Part 1
#Unicode
မော်တော်ယာဥ်တွေက ဝါစိမ်းနီနေတဲ့ မီးပွိုင့်တွေ ညွှန်ကြားမှုအတိုင်း သွားလာလှုပ်ရှားနေကြသည်
လူများစွာ စည်ကားတဲ့ Seoul မြို့လည်ခေါင်က ဆယ်ထပ်တိုက်တစ်တိုက်ပေါ်မှ ကောင်မလေးတစ်ယောက် အောက်ကို ငုံ့ကြည့်နေသည်
ဖြတ်သွားဖြတ်လာ လူတွေကတော့ တိုက်ပေါ်က ကောင်မလေးကို သတိမထားမိဘဲ မိမိသွားလိုရာကို သွားနေကြသည်
ထိုစဥ်
ဘုန်း!!!!
ငါးထပ်တိုက်ပေါ်က ကောင်မလေး ပြုတ်ကျလာသောကြောင့် လူအုပ်ကြီးမှာ ကောင်မလေးကို သတိထားမိသွားပြီး အပြေးအလွှား သွားကြည့်ကြသည်
"Omo ကောင်မလေးက ငယ်ငယ်လေးရှိသေးတယ်..... "
"ကိုယ့်ကိုကိုယ် သတ်သေတာလား "
"ဓာတ်ပုံရိုက်မနေဘဲ ဆေးရုံကားခေါ်ကြပါ"
လူအုပ်ကြီးမှာ တစ်ယောက်တစ်ပေါက် ဖြစ်နေပေမယ့် ဂါဝန် အဖြူရောင်ဂါဝန်လေးကတော့ အနီရောင်အဖြစ် ပြောင်းလဲ သွားသည်
"ဆေးရုံကားခေါ်ပေးကြပါ တောင်းပန်ပါတယ် "
လူအုပ်ကြီးထဲသို့ သတ်လတ်ပိုင်း အမျိုးသားတစ်ယောက် ပြေးဝင်လာပြီး သွေးအိုင်ထဲက ကောင်မလေးကို ပွေ့ဖက်လိိုက်သည်
ထိုအမျိူးသားမှာ အံ့သြတုန်လှုပ်ချောက်ချားမှုအပြင် စိတ်ပျက်စရာတစ်ချို့ကြောင့် ငိုဖို့တောင် အားအင်မရှိတော့ပေ
"Chaeyoung. ......"
သတိမရှိတော့တဲ့ သူ့ညီမလေးကို ဖက်ပြီး ထိုအမျိူးသားမှာ အော်ဟစ်နေသည်
ဆေးရုံကားရောက်လာပြီး အနီးစပ်ဆုံး ဆေးရုံသို့ ခေါ်သွားကြသည်
Nurseတွေနဲ့ ဆရာဝန်မှာ ဆေးရုံကားပေါ်က ဆင်းလာတဲ့ Chaeyoung ကို emergency အခန်းထဲသို့ အမြန်ဆုံး သယ်သွားကြသည်
သူမ ဘဝအတွက် တိုက်ခိုက်ဖို့ အားလျော့ထားတဲ့ ကောင်မလေးကို အရေးပေါ်အခန်းထဲ သယ်သွားတာကို ကြည့်ပြီး ထိုအမျိူးသားမှာ ဒူးထောက်ရက်သား ကြမ်းပြင်ပေါ် သို့ လဲကျသွားသည်
"Park Chaeyoung. ...ကျေးဇူးပြုပြီး.....ကျစ် မင်း ဘာလို့ အဲ့လောက်ထိ ရူးမိုက်ရတာလည်း ....မင်းက Oppaအတွက် တာဝန်တစ်ခုလို ဖြစ်နေတာမဟုတ်ပါဘူး Oppaအတွက် အဖိုးတန်ညီမလေးပါ.... ဘယ်သူတွေ ဘာပြောပြော ဘယ်သူတွေက မလိုချင်နေလည်း Oppaက ညီမလေးကို Oppaနဲ့ အတူ ရှိစေချင်တယ် Oppaနဲ့အတူ တိုက်ခိုက်သေချင်တယ် မောင်နှမနှစ်ယောက်လေး ရှိတာကို ဘာလို့ Oppaကို ထားသွားရက်တာလည်း "
ထိုအမျိုးသား ဝတ်စားပုံကို ကြည့်လျှင် ချမ်းသာတဲ့အသိုင်းအဝိုင်းကဆိုတာ သိသာစေပေမယ့် ထိုအမျိူးသား ပြောတဲ့စကားတွေကို နားထောင်ကြည့်ရင်တော့ သူတို့ဘဝက တခြားသူတွေ အားကျနေတဲ့ သုခဘုံလို မဟုတ်ပေ
သူ့နာမည်က Park Chanyeol.... တောင်ကိုရီးယားနိုင်ငံရဲ့ အကျော်ကြားဆုံး အအောင်မြင်ဆုံး....မြို့ငယ်လေးကအစ Park Family ရဲ့ မြေကွက်နေရာ ပိုင်ဆိုင်မှုတွေ ပြည့်နှက်နေတဲ့ Park Company ရဲ့ သားအကြီးဆုံး ဖြစ်သည်
အကျော်ကြားအအောင်မြင်ဆုံး Park company ပိုင်ရှင်ရဲ့ သမီးဖြစ်သူမှာ ဘာအကြောင်းကြောင့် သူမရဲ့အိမ် ငါးထပ်တိုက် ခုန်ချရသလည်းဆိုတာ အခု လူတိုင်းပါးစပ်ဖျားမှာ မေးခွန်းတစ်ခုလို ဖြစ်နေသည်
မီဒီယာတွေ သတင်းသမားတွေကလည်း ဆေးရုံရှေ့ စုစုရုံးရုံးဖြစ်နေပြီး Park company ရဲ့ လုံခြုံရေးတွေက လာရောက်တားမြစ်နေရသည်
Chanyeolကတော့ သူ့ ညီမလေးအတွက် ယူကြုံးမရဖြစ်နေသည်
လေးနာရီကြာပြီးနောက် အရေးပေါ်အခန်းတံခါး ပွင့်လာသည်
ခွဲစိတ်ဆရာဝန်နဲ့အတူ Nurseနဲ့ အကူများထွက်လာကြသည်
"Doctor... အခြေအနေက ဘယ်လိုလည်းဟင် "
"တောင်းပန်ပါတယ် ကျွန်တော်တို့ အတတ်နိုင်ဆုံး ကြိုးစားခဲ့ပါတယ် "
"ဗျာ ဒါဆို Doctor ပြောချင်တာက သူ သူ "
"သေသွားတာတော့ မဟုတ်ပေမယ့် သေဖို့ ရာခိုင်နှုန်းများပါတယ် "
"ဗျာ..."
ဆရာဝန်ရဲ့ စကားကြောင့် Chanyeol လန့်သွားသည်
"ကျွန်တော် ခင်ဗျားကို အကောင်းဆုံး အကြံပေးမယ်နော် ....သူ့ကို...နိုင်ငံခြားမှာ ကုသတာ အကောင်းဆုံးဖြစ်လိမ့်မယ် ဒီမှာက စက်ပစ္စည်းတွေ ဆေးပညာတွေက ပြောသလောက်ကြီး မတိုးတက်သေးဘူးမို့ သူ့အသက်ကယ်ဖို့က မလုံလောက်ဘူး အခုက အမြင့်ကနေ ပြုတ်ကျတာဆိုတော့ သူ့အတွင်းကလီစာတွေ ပျက်စီးကုန်တယ်ဗျာ့....အဲ့ဒီတော့ နိုင်ငံခြားမှာ ကုသတာ ပိုကောင်းပြီး......သူ့အတွက် ပိုလုံခြုံတာပေါ့....."
ဆရာဝန်မှာ အကြံပေးတော့ Chanyeol မှာ ဆရာဝန်ပြောတဲ့ စကားအဓိပ်ပါယျကို နားလည်သဘောပေါက်သည်
"Doctor. ...ကျေးဇူးပြုပြီး အကူအညီတစ်ခုတောင်းချင်ပါတယ်......ကျွန်တော့် အဖေကို Chaeyoung သေသွားပြီလို့သာ ပြောပေးပါ ...."
Chanyeol တောင်းဆိုတော့ ဆရာဝန်မှာ ခေါင်းညိတ်ပြပြီး ထွက်သွားသည်
ဝုန်းခနဲ တံခါးကို ဆောင့်ကန်ပြီး ဖွင့်သံကြောင့် Mr. Park ထိုင်နေရာက သူ့သားရဲ့bad attitude ကြောင့် ထရပ်လိုက်သည်
"သတင်းကြားပြီးပြီ အခုရော အဲ့ကောင်မ ဘယ်လိုနေလည်း....... မင်း အဖေ့ကို ဒီလို ရိုင်းရတဲ့ အကြောင်းပြချက်က...."
Mr. Park စကားမဆုံးသေး Chanyeolမှာ သူ့အဖေကို လက်ညိုးထိုးပြီး အော်လေသည်
"ကောင်မ ဟုတ်လား သူက ခင်ဗျား သမီးလေ....သူ အခုလို ဖြစ်ရတာ ခင်ဗျားကြောင့် "
"ဒီမယ် Chanyeol ငါ့ကြောင့် မဟုတ်ဘူးကွ မင်းညီမက သူ့ဘာသာသူ သေဖို့ ရွေးသွားတာ ငါက သေမလား ရှင်မလားလို့ ရွေးချယ်စရာပေးခဲ့တယ် "
"ခင်ဗျား သူ့ကို ရောင်းစားလို့မပြီးသေးဘူးလား တော်ရုံဘဲ ကောင်းပါတယ်ဗျာ Chaeyoungက လူဗျာ့ လူ ရောင်းစားရအောင် အရုပ်မဟုတ်ဘူး တိရစ္ဆာန် မဟုတ်ဘူး ခင်ဗျား သမီး မဟုတ်သေးဘူး သူ့ကို လူလိုသတ်မှတ်သေးရဲ့လား ခင်ဗျား လုပ်ငန်းတွေ အောင်မြင်ဖို့ သူ့ကို အသုံးချတာ များနေပြီ....."
Chanyeol မြိုသိပ်ထားတာတွေ ပေါက်ကွဲကုန်သည် ဟုတ်ပါတယ် Mr. Park က သူ့လုပ်ငန်း ပိုအောင်မြင်ဖို့ ရှယ်ယာရှင်တွေ ရန်သူတွေဆီ Park Chaeyoungရဲ့ အလှနဲ့ Chaeyoung ကို ခဏခဏထိုးကျွေးဖို့ ကြိုးစားခဲ့ပါတယ်.....
ဒါကြောင့်မို့ Chaeyoung အသက်ဆက်မရှင်ချင်တော့ဘဲ သတ်သေဖို့ ရွေးခဲ့တာဘဲလေ
"မင်းသိလား Chanyeol ငါ့ဘဝမှာ ငါ့ကိုယ်ငါထက် ဘယ်အရာမှ အရေးမပါဘူး ငါ အောင်မြင်ဖို့ဆို ငါ ဘာမဆိုလုပ်ရဲတယ် "
"ဟုတ်ပြီဗျာ ခင်ဗျား တစ်ကိုယ်ကောင်းဆန်မှုကြောင့် အခု ခင်ဗျားသမီးကို ဆုံးရှုံးရပြီး အေး ကျုပ်လည်း သီးမခံနိုင်တဲ့ တစ်နေ့ Chaeyoung နောက် လိုက်သွားမယ် အဲ့ကျမှ ခင်ဗျား ဘယ်လိုအသက်ရှင်မလည်းဆိုတာ တမလွန်ကနေ စောင့်ကြည့်နေမယ် "
Chanyeol ကြိမ်းဝါးပြီး သူ့အဖေဆီကနေ ထွက်လာသည်
ဆေးရုံတွင် ဆေးပိုက်တွေ သွင်းထားရတဲ့ လှပသွယ်လျတဲ့ Chaeyoungရဲ့ လက်ကို ကိုင်ပြီး Chanyeol တရှုံ့ရှုံ့ ငိုနေသည်
"Chaeyoung.... Oppa တောင်းပန်ပါတယ်....အားနည်းပြီး Chaeyoungကို မကာကွယ်ပေးနိုင်လို့ ....ငရဲလို ပင်ပန်းကြမ်းတမ်းတဲ့ ဘဝထဲ မနေချင်လို့ ထွက်သွားတယ်ဆိုတာ Oppaသိပါတယ် ဒါပေမယ့် Oppa Chaeyoung လေးကို လက်မလွှတ်နိုင်ဘူး.....ဒါကြောင့်မို့ Chaeyoungလေး ပထမဆုံး မျက်လုံးစဖွင့်တဲ့အခါ Oppaကို တွေ့ရမှာ မဟုတ်ဘူး ....Chaeyoung ရှိခဲ့ဖူးတဲ့ ငရဲလိုနေရာမဟုတ်တော့ဘူး ....တကယ့် ကမ္ဘာကြီးအစစ်ကို Chaeyoungတွေ့ရလိမ့်မယ် ....အဲ့နေရာမှာဘဲ ဖြစ်ခဲ့သမျှ အကုန်မေ့ပစ်ပြီး ဘဝအသစ်ကို ထူထောင်ပါ.....ဒီမှာ မပျော်ခဲ့သမျှ အတိုးချပြီး ဘဝကို ပျော်ပျော်ဖြတ်သန်းပါ..... ...Oppaတို့ အခုကစပြီး အတူမရှိနိုင်တော့ပေမယ့် Chaeyoungလေး ပျော်နေတယ်ဆို Oppa လည်း ပျော်ပါတယ်......"
Chanyeol နောက်ဆုံးအနေနဲ့ သူ့ညီမလေးမျက်နှာကို အဝထိုင်ကြည့်နေသည်
ထို့နောက် Private လေယာဥ်ဖြင့် Chaeyoungကို နိုင်ငံခြားသို့ ပို့လိုက်သည်
#TBC
#Zawgyi
ေမာ္ေတာ္ယာဥ္ေတြက ဝါစိမ္းနီေနတဲ့ မီးပြိုင့္ေတြ ၫႊန္ၾကားမႈအတိုင္း သြားလာလႈပ္ရွားေနၾကသည္
လူမ်ားစြာ စည္ကားတဲ့ Seoul ၿမိဳ႕လည္ေခါင္က ဆယ္ထပ္တိုက္တစ္တိုက္ေပၚမွ ေကာင္မေလးတစ္ေယာက္ ေအာက္ကို ငုံ႕ၾကည့္ေနသည္
ျဖတ္သြားျဖတ္လာ လူေတြကေတာ့ တိုက္ေပၚက ေကာင္မေလးကို သတိမထားမိဘဲ မိမိသြားလိုရာကို သြားေနၾကသည္
ထိုစဥ္
ဘုန္း!!!!
ငါးထပ္တိုက္ေပၚက ေကာင္မေလး ျပဳတ္က်လာေသာေၾကာင့္ လူအုပ္ႀကီးမွာ ေကာင္မေလးကို သတိထားမိသြားၿပီး အေျပးအလႊား သြားၾကည့္ၾကသည္
"Omo ေကာင္မေလးက ငယ္ငယ္ေလးရွိေသးတယ္..... "
"ကိုယ့္ကိုကိုယ္ သတ္ေသတာလား "
"ဓာတ္ပုံရိုက္မေနဘဲ ေဆး႐ုံကားေခၚၾကပါ"
လူအုပ္ႀကီးမွာ တစ္ေယာက္တစ္ေပါက္ ျဖစ္ေနေပမယ့္ ဂါဝန္ အျဖဴေရာင္ဂါဝန္ေလးကေတာ့ အနီေရာင္အျဖစ္ ေျပာင္းလဲ သြားသည္
"ေဆး႐ုံကားေခၚေပးၾကပါ ေတာင္းပန္ပါတယ္ "
လူအုပ္ႀကီးထဲသို႔ သတ္လတ္ပိုင္း အမ်ိဳးသားတစ္ေယာက္ ေျပးဝင္လာၿပီး ေသြးအိုင္ထဲက ေကာင္မေလးကို ေပြ႕ဖက္လိိုက္သည္
ထိုအမ်ိဴးသားမွာ အံ့ၾသတုန္လႈပ္ေခ်ာက္ခ်ားမႈအျပင္ စိတ္ပ်က္စရာတစ္ခ်ိဳ႕ေၾကာင့္ ငိုဖို႔ေတာင္ အားအင္မရွိေတာ့ေပ
"Chaeyoung. ......"
သတိမရွိေတာ့တဲ့ သူ႕ညီမေလးကို ဖက္ၿပီး ထိုအမ်ိဴးသားမွာ ေအာ္ဟစ္ေနသည္
ေဆး႐ုံကားေရာက္လာၿပီး အနီးစပ္ဆုံး ေဆး႐ုံသို႔ ေခၚသြားၾကသည္
Nurseေတြနဲ႕ ဆရာဝန္မွာ ေဆး႐ုံကားေပၚက ဆင္းလာတဲ့ Chaeyoung ကို emergency အခန္းထဲသို႔ အျမန္ဆုံး သယ္သြားၾကသည္
သူမ ဘဝအတြက္ တိုက္ခိုက္ဖို႔ အားေလ်ာ့ထားတဲ့ ေကာင္မေလးကို အေရးေပၚအခန္းထဲ သယ္သြားတာကို ၾကည့္ၿပီး ထိုအမ်ိဴးသားမွာ ဒူးေထာက္ရက္သား ၾကမ္းျပင္ေပၚ သို႔ လဲက်သြားသည္
"Park Chaeyoung. ...ေက်းဇူးျပဳၿပီး.....က်စ္ မင္း ဘာလို႔ အဲ့ေလာက္ထိ ႐ူးမိုက္ရတာလည္း ....မင္းက Oppaအတြက္ တာဝန္တစ္ခုလို ျဖစ္ေနတာမဟုတ္ပါဘူး Oppaအတြက္ အဖိုးတန္ညီမေလးပါ.... ဘယ္သူေတြ ဘာေျပာေျပာ ဘယ္သူေတြက မလိုခ်င္ေနလည္း Oppaက ညီမေလးကို Oppaနဲ႕ အတူ ရွိေစခ်င္တယ္ Oppaနဲ႕အတူ တိုက္ခိုက္ေသခ်င္တယ္ ေမာင္ႏွမႏွစ္ေယာက္ေလး ရွိတာကို ဘာလို႔ Oppaကို ထားသြားရက္တာလည္း "
ထိုအမ်ိဳးသား ဝတ္စားပုံကို ၾကည့္လွ်င္ ခ်မ္းသာတဲ့အသိုင္းအဝိုင္းကဆိုတာ သိသာေစေပမယ့္ ထိုအမ်ိဴးသား ေျပာတဲ့စကားေတြကို နားေထာင္ၾကည့္ရင္ေတာ့ သူတို႔ဘဝက တျခားသူေတြ အားက်ေနတဲ့ သုခဘုံလို မဟုတ္ေပ
သူ႕နာမည္က Park Chanyeol.... ေတာင္ကိုရီးယားနိုင္ငံရဲ႕ အေက်ာ္ၾကားဆုံး အေအာင္ျမင္ဆုံး....ၿမိဳ႕ငယ္ေလးကအစ Park Family ရဲ႕ ေျမကြက္ေနရာ ပိုင္ဆိုင္မႈေတြ ျပည့္ႏွက္ေနတဲ့ Park Company ရဲ႕ သားအႀကီးဆုံး ျဖစ္သည္
အေက်ာ္ၾကားအေအာင္ျမင္ဆုံး Park company ပိုင္ရွင္ရဲ႕ သမီးျဖစ္သူမွာ ဘာအေၾကာင္းေၾကာင့္ သူမရဲ႕အိမ္ ငါးထပ္တိုက္ေပၚကခုန္ခ်ရသလည္းဆိုတာ အခု လူတိုင္းပါးစပ္ဖ်ားမွာ ေမးခြန္းတစ္ခုလို ျဖစ္ေနသည္
မီဒီယာေတြ သတင္းသမားေတြကလည္း ေဆး႐ုံေရွ႕ စုစု႐ုံး႐ုံးျဖစ္ေနၿပီး Park company ရဲ႕ လုံၿခဳံေရးေတြက လာေရာက္တားျမစ္ေနရသည္
Chanyeolကေတာ့ သူ႕ ညီမေလးအတြက္ ယူႀကဳံးမရျဖစ္ေနသည္
ေလးနာရီၾကာၿပီးေနာက္ အေရးေပၚအခန္းတံခါး ပြင့္လာသည္
ခြဲစိတ္ဆရာဝန္နဲ႕အတူ Nurseနဲ႕ အကူမ်ားထြက္လာၾကသည္
"Doctor... အေျခအေနက ဘယ္လိုလည္းဟင္ "
"ေတာင္းပန္ပါတယ္ ကြၽန္ေတာ္တို႔ အတတ္နိုင္ဆုံး ႀကိဳးစားခဲ့ပါတယ္ "
"ဗ်ာ ဒါဆို Doctor ေျပာခ်င္တာက သူ သူ "
"ေသသြားတာေတာ့ မဟုတ္ေပမယ့္ ေသဖို႔ ရာခိုင္ႏႈန္းမ်ားပါတယ္ "
"ဗ်ာ..."
ဆရာဝန္ရဲ႕ စကားေၾကာင့္ Chanyeol လန့္သြားသည္
"ကြၽန္ေတာ္ ခင္ဗ်ားကို အေကာင္းဆုံး အႀကံေပးမယ္ေနာ္ ....သူ႕ကို...နိုင္ငံျခားမွာ ကုသတာ အေကာင္းဆုံးျဖစ္လိမ့္မယ္ ဒီမွာက စက္ပစၥည္းေတြ ေဆးပညာေတြက ေျပာသေလာက္ႀကီး မတိုးတက္ေသးဘူးမို႔ သူ႕အသက္ကယ္ဖို႔က မလုံေလာက္ဘူး အခုက အျမင့္ကေန ျပဳတ္က်တာဆိုေတာ့ သူ႕အတြင္းကလီစာေတြ ပ်က္စီးကုန္တယ္ဗ်ာ့....အဲ့ဒီေတာ့ နိုင္ငံျခားမွာ ကုသတာ ပိုေကာင္းၿပီး......သူ႕အတြက္ ပိုလုံၿခဳံတာေပါ့....."
ဆရာဝန္မွာ အႀကံေပးေတာ့ Chanyeol မွာ ဆရာဝန္ေျပာတဲ့ စကားအဓိပ္ပါယ်ကို နားလည္သေဘာေပါက္သည္
"Doctor. ...ေက်းဇူးျပဳၿပီး အကူအညီတစ္ခုေတာင္းခ်င္ပါတယ္......ကြၽန္ေတာ့္ အေဖကို Chaeyoung ေသသြားၿပီလို႔သာ ေျပာေပးပါ ...."
Chanyeol ေတာင္းဆိုေတာ့ ဆရာဝန္မွာ ေခါင္းည္တ္ျပၿပီး ထြက္သြားသည္
ဝုန္းခနဲ တံခါးကို ေဆာင့္ကန္ၿပီး ဖြင့္သံေၾကာင့္ Mr. Park ထိုင္ေနရာက သူ႕သားရဲ႕ bad attitude ေၾကာင့္ ထရပ္လိုက္သည္
"သတင္းၾကားၿပီးၿပီ အခုေရာ အဲ့ေကာင္မ ဘယ္လိုေနလည္း....... မင္း အေဖ့ကို ဒီလို ရိုင္းရတဲ့ အေၾကာင္းျပခ်က္က...."
Mr. Park စကားမဆုံးေသး Chanyeolမွာ သူ႕အေဖကို လက္ညိုးထိုးၿပီး ေအာ္ေလသည္
"ေကာင္မ ဟုတ္လား သူက ခင္ဗ်ား သမီးေလ....သူ အခုလို ျဖစ္ရတာ ခင္ဗ်ားေၾကာင့္ "
"ဒီမယ္ Chanyeol ငါ့ေၾကာင့္ မဟုတ္ဘူးကြ မင္းညီမက သူ႕ဘာသာသူ ေသဖို႔ ေ႐ြးသြားတာ ငါက ေသမလား ရွင္မလားလို႔ ေ႐ြးခ်ယ္စရာေပးခဲ့တယ္ "
"ခင္ဗ်ား သူ႕ကို ေရာင္းစားလို႔မၿပီးေသးဘူးလား ေတာ္႐ုံဘဲ ေကာင္းပါတယ္ဗ်ာ Chaeyoungက လူဗ်ာ့ လူ ေရာင္းစားရေအာင္ အ႐ုပ္မဟုတ္ဘူး တိရစ္ဆာန္ မဟုတ္ဘူး ခင္ဗ်ား သမီး မဟုတ္ေသးဘူး သူ႕ကို လူလိုသတ္မွတ္ေသးရဲ႕လား ခင္ဗ်ား လုပ္ငန္းေတြ ေအာင္ျမင္ဖို႔ သူ႕ကို အသုံးခ်တာ မ်ားေနၿပီ....."
Chanyeol ၿမိဳသိပ္ထားတာေတြ ေပါက္ကြဲကုန္သည္ ဟုတ္ပါတယ္ Mr. Park က သူ႕လုပ္ငန္း ပိုေအာင္ျမင္ဖို႔ ရွယ္ယာရွင္ေတြ ရန္သူေတြဆီ Park Chaeyoungရဲ႕ အလွနဲ႕ Chaeyoung ကို ခဏခဏထိုးေကြၽးဖို႔ ႀကိဳးစားခဲ့ပါတယ္.....
ဒါေၾကာင့္မို႔ Chaeyoung အသက္ဆက္မရွင္ခ်င္ေတာ့ဘဲ သတ္ေသဖို႔ ေ႐ြးခဲ့တာဘဲေလ
"မင္းသိလား Chanyeol ငါ့ဘဝမွာ ငါ့ကိုယ္ငါထက္ ဘယ္အရာမွ အေရးမပါဘူး ငါ ေအာင္ျမင္ဖို႔ဆို ငါ ဘာမဆိုလုပ္ရဲတယ္ "
"ဟုတ္ၿပီဗ်ာ ခင္ဗ်ား တစ္ကိုယ္ေကာင္းဆန္မႈေၾကာင့္ အခု ခင္ဗ်ားသမီးကို ဆုံးရႈံးရၿပီး ေအး က်ဳပ္လည္း သီးမခံနိုင္တဲ့ တစ္ေန႕ Chaeyoung ေနာက္ လိုက္သြားမယ္ အဲ့က်မွ ခင္ဗ်ား ဘယ္လိုအသက္ရွင္မလည္းဆိုတာ တမလြန္ကေန ေစာင့္ၾကည့္ေနမယ္ "
Chanyeol ႀကိမ္းဝါးၿပီး သူ႕အေဖဆီကေန ထြက္လာသည္
ေဆး႐ုံတြင္ ေဆးပိုက္ေတြ သြင္းထားရတဲ့ လွပသြယ္လ်တဲ့ Chaeyoungရဲ႕ လက္ကို ကိုင္ၿပီး Chanyeol တရႈံ႕ရႈံ႕ ငိုေနသည္
"Chaeyoung.... Oppa ေတာင္းပန္ပါတယ္....အားနည္းၿပီး Chaeyoungကို မကာကြယ္ေပးနိုင္လို႔ ....ငရဲလို ပင္ပန္းၾကမ္းတမ္းတဲ့ ဘဝထဲ မေနခ်င္လို႔ ထြက္သြားတယ္ဆိုတာ Oppaသိပါတယ္ ဒါေပမယ့္ Oppa Chaeyoung ေလးကို လက္မလႊတ္နိုင္ဘူး.....ဒါေၾကာင့္မို႔ Chaeyoungေလး ပထမဆုံး မ်က္လုံးစဖြင့္တဲ့အခါ Oppaကို ေတြ႕ရမွာ မဟုတ္ဘူး ....Chaeyoung ရွိခဲ့ဖူးတဲ့ ငရဲလိုေနရာမဟုတ္ေတာ့ဘူး ....တကယ့္ ကမၻာႀကီးအစစ္ကို Chaeyoungေတြ႕ရလိမ့္မယ္ ....အဲ့ေနရာမွာဘဲ ျဖစ္ခဲ့သမွ် အကုန္ေမ့ပစ္ၿပီး ဘဝအသစ္ကို ထူေထာင္ပါ.....ဒီမွာ မေပ်ာ္ခဲ့သမွ် အတိုးခ်ၿပီး ဘဝကို ေပ်ာ္ေပ်ာ္ျဖတ္သန္းပါ..... ...Oppaတို႔ အခုကစၿပီး အတူမရွိနိုင္ေတာ့ေပမယ့္ Chaeyoungေလး ေပ်ာ္ေနတယ္ဆို Oppa လည္း ေပ်ာ္ပါတယ္......"
Chanyeol ေနာက္ဆုံးအေနနဲ႕ သူ႕ညီမေလးမ်က္ႏွာကို အဝထိုင္ၾကည့္ေနသည္
ထို႔ေနာက္ Private ေလယာဥ္ျဖင့္ Chaeyoungကို နိုင္ငံျခားသို႔ ပို႔လိုက္သည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co