krystalကို သူ့ရင်ခွင်ထဲ ဆွဲထည့်ပြီး ဖက်ထားကာ....
"Krystal....မင်းကို ကိုယ်ချစ်တယ်....မင်းအတွက် အရာအားလုံးက အကောင်းဆုံးဆိုတာဘဲ ဖြစ်စေချင်တယ် ....အဲ့တာကြောင့် ခဏလောက် သီးခံပေးပါနော် မကြာခင် ကိုယ်တို့ ပေျာ်ပျော်ကြီး နေရတော့မှာပါ...."
သူ ဘယ်လိုပြောပြော သူ့ခံစားချက်ကို Yoongက နားမလည်သောကြောင့် Krystal သက်ပြင်းချပြီး Yoongကို ပြန်ဖက်လိုက်သည်။
"Good girl....."
Yoong ဆံပင်လေးကို ဖွလိုက်ပြီး ဖက္ထားရာမွ ခွာလိုက်သည်။
"ကိုယ် ရေချိူ းပြီးရင် ပြန်သြားရအုံးမွာ...."
"မနက်စာ မစားတော့ဘူးလား....."
"အချိန်မရှိဘူး....."
Yoong အကျႌကျယ်သီးဖြုတ်ရင်း ပြောလိုက်သည်
"Yoong...."
ရေချိူ းခန်းထဲ ၀င်တော့မယ့် Yoongကို Krystal လှမ်းခေါ်လိုက်သည်
"ကျွန်မ ရှင့်အတွက် မနက်စာလုပ်ပေးထားတာ ကျွန်မအတွက် စားမပေးနိုင်ဘူးလား...."
"Ok...."
Yoong ပြုံးပြပြီး ရေချိူ းခန်းထဲ ၀င်သွားသည်။
Krystal အ၀တ်ဘီဒိုထဲက Yoongနဲ့ လိုက်ဖက်တဲ့ အ၀တ်အစားတွေ ထုတ်ပေးပြီး Dinning Roomထဲ ပြန်သွားတယ်
မနက်စာစားမယ်လို့ Yoongက သေဘာတူလိုက္တာဟာ Krystalရဲ့ ဘ၀ပါ......ဒီအရာလေးတွေနဲ့ဘဲ Krystal ပျော်နေရသူပါ
Yoong ရေချိုးပြီးနောက် Krystal ထုတ်ပေးတဲ့ အ၀တ်အစားတွေ ယူ၀တ်လိုက်သည်။
ထို့နောက် မနက်စာစားဖို့ Dinning Roomသို့ လျှောက်လာသည်။
Yoongကိုလည်း မြင်ရော Krystal ထိုင်နေရာမှ ထပြီး Yoong ထိုင်ပေးဖို့ ထိုင်ခုံဆွဲယူလိုက်သည်။
Yoong ပြုံးလိုက်ပြီး ဇွန်းကောက်ကိုင်ကာ သူ့မိန်းမချက်ထားတာလေးတွေကို စားလိုက်သည်။
"ဘယ်လိုလည်း စားလို့ကောင်းလားဟင်...."
"မင်း ပြင်ပေးထားမှတော့ အကောင်းဆုံးပေါ့...."
Yoong လက်မထောင်ပြပြီး ပြောလိုက်သည်။
Krystal သဘောကျကျေနပ်သွားပြီး ဟင်းတွေကို Yoongရဲ့ ထမင်းပန်းကန်ထဲ ထည့်ပေးလိုက်သည်။
"မင်းရော မစားဘူးလား....."
"ခဏနေမှ စားမယ်လေ...."
Yoong နာရီကို ကြည့်ပြီး စားနေရာမှ ထရပ်လိုက်သည်။
"ရှင် အလုပ်သြားတော့မှာလား......"
"Sorry....ကိုယ် သြားရတော့မယ် ..."
Yoongလည်း ထွက်သြားရော စားပွဲခုံပေါ်က ပန်းကန်တွေအားလုံး Krystal တွန်းဖယ်ပစ်လိုက်သည်။
ထို့နောက် ပန်းကန်အကြဲတွေကြားမှာ ထိုင်ကာ ငိုင်နေ၏
#tbc
#Zawgyi
Krystal မနက္စာျပင္ရင္း တံခါးဖြင့္သံၾကားလုိ႔ ၾကည့္လုိက္ေတာ့ Yoong က အိမ္ျပန္ေရာက္လာသည္။
"႐ွင္ ျပန္လာၿပီလား....."
Krystal လုပ္လက္စ အလုပ္ကုိ ရပ္ၿပီး Yoongကုိ သြားႀကိဳသည္။
"အင္း...."
Yoong ပင္ပန္းေနတဲ့ အသံနဲ႔ ျပန္ေျဖလုိက္သည္။
"႐ွင္ အဆင္ေျပရဲ႕လား......"
"အင္း....."
Krystalကုိ မၾကည့္ဘဲ Yoong သူ႔အခန္းထဲကုိ ၀င္သြားတယ္ ...Yoong ရဲ႕ အျပဳအမူေၾကာင့္ Kryatal ရင္ထဲတစ္မ်ိဴ းႀကီး ျဖစ္သြားေပမယ့္ စိတ္ေလ်ာ့ၿပီး အခန္းထဲကုိ လုိက္၀င္သြားသည္။
အခန္းထဲကုိေရာက္ေတာ့ ကုတင္ေပၚ ေမွာက္လ်က္ႀကီး အိပ္ေနတဲ့ Yoongကုိ ေတြ႔လုိက္ရသည္။
Krystalလည္း တံခါးကုိ ျဖည္းျဖည္းေလး ပိတ္လုိက္သည္။ထုိ႔ေနာက္ ကုတင္ေပၚ ထုိင္လုိက္ၿပီး
"ပင္ပန္းေနတာလား...."
Yoong ရဲ႕ ဆံပင္ေလးကုိ လက္နဲ႔ ဖြရင္း Krystal ေမးလိုက္သည္။
"Inn...."
Yoong မ်က္လုံးမဖြင့္ဘဲ ျပန္ေျဖလုိက္သည္။
Krystal သူ႔ဆံပင္ေလးေတြကုိ လက္နဲ႔ ဖြေပးရင္ Yoong အရမ္း သေဘာက်သည္။
Krystalရဲ႕ လက္ေမာင္းေပၚမွာ Yoong အိပ္ခ်င္ေပမယ့္ မအိပ္ႏုိင္ေပ
"ဒါဆုိ ခဏေလာက္နားလုိက္ေနာ္......."
Krystalရဲ႕ ေပါင္ေပၚ Yoong ေခါင္းတင္ၿပီး မ်က္လံုးမွိတ္ကာ
"ကုိယ္ နားလုိ႔မရဘူး......"
"ဘာလုိ႔လည္း....တစ္ညလုံး ႐ွင္အလုပ္လုပ္ထားတာေလ ဘာလုိ႔ ျပန္သြားရအုံးမွာလည္း....."
Krystal သူမကုိယ္တုိင္ေတာင္ သတိမထားမိဘဲ ေမးလုိက္သည္။
အဲ့ေမးခြန္းက သူမအတြက္ မဟုတ္ပါဘူး သူမေယာကၤ်ားအတြက္ပါ.....အျမဲတမ္း သူမေယာကၤ်ားက အလုပ္ေတြနဲ႔ ပင္ပန္းေနတာမ်ိဴ း မျမင္ခ်င္ခဲ့ဘူး
Yoong သူ႔မိန္းမရဲ႕ မ်က္ႏွာကုိ ကုိင္လုိက္ၿပီး
"Kry....ဒါက အလုပ္ေလ....မင္း အလုပ္အေၾကာင္း ဘာမွမသိပါဘူးကြာ.. ."
"မသိဘူး ႐ွင့္အလုပ္ကုိ မုန္းတယ္....."
Krystal သူ႔ပါးေပၚကို မ်က္ရည္ေတြ က်မလာခင္ ေပါင္ေပၚက Yoongကုိ ဖယ္ၿပီး ထရပ္လုိက္သည္။
"ဒါေတြက မင္းအတြက္ပါ....ကုိယ္ႀကိဳးစားေနတာေတြ အားလုံး မင္းအတြက္ပါ...."
"အဲ့တာေတြ မလုိအပ္ဘူး....ကြၽန္မရဲ႕ ေဘးနားမွာ ႐ွင္႐ွိေနရင္ ျပည့္စုံၿပီ......"
Yoong အိပ္ရာမွ ထလုိက္ၿပီး Krystalကုိ သူ႔ရင္ခြင္ထဲ ဆြဲထည့္ၿပီး ဖက္ထားကာ....
"Krystal....မင္းကုိ ကုိယ္ခ်စ္တယ္....မင္းအတြက္ အရာအားလံုးက အေကာင္းဆုံးဆုိတာဘဲ ျဖစ္ေစခ်င္တယ္ ....အဲ့တာေၾကာင့္ ခဏေလာက္ သီးခံေပးပါေနာ္ မၾကာခင္ ကုိယ္တုိ႔ ေပ်ာ္ေပ်ာ္ႀကီး ေနရေတာ့မွာပါ...."
သူ ဘယ္လုိေျပာေျပာ သူ႔ခံစားခ်က္ကုိ Yoongက နားမလည္ေသာေၾကာင့္ Krystal သက္ျပင္းခ်ၿပီး Yoongကုိ ျပန္ဖက္လုိက္သည္။
"Good girl....."
Yoong ဆံပင္ေလးကုိ ဖြလုိက္ၿပီး ဖက္ထားရာမွ ခြာလုိက္သည္။
"ကုိယ္ ေရခ်ိဴ းၿပီးရင္ ျပန္သြားရအုံးမွာ...."
"မနက္စာ မစားေတာ့ဘူးလား....."
"အခ်ိန္မ႐ွိဘူး....."
Yoong အက်ႌက်ယ္သီးျဖဳတ္ရင္း ေျပာလုိက္သည္
"Yoong...."
ေရခ်ိဴ းခန္းထဲ ၀င္ေတာ့မယ့္ Yoongကုိ Krystal လွမ္းေခၚလိုက္သည္
"ကြ်န္မ ႐ွင့္အတြက္ မနက္စာလုပ္ေပးထားတာ ကြၽန္မအတြက္ စားမေပးႏုိင္ဘူးလား...."
"Ok...."
Yoong ျပံဳးျပၿပီး ေရခ်ိဴ းခန္းထဲ ၀င္သြားသည္။
Krystal အ၀တ္ဘီဒုိထဲက Yoongနဲ႔ လုိက္ဖက္တဲ့ အ၀တ္အစားေတြ ထုတ္ေပးၿပီး Dinning Roomထဲ ျပန္သြားတယ္
မနက္စာစားမယ္လုိ႔ Yoongက သေဘာတူလိုက္တာဟာ Krystalရဲ႕ ဘ၀ပါ......ဒီအရာေလးေတြနဲ႔ဘဲ Krystal ေပ်ာ္ေနရသူပါ
Yoong ေရခ်ိဳးၿပီးေနာက္ Krystal ထုတ္ေပးတဲ့ အ၀တ္အစားေတြ ယူ၀တ္လုိက္သည္။
ထုိ႔ေနာက္ မနက္စာစားဖုိ႔ Dinning Roomသုိ႔ ေလ်ွာက္လာသည္။
Yoongကိုလည္း ျမင္ေရာ Krystal ထုိင္ေနရာမွ ထၿပီး Yoong ထုိင္ေပးဖုိ႔ ထုိင္ခုံဆြဲယူလုိက္သည္။
Yoong ျပဳံးလုိက္ၿပီး ဇြန္းေကာက္ကုိင္ကာ သူ႔မိန္းမခ်က္ထားတာေလးေတြကုိ စားလိုက္သည္။
"ဘယ္လုိလည္း စားလုိ႔ေကာင္းလားဟင္...."
"မင္း ျပင္ေပးထားမွေတာ့ အေကာင္းဆုံးေပါ့...."
Yoong လက္မေထာင္ၿပၿပီး ေျပာလုိက္သည္။
Krystal သေဘာက်ေက်နပ္သြားၿပီး ဟင္းေတြကုိ Yoongရဲ႕ ထမင္းပန္းကန္ထဲ ထည့္ေပးလုိက္သည္။
"မင္းေရာ မစားဘူးလား....."
"ခဏေနမွ စားမယ္ေလ...."
Yoong နာရီကုိ ၾကည့္ၿပီး စားေနရာမွ ထရပ္လုိက္သည္။
"႐ွင္ အလုပ္သြားေတာ့မွာလား......"
"Sorry....ကုိယ္ သြားရေတာ့မယ္ ..."
Yoongလည္း ထြက္သြားေရာ စားပြဲခံုေပၚက ပန္းကန္ေတြအားလံုး Krystal တြန္းဖယ္ပစ္လုိက္သည္။
ထုိ႔ေနာက္ ပန္းကန္အကြဲေတြၾကားမွာ ထုိင္ကာ ငုိင္ေန၏
#Tbc
Bạn đang đọc truyện trên: Truyen3h.Co