Part 2
#Unicode
3 years later
Chaeyoung တစ်ယောက် ဦးတည်ချက်မရှိဘဲ အမှောင်ထဲ ပြေးလွှားနေရတာ ခြေကုန်လက်ပန်းကျပြီး ပင်ပန်းလာသည်
အလင်းရောင်လည်း မရှိ တစ်ယောက်တည်းလည်း ဖြစ်နေသောကြောင့် Chaeyoung အထီးကျန်ပြီး ကြောက်ရွံ့နေသည်
"ငါ လွတ်မြောက်သွားပြီထင်နေတာလေ....ဘာလို့ အမှောင်ထဲ ပိတ်မိနေရတာလည်း...."
Chaeyoung ပြေးရင်း ခြေခေါက်ပြီး လဲကျသွားသည်
"အား "
အရာအားလုံးက တိတ်ဆိတ်နေလို့ Chaeyoung သူမရဲ့အသက်ရှူသံကိုတောင် ကြားနေရသည်
"ဘယ်လောက်ထိ ပြေးမှ ဒီအမှောင်ထဲက လွတ်မှာလည်း ငါ့ကို သွားခွင့်ပေးပါတော့ ငါပင်ပန်းလာပြီ"
Chaeyoung ဒူးထောင်ပြီး အော်ငိုလိုက်သည်
ထိုစဥ် ဘယ်ကလာမှန်းမသိတဲ့ Church ကျောင်းမှ ခေါင်းလောင်းသံကို Chaeyoung ကြားရသည်
အမှောင်ထုကို အလင်းရောင်က တဖြည်းဖြည်း ဝါးမျိုလာပြီး Chaeyoung နားထဲ အသံတွေ သူမကိုခေါ်တဲ့ အသံတွေကို ကြားလာရသည်
Chaeyoung မျက်လုံးဖွင့်ကြည့်တော့ အရမ်းစူရှတဲ့ အလင်းရောင်ကြောင့် မျက်လုံးတွေပြာလာသည်
Chaeyoung မျက်လုံး ပြန်မှိတ်ပြီး ဖြည်းဖြည်းချင်း မျက်လုံး ဖွင့်ကာ အဖြူရောင် မျက်နှာကြတ်ကို ကြည့်နေမိသည်
"ငါ သေသွားပြီမလား ဒါက ဘယ်မှာလည်း ကောင်းကင်ဘုံမှာလား "
Chaeyoung မျက်နှာကြက်ကနေ တခြားနေရာတွေကို လျှောက်ကြည့်တော့ စားပွဲခုံပေါ် တင်ထားတဲ့ နှင်းဆီပန်းအိုးကို တွေ့ရလေသည်
"ငါ ဘယ်ရောက်နေတာလည်း "
Chaeyoung စိတ်ရှုပ်နေစဥ် အခန်းတံခါးက ပွင့်လာပြီး အမျိုးသားတစ်ယောက် ဝင်လာသည်
ထိုအမျိုးသားရဲ့ အဖြူရောင် coatနဲ့ နားကြပ်ကြောင့် ဆရာဝန်မှန်း Chaeyoung သိလိုက်သည်
"ဘယ်သူလည်းဟင်....."
Chaeyoung မေးလိုက်ပေမယ့် ထိုအမျိူးသားက Chaeyoung နားမလည်တဲ့ ဘာသာစကားနဲ့ ပြန်ဖြေနေသည်
Chaeyoung နားမလည်မှန်း ထိုအမျိူးသား သိသွားလို့ထင်သည် Chaeyoung ကို ခဏစောင့်ဆိုတဲ့ အဓိပ္ပာယ်နဲ့ လက်ကာပြပြီး အခန်းအပြင်ဘက် ခဏထွက်သွားတယ်
Chaeyoung ကတော့ အခုထိ သူမကိုယ်သူမ ကောင်းကင်ဘုံရောက်နေတယ်လို့ဘဲ ထင်နေတုံး......
ခဏကြာတော့ ထိုအမျိူးသားနဲ့အတူ အမျိူးသမီး တစ်ယောက်ဝင်လာသည်
ထိုအမျိုးသမီးက လှပဆုံးသောအပြုံးနဲ့ Chaeyoungကို ပြုံးပြလေသည်
"နောက်ဆုံးတော့ ရှင် သတိရလာပြီဘဲ "
ထိုအမျိုးသမီးက Englishလိုပြောသောကြောင့် Chaeyoung ဘာပြောမှန်းနားလည်သွားသည်
"ရှင် ကိုမာဖြစ်ပြီး သတိမေ့နေတာ သုံးနှစ်ရှိပြီ "
ထိုအမျိုးသမီးမှာ Chaeyoung ရဲ့ နဖူးကို လက်နဲ့စမ်းပြီး ပြောလိုက်သည်
"Wait..... ဘာကြီး ငါ နားကြားမှားတာလား ကိုမာဝင်နေတာ....ဟမ် ငါ အသက်ရှင်သေးတာလား "
"ကျွန်မ မသေဘူးပေါ့ "
Chaeyoung ရဲ့ ခံစားချက်မရှိတဲ့ မေးခွန်းကြောင့် ထိုအမျိုးသမီးမှာ ကြောင်အမ်းအမ်းဖြစ်သွားပေမယ့် ခေါင်းညိတ်ပြလိုက်သည်
"ဒီလောက် အမြင့်ကနေ ခုန်ချထားတာကို မသေဘူးလား "
Chaeyoung ကိုရီးယားလို ပြောပြီး သူမလက်က ဆေးသွင်းပိုက်တွေကို တစ်ချက်ကြည့်လိုက်သည်
တွေဝေခြင်းမရှိဘဲ သူမလက်က ပိုက်တွေကို Chaeyoung ဆွဲဖြုတ်လိုက်သည်
သွေးတွေပန်းထွက်လာသောအခါ ထိုအမျိူးသမီးမှာ လန့်သွားပြီး Chaeyoungကို တားလေသည်
"မတားပါနဲ့ ကျွန်မ သေချင်တယ် ကျွန်မကို သေခွင့်ပြုပါ "
Chaeyoung အော်ပြီး ထိုအမျိူးသမီးကို တွန်းလွှတ်ကာ ကုတင်ပေါ်ကနေ ယိုင်နဲ့နဲ့ နဲ့ ဆင်းလာသည်
"Dr. Liam. ...Dr Manoban ကို ခေါ်ပေးပါ သူက Korea စကားပြောတတ်တယ်.....သူ ဒီလူနာကို ကိုင်တွယ်နိုင်မယ်ထင်တယ် "
အမျိုးသမီးမှာ ရုန်းကန်နေတဲ့ Chaeyoungကို ချုပ်ရင်း သူမကို လာခေါ်တဲ့ ဆရာဝန်အား ဂျာမန်လိုပြောလိုက်သည်
"ကျွန်မ သေချင်တယ် .....သေခွင့်ပေးကြပါ "
"No Miss "
Chaeyoung ရုန်းကန်ရင်း အမြင်တွေဝေဝါးလာသည်........ အခန်းထဲဝင်လာတဲ့ ဆံပင်အတိုလေးနဲ့ ဒေါက်တာမလေးကိုတောင် Chaeyoung သေချာမမြင်ရ ....
"Ava ဘာဖြစ်တာလည်း "
"Manoban အမြန်ရောက်လာလို့ တော်သေးတယ် သူက သေချင်တယ်ဆိုပြီး အော်ဟစ်နေတယ် ပြောပေးပါအုံး "
Chaeyoungကို ထိန်းနေတဲ့ Avaမှာ Manobanကို ဂျာမန်လိုပြောလိုက်သည်
"ဖယ်ပေး "
Avaလည်း Chaeyoung ကို လွှတ်ပေးရော Manoban မှာ ကြမ်းပြင်ပေါ် ခွေခွေလေး လဲကျနေတဲ့ Chaeyoung ကို ပွေ့ချီလိုက်သည်
"Hey ငါက Manoban ပါ Korea. ....မှာနေခဲ့တာ...."
"ငါ့ကို ကယ်ဖို့ ကြိုးစားနေတာလား အချိန်မဖြုန်းပါနဲ့ ငါ့ကိုသေခွင့်ပေးပါလား "
Lisa ချောင်းဟန့်ပြီး
"မင်းကိုယ်ပိုင်ဘဝကို မင်းကြိုက်သလိုလုပ်လို့ရပါတယ် ငါတို့လို ဆေးဝန်ထမ်းတွေကလည်း လူတွေကို ကယ်တဲ့ အလုပ်ကို ဆက်လုပ်နေမှာမို့ တခြားအကြံဥာဏ်တွေ လက်မခံဘူး...ငါတို့ကို ပိုက်ဆံပေးထားတဲ့ အလုပ်အပေါ်မှာ ငါတို့ တာဝန်ကျေရမယ်လေ "
Manoban ပြောပြီး Chaeyoungကို ကုတင်ပေါ်သို့ တင်လိုက်သည်
"ဒါဆို ငါပိုက်ဆံပေးမယ် ငါ့ကိုသတ်ပေးပါ "
"ငါက လူ့အသက်ကို ကယ်တဲ့ ဆရာဝန်ပါ .....လူသတ်တဲ့သူ မဟုတ်ပါဘူး "
"စိတ်ပျက်စရာဘဲ shit "
Manoban ပြောပြီး Avaပေးတဲ့ ဆေးထိုးအပ်ကိုယူပြီး ရုတ်တရက် Chaeyoung ဘယ်လက်က သွေးကြောကို ထိုးလိုက်သည်
"အား နာတယ် "
"Ava သူ့လက်က သွေးတွေ သုတ်ပေးလိုက်ပါအုံး...... ငါသွားပြီ....."
Manobanလည်း ထွက်သွားရော Chaeyoung တစ်ယောက် ငြိမ်ကျပြီး အိပ်ပျော်သွားလေသည်
Meeting Roomထဲတွင် ဂျာမန်က ဆရာဝန်တွေမှာ သူတို့ရဲ့ VIP လူနာအကြောင်း ဆွေးနွေးနေကြသည်
"သူမအကိုကို သူမ သတိရလာကြောင်းပြောရအုံးမယ် "
ဆေးရုံအုပ်ဖြစ်တဲ့ Ruthကပြောတော့ ကျန်တဲ့ဆရာဝန်တွေက ခေါင်းညိတ်ပြလိုက်သည်
"သူမ ထပ်ပြီး ကိုယ့်ကိုကိုယ် သတ်သေဖို့ လုပ်တဲ့အခါ ဘယ်လိုလုပ်ရမလည်း "
ခုန Chaeyoung ကို ကယ်ခဲ့တဲ့ ဆရာဝန်မ Avaက ထမေးလိုက်သည်
"ဟုတ်တယ် သူမကို ဘယ်လို ကိုင်တွယ်ရမလည်း....ကြည့်ရတာ စိတ်ရောဂါလည်း ရှိနေတဲ့ပုံဘဲ "
Liam လည်း ဝင်ထောက်ခံလိုက်တော့ ကျန်တဲ့ဆရာဝန်တွေမှာ တစ်ယောက်ကိုတစ်ယောက် ကြည့်လိုက်ကြသည်
"Manoban မင်းရော ဘယ်လိုတွေးထားလည်း "
ဆေးရုံအုပ်ဖြစ်တဲ့ Ruthက မေးတော့ Manobanမှာ လန့်သွားသည်
"ရှင် ....ကျွန်မလား "
"ဟုတ်တယ် ဒီမှာ Korea စကားပြောတတ်တာဆိုလို့ မင်းဘဲ ရှိတာလေ ပြီးကျ Liamထက် မင်းက သူ့ကိုပိုထိန်းနိုင်ခဲ့တာ ဒီတော့ သူ့ကို မင်း တာဝန်ယူသင့်တယ်ထင်တယ် "
"ဟို...ကျွန်မမှာ တခြား လူနာတွေလည်း "
"Come on Manoban. ..မင်းရဲ့လူနာတွေအကုန် ငါတာဝန်ယူပေးပါမယ် သူ့ကိုတော့ မင်းဘဲထိန်းပေးပါ ကြည့်ပေးပါလား "
Liam ဝင်ပြီး ပြောလိုက်သည်
"တော်ပြီ အန္တရာယ်များတယ် မလုပ်ချင်ဘူး "
"ဟမ် ဘာကိုဆိုလိုတာလည်း Manoban "
"ဆေးရုံအုပ်ကြီး စဥ်းစားကြည့်လေ သူတို့ မိသားစုက Koreaမှာ အချမ်းသာဆုံးစာရင်းဝင်တယ်လေ...."
"သိတာပေါ့ ဒီဆေးရုံကိုတောင် သူတို့ စပွန်ဆာပေးထားသေးတယ်....မင်းသာ သူ့ညီမကို ကူညီပေးတာ သိကြည့် Park brother က မင်းကို ချီးမြှောက်လိမ့်မယ် "
"ကျွန်မ ကိုရီးယားကို ပြန်သွားဖို့ စိတ်ကူးမရှိဘူး ပြီးကျ ချမ်းသာတဲ့သူတွေနဲ့ မပတ်သက်ချင်ဘူး ....."
"မင်းရဲ့ လစာကို သုံးဆပေးမယ်ဆိုရင်ရော...."
ဆေးရုံအုပ်ရဲ့ စကားကြောင့် Manoban တွေဝေသွားသည်
#TBC
#Zawgyi
3 years later
Chaeyoung တစ္ေယာက္ ဦးတည္ခ်က္မရွိဘဲ အေမွာင္ထဲ ေျပးလႊားေနရတာ ေျခကုန္လက္ပန္းက်ၿပီး ပင္ပန္းလာသည္
အလင္းေရာင္လည္း မရွိ တစ္ေယာက္တည္းလည္း ျဖစ္ေနေသာေၾကာင့္ Chaeyoung အထီးက်န္ၿပီး ေၾကာက္႐ြံ႕ေနသည္
"ငါ လြတ္ေျမာက္သြားၿပီထင္ေနတာေလ....ဘာလို႔ အေမွာင္ထဲ ပိတ္မိေနရတာလည္း...."
Chaeyoung ေျပးရင္း ေျခေခါက္ၿပီး လဲက်သြားသည္
"အား "
အရာအားလုံးက တိတ္ဆိတ္ေနလို႔ Chaeyoung သူမရဲ႕အသက္ရႉသံကိုေတာင္ ၾကားေနရသည္
"ဘယ္ေလာက္ထိ ေျပးမွ ဒီအေမွာင္ထဲက လြတ္မွာလည္း ငါ့ကို သြားခြင့္ေပးပါေတာ့ ငါပင္ပန္းလာၿပီ"
Chaeyoung ဒူးေထာင္ၿပီး ေအာ္ငိုလိုက္သည္
ထိုစဥ္ ဘယ္ကလာမွန္းမသိတဲ့ Church ေက်ာင္းမွ ေခါင္းေလာင္းသံကို Chaeyoung ၾကားရသည္
အေမွာင္ထုကို အလင္းေရာင္က တျဖည္းျဖည္း ဝါးမ်ိဳလာၿပီး Chaeyoung နားထဲ အသံေတြ သူမကိုေခၚတဲ့ အသံေတြကို ၾကားလာရသည္
Chaeyoung မ်က္လုံးဖြင့္ၾကည့္ေတာ့ အရမ္းစူရွတဲ့ အလင္းေရာင္ေၾကာင့္ မ်က္လုံးေတြျပာလာသည္
Chaeyoung မ်က္လုံး ျပန္မွိတ္ၿပီး ျဖည္းျဖည္းခ်င္း မ်က္လုံး ဖြင့္ကာ အျဖဴေရာင္ မ်က္ႏွာၾကတ္ကို ၾကည့္ေနမိသည္
"ငါ ေသသြားၿပီမလား ဒါက ဘယ္မွာလည္း ေကာင္းကင္ဘုံမွာလား "
Chaeyoung မ်က္ႏွာၾကက္ကေန တျခားေနရာေတြကို ေလွ်ာက္ၾကည့္ေတာ့ စားပြဲခုံေပၚ တင္ထားတဲ့ ႏွင္းဆီပန္းအိုးကို ေတြ႕ရေလသည္
"ငါ ဘယ္ေရာက္ေနတာလည္း "
Chaeyoung စိတ္ရႈပ္ေနစဥ္ အခန္းတံခါးက ပြင့္လာၿပီး အမ်ိဳးသားတစ္ေယာက္ ဝင္လာသည္
ထိုအမ်ိဳးသားရဲ႕ အျဖဴေရာင္ coatနဲ႕ နားၾကပ္ေၾကာင့္ ဆရာဝန္မွန္း Chaeyoung သိလိုက္သည္
"ဘယ္သူလည္းဟင္....."
Chaeyoung ေမးလိုက္ေပမယ့္ ထိုအမ်ိဴးသားက Chaeyoung နားမလည္တဲ့ ဘာသာစကားနဲ႕ ျပန္ေျဖေနသည္
Chaeyoung နားမလည္မွန္း ထိုအမ်ိဴးသား သိသြားလို႔ထင္သည္ Chaeyoung ကို ခဏေစာင့္ဆိုတဲ့ အဓိပၸာယ္နဲ႕ လက္ကာျပၿပီး အခန္းအျပင္ဘက္ ခဏထြက္သြားတယ္
Chaeyoung ကေတာ့ အခုထိ သူမကိုယ္သူမ ေကာင္းကင္ဘုံေရာက္ေနတယ္လို႔ဘဲ ထင္ေနတုံး......
ခဏၾကာေတာ့ ထိုအမ်ိဴးသားနဲ႕အတူ အမ်ိဴးသမီး တစ္ေယာက္ဝင္လာသည္
ထိုအမ်ိဳးသမီးက လွပဆုံးေသာအၿပဳံးနဲ႕ Chaeyoungကို ၿပဳံးျပေလသည္
"ေနာက္ဆုံးေတာ့ ရွင္ သတိရလာၿပီဘဲ "
ထိုအမ်ိဳးသမီးက Englishလိုေျပာေသာေၾကာင့္ Chaeyoung ဘာေျပာမွန္းနားလည္သြားသည္
"ရွင္ ကိုမာျဖစ္ၿပီး သတိေမ့ေနတာ သုံးႏွစ္ရွိၿပီ "
ထိုအမ်ိဳးသမီးမွာ Chaeyoung ရဲ႕ နဖူးကို လက္နဲ႕စမ္းၿပီး ေျပာလိုက္သည္
"Wait..... ဘာႀကီး ငါ နားၾကားမွားတာလား ကိုမာဝင္ေနတာ....ဟမ္ ငါ အသက္ရွင္ေသးတာလား "
"ကြၽန္မ မေသဘူးေပါ့ "
Chaeyoung ရဲ႕ ခံစားခ်က္မရွိတဲ့ ေမးခြန္းေၾကာင့္ ထိုအမ်ိဳးသမီးမွာ ေၾကာင္အမ္းအမ္းျဖစ္သြားေပမယ့္ ေခါင္းညိတ္ျပလိုက္သည္
"ဒီေလာက္ အျမင့္ကေန ခုန္ခ်ထားတာကို မေသဘူးလား "
Chaeyoung ကိုရီးယားလို ေျပာၿပီး သူမလက္က ေဆးသြင္းပိုက္ေတြကို တစ္ခ်က္ၾကည့္လိုက္သည္
ေတြေဝျခင္းမရွိဘဲ သူမလက္က ပိုက္ေတြကို Chaeyoung ဆြဲျဖဳတ္လိုက္သည္
ေသြးေတြပန္းထြက္လာေသာအခါ ထိုအမ်ိဴးသမီးမွာ လန့္သြားၿပီး Chaeyoungကို တားေလသည္
"မတားပါနဲ႕ ကြၽန္မ ေသခ်င္တယ္ ကြၽန္မကို ေသခြင့္ျပဳပါ "
Chaeyoung ေအာ္ၿပီး ထိုအမ်ိဴးသမီးကို တြန္းလႊတ္ကာ ကုတင္ေပၚကေန ယိုင္နဲ႕နဲ႕ နဲ႕ ဆင္းလာသည္
"Dr. Liam. ...Dr Manoban ကို ေခၚေပးပါ သူက Korea စကားေျပာတတ္တယ္.....သူ ဒီလူနာကို ကိုင္တြယ္နိုင္မယ္ထင္တယ္ "
အမ်ိဳးသမီးမွာ ႐ုန္းကန္ေနတဲ့ Chaeyoungကို ခ်ဳပ္ရင္း သူမကို လာေခၚတဲ့ ဆရာဝန္အား ဂ်ာမန္လိုေျပာလိုက္သည္
"ကြၽန္မ ေသခ်င္တယ္ .....ေသခြင့္ေပးၾကပါ "
"No Miss "
Chaeyoung ႐ုန္းကန္ရင္း အျမင္ေတြေဝဝါးလာသည္........ အခန္းထဲဝင္လာတဲ့ ဆံပင္အတိုေလးနဲ႕ ေဒါက္တာမေလးကိုေတာင္ Chaeyoung ေသခ်ာမျမင္ရ ....
"Ava ဘာျဖစ္တာလည္း "
"Manoban အျမန္ေရာက္လာလို႔ ေတာ္ေသးတယ္ သူက ေသခ်င္တယ္ဆိုၿပီး ေအာ္ဟစ္ေနတယ္ ေျပာေပးပါအုံး "
Chaeyoungကို ထိန္းေနတဲ့ Avaမွာ Manobanကို ဂ်ာမန္လိုေျပာလိုက္သည္
"ဖယ္ေပး "
Avaလည္း Chaeyoung ကို လႊတ္ေပးေရာ Manoban မွာ ၾကမ္းျပင္ေပၚ ေခြေခြေလး လဲက်ေနတဲ့ Chaeyoung ကို ေပြ႕ခ်ီလိုက္သည္
"Hey ငါက Manoban ပါ Korea. ....မွာေနခဲ့တာ...."
"ငါ့ကို ကယ္ဖို႔ ႀကိဳးစားေနတာလား အခ်ိန္မျဖဳန္းပါနဲ႕ ငါ့ကိုေသခြင့္ေပးပါလား "
Lisa ေခ်ာင္းဟန့္ၿပီး
"မင္းကိုယ္ပိုင္ဘဝကို မင္းႀကိဳက္သလိုလုပ္လို႔ရပါတယ္ ငါတို႔လို ေဆးဝန္ထမ္းေတြကလည္း လူေတြကို ကယ္တဲ့ အလုပ္ကို ဆက္လုပ္ေနမွာမို႔ တျခားအႀကံဥာဏ္ေတြ လက္မခံဘူး...ငါတို႔ကို ပိုက္ဆံေပးထားတဲ့ အလုပ္အေပၚမွာ ငါတို႔ တာဝန္ေက်ရမယ္ေလ "
Manoban ေျပာၿပီး Chaeyoungကို ကုတင္ေပၚသို႔ တင္လိုက္သည္
"ဒါဆို ငါပိုက္ဆံေပးမယ္ ငါ့ကိုသတ္ေပးပါ "
"ငါက လူ႕အသက္ကို ကယ္တဲ့ ဆရာဝန္ပါ .....လူသတ္တဲ့သူ မဟုတ္ပါဘူး "
"စိတ္ပ်က္စရာဘဲ shit "
Manoban ေျပာၿပီး Avaေပးတဲ့ ေဆးထိုးအပ္ကိုယူၿပီး ႐ုတ္တရက္ Chaeyoung ဘယ္လက္က ေသြးေၾကာကို ထိုးလိုက္သည္
"အား နာတယ္ "
"Ava သူ႕လက္က ေသြးေတြ သုတ္ေပးလိုက္ပါအုံး...... ငါသြားၿပီ....."
Manobanလည္း ထြက္သြားေရာ Chaeyoung တစ္ေယာက္ ၿငိမ္က်ၿပီး အိပ္ေပ်ာ္သြားေလသည္
Meeting Roomထဲတြင္ ဂ်ာမန္က ဆရာဝန္ေတြမွာ သူတို႔ရဲ႕ VIP လူနာအေၾကာင္း ေဆြးႏြေးေနၾကသည္
"သူမအကိုကို သူမ သတိရလာေၾကာင္းေျပာရအုံးမယ္ "
ေဆး႐ုံအုပ္ျဖစ္တဲ့ Ruthကေျပာေတာ့ က်န္တဲ့ဆရာဝန္ေတြက ေခါင္းညိတ္ျပလိုက္သည္
"သူမ ထပ္ၿပီး ကိုယ့္ကိုကိုယ္ သတ္ေသဖို႔ လုပ္တဲ့အခါ ဘယ္လိုလုပ္ရမလည္း "
ခုန Chaeyoung ကို ကယ္ခဲ့တဲ့ ဆရာဝန္မ Avaက ထေမးလိုက္သည္
"ဟုတ္တယ္ သူမကို ဘယ္လို ကိုင္တြယ္ရမလည္း....ၾကည့္ရတာ စိတ္ေရာဂါလည္း ရွိေနတဲ့ပုံဘဲ "
Liam လည္း ဝင္ေထာက္ခံလိုက္ေတာ့ က်န္တဲ့ဆရာဝန္ေတြမွာ တစ္ေယာက္ကိုတစ္ေယာက္ ၾကည့္လိုက္ၾကသည္
"Manoban မင္းေရာ ဘယ္လိုေတြးထားလည္း "
ေဆး႐ုံအုပ္ျဖစ္တဲ့ Ruthက ေမးေတာ့ Manobanမွာ လန့္သြားသည္
"ရွင္ ....ကြၽန္မလား "
"ဟုတ္တယ္ ဒီမွာ Korea စကားေျပာတတ္တာဆိုလို႔ မင္းဘဲ ရွိတာေလ ၿပီးက် Liamထက္ မင္းက သူ႕ကိုပိုထိန္းနိုင္ခဲ့တာ ဒီေတာ့ သူ႕ကို မင္း တာဝန္ယူသင့္တယ္ထင္တယ္ "
"ဟို...ကြၽန္မမွာ တျခား လူနာေတြလည္း "
"Come on Manoban. ..မင္းရဲ႕လူနာေတြအကုန္ ငါတာဝန္ယူေပးပါမယ္ သူ႕ကိုေတာ့ မင္းဘဲထိန္းေပးပါ ၾကည့္ေပးပါလား "
Liam ဝင္ၿပီး ေျပာလိုက္သည္
"ေတာ္ၿပီ အႏၱရာယ္မ်ားတယ္ မလုပ္ခ်င္ဘူး "
"ဟမ္ ဘာကိုဆိုလိုတာလည္း Manoban "
"ေဆး႐ုံအုပ္ႀကီး စဥ္းစားၾကည့္ေလ သူတို႔ မိသားစုက Koreaမွာ အခ်မ္းသာဆုံးစာရင္းဝင္တယ္ေလ...."
"သိတာေပါ့ ဒီေဆး႐ုံကိုေတာင္ သူတို႔ စပြန္ဆာေပးထားေသးတယ္....မင္းသာ သူ႕ညီမကို ကူညီေပးတာ သိၾကည့္ Park brother က မင္းကို ခ်ီးျမႇောက္လိမ့္မယ္ "
"ကြၽန္မ ကိုရီးယားကို ျပန္သြားဖို႔ စိတ္ကူးမရွိဘူး ၿပီးက် ခ်မ္းသာတဲ့သူေတြနဲ႕ မပတ္သက္ခ်င္ဘူး ....."
"မင္းရဲ႕ လစာကို သုံးဆေပးမယ္ဆိုရင္ေရာ...."
ေဆး႐ုံအုပ္ရဲ႕ စကားေၾကာင့္ Manoban ေတြေဝသြားသည္
#TBC
Bạn đang đọc truyện trên: Truyen3h.Co