Truyen3h.Co

Born Again

Final

KimFany059

#Unicode

"Chae ဘာလုပ်နေတာလည်း သေနတ်ချလိုက် "

Chanyeol အောက်ကနေ Manoban အော်လိုက်သည်

Chanyeolကလည်း Manoban ကို ဆက်မထိုးဘဲ Chaeyoungကို လှည့်ကြည့်လိုက်သည်

"Oppa မှတ်မိလား Chae ကိုယ့်ကိုကိုယ် သတ်သေမှာကို Oppaဘဲ ကြောက်ခဲ့တာလေ....ခု Chae... Oppa ကြောင့် ကိုယ့်ကိုကိုယ်သတ်သေတော့မလို့ အဆင်ပြေရဲ့လား "

Chanyeol အသိစိတ်ပြန်ဝင်လာပြီး Manobanပေါ်က ဖယ်ကာ ဒူးထောက်ရက်သားလဲကျသွားတယ်

"Youngie. ..."

Chanyeol သူ့ပေါ်က ဖယ်ဖယ်ချင်း Manobanမှာ အမြန်ထပြီး Chaeyoung လက်က သေနတ်ကို ဆွဲလုလိုက်သည်

"မင်း ရူးနေတာလား Chae. ..."

Chaeyoung ဆီမှာ သူ့အကိုဆီ ဖြည်းဖြည်းချင်း သွားပေမယ့် Manoban က တားလေသည်

"Manoban လွှတ်....Oppa ငါ့ကို ကြည့်ပါအုံး "

Manoban လက်ကိုပုတ်ချပြီး Chanyeolဆီ Chaeyoung သွားလိုက်သည်

Chanyeolလည်း သူ့ညီမရှေ့တွင် မကောင်းဆိုးဝါး ထပ်မဖြစ်ချင်လို့ နာကျင်မှု ဆာလောင်မှုတွေကို အောင့်အီးသီးခံနေရသည်

"Oppa. .."

Chaeyoung ချွေးစေးတွေပြန်ပြီး ဆောက်တည်ရာမရဖြစ်နေတဲ့ သူ့အကိုကိုဖက်လိုက်သည်

Chanyeolလည်း သူ့ညီမကို ပြန်ဖက်ပြီး ငိုလေသည်

"Oppaကို ခွင့်လွှတ်ပါ Youngie "

"မဟုတ်တာ Oppa တောင်းပန်စရာမလိုပါဘူး တကယ်တောင်းပန်ရမယ့်သူက Chaeပါ...Chae ကြောင့် Chaeကို ကယ်ဖို့ Oppa အခုလို ဖြစ်သွားရတာ "

"မဟုတ်တာ Youngieကို ကယ်ဖို့ Oppa ရွေးချယ်ခဲ့တာပါ ကြည့်ရတာ....ကံတရားက ကိုယ့်ဘက်မှာ မရှိဘူးထင်ပါတယ် ဟားဟား"

Chanyeol ဝမ်းနည်းလွန်းလို့ ငိုရင်း ရယ်လိုက်သည်

Chaeyoungမှာလည်း သူ့အကိုအတွက် စိတ်မကောင်းဖြစ်ပြီး ငိုနေသည်

"နောင်ဘဝမှာတော့ ...ကြောက်ရွံခြင်းမရှိ Drama မရှိတဲ့ သာမန်ဘဝလေးမှာ မင်းရဲ့အကိုအဖြစ် ပြန်လည် မွေးဖွားချင်တယ် Youngieရယ် ......."

Chanyeol ပြောရင်း သူ့ပါးစပ်ကနေ သွေးတွေစီးကျလာသည်

Manoban ကတော့ သူ့ရှေ့က စိတ်မကောင်းစရာမြင်ကွင်းကို မကြည့်တော့ဘဲ ပြတင်းပေါက် အပြင်ဘက်ကို ကြည့်ကာ အခြေအနေကို လေ့လာနေသည်

ဒီချိန်ဆို သူမ အဖွဲ့သားတွေ Mr. Lingတို့ကို ဖမ်းပြီး ဒီကိုရောက်လာရတော့မယ်လေ

"Aeriကို တွေ့ပြီး ငါ့အပြစ်ကျွေးတွေ ဆပ်ရအုံးမယ် အဟွတ်ဟွတ်.... "

"Oppa. .....ခဏ ဆေးတွေက ဘယ်မှာလည်း Chae Chae သွားယူပေးမယ် "

ပါးစပ်ကနေ သွေးတွေ အန်နေတဲ့ Chanyeolကို ကြည့်ပြီး Chaeyoung အရူးတစ်ယောက်လို ငိုနေမိသည်

"နောက်ကျနေပြီ Youngie. ..Oppa အတွင်းကလီစာတွေ... ပျက်စီးနေပြီ...အဟွတ်.....Oppa ခုသေသွားလည်း နောင်တမရတော့ပါဘူး....ဘာလို့လည်းဆို....Youngieကို ဘဝအသစ် ဖန်တီးပေးနိုင်ခဲ့လို့....နှုတ်ဆက်ပါတယ် Youngie. ...အရမ်းချစ်တယ်နော် Oppaရဲ့ အဖိုးတန် ညီမလေး... နောင်ဘဝမှာ စောင့်နေ....."

Chanyeol ပြောပြီး သူ့ဘေးနားက သေနတ်ကိုယူကာ သူ့ကိုယ်သူ ပစ်သတ်လိုက်သည်

Manobanမှာ ကျည်ထိမှာဆိုးလို့ chaeyoung ကို အမြန်လှမ်းဆွဲလိုက်သည်

Oppa!!!!

Bang. .......

Oppa!!!!

Chaeyoung သွေးအိုင်ထဲ လဲနေတဲ့ သူမအကိုကို ပွေ့ဖက်ပြီး ငိုနေသည်

Mr. Parkမှာ သေနတ်သံကြောင့် Chanyeolတော့ နှစ်ယောက်ထဲက တစ်ယောက်ကို သတ်နိုင်မယ်ထင်ပြီး စာကြည့်တိုက်ထဲ ဝင်လာပေမယ့် အထင်နဲ့ အမြင်လွဲသွားတယ်

Mr. Park ခါးကြားထဲက  သေနတ်ထုတ်ပြီး Chaeyoung ကို ပစ်ဖို့လုပ်ပေမယ့် Manoban က Mr. Parkရဲ့ လက်ကို ပစ်လိုက်သောကြောင့် Mr. Park လက်ထဲက သေနတ် ပြုတ်ကျသွားသည်

Chaeyoungမှာ Chanyeol လက်ထဲက သေနတ်ကို ယူပြီး နာကျည်းခြင်း မုန်းတီးခြင်းတွေနဲ့အတူ Mr. Park ကို ချိန်လိုက်သည်

"နောက်ဆုံးနှုတ်ဆက်ခြင်းဘဲ...."

Chaeyoungမှာ Mr. Park ရဲ့ ဘယ်ဘက်ခြေထောက်ကို သေနတ်နဲ့ပစ်လိုက်ချိန် Manoban ကလည်း ညာဘက်ခြေထောက်ကို သေနတ်နဲ့ပစ်လိုက်သည်

Mr. Parkမှာ သေနတ်မှန်ပြီး လဲကျသွားသည်

တွားတွားလျက် သေနတ်ကို ကောက်ယူဖို့ ကြိုးစားပေမယ့် Manobanရဲ့ လူတွေရောက်လာပြီး Mr. Parkကို ချုပ်ဖမ်းလိုက်ကြသည်

**************

မုန်တိုင်းပြီးရင် လေပြည်လာသလိုမျိုးပေါ့ Mr. Parkနဲ့ Mr. Lingတို့မှာ မူးယစ်ဆေးဝါးရောင်းဝယ်မှု လူသတ်မှု လူကုန်ကူးမှုတွေနဲ့အတူ တစ်သက်တစ်ကျွန်း ထောင်ဒဏ်ကျသွားသည်

Mr. Parkနဲ့ Chanyeolရဲ့ ပိုင်ဆိုင်မှုတွေကို Chaeyoung ရပေမယ့် Chanyeolရဲ့ ရှယ်ယာတစ်ချို့သာ Chaeyoung ယူပြီး ကျန်တဲ့ပိုက်ဆံတွေကိုတော့ မိဘမဲ့ဂေဟာ ဘိုးဘွားရိပ်သာနဲ့ ဘုရားကျောင်းတွေဆီသို့ Chaeyoung လှူလိုက်သည်

Mr. Parkရဲ့ companyကို ဦးစီးဖို့ Chaeyoung စိတ်မဝင်စား..Minoကိုသာ Company လွှဲပေးပြီး.... Australia ကို ရှေ့နေဖြစ်ဖို့ ကျောင်းတက်သွားလေသည်

Manobanကတော့ ကိုရီးယားမှာဘဲ အမှုတွေလိုက်ရင်း Chaeyoungနဲ့ LDRS အဖြစ် ဖြတ်သန်းနေရသည်

After 4 Years. ...

Chaeyoung Australia ကနေ ဘွဲ့ရပြီး Koreaကို ပြန်လာခဲ့သည်

"အမိမြေကိုပြန်ရောက်လာပြီဘဲ "

Chaeyoung လေဆိပ်တွင် လက်ဆန့်တန်းကာ ရေရွတ်လိုက်သည်

"Welcome back Chaeyoung.  ..."

"Oh CEO Song ကိုယ်တိုင် လာကြိုတာလား "

Chaeyoung စနောက်တော့ Mino ရယ်ပြီး

"ဒါပေါ့ဗျာ ခင်ဗျား ချစ်ချစ်က ထိုင်းကို တရားမဝင် ship တွေနဲ့ ပတ်သက်တဲ့ အမှုလိုက်ဖို့ သွားလို့ သူ့ချစ်ချစ်ကို ကြိုပေးပါ ပြောလို့ လာကြိုပေးရတာ "

"Gomawo. ..."

Minoက သူမကို လာကြိုပြီး သူမအိမ်တွင် ချပေးသွားသည်

Chaeyoung ကုတင်ပေါ်တွင် ပစ်လှဲရင်း ဖုန်းထဲက Manobanနဲ့ သူ့ပုံတွေကို ကြည့်နေသည်

Chaeyoung အစက Manobanကို အန္တရာယ် ရှိတဲ့ စုံထောက်အလုပ် မလုပ်ဘဲ Companyကို ဦးစီးဖို့ ပြောသော်လည်း Manoban က လက်ခံခြင်းမရှိပေ....စုံထောက်အလုပ်ကိုသာ ဆက်လက်ရွေးချယ်ခဲ့သောကြောင့် ဘယ်ချိန် ဘာဖြစ်မယ်ဆိုတာ Chaeyoung ရင်တထိတ်ထိတ်နဲ့ စိတ်ပူနေရသည်

ထိုစဥ် တံခါးဖွင့်သံကြားတော့ Chaeyoung အခန်းထဲက ထွက်ကြည့်တော့ သူမ လွမ်းနေရတဲ့ Manoban......

"Manoban. .. "

ကလေးတစ်ယောက်လို Manobanဆီ ပြေးသွားပြီး ဖက်လေသည်

"Aigoo Chae. ..လွမ်းနေတာ.... "

"ငါရောဘဲ အရမ်းလွမ်းနေတာ "

"အရမ်းလွမ်းလို့ Mission ပြီးတာနဲ့ တန်းပြန်လာခဲ့တာ...."

Chaeyoungရဲ့ နဖူးလေးကို နမ်းပြီး Manobanပြောလိုက်သည်

"Chae. ..ကိုယ်ပြောစရာရှိတယ် ထိုင်ပါအုံး "

Chaeyoung ဆိုဖာတွင်ထိုင်လိုက်တော့ Manoban လက်ခုပ်တီးကာ

"Chae စိတ်ပူနေတဲ့အလုပ်ကနေ ထွက်လာပြီ......"

Manoban စကားကြောင့် Chaeyoung အံ့သြသွားတယ်

"စုံထောက်အလုပ်ကနေ ထွက်ပြီး အစိုးရဆေးရုံမှာ ဆရာဝန် အဖြစ် လုပ်ဖို့ ကိုယ် အထက်လူကြီးကို တောင်းဆိုခဲ့တယ်......သူကလည်း လက်ခံခဲ့တယ်လေ.  ..."

"Manoban. ..."

Chaeyoungမှာ Manoban ကို ပြေးဖက်ပြီး ငိုလေသည်

"မငိုပါနဲ့ အခုကစပြီး ကိုယ်တို့မခွဲတော့ဘဲ ဘဝကို အတူဖြတ်သန်းကြမယ်နော် "

Chaeyoung ကို ဖက်ပြီး Manobanပြောတော့ Chaeyoung လည်း ခေါင်းညိတ်ပြသည်

ငါလည်း ဘဝအသစ်ကို နင်နဲ့အတူ ဖြတ်သန်းချင်တယ် Manoban

#The End

Finally Born Again Ficလေး ပြီးဆုံးသွားပါပြီ
🖤အစအဆုံး လိုအပ်ချက်များကို သီးခံဖတ်ပေးကြ feedback ပေးကြလို့ ကျေးဇူးအထူးတင်ရှိပါတယ်ဗျာ 😍😘 ထပ်ပြီး အရေးအသားမကောင်းပေမယ့်  Chaelisa Ficအသစ်လေးတွေကို အားပေးကြပါအုံး🖤

#zawgyi

"Chae ဘာလုပ္ေနတာလည္း ေသနတ္ခ်လိဳက္ "

Chanyeol ေအာက္ကေန Manoban ေအာ္လိုက္သည္

Chanyeolကလည္း Manoban ကို ဆက္မထိုးဘဲ Chaeyoungကို လွည့္ၾကည့္လိုက္သည္

"Oppa မွတ္မိလား Chae ကိုယ့္ကိုကိုယ္ သတ္ေသမွာကို Oppaဘဲ ေၾကာက္ခဲ့တာေလ....ခု Chae... Oppa ေၾကာင့္ ကိုယ့္ကိုကိုယ္သတ္ေသေတာ့မလို႔ အဆင္ေျပရဲ႕လား "

Chanyeol အသိစိတ္ျပန္ဝင္လာၿပီး Manobanေပၚက ဖယ္ကာ ဒူးေထာက္ရက္သားလဲက်သြားတယ္

"Youngie. ..."

Chanyeol သူ႕ေပၚက ဖယ္ဖယ္ခ်င္း Manobanမွာ အျမန္ထၿပီး Chaeyoung လက္က ေသနတ္ကို ဆြဲလုလိုက္သည္

"မင္း ႐ူးေနတာလား Chae. ..."

Chaeyoung ဆီမွာ သူ႕အကိုဆီ ျဖည္းျဖည္းခ်င္း သြားေပမယ့္ Manoban က တားေလသည္

"Manoban လႊတ္....Oppa ငါ့ကို ၾကည့္ပါအုံး "

Manoban လက္ကိုပုတ္ခ်ၿပီး Chanyeolဆီ Chaeyoung သြားလိုက္သည္

Chanyeolလည္း သူ႕ညီမေရွ႕တြင္ မေကာင္းဆိုးဝါး ထပ္မျဖစ္ခ်င္လို႔ နာက်င္မႈ ဆာေလာင္မႈေတြကို ေအာင့္အီးသီးခံေနရသည္

"Oppa. .."

Chaeyoung ေခြၽးေစးေတြျပန္ၿပီး ေဆာက္တည္ရာမရျဖစ္ေနတဲ့ သူ႕အကိုကိုဖက္လိုက္သည္

Chanyeolလည္း သူ႕ညီမကို ျပန္ဖက္ၿပီး ငိုေလသည္

"Oppaကို ခြင့္လႊတ္ပါ Youngie "

"မဟုတ္တာ Oppa ေတာင္းပန္စရာမလိုပါဘူး တကယ္ေတာင္းပန္ရမယ့္သူက Chaeပါ...Chae ေၾကာင့္ Chaeကို ကယ္ဖို႔ Oppa အခုလို ျဖစ္သြားရတာ "

"မဟုတ္တာ Youngieကို ကယ္ဖို႔ Oppa ေ႐ြးခ်ယ္ခဲ့တာပါ ၾကည့္ရတာ....ကံတရားက ကိုယ့္ဘက္မွာ မရွိဘူးထင္ပါတယ္ ဟားဟား"

Chanyeol ဝမ္းနည္းလြန္းလို႔ ငိုရင္း ရယ္လိုက္သည္

Chaeyoungမွာလည္း သူ႕အကိုအတြက္ စိတ္မေကာင္းျဖစ္ၿပီး ငိုေနသည္

"ေနာင္ဘဝမွာေတာ့ ...ေၾကာက္႐ြံျခင္းမရွိ Drama မရွိတဲ့ သာမန္ဘဝေလးမွာ မင္းရဲ႕အကိုအျဖစ္ ျပန္လည္ ေမြးဖြားခ်င္တယ္ Youngieရယ္ ......."

Chanyeol ေျပာရင္း သူ႕ပါးစပ္ကေန ေသြးေတြစီးက်လာသည္

Manoban ကေတာ့ သူ႕ေရွ႕က စိတ္မေကာင္းစရာျမင္ကြင္းကို မၾကည့္ေတာ့ဘဲ ျပတင္းေပါက္ အျပင္ဘက္ကို ၾကည့္ကာ အေျခအေနကို ေလ့လာေနသည္

ဒီခ်ိန္ဆို သူမ အဖြဲ႕သားေတြ Mr. Lingတို႔ကို ဖမ္းၿပီး ဒီကိုေရာက္လာရေတာ့မယ္ေလ

"Aeriကို ေတြ႕ၿပီး ငါ့အျပစ္ေကြၽးေတြ ဆပ္ရအုံးမယ္ အဟြတ္ဟြတ္.... "

"Oppa. .....ခဏ ေဆးေတြက ဘယ္မွာလည္း Chae Chae သြားယူေပးမယ္ "

ပါးစပ္ကေန ေသြးေတြ အန္ေနတဲ့ Chanyeolကို ၾကည့္ၿပီး Chaeyoung အ႐ူးတစ္ေယာက္လို ငိုေနမိသည္

"ေနာက္က်ေနၿပီ Youngie. ..Oppa အတြင္းကလီစာေတြ... ပ်က္စီးေနၿပီ...အဟြတ္.....Oppa ခုေသသြားလည္း ေနာင္တမရေတာ့ပါဘူး....ဘာလို႔လည္းဆို....Youngieကို ဘဝအသစ္ ဖန္တီးေပးနိုင္ခဲ့လို႔....ႏႈတ္ဆက္ပါတယ္ Youngie. ...အရမ္းခ်စ္တယ္ေနာ္ Oppaရဲ႕ အဖိုးတန္ ညီမေလး... ေနာင္ဘဝမွာ ေစာင့္ေန....."

Chanyeol ေျပာၿပီး သူ႕ေဘးနားက ေသနတ္ကိုယူကာ သူ႕ကိုယ္သူ ပစ္သတ္လိုက္သည္

Manobanမွာ က်ည္ထိမွာဆိုးလို႔ chaeyoung ကို အျမန္လွမ္းဆြဲလိုက္သည္

Oppa!!!!

Bang. .......

Oppa!!!!

Chaeyoung ေသြးအိုင္ထဲ လဲေနတဲ့ သူမအကိုကို ေပြ႕ဖက္ၿပီး ငိုေနသည္

Mr. Parkမွာ ေသနတ္သံေၾကာင့္ Chanyeolေတာ့ ႏွစ္ေယာက္ထဲက တစ္ေယာက္ကို သတ္နိုင္မယ္ထင္ၿပီး စာၾကည့္တိုက္ထဲ ဝင္လာေပမယ့္ အထင္နဲ႕ အျမင္လြဲသြားတယ္

Mr. Park ခါးၾကားထဲက  ေသနတ္ထုတ္ၿပီး Chaeyoung ကို ပစ္ဖို႔လုပ္ေပမယ့္ Manoban က Mr. Parkရဲ႕ လက္ကို ပစ္လိုက္ေသာေၾကာင့္ Mr. Park လက္ထဲက ေသနတ္ ျပဳတ္က်သြားသည္

Chaeyoungမွာ Chanyeol လက္ထဲက ေသနတ္ကို ယူၿပီး နာက်ည္းျခင္း မုန္းတီးျခင္းေတြနဲ႕အတူ Mr. Park ကို ခ်ိန္လိုက္သည္

"ေနာက္ဆုံးႏႈတ္ဆက္ျခင္းဘဲ...."

Chaeyoungမွာ Mr. Park ရဲ႕ ဘယ္ဘက္ေျခေထာက္ကို ေသနတ္နဲ႕ပစ္လိုက္ခ်ိန္ Manoban ကလည္း ညာဘက္ေျခေထာက္ကို ေသနတ္နဲ႕ပစ္လိုက္သည္

Mr. Parkမွာ ေသနတ္မွန္ၿပီး လဲက်သြားသည္

တြားတြားလ်က္ ေသနတ္ကို ေကာက္ယူဖို႔ ႀကိဳးစားေပမယ့္ Manobanရဲ႕ လူေတြေရာက္လာၿပီး Mr. Parkကို ခ်ဳပ္ဖမ္းလိုက္ၾကသည္

**************

မုန္တိုင္းၿပီးရင္ ေလျပည္လာသလိုမ်ိဳးေပါ့ Mr. Parkနဲ႕ Mr. Lingတို႔မွာ မူးယစ္ေဆးဝါးေရာင္းဝယ္မႈ လူသတ္မႈ လူကုန္ကူးမႈေတြနဲ႕အတူ တစ္သက္တစ္ကြၽန္း ေထာင္ဒဏ္က်သြားသည္

Mr. Parkနဲ႕ Chanyeolရဲ႕ ပိုင္ဆိုင္မႈေတြကို Chaeyoung ရေပမယ့္ Chanyeolရဲ႕ ရွယ္ယာတစ္ခ်ိဳ႕သာ Chaeyoung ယူၿပီး က်န္တဲ့ပိုက္ဆံေတြကိုေတာ့ မိဘမဲ့ေဂဟာ ဘိုးဘြားရိပ္သာနဲ႕ ဘုရားေက်ာင္းေတြဆီသို႔ Chaeyoung လႉလိုက္သည္

Mr. Parkရဲ႕ companyကို ဦးစီးဖို႔ Chaeyoung စိတ္မဝင္စား..Minoကိုသာ Company လႊဲေပးၿပီး.... Australia ကို ေရွ႕ေနျဖစ္ဖို႔ ေက်ာင္းတက္သြားေလသည္

Manobanကေတာ့ ကိုရီးယားမွာဘဲ အမႈေတြလိုက္ရင္း Chaeyoungနဲ႕ LDRS အျဖစ္ ျဖတ္သန္းေနရသည္

After 4 Years. ...

Chaeyoung Australia ကေန ဘြဲ႕ရၿပီး Koreaကို ျပန္လာခဲ့သည္

"အမိေျမကိုျပန္ေရာက္လာၿပီဘဲ "

Chaeyoung ေလဆိပ္တြင္ လက္ဆန့္တန္းကာ ေရ႐ြတ္လိုက္သည္

"Welcome back Chaeyoung.  ..."

"Oh CEO Song ကိုယ္တိုင္ လာႀကိဳတာလား "

Chaeyoung စေနာက္ေတာ့ Mino ရယ္ၿပီး

"ဒါေပါ့ဗ်ာ ခင္ဗ်ား ခ်စ္ခ်စ္က ထိုင္းကို တရားမဝင္ ship ေတြနဲ႕ ပတ္သက္တဲ့ အမႈလိုက္ဖို႔ သြားလို႔ သူ႕ခ်စ္ခ်စ္ကို ႀကိဳေပးပါ ေျပာလို႔ လာႀကိဳေပးရတာ "

"Gomawo. ..."

Minoက သူမကို လာႀကိဳၿပီး သူမအိမ္တြင္ ခ်ေပးသြားသည္

Chaeyoung ကုတင္ေပၚတြင္ ပစ္လွဲရင္း ဖုန္းထဲက Manobanနဲ႕ သူ႕ပုံေတြကို ၾကည့္ေနသည္

Chaeyoung အစက Manobanကို အႏၱရာယ္ ရွိတဲ့ စုံေထာက္အလုပ္ မလုပ္ဘဲ Companyကို ဦးစီးဖို႔ ေျပာေသာ္လည္း Manoban က လက္ခံျခင္းမရွိေပ....စုံေထာက္အလုပ္ကိုသာ ဆက္လက္ေ႐ြးခ်ယ္ခဲ့ေသာေၾကာင့္ ဘယ္ခ်ိန္ ဘာျဖစ္မယ္ဆိုတာ Chaeyoung ရင္တထိတ္ထိတ္နဲ႕ စိတ္ပူေနရသည္

ထိုစဥ္ တံခါးဖြင့္သံၾကားေတာ့ Chaeyoung အခန္းထဲက ထြက္ၾကည့္ေတာ့ သူမ လြမ္းေနရတဲ့ Manoban......

"Manoban. .. "

ကေလးတစ္ေယာက္လို Manobanဆီ ေျပးသြားၿပီး ဖက္ေလသည္

"Aigoo Chae. ..လြမ္းေနတာ.... "

"ငါေရာဘဲ အရမ္းလြမ္းေနတာ "

"အရမ္းလြမ္းလို႔ Mission ၿပီးတာနဲ႕ တန္းျပန္လာခဲ့တာ...."

Chaeyoungရဲ႕ နဖူးေလးကို နမ္းၿပီး Manobanေျပာလိုက္သည္

"Chae. ..ကိုယ္ေျပာစရာရွိတယ္ ထိုင္ပါအုံး "

Chaeyoung ဆိုဖာတြင္ထိုင္လိုက္ေတာ့ Manoban လက္ခုပ္တီးကာ

"Chae စိတ္ပူေနတဲ့အလုပ္ကေန ထြက္လာၿပီ......"

Manoban စကားေၾကာင့္ Chaeyoung အံ့ၾသသြားတယ္

"စုံေထာက္အလုပ္ကေန ထြက္ၿပီး အစိုးရေဆး႐ုံမွာ ဆရာဝန္ အျဖစ္ လုပ္ဖို႔ ကိုယ္ အထက္လူႀကီးကို ေတာင္းဆိုခဲ့တယ္......သူကလည္း လက္ခံခဲ့တယ္ေလ.  ..."

"Manoban. ..."

Chaeyoungမွာ Manoban ကို ေျပးဖက္ၿပီး ငိုေလသည္

"မငိုပါနဲ႕ အခုကစၿပီး ကိုယ္တို႔မခြဲေတာ့ဘဲ ဘဝကို အတူျဖတ္သန္းၾကမယ္ေနာ္ "

Chaeyoung ကို ဖက္ၿပီး Manobanေျပာေတာ့ Chaeyoung လည္း ေခါင္းညိတ္ျပသည္

ငါလည္း ဘဝအသစ္ကို နင္နဲ႕အတူ ျဖတ္သန္းခ်င္တယ္ Manoban

#The End

Finally Born Again Ficေလး ၿပီးဆုံးသြားပါၿပီ🖤
အစအဆုံး လိုအပ္ခ်က္မ်ားကို သီးခံဖတ္ေပးၾက feedback ေပးၾကလို႔ ေက်းဇူးအထူးတင္ရွိပါတယ္ဗ်ာ 😍😘 ထပ္ၿပီး အေရးအသားမေကာင္းေပမယ့္  Chaelisa Ficအသစ္ေလးေတြကို အားေပးၾကပါအုံး🖤

Bạn đang đọc truyện trên: Truyen3h.Co