Truyen3h.Co

Born Again

Part 20

KimFany059

#Unicode

Aeriပေးတဲ့ စာအိတ် Manobanကို Chaeyoung ပေးလိုက်သည်

ထို့နောက် Aeri သူမကိုယ်သူမ အဆုံးစီရင်သွားကြောင်း Manobanတို့ကိုပြောပြတော့ Manoban တို့မှာ စိတ်မကောင်း ဖြစ်နေကြသည်

ယခု Minoနဲ့ Manobanမှာ Mr. Parkရဲ့ စံအိမ်ကို ခိုးဝင်ပြီး အချက်အလက်တွေ ခိုးဖို့ တိုင်ပင်နေကြသည်

"စံအိမ်မှာ အရင်ကထက် အစောင့်တွေပိုများလာတယ် Manoban. ..လွယ်လွယ်နဲ့ဖောက်ဝင်လို့ရမယ်မထင်ဘူး....ဒါပေမယ့် လျို့ဝှက်လမ်းကို Chaeသိတယ်..Ommaရဲ့အခန်းထဲက ဖောက်ထားတာ....ငယ်ငယ်က Oppaနဲ့ အဲ့လမ်းကနေ အပြင်ခိုးထွက်ဆော့ကြတာ......ဒါကြောင့်မို့ အဲ့လမ်းကနေ Chaeတို့ ဝင်လို့ရတယ် ..."

"Chanyeol ရှိနေတာဘဲ သူ ကူညီ "

"Chanyeolက အရင်နဲ့ မတူဘူး Manoban..... သူ ဆေးစွဲနေတဲ့ လူတစ်ယောက်လို ဖြစ်နေတာ ဟို လူ့စကားဘဲ နားထောင်တော့တယ် တစ်လောကတောင် နင်တို့ကို သတ်ဖို့ သွားရှာသေးတယ် ဒါကြောင့်မို့ Chae ပါမှ ဖြစ်မှာ"

"Chae. ...အန္တရာယ် များတာမို့ Chaeကို ဝင်မပါစေချင်ဘူး "

Manoban သူ့ချစ်သူကို စိတ်ပူပြီး ပြောလိုက်သည်

"တစ်ယောက်တည်းတောင် Mr. Lingတို့ လူတွေ လက်ထဲက လွတ်အောင်ပြေးနိုင်ခဲ့တာဘဲ.... အခု နင်လည်း ရှိနေတာကို Manobanရယ် "

Chaeyoungကိုပြောမရတာကြောင့် Missionထဲ ပါဖို့ Manoban ခွင့်ပြုလိုက်ရသည်

"Mino. ..ငါပြောတာ မှတ်မိတယ်မလား တစ်နာရီကျော် ကြာသွားတာတောင် ငါတို့ အထဲကနေ ပြန်ထွက်မလာဘူးဆိုရင် ငါတို့ကို ဒီတိုင်းထားခဲ့ပြီး
ငါ့အဖွဲ့ကို ဆက်သွယ်လိုက်နော် "

Manoban ပြောပြီး Chaeyoungနဲ့အတူ ကားထဲကထွက်လိုက်သည်

Mino ခေါင်းညိတ်ပြပြီး Manobanနဲ့ Chaeyoung လက်မှာပတ်ထားတဲ့ နာရီတွေရဲ့ အသံဖမ်းစက်နဲ့ GPS ကို ဖွင့်လိုက်သည်

ထို့နောက် Chaeyoung လမ်းပြမှုအတိုင်း လျို့ဝှက်လမ်းကနေ Mr. Park စံအိမ်ထဲရောက်လာသည်

ယခု Chaeyoungတို့ သူမ အမေရဲ့ အခန်းထဲကိုရောက်နေသည်

နံရံမှာ ချိတ်ထားတဲ့ သူမ အမေရဲ့ ဓာတ်ပုံကိုကြည့်ပြီး Chaeyoung မျက်ရည်တွေ ဝဲလာသည်

"Omma. ....."

"Chae အဆင်ပြေရဲ့လား "

"သူက Chaeရဲ့ Ommaလေ....Omma. ..သူက Manobanတဲ့ Chaeကို အမြဲကာကွယ်ပေးတဲ့ ချစ်သူလေ.........Chaeတို့ကို ကောင်းကင်ဘုံကနေ စောင့်ရှောက်ပေးပါအုံး Omma "

Manobanကို သူ့အမေနဲ့ Chaeyoung မိတ်ဆက်ပေးလိုက်သည်

ထို့နောက် သူမ အမေရဲ့ အံဆွဲကို Chaeyoung ဖွင့်လိုက်သည်

အဲ့အံဆွဲထဲ Chanyeolက အခန်းတိုင်းရဲ့ သော့အပိုတွေကို ဖွက်ထားခဲ့တာ Chaeyoung သိလို့လေ

သော့ကိုယူပြီး Chaeyoungတို့ အခြေအနေကြည့်ကာ အခန်းထဲက ထွက်လာပြီး Mr.Parkရဲ့ စာကြည့်တိုက်ကို သွားကြသည်

Manobanကတော့ သေနတ်ကို ကျစ်ကျစ်ပါအောင် ကိုင်ပြီး Chaeyoungနောက်က လိုက်လာသည်

စာကြည့်တိုက်ထဲရောက်တော့ Mr. Park laptopကို Manoban ရအောင်ဖွင့်ပြီး အထဲက Dataတွေကို ကူးပြီး အပြင်ကစောင့်နေတဲ့ Minoရဲ့ accountထဲ လွှဲပေးလိုက်သည်

"အဲ့လောက်ဆို လုံလောက်ပြီလား Manoban "

Chaeyoungမေးတော့ Manoban ခဏတွေဝေပြီး

"နေအုံး ဆက်ရှာကြည့်အုံးမယ် "

Manoban ဆက်ရှာရင်း laptopထဲက video တစ်ခုကို တွေ့လို့ ဖွင့်ကြည့်လိုက်သောအခါ Chaeyoungရဲ့ အမေကို Mr. Parkရှေ့ ဒူးထောက်နေတာကို တွေ့ရသည်

Manoban အမြန်ပြန်ထွက်ဖို့လုပ်ပေမယ့် Chaeyoung က မြင်သွားပြီး

"မထွက်နဲ့ Manoban... Chae ကြည့်ချင်လို့ "

"ဒီတစ်ခါဘဲ ခွင့်လွှတ်ပေးပါ နောက်ဆို ကျွန်မ ရှင်မသိအောင် အပြင်မထွက်တော့ပါဘူး "

Mrs. Parkက ဒူးထောက်တောင်းပန်နေပေမယ့် Mr. Parkကတော့ ဖြန်းခနဲ Mrs. Parkကို ပါးရိုက်လိုက်သည်

"ခွင့်လွှတ်ရမယ် ဟုတ်လား ညည်းကို ငါမယုံဘူး ...ငါ ဘယ်သူ့ကိုမှ မယုံတာ ညည်း သိတယ် မဟုတ်လား "

"တကယ် ကျိန်ရဲပါတယ် ကျောင်းတုံးက သူငယ်ချင်းတွေနဲ့ သွားတွေ့ရုံပါ ရှင့်အကြောင်းလည်း ဘာမှမပြောပါဘူး "

ဖြန်း

Mr. Parkရဲ့ အားပါတဲ့ရိုက်ချက်ကြောင့် Mrs. Park လဲကျသွားသည်

"ညည်းကို ငါမယုံဘူးလို့ ပြောနေတယ်လေ ငါမသိအောင် ငါ့အိမ်က ခိုးထွက်သွားကတည်းက ညည်းက သစ္စာဖောက်ဘဲ "

Mr. Park ခါးကြားထဲက သေနတ်ကို ဆွဲထုတ်ပြီး Mrs. Park ခေါင်းကို ချိန်ပစ်လိုက်သည်

Bang. ..

Chaeyoung သွေးအိုင်ထဲ အသက်မဲ့သွားတဲ့ သူ့အမေကို ကြည့်ပြီး ယူကြုံးမရအောင် ငိုလေသည်

ထိုစဥ် ရုတ်တရက် အခန်းတံခါးပွင့်လာပြီး သူမ အမုန်းဆုံးသူ ဝင်လာသည်

Manoban ချက်ချင်း Chaeyoung ရှေ့က ဝင်ရပ်တော့ Chaeyoung ငြင်းသည်

"Manoban ငါ့ကို ရင်ဆိုင်ခွင့်ပေးပါ "

Mr. Park မှာ လက်ခုပ်တီးရင်း ရယ်ပြီး အခန်းထဲဝင်လာသည် သူ့နောက်တွင်လည်း Chanyeol ပါလာသေးသည်

"Park Chanyeol နင့်အမေကို အဲ့မကောင်းဆိုးဝါးက သတ်လိုက်တာ သိလား "

"Chae. .."

Chaeyoung လက်ကို ဆုပ်ကိုင်ထားပြီး Chanyeol ကို Manoban အကဲခတ်လိုက်သည်

Chaeyoung ပြောသလို Chanyeol တကယ်ဘဲ ဆေးစွဲနေတဲ့ လူတစ်ယောက်ဖြစ်နိုင်တယ်

Mr. Park ဆိုဖာတွင် ဝင်ထိုင်ပြီး

"ကျားဂူထဲကို မဖိတ်ခေါ်ဘဲ ဝင်လာကြတာပေါ့...ဒါနဲ့ ညည်းက သူရဲကောင်း Lalisa manobanပေါ့ ဟုတ်လား ....."

"အပိုတွေမပြောပါ Appa. ..Appaက chaeတို့ကို ကြောက်မယ်ထင်နေတာလား "

"မထင်ပါဘူး ညည်း ငါ့ကို ဆန့်ကျင်ချင်နေမှန်းသိလို့ ပြင်ဆင်ပြီးသား...အခု ကျားဂူထဲကို ဝင်လာပြီဆိုတော့ အသက်ရှင်ရက် ပြန်ထွက်ရမယ်မထင်နဲ့ .."

"Mr. Park ....ကျွန်မတို့မှာ ရှင့်ကို ထောင်ချဖို့ သက်သေတွေ ရှိတယ်နော်.....ဒါကြောင့် ဒီနေရာမှာဘဲ ရပ်လိုက်ပါ....."

"ကျစ်ကျစ် စုံထောက်ဆိုလို့ ညည်းကို ထက်မြက်မယ်ထင်နေတာ ညည်းက ကျားဂူထဲလာပြီး အစားခံနေတယ်တဲ့လား...."

Chanyeol သူ့ခါးကြားထဲက သေနတ်ကို ထုတ်ပြီး Manoban ကို ချိန်တော့ Manobanရှေ့ Chaeyoung ရပ်လိုက်သည်

"ဘာလား ရိုမီယိုနဲ့ ဂျူးလိယက် ကားရိုက်နေကြတာလား "

"Oppa. ..."

Chaeyoungမှာ သူ့အကိုရဲ့ မျက်လုံးတည့်တည့်ကို စိုက်ကြည့်ပြီး အတွင်းထဲအိပ်ပျော်နေတဲ့ Innocent စိတ်လေး နိုးလာအောင် လုပ်နေသည်

"Oppa ကျေးဇူးပြုပြီး.... ထပါတော့ ....Oppa ဒီလို မဖြစ်ချင်ဘူးဆိုတာ Chae သိပါတယ် ဒါကြောင့် Oppa နောင်တရအောင် မလုပ်ပါနဲ့......Oppa တကယ်တမ်း သေနတ်နဲ့ ချိန်ရမှာ Manobanကို မဟုတ်ဘူး သူကို "

Chaeyoung အော်ပြီး Mr. Parkကို လက်ညိုးထိုးလိုက်သည်

"သူကဘဲ Ommaကိုသတ်ခဲ့တာ သူကဘဲ Oppaကို ခုလိုဖြစ်အောင်လုပ်ခဲ့တာ သူကဘဲ Chaeတို့ကို ခုလို တစ်ယောက်နဲ့ တစ်ယောက် တိုက်ခိုက်အောင်လုပ်ခဲ့တာ သူကဘဲ Aeriလေး သူ့ကိုယ်သူ အဆုံးစီရင်ခဲ့အောင် လုပ်ခဲ့တာ "

"Park Chaeyoung "

"အဲ့မကောင်းဆိုးဝါး စကားကို နားမထောင်ပါနဲ့ Oppa ...."

"အား...."

Chanyeol ရုတ်တရက်လဲကျသွားသည်

"Oppa... ဘာဖြစ်တာလည်း "

"ဘာမှမဖြစ်ဘူး ဒီနေ့ မင်းတို့လာမှာ သိလို့ သူ့ကိုငါ ဘာဆေးမှ ကျွေးမထားသေးဘူး လိုနေတာ ဆေး....သူ မစားရရင် စိတ်ရိုင်းတွေဝင်လာပြီး လူသတ်မှာလေ ဟားဟားဟား အသက်ရှင်ရက် ပြန်ထွက်လာနိုင်ပါစေ ရိုမီယိုတို့အတွဲရေ "

Mr. Park ရယ်ပြီး အပြင်ထွက်သွားသည် ထို့နောက် စာကြည့်တိုက် တံခါးကို သော့ခတ်လိုက်သည်

Manoban ပြတင်းပေါက်တွေလိုက်ဖွင့်ကြည့်သော်လည်း အပြင်က ပိတ်ထားသောကြောင့် ဖွင့်မရပေ

Manoban ပြတင်းပေါက်တွေ လိုက်ဖွင့်ကြည့်နေတုံး Chanyeolမှာ ထလာပြီး Chaeyoungဆီ ပြေးလာကာ လည်ပင်းညှစ်လေသည်

"ပေး ငါသောက်ဖို့ ဆေးပေးစမ်း...."

"Oo. ..Oppa "

Manobanမှာ Chanyeolဆီ ပြေးသွားပြီး တွန်းသော်လည်း Chanyeolက Chaeyoung လည်ပင်းကို ညှစ်ထားတာ မလွှတ်ပေ

Chanyeol မျက်နှာကို မတတ်သာဘဲ Manoban ထိုးလိုက်သောအခါChanyeolမှာ Chaeyoungကို လွှတ်ပြီး Manobanကို တိုက်ခိုက်လေသည်

Chanyeolမှာ Manoban ပေါ် တက်ခွပြီး Manobanကို တရကြမ်းထိုးလေသည်

"Park Chanyeol ရပ်လိုက်.....Oppa မလုပ်ပါနဲ့ဆို "

Chaeyoungမှာ သူ့ရှေ့တွင် လုံးထွေးတိုက်ခိုက်နေတဲ့ သူ့ချစ်သူနဲ့ သူ့အကိုကိုကြည့်ပြီး ရင်ထဲတစ်ဆစ်ဆစ်နာကျင်နေသည်

Chaeyoung ကြမ်းပြင်ပေါ်ကျနေတဲ့ သေနတ်ကို ကောက်ကိုင်ပြီး သူ့နားထင်သူ ချိန်လိုက်သည်

"Park Chanyeol ဒီကိုကြည့်......"

Chaeyoung သူ့အကိုကိုလည်း မပစ်ရက် Manoban ကိုလည်း ဆက်ပြီး ရိုက်တာ မမြင်ရက်လို့ သူ့ကိုယ်သူ သေနတ်နဲ့ ချိန်လိုက်သည်

"Oppa ငါတို့ကို အရမ်းသတ်ချင်နေတာမဟုတ်လား ....ညီမကို သတ်တဲ့ အကိုမဖြစ်ရအောင် ကိုယ့်ကိုကိုယ် သတ်သေလိုက်မယ်လေ အဆင်ပြေလား "

Chaeyoung ငိုရင်း အော်ပြောလိုက်သည်

#TBC

နောက်တစ်ပိုင်းဆို ဇာတ်သိမ်းပါပြီဗျာ့  HE or SE?  👀

#zawgyi

















"Omma. ....."

"Chae အဆင်ပြေရဲ့လား "


















ဖြန်း




Bang. ..







"Chae. .."











"Oppa. ..."





"Park Chaeyoung "


"အား...."


"Oppa... ဘာဖြစ်တာလည်း "






"Oo. ..Oppa "











#TBC


Bạn đang đọc truyện trên: Truyen3h.Co